ကိုယ်ဝန်ဆောင်ချိန်မှာသွေးဆင်းခဲ့ရင်

ကိုယ္ဝန္ေဆာင္ခ်ိန္မွာေသြးဆင္းခဲ့ရင္

က်ေနာ့္လူနာ ကိုယ္ဝန္ေဆာင္သည္မေလးတေယာက္ တေန႔က က်ေနာ့္ဆီကို ဖုန္းဆက္လာတယ္။ ‘ဆရာေရ သမီးေတာ့ဒုကၡေရာက္ၿပီ။ သမီးရဲ႕ကေလးေလးပ်က္က်သြားၿပီ။ သမီးေယာက္်ားေတာ့ ဆူေတာ့မွာဘဲ။’ ဆိုၿပီး ခ်ံဳးပြဲခ်ငိုပါေလေရာ။ ‘ေနပါဦးသမီးရယ္ သမီးကိုယ္ဝန္က ဘယ္လိုပ်က္က်သြားတာတုန္း’ လို႔ေမးေတာ့ ‘ဘယ္လိုမွမလုပ္ပါဘူး။ သူ႔ဘာသာပ်က္က်တာ။ သမီးအခု ေအာက္ကေန ေသြးေတြဆင္းေနၿပီ’ တဲ့။ ‘ဟင္ ေသြးဆင္းရင္ ကေလးပ်က္က်တယ္လို႔ သမီးကိုဘယ္သူေျပာသလဲ’ လို႔ေမးေတာ့ ‘ဆရာရယ္ ကိုယ္ဝန္ေဆာင္ေနစဥ္ ရာသီမလာရဘူးေလ။ အခုက ရာသီလာေနသလို ေသြးေတြဆင္းေနၿပီ။ သမီးေတာ့ ေသခ်င္တာဘဲ’ ဆိုၿပီးဖုန္းခ်သြားပါေလေရာ။ က်ေနာ္လည္း ဖုန္းျပန္ေခၚၿပီး ေသခ်ာ႐ွင္းျပေပးလိုက္မွ အငိုတိတ္ၿပီး သားဖြားမီးယပ္အထူးကုနဲ႔သြားျပတယ္။ တကယ္ေတာ့ ေသြးဆင္းတိုင္း ကိုယ္ဝန္ပ်က္တာမွ မဟုတ္တာဗ်ာ။

မိန္းကေလး ေတာ္ေတာ္မ်ားမ်ားက ကိုယ္ဝန္ေဆာင္ေနစဥ္ ေသြးဆင္းရင္ ႐ူးမတတ္ေၾကာက္သြားၿပီး ထိတ္လန္႔တတ္ၾကတာကို ေတြ႔လိုက္ရေတာ့ အဲ့အေၾကာင္းေလး ႐ွင္းျပရင္ ေကာင္းမွာဘဲလို႔ ေတြးမိတယ္။

ကိုယ္ဝန္သည္ေတြ ေသြးဆင္းတိုင္း ေၾကာက္စရာမလိုဘူး။ ဒီလိုေျပာလို႔ မေၾကာက္ရဘူးလား ဆိုေတာ့လည္း မဟုတ္ဘူးဗ်။ ေၾကာက္သင့္သေလာက္ေတာ့ ေၾကာက္ရမယ္ဗ်။

 ကိုယ္ဝန္ေဆာင္ကာလ
………………………….

ကိုယ္ဝန္ေဆာင္ကာလကို ၃ပိုင္းခြဲထားတယ္။ ပထမ၃လ ဒုတိယ၃လ တတိယ၃လ ဆိုၿပီး စိတ္နဲ႔အလြယ္ပိုင္းထားလိုက္ဗ်ာ။

ပထမ၃လ
……………..

၁လမွာ ၄ပါတ္ေက်ာ္ေလာက္႐ွိတယ္။ ၃လဆိုေတာ့ ၁၂ပါတ္ေက်ာ္ ၁၃ပါတ္နီးပါးေပါ့ဗ်ာ။ ပထမ ၃လ အတြင္းမွာ ေသြးဆင္းတာဆိုရင္ ပံုမွန္ျဖစ္ႏိုင္သလို ပ်က္က်တာလည္းျဖစ္ႏိုင္တယ္ဗ်။ ပံုမွန္ဆိုရင္ မိန္းမရဲ႕သားဥက ေယာက္်ားရဲ႕သုတ္ပိုးနဲ႔ေတြ႔ၿပီး မ်ိဳးေအာင္သြားရင္ သားဥႁပြန္ထဲကေန သားအိမ္ထဲကိုဆင္းလာၿပီး သားအိမ္နံရံတေနရာရာမွာ တြယ္ကပ္ရတယ္ဗ်။ အဲ့အခ်ိန္က်ရင္ သားအိမ္နံရံရဲ႕ အထူအပါးကိုလိုက္ၿပီး အနည္းနဲ႔အမ်ားေတာ့ ေသြးဆင္းတတ္ပါတယ္။ အဲဒါက ပထမ ၁ဝပါတ္ေလာက္မွာ ျဖစ္တတ္တယ္။ တခ်ိဳ႕က အတြင္းခံ စြန္း႐ုံေလာက္ေလး ဆင္းေပမယ့္ တခ်ိဳ႕က ရာသီလာသလို မ်ားတာလည္း႐ွိတယ္။ အဲ့ေလာက္နဲ႔ေတာ့ ေၾကာက္စရာမလိုေသးဘူးဗ်။ အဲ… ဆင္းတဲ့အထဲမွာ အူဖတ္လိုအသားစေလးေတြ ပါလာရင္၊ ေသြးဆင္းတာနဲ႔တခ်ိန္တည္းမွား ဆီးစပ္ကလည္း မခံႏိုင္ေလာက္ေအာင္ ကိုက္ခဲလာရင္ေတာ့ သတိထားရေတာ့မယ္။ အာထရာေဆာင္း႐ိုက္ၿပီး ကိုယ္ဝန္ျမဲေနေသးလား ပ်က္က်သြားၿပီလားဆိုတာ စစ္ေဆးသင့္ပါတယ္။ တခ်ိဳ႕က မ်ိဳးေအာင္ၿပီးသားဥဟာ သားဥႁပြန္ထဲမွာဘဲ တြယ္ကပ္ေနရင္ ဒါမွမဟုတ္ သားအိမ္ဖက္ကိုမဆင္းဘဲ သားဥအိမ္ဖက္ကေနတဆင့္ ဝမ္းေခါင္းအိမ္ထဲ ေရာက္သြားရင္လည္း ေသြးဆင္းတတ္တယ္ဗ်။ အဲ့လိုဟာမ်ိဳးကို ectopic pregnancy လို႔ေခၚတယ္။ အဲ့ဟာကေတာ့ ေၾကာက္ရတယ္ အခ်ိန္မေရြး အေရးေပၚခြဲရတတ္တယ္ဗ်။

 ဒုတိယ၃လ ႏွင့္ တတိယ၃လ
………………………………….

ပထမ ၁၃ပါတ္ေက်ာ္ကေန ၄၀ပါတ္အထိကိုေျပာတာ။ တခ်ိဳ႕ကိုုယ္ဝန္ေတြက အပါတ္၂၀ေလာက္မွာ ေသြးဆင္းတတ္တယ္။ အခ်င္းက သားအိမ္နံရံထဲကို ေဖာက္ဝင္ေနတာမ်ိဳးဆိုရင္ အဲ့လိုဆင္းတတ္တယ္။ placenta acreta လို႔ေခၚတယ္ဗ်။ အဲ့ဒါက နည္းနည္းေတာ့႐ွားပါတယ္။

အျဖစ္အမ်ားဆံုးေတြက အခုမွလာမွာ…

 အခ်င္းေ႐ွ႕ေရာက္ျခင္း(placenta previa)
……………………………………………………..

အပါတ္၃၀ေက်ာ္ေလာက္မွာ စျဖစ္တတ္တယ္ဗ်။ အေျကာင္းရင္းကေတာ့ အခ်င္းက သားအိမ္ရဲ့ေအာက္ေျခ(လည္တိုင္နားမွာ) သြားၿပီး တြယ္ကပ္ေနလို႔ ကိုယ္ဝန္ရင့္လာရင္ သားအိမ္လည္တိုင္က ရွည္ၿပီး ပါးလာေတာ့ သားအိမ္ေခါင္းအဝကို ပိတ္မိသလိုျဖစ္ၿပီး ေသြးဆင္းတာ။ ေသြးဆင္းတာကလည္း မ်ားတတ္တယ္။ ပထမကိုယ္ဝန္မွာ ခြဲေမြးထားဖူးတဲ့လူေတြ ဒုတိယကိုယ္ဝန္ေဆာင္ရင္ အျဖစ္မ်ားတယ္။ အခ်င္းက သားအိမ္ရဲ႕ခြဲေၾကာင္းေနရာမွာ သြားတြယ္ကပ္တတ္တာေၾကာင့္ျဖစ္တာဗ်။ ေၾကာက္စရာလိုသလား ေမးရင္ေတာ့ ေၾကာက္စရာ မလိုဘူးဗ်။ ေဆး႐ုံမွာျဖစ္ျဖစ္ အိမ္မွာျဖစ္ျဖစ္ အိပ္ယာထဲမွာ ၿငိမ္ၿငိမ္ေလး နားေနလိုက္ရင္ ရၿပီဗ်။ အာထရာေဆာင္း႐ိုက္ၿပီး အခ်င္းေ႐ွ႕ေရာက္တာကို ေသခ်ာေအာင္လုပ္ထားဖို႔ေတာ့ လိုတာေပါ့ဗ်ာ။

 အခ်င္းကြာျခင္း (abruptio placenta)
………………………………………………..

အဲ့ဟာကေတာ့ အေၾကာင္းအရာ တခုခုေၾကာင့္ အခ်င္းကြာသြားရင္ ေသြးဆင္းတတ္တာကိုေျပာတာ။ ဥပမာ… ေခ်ာ္လဲၿပီး ဗိုက္ကိုထိခိုက္မိတာမ်ိဳး၊ ကိုယ္ဝန္ေဆာင္မိခင္မွာ ေသြးတိုး႐ွိေနတတ္တာမ်ိဳး စသျဖင့္ေပါ့ဗ်ာ။

အဲ့လိုအေျခအေနမွာေတာ့ ေသြးဆင္းတာအရမ္းမ်ားတတ္တယ္။ ဆီးစပ္ကလည္းအရမ္းကိုက္တယ္။ ဗိုက္က အထိမခံႏိုင္ေလာက္ေအာင္နာတယ္ဗ်။ အခ်င္းက သားအိမ္နံရံကေန ကြာထြက္သြားတဲ့အတြက္ ကေလးဆီကို ေသြးေထာက္ပ့ံမႈ နည္းသြားၿပီး ကေလးလည္း ဒုကၡေရာက္တတ္တယ္ဗ်။ အာထရာေဆာင္း႐ိုက္ၿပီး ကေလးက အသက္႐ွင္ေနေသးတယ္ဆိုရင္ ျမန္ျမန္ခြဲေမြးသင့္တယ္ဗ်။

ေသြးဆင္းတတ္တဲ့ အျခားအေၾကာင္းအရာေတြလည္း ႐ွိေသးတယ္။ ဒါေပမယ့္ စာ႐ွည္မွာစိုးလို႔ အျဖစ္မ်ားတာေလးေတြကိုပဲ ႐ွင္းျပေပးလိုက္ပါတယ္။

က်ေနာ္ေျပာခ်င္တာကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးဆင္းတိုင္း ကေလးပ်က္က်တာ မဟုတ္ဘူး။ အရမ္းလည္းစိတ္ပူစရာမလိုဘူး။ စိတ္ေအးေအးထားၿပီး ကိုယ္ဗိုက္အပ္ထားတဲ့ OG နဲ႔ သြားျပပါလို႔ အၾကံေပးလိုက္ပါရေစဗ်ာ။

ဪ… စာအေ႐ွ႕ဆံုးမွာ က်ေနာ္ေျပာခဲ့တဲ့ ကေလးမက အာထရာေဆာင္း႐ိုက္လိုက္ေတာ့ ကေလးပ်က္က်တာ မဟုတ္ဘူး။ အခ်င္းေ႐ွ႕ေရာက္ေနတာတဲ့ဗ်။ သူလည္းအခု ေဆး႐ုံမွာ နားေနေလရဲ႕။

ကိုယ္ဝန္ေဆာင္မ်ားအားလံုး က်န္းမာၾကပါေစဗ်ာ…

ေလးစားစြာျဖင့္
ေဒါက္ျပည့္

Unicode  Version

ကိုယ်ဝန်ဆောင်ချိန်မှာသွေးဆင်းခဲ့ရင်
…………………………………………………………………………………

ကျနော့်လူနာ ကိုယ်ဝန်ဆောင်သည်မလေးတယောက် တနေ့က ကျနော့်ဆီကို ဖုန်းဆက်လာတယ်။ ‘ဆရာရေ သမီးတော့ဒုက္ခရောက်ပြီ။ သမီးရဲ့ကလေးလေးပျက်ကျသွားပြီ။ သမီးယောက်ျားတော့ ဆူတော့မှာဘဲ။’ ဆိုပြီး ချုံးပွဲချငိုပါလေရော။ ‘နေပါဦးသမီးရယ် သမီးကိုယ်ဝန်က ဘယ်လိုပျက်ကျသွားတာတုန်း’ လို့မေးတော့ ‘ဘယ်လိုမှမလုပ်ပါဘူး။ သူ့ဘာသာပျက်ကျတာ။ သမီးအခု အောက်ကနေ သွေးတွေဆင်းနေပြီ’ တဲ့။ ‘ဟင် သွေးဆင်းရင် ကလေးပျက်ကျတယ်လို့ သမီးကိုဘယ်သူပြောသလဲ’ လို့မေးတော့ ‘ဆရာရယ် ကိုယ်ဝန်ဆောင်နေစဉ် ရာသီမလာရဘူးလေ။ အခုက ရာသီလာနေသလို သွေးတွေဆင်းနေပြီ။ သမီးတော့ သေချင်တာဘဲ’ ဆိုပြီးဖုန်းချသွားပါလေရော။ ကျနော်လည်း ဖုန်းပြန်ခေါ်ပြီး သေချာရှင်းပြပေးလိုက်မှ အငိုတိတ်ပြီး သားဖွားမီးယပ်အထူးကုနဲ့သွားပြတယ်။ တကယ်တော့ သွေးဆင်းတိုင်း ကိုယ်ဝန်ပျက်တာမှ မဟုတ်တာဗျာ။

မိန်းကလေး တော်တော်များများက ကိုယ်ဝန်ဆောင်နေစဉ် သွေးဆင်းရင် ရူးမတတ်ကြောက်သွားပြီး ထိတ်လန့်တတ်ကြတာကို တွေ့လိုက်ရတော့ အဲ့အကြောင်းလေး ရှင်းပြရင် ကောင်းမှာဘဲလို့ တွေးမိတယ်။

ကိုယ်ဝန်သည်တွေ သွေးဆင်းတိုင်း ကြောက်စရာမလိုဘူး။ ဒီလိုပြောလို့ မကြောက်ရဘူးလား ဆိုတော့လည်း မဟုတ်ဘူးဗျ။ ကြောက်သင့်သလောက်တော့ ကြောက်ရမယ်ဗျ။

၁) ကိုယ်ဝန်ဆောင်ကာလ
………………………….

ကိုယ်ဝန်ဆောင်ကာလကို ၃ပိုင်းခွဲထားတယ်။ ပထမ၃လ ဒုတိယ၃လ တတိယ၃လ ဆိုပြီး စိတ်နဲ့အလွယ်ပိုင်းထားလိုက်ဗျာ။

၂) ပထမ၃လ
……………..

၁လမှာ ၄ပါတ်ကျော်လောက်ရှိတယ်။ ၃လဆိုတော့ ၁၂ပါတ်ကျော် ၁၃ပါတ်နီးပါးပေါ့ဗျာ။ ပထမ ၃လ အတွင်းမှာ သွေးဆင်းတာဆိုရင် ပုံမှန်ဖြစ်နိုင်သလို ပျက်ကျတာလည်းဖြစ်နိုင်တယ်ဗျ။ ပုံမှန်ဆိုရင် မိန်းမရဲ့သားဥက ယောက်ျားရဲ့သုတ်ပိုးနဲ့တွေ့ပြီး မျိုးအောင်သွားရင် သားဥပြွန်ထဲကနေ သားအိမ်ထဲကိုဆင်းလာပြီး သားအိမ်နံရံတနေရာရာမှာ တွယ်ကပ်ရတယ်ဗျ။ အဲ့အချိန်ကျရင် သားအိမ်နံရံရဲ့ အထူအပါးကိုလိုက်ပြီး အနည်းနဲ့အများတော့ သွေးဆင်းတတ်ပါတယ်။ အဲဒါက ပထမ ၁ဝပါတ်လောက်မှာ ဖြစ်တတ်တယ်။ တချို့က အတွင်းခံ စွန်းရုံလောက်လေး ဆင်းပေမယ့် တချို့က ရာသီလာသလို များတာလည်းရှိတယ်။ အဲ့လောက်နဲ့တော့ ကြောက်စရာမလိုသေးဘူးဗျ။ အဲ… ဆင်းတဲ့အထဲမှာ အူဖတ်လိုအသားစလေးတွေ ပါလာရင်၊ သွေးဆင်းတာနဲ့တချိန်တည်းမှား ဆီးစပ်ကလည်း မခံနိုင်လောက်အောင် ကိုက်ခဲလာရင်တော့ သတိထားရတော့မယ်။ အာထရာဆောင်းရိုက်ပြီး ကိုယ်ဝန်မြဲနေသေးလား ပျက်ကျသွားပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်။ တချို့က မျိုးအောင်ပြီးသားဥဟာ သားဥပြွန်ထဲမှာဘဲ တွယ်ကပ်နေရင် ဒါမှမဟုတ် သားအိမ်ဖက်ကိုမဆင်းဘဲ သားဥအိမ်ဖက်ကနေတဆင့် ဝမ်းခေါင်းအိမ်ထဲ ရောက်သွားရင်လည်း သွေးဆင်းတတ်တယ်ဗျ။ အဲ့လိုဟာမျိုးကို ectopic pregnancy လို့ခေါ်တယ်။ အဲ့ဟာကတော့ ကြောက်ရတယ် အချိန်မရွေး အရေးပေါ်ခွဲရတတ်တယ်ဗျ။

၃) ဒုတိယ၃လ နှင့် တတိယ၃လ
………………………………….

ပထမ ၁၃ပါတ်ကျော်ကနေ ၄၀ပါတ်အထိကိုပြောတာ။ တချို့ကိုယ်ဝန်တွေက အပါတ်၂၀လောက်မှာ သွေးဆင်းတတ်တယ်။ အချင်းက သားအိမ်နံရံထဲကို ဖောက်ဝင်နေတာမျိုးဆိုရင် အဲ့လိုဆင်းတတ်တယ်။ placenta acreta လို့ခေါ်တယ်ဗျ။ အဲ့ဒါက နည်းနည်းတော့ရှားပါတယ်။

အဖြစ်အများဆုံးတွေက အခုမှလာမှာ…

က) အချင်းရှေ့ရောက်ခြင်း(placenta previa)
……………………………………………………..

အပါတ်၃၀ကျော်လောက်မှာ စဖြစ်တတ်တယ်ဗျ။ အကြောင်းရင်းကတော့ အချင်းက သားအိမ်ရဲ့အောက်ခြေ(လည်တိုင်နားမှာ) သွားပြီး တွယ်ကပ်နေလို့ ကိုယ်ဝန်ရင့်လာရင် သားအိမ်လည်တိုင်က ရှည်ပြီး ပါးလာတော့ သားအိမ်ခေါင်းအဝကို ပိတ်မိသလိုဖြစ်ပြီး သွေးဆင်းတာ။ သွေးဆင်းတာကလည်း များတတ်တယ်။ ပထမကိုယ်ဝန်မှာ ခွဲမွေးထားဖူးတဲ့လူတွေ ဒုတိယကိုယ်ဝန်ဆောင်ရင် အဖြစ်များတယ်။ အချင်းက သားအိမ်ရဲ့ခွဲကြောင်းနေရာမှာ သွားတွယ်ကပ်တတ်တာကြောင့်ဖြစ်တာဗျ။ ကြောက်စရာလိုသလား မေးရင်တော့ ကြောက်စရာ မလိုဘူးဗျ။ ဆေးရုံမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အိပ်ယာထဲမှာ ငြိမ်ငြိမ်လေး နားနေလိုက်ရင် ရပြီဗျ။ အာထရာဆောင်းရိုက်ပြီး အချင်းရှေ့ရောက်တာကို သေချာအောင်လုပ်ထားဖို့တော့ လိုတာပေါ့ဗျာ။

ခ) အချင်းကွာခြင်း (abruptio placenta)
………………………………………………..

အဲ့ဟာကတော့ အကြောင်းအရာ တခုခုကြောင့် အချင်းကွာသွားရင် သွေးဆင်းတတ်တာကိုပြောတာ။ ဥပမာ… ချော်လဲပြီး ဗိုက်ကိုထိခိုက်မိတာမျိုး၊ ကိုယ်ဝန်ဆောင်မိခင်မှာ သွေးတိုးရှိနေတတ်တာမျိုး စသဖြင့်ပေါ့ဗျာ။

အဲ့လိုအခြေအနေမှာတော့ သွေးဆင်းတာအရမ်းများတတ်တယ်။ ဆီးစပ်ကလည်းအရမ်းကိုက်တယ်။ ဗိုက်က အထိမခံနိုင်လောက်အောင်နာတယ်ဗျ။ အချင်းက သားအိမ်နံရံကနေ ကွာထွက်သွားတဲ့အတွက် ကလေးဆီကို သွေးထောက်ပံ့မှု နည်းသွားပြီး ကလေးလည်း ဒုက္ခရောက်တတ်တယ်ဗျ။ အာထရာဆောင်းရိုက်ပြီး ကလေးက အသက်ရှင်နေသေးတယ်ဆိုရင် မြန်မြန်ခွဲမွေးသင့်တယ်ဗျ။

သွေးဆင်းတတ်တဲ့ အခြားအကြောင်းအရာတွေလည်း ရှိသေးတယ်။ ဒါပေမယ့် စာရှည်မှာစိုးလို့ အဖြစ်များတာလေးတွေကိုပဲ ရှင်းပြပေးလိုက်ပါတယ်။

ကျနော်ပြောချင်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတိုင်း ကလေးပျက်ကျတာ မဟုတ်ဘူး။ အရမ်းလည်းစိတ်ပူစရာမလိုဘူး။ စိတ်အေးအေးထားပြီး ကိုယ်ဗိုက်အပ်ထားတဲ့ OG နဲ့ သွားပြပါလို့ အကြံပေးလိုက်ပါရစေဗျာ။

ဪ… စာအရှေ့ဆုံးမှာ ကျနော်ပြောခဲ့တဲ့ ကလေးမက အာထရာဆောင်းရိုက်လိုက်တော့ ကလေးပျက်ကျတာ မဟုတ်ဘူး။ အချင်းရှေ့ရောက်နေတာတဲ့ဗျ။ သူလည်းအခု ဆေးရုံမှာ နားနေလေရဲ့။

ကိုယ်ဝန်ဆောင်များအားလုံး ကျန်းမာကြပါစေဗျာ…

လေးစားစွာဖြင့်
ဒေါက်ပြည့်