သားအိမ်လဲပြီး  ကလေးယူလို့ရပြီလား

သားအိမ္လဲၿပီး  ကေလးယူလို႔ရၿပီလား

ေမာင္ေအးသည္ ဦးလူေဌး ကို ျမင္ကတည္းက ေဒါက္တာ စိုးသန္းအား လွမ္းေအာ္ေျပာလိုက္သည္။” ဆရာေရ ဦးလူေဌး တစ္ေယာက္ေတာ့ မဂၢဇင္းစာအုပ္ႀကီးကိုင္ၿပီး လာေနၿပီေနာ္ဆရာ။   “” သူ ေမးစရာရွိလို႔ေနမွာေပါ့။ သူေမးေတာ့လည္း ကြၽန္ေတာ္လည္း ဗဟုသုတ ရတယ္။  ” ေဒါက္တာ စိုးသန္းသည္ ဦးလူေဌးကို ႀကိဳရန္ အခန္းျပင္သို႔ထြက္လိုက္သည္။” သူေမးတာေတြက အထူးအဆန္းေတြ ခ်ည္းပဲေနာ္ ဆရာ ” ေမာင္ေအးအတြက္ေတာ့ ဦးလူေဌး ေမးခြန္းေတြ သည္ အံေၾသာ္ မင္သက္စရာမ်ားပင္။”သူက Time မဂၢဇင္းဖတ္ၿပီး လာေဆြးေႏြးတာ။   “” ကြၽန္ေတ္ာလည္း သူေျပာတာေတြ သိပ္ေတာ့ နားမလည္ပါဘူးေလ။ “ဦးလူေဌးသည္ ဆိုက္ကားခ ရွင္းၿပီးေဆးခန္းထဲသို႔ သြက္လက္စြာဝင္လာသည္။” လူနာ ရွင္းခ်ိန္ပဲ လာခဲ့တယ္ဆရာေရ။  “” ဒီမွာ ေဆးခန္းေတာင္ ပိတ္ေတာ့မယ္ ” ေမာင္ေအးက ဦးလူေဌးကို ေစာေစာလာရန္ သြယ္ဝိုက္ေျပာလိုက္သည္။

ေဆးခန္းပိတ္တာ ေနာက္က်လွ်င္ အိမ္ျပန္ေနာက္က်မည္။” ေျပာပါ ဦး။ ဒီတစ္ပတ္ ဘာေတြ မ်ား သတင္းထူးပါလာသလဲ ” ဦးလူေဌး အတြက္ စကားေၾကာင္းေပးလိုက္သည္။”ဒီမွာ ဆရာ ေရ။ January လထုတ္ မဂၢဇင္းမွာ ေဆးပညာနဲ႔ ပတ္သတ္ၿပီးသတင္းထူး တစ္ခု ပါလာတယ္။  “” အေမရိကားမွာ သားအိမ္ကို Transplant လုပ္လို႔ရၿပီ ဆရာ။ ၿပီးေတာ့ Transplant လုပ္ထားတဲ့ ကေလးေတာင္ ေမြးၿပီးသြားၿပီတဲ့။ “”  ဟုတ္လား။ ကြၽန္ေတာ္ ဖတ္ၾကည့္လိုက္ဦးမယ္”ေဒါက္တာ စိုးသန္းသည္ ဦးလူေဌးလက္ထဲမွ Time မဂၢဇင္းကို ယူဖတ္လိုက္သည္။ဆရာဝန္ဆို သည္မွာလည္း အလုပ္မ်ားသည္။ ျပင္ပစာအုပ္ဖတ္ဖို႔ အခ်ိန္ မနည္းေပးရသည္။ ဦးလူေဌးလိုမ်ိဳး  လာေဆြးေႏြးသည့္ ရွိေနသည္ကိုပင္ ေဒါက္တာ စိုးသန္းတစ္ေယာက္ စိတ္ေက်နပ္ရသည္။

“သားအိမ္ မပါတဲ့ အမ်ိဳးသမီးေတြ သားအိမ္ ပါေပမဲ့လည္း ကင္ဆာေၾကာင့္ သားအိမ္ထုတ္ ပစ္လိုက္ရတဲ့ အမ်ိဳးသမီးေတြ ရွိတယ္။ သူတို႔ေတြ အိမ္ေထာင္ျပဳ ၿပီး ကေလး ယူခ်င္တဲ့အခါ သားအိမ္မရွိတဲ့အတြက္ သားအိမ္ အစားထိုးအလႉခံလိုက္တယ္။ ၿပီးရင္ ကေလးေမြးလို႔ရၿပီေပါ့ေနာ္  “” ဒီေခတ္ႀကီးထဲမွာ ကေလးေတြ ေမြးစားလို႔လည္း ရတယ္။ ေနာက္ၿပီးေတာ့ အဌား ကိုယ္ဝန္ေဆာင္လို႔လည္း ရေနတဲ့ ေခတ္ႀကီးထဲမွာ သားအိမ္ အစားထိုးတာက အံေၾသာ္စရာပဲေနာ္ “”  သူမ်ားကေလးထက္ ကိုယ္ရင္ေသြးကိုပဲ ပိုလိုခ်င္လို႔ေပါ့။ ေနာက္တစ္ခု က အဌားကိုယ္ဝန္ေဆာင္တာထက္ စာရင္ မိခင္တစ္ေယာက္ ျဖစ္ခ်င္လို႔ပါ။ ကိုယ့္ရင္ေသြးကို ကိုယ္ဝမ္းတြင္းမွာ ကိုးလလြယ္ၿပီး ကိုယ္ကိုတိုင္ပဲ ေမြးဖြားခ်င္တဲ့ မိခင္ေတြရဲ႕စိတ္ဆႏၵကို ျဖည့္ဆည္းေပးလိုက္တာေပါ့။”” တစ္ခ်ိဳ႕မ်ား ကေလး မလိုခ်င္လို႔ ကေလးဖ်က္ခ်တဲ့သူေတြနဲ႔။ သူတို႔ဆီမွာေတာ့ ကေလးလိုခ်င္လို႔ သားအိမ္အစားထိုးၾကတယ္း။   ” ဦးလူေဌးက သူ႔အျမင္ကို ေျပာသည္။

” သားအိမ္လႉတဲ့ အမ်ိဳးသမီးေတြရဲ႕ စိတ္ဓာတ္ကလည္း ေလးစားစရာ သိပ္ေကာင္းတယ္ေနာ္။  တစ္ေယာက္ဆိုရင္ ကေလးႏွစ္ေယာက္ ေမြးၿပီးတဲ့ အတြက္ သူ႔လိုပဲ မိခင္ျဖစ္ခ်င္တဲ့ သူလူတစ္ေယာက္ကို လႉတယ္ဆိုတာ ေတာ္႐ုံလူ မလုပ္ႏိုင္တဲ့ လုပ္ရပ္မ်ိဳးပဲ။ “” ဟုတ္တယ္။  “” လႉမယ္ လူက ၄၀၀ ေက်ာ္ေလာက္ရွိၿပီး အလႉခံခ်င္တဲ့သူ က ၁၀၀၀ ေက်ာ္ေလာက္ရွိတယ္တဲ့ေနာ္။  “” ဟုတ္တယ္ ဦးေရ။  “”  ကြၽန္ေတာ္ သိခ်င္တာက အၿမဲ ေအာင္ျမင္သလားဆိုတာပဲ  ” ဦးလူေဌးသည္ ဒီေမးခြန္းကို ေမးခ်င္သည့္အတြက္ ေဒါက္တာ စိုးသန္းဆီသို႔ေရာက္လာျခင္းပင္ျဖစ္သည္။

” Organ Transplant လို႔ေခၚတာေပ့ါ။ မလႉခင္မွာ လႉမဲ့သူနဲ႔ အလႉခံမဲ့သူရဲ႕ ခႏၶာကိုယ္တြင္း မွာရွိတဲ့ ေသြးအုပ္စုေတြ အစျပဳလို႔ တိုက္ညီမႈ ရွိမရွိေတြ လုပ္ရပါတယ္။ ကြၽန္ေတာ္တို႔ ေက်ာက္ကပ္ အစားထိုးသလိုမ်ိဳး နဲ႔ တူပါတယ္။ ေရာဂါပိုးမႊားဝင္မွာေတြ။ ခႏၶာကိုယ္က လက္မခံလို႔ ထည့္ထားတဲ့ သားအိမ္ ပ်က္စီးသြားတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။ ရာႏႈန္းျပည့္ ေအာင္ျမင္တယ္လို႔ေတာ့ ေျပလို႔မရေသးပါဘူး။  “”  အစားထိုးကုသမႈဆိုတာ လြယ္မွ မလြယ္တာေလ။ “ေဒါက္တာ စိုးသန္းသည္ တစ္ျခား သားအိမ္ အစားထိုးကုသမႈ သတင္းမ်ားကို ဖုန္းထဲမွ အျမန္ဝင္ဖတ္လိုက္သည္။

” ပထမဆုံးစၿပီး အစားထိုးမႈလုပ္တာကေတာ့ Sweden မွာ စလုပ္တာပါ။  ဆြီဒင္ အမ်ိဳးသမီးမွာ ေမြးရာပါ သားအိမ္ပါမလာဘူး။ သူတို႔နဲ႔ မိသားစုခ်င္းရင္းႏွီးတဲ့ အသက္ ၆၁  အမ်ိဳးသမီးက သားအိမ္လႉလိုက္တာ။ ေသြးဆုံးသြားတာေတ့ာ  ၇ ႏွစ္ေလာက္ ရွိေနၿပီ။ သားအိမ္ကို လႉလို႔ေတာ့ ရေသးတယ္။ ပထမဆုံးက သားအိမ္အလႉခံမဲ့ အမ်ိဳးသမီးရဲ႕ မ်ိဳးဥနဲ႔ အမ်ိဳးသားရဲ႕ Sperm ကို အျပင္မွာ In Vitro Fertilizatioin  နည္းပညာနဲ႔ မ်ိဳးဥေတြ ေအာင္ ေအာင္လုပ္ၿပီး  အရင္သိမ္းထားရတယ္။ ၿပီးမွ သားအိမ္ကို အစားထိုးတယ္။ အစာထိုးၿပီးတဲ့ အခ်ိန္မွာ သားအိမ္ကို ကိုယ္ခႏၶာက ျပန္ၿပီး မတိုက္ ထုတ္ေအာင္ ကိုယ္ခံအားကို ေလ်ာ့ထားရတာေပါ့”” ေက်ာက္ကပ္အစားထိုး ကုသမႈခံယူ တဲ့အတိုင္းေပါ့ေနာ္။

” ဦးလူေဌးကား ဗဟုသုတ ျပည့္စုံသူ ျဖစ္သည္။ေဆးပညာကိုလည္း စိတ္ဝင္စားသူျဖစ္သည္။ ထို႔ေၾကာင့္လည္း ေဆးပညာႏွင့္ပတ္သတ္သည္မ်ားကို အၿမဲ ေလ့လာ ေနသူျဖစ္သည္။”  ဟုတ္တာေပါ့။ “”  တစ္ႏွစ္ေလာက္ေနေတာ့ အျပင္မွာ သိမ္းထားတဲ့ မ်ိဳးေအာင္ထားတဲ့ သေႏၶသားေလာင္းကို ဗိုက္ထဲ ျပန္ထည့္လိုက္တယ္။  ထည့္လိုက္တဲ့ အခ်ိန္မွာလည္း အဆင္ေျပပါတယ္။ မိခင္က ကိုယ္ဝန္အဆိပ္တက္လို႔ ကေလးကို ၃၂ ပတ္နဲ႔ေတာ့ ဗိုက္ခြဲ ေမြးလိုက္ရတယ္။  အခုေတာ့ ကေလးေရာ လူႀကီးေရာ က်န္းက်န္းမာမာနဲ႔ အဆင္ေျပပါတယ္.”” ၾကားရတာ ဝမ္းသာဖို႔ေကာင္းလိုက္တာ “” အခုေတာ့ US မွာေရာ တျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာပါ သားအိမ္အစားထိုးကုသမႈလုပ္ၿပီး ကေလး ေမြးဖြားလို႔ရေနၿပီေနာ္ “” ေဆးပညာ ရဲ႕အံမခန္းတိုးတက္မႈေတြေပါ့ေလ။   “” ေက်းဇူးပါပဲဆရာေရ။ ဆရာတို႔လည္း ျပန္ရဦးမယ္။

ကြၽန္ေတာ့္ကို ခြင့္ျပဳဦး “ဦးလူေဌးသည္ ႏႈတ္ဆက္ကာ ထြက္သြားေတာ့သည္။ ေမာင္ေအးသည္ တံခါးပိတ္ရင္း ေျပာလိုက္သည္။” ဗဟုသုတ တိုးတယ္ေနာ္ဆရာ “”  ဟုတ္တယ္။  ေနာက္ လလည္း မဂၢဇင္းႀကီးကိုင္ၿပီး  ဲ လာဦးမယ္ထင္တယ္။”ဒီေန႔ေတာ့ ေဆးခန္းပိတ္တာ ေနာက္က်သြားၿပီ။လေရာင္ကား ထိန္ထိန္သာေနသည္။”ဒီေန႔ လျပည့္ေန႔လား ေမာင္ေအး  “” ဟုတ္ကဲ့ ဆရာ “ပတ္ဝန္းက်င္၏ တိတ္ဆိတ္မႈႏွင့္ အတူ ေအးခ်မ္းမႈကိုပါ ရရွိလိုက္သည္။

Dr.ေအးခ်မ္းမိုး

(Unicode Version)

သားအိမ်လဲပြီး  ကလေးယူလို့ရပြီလား

မောင်အေးသည် ဦးလူဌေး ကို မြင်ကတည်းက ဒေါက်တာ စိုးသန်းအား လှမ်းအော်ပြောလိုက်သည်။” ဆရာရေ ဦးလူဌေး တစ်ယောက်တော့ မဂ္ဂဇင်းစာအုပ်ကြီးကိုင်ပြီး လာနေပြီနော်ဆရာ။   “” သူ မေးစရာရှိလို့နေမှာပေါ့။ သူမေးတော့လည်း ကျွန်တော်လည်း ဗဟုသုတ ရတယ်။  ” ဒေါက်တာ စိုးသန်းသည် ဦးလူဌေးကို ကြိုရန် အခန်းပြင်သို့ထွက်လိုက်သည်။” သူမေးတာတွေက အထူးအဆန်းတွေ ချည်းပဲနော် ဆရာ ” မောင်အေးအတွက်တော့ ဦးလူဌေး မေးခွန်းတွေ သည် အံသြော် မင်သက်စရာများပင်။”သူက Time မဂ္ဂဇင်းဖတ်ပြီး လာဆွေးနွေးတာ။   “” ကျွန်တေ်ာလည်း သူပြောတာတွေ သိပ်တော့ နားမလည်ပါဘူးလေ။ “ဦးလူဌေးသည် ဆိုက်ကားခ ရှင်းပြီးဆေးခန်းထဲသို့ သွက်လက်စွာဝင်လာသည်။” လူနာ ရှင်းချိန်ပဲ လာခဲ့တယ်ဆရာရေ။  “” ဒီမှာ ဆေးခန်းတောင် ပိတ်တော့မယ် ” မောင်အေးက ဦးလူဌေးကို စောစောလာရန် သွယ်ဝိုက်ပြောလိုက်သည်။

ဆေးခန်းပိတ်တာ နောက်ကျလျှင် အိမ်ပြန်နောက်ကျမည်။” ပြောပါ ဦး။ ဒီတစ်ပတ် ဘာတွေ များ သတင်းထူးပါလာသလဲ ” ဦးလူဌေး အတွက် စကားကြောင်းပေးလိုက်သည်။”ဒီမှာ ဆရာ ရေ။ January လထုတ် မဂ္ဂဇင်းမှာ ဆေးပညာနဲ့ ပတ်သတ်ပြီးသတင်းထူး တစ်ခု ပါလာတယ်။  “” အမေရိကားမှာ သားအိမ်ကို Transplant လုပ်လို့ရပြီ ဆရာ။ ပြီးတော့ Transplant လုပ်ထားတဲ့ ကလေးတောင် မွေးပြီးသွားပြီတဲ့။ “”  ဟုတ်လား။ ကျွန်တော် ဖတ်ကြည့်လိုက်ဦးမယ်”ဒေါက်တာ စိုးသန်းသည် ဦးလူဌေးလက်ထဲမှ Time မဂ္ဂဇင်းကို ယူဖတ်လိုက်သည်။ဆရာဝန်ဆို သည်မှာလည်း အလုပ်များသည်။ ပြင်ပစာအုပ်ဖတ်ဖို့ အချိန် မနည်းပေးရသည်။ ဦးလူဌေးလိုမျိုး  လာဆွေးနွေးသည့် ရှိနေသည်ကိုပင် ဒေါက်တာ စိုးသန်းတစ်ယောက် စိတ်ကျေနပ်ရသည်။

“သားအိမ် မပါတဲ့ အမျိုးသမီးတွေ သားအိမ် ပါပေမဲ့လည်း ကင်ဆာကြောင့် သားအိမ်ထုတ် ပစ်လိုက်ရတဲ့ အမျိုးသမီးတွေ ရှိတယ်။ သူတို့တွေ အိမ်ထောင်ပြု ပြီး ကလေး ယူချင်တဲ့အခါ သားအိမ်မရှိတဲ့အတွက် သားအိမ် အစားထိုးအလှူခံလိုက်တယ်။ ပြီးရင် ကလေးမွေးလို့ရပြီပေါ့နော်  “” ဒီခေတ်ကြီးထဲမှာ ကလေးတွေ မွေးစားလို့လည်း ရတယ်။ နောက်ပြီးတော့ အဌား ကိုယ်ဝန်ဆောင်လို့လည်း ရနေတဲ့ ခေတ်ကြီးထဲမှာ သားအိမ် အစားထိုးတာက အံသြော်စရာပဲနော် “”  သူများကလေးထက် ကိုယ်ရင်သွေးကိုပဲ ပိုလိုချင်လို့ပေါ့။ နောက်တစ်ခု က အဌားကိုယ်ဝန်ဆောင်တာထက် စာရင် မိခင်တစ်ယောက် ဖြစ်ချင်လို့ပါ။ ကိုယ့်ရင်သွေးကို ကိုယ်ဝမ်းတွင်းမှာ ကိုးလလွယ်ပြီး ကိုယ်ကိုတိုင်ပဲ မွေးဖွားချင်တဲ့ မိခင်တွေရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပေါ့။”” တစ်ချို့များ ကလေး မလိုချင်လို့ ကလေးဖျက်ချတဲ့သူတွေနဲ့။ သူတို့ဆီမှာတော့ ကလေးလိုချင်လို့ သားအိမ်အစားထိုးကြတယ်း။   ” ဦးလူဌေးက သူ့အမြင်ကို ပြောသည်။

” သားအိမ်လှူတဲ့ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ကလည်း လေးစားစရာ သိပ်ကောင်းတယ်နော်။  တစ်ယောက်ဆိုရင် ကလေးနှစ်ယောက် မွေးပြီးတဲ့ အတွက် သူ့လိုပဲ မိခင်ဖြစ်ချင်တဲ့ သူလူတစ်ယောက်ကို လှူတယ်ဆိုတာ တော်ရုံလူ မလုပ်နိုင်တဲ့ လုပ်ရပ်မျိုးပဲ။ “” ဟုတ်တယ်။  “” လှူမယ် လူက ၄၀၀ ကျော်လောက်ရှိပြီး အလှူခံချင်တဲ့သူ က ၁၀၀၀ ကျော်လောက်ရှိတယ်တဲ့နော်။  “” ဟုတ်တယ် ဦးရေ။  “”  ကျွန်တော် သိချင်တာက အမြဲ အောင်မြင်သလားဆိုတာပဲ  ” ဦးလူဌေးသည် ဒီမေးခွန်းကို မေးချင်သည့်အတွက် ဒေါက်တာ စိုးသန်းဆီသို့ရောက်လာခြင်းပင်ဖြစ်သည်။

” Organ Transplant လို့ခေါ်တာပေ့ါ။ မလှူခင်မှာ လှူမဲ့သူနဲ့ အလှူခံမဲ့သူရဲ့ ခန္ဓာကိုယ်တွင်း မှာရှိတဲ့ သွေးအုပ်စုတွေ အစပြုလို့ တိုက်ညီမှု ရှိမရှိတွေ လုပ်ရပါတယ်။ ကျွန်တော်တို့ ကျောက်ကပ် အစားထိုးသလိုမျိုး နဲ့ တူပါတယ်။ ရောဂါပိုးမွှားဝင်မှာတွေ။ ခန္ဓာကိုယ်က လက်မခံလို့ ထည့်ထားတဲ့ သားအိမ် ပျက်စီးသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ရာနှုန်းပြည့် အောင်မြင်တယ်လို့တော့ ပြေလို့မရသေးပါဘူး။  “”  အစားထိုးကုသမှုဆိုတာ လွယ်မှ မလွယ်တာလေ။ “ဒေါက်တာ စိုးသန်းသည် တစ်ခြား သားအိမ် အစားထိုးကုသမှု သတင်းများကို ဖုန်းထဲမှ အမြန်ဝင်ဖတ်လိုက်သည်။

” ပထမဆုံးစပြီး အစားထိုးမှုလုပ်တာကတော့ Sweden မှာ စလုပ်တာပါ။  ဆွီဒင် အမျိုးသမီးမှာ မွေးရာပါ သားအိမ်ပါမလာဘူး။ သူတို့နဲ့ မိသားစုချင်းရင်းနှီးတဲ့ အသက် ၆၁  အမျိုးသမီးက သားအိမ်လှူလိုက်တာ။ သွေးဆုံးသွားတာတေ့ာ  ၇ နှစ်လောက် ရှိနေပြီ။ သားအိမ်ကို လှူလို့တော့ ရသေးတယ်။ ပထမဆုံးက သားအိမ်အလှူခံမဲ့ အမျိုးသမီးရဲ့ မျိုးဥနဲ့ အမျိုးသားရဲ့ Sperm ကို အပြင်မှာ In Vitro Fertilizatioin  နည်းပညာနဲ့ မျိုးဥတွေ အောင် အောင်လုပ်ပြီး  အရင်သိမ်းထားရတယ်။ ပြီးမှ သားအိမ်ကို အစားထိုးတယ်။ အစာထိုးပြီးတဲ့ အချိန်မှာ သားအိမ်ကို ကိုယ်ခန္ဓာက ပြန်ပြီး မတိုက် ထုတ်အောင် ကိုယ်ခံအားကို လျော့ထားရတာပေါ့”” ကျောက်ကပ်အစားထိုး ကုသမှုခံယူ တဲ့အတိုင်းပေါ့နော်။

” ဦးလူဌေးကား ဗဟုသုတ ပြည့်စုံသူ ဖြစ်သည်။ဆေးပညာကိုလည်း စိတ်ဝင်စားသူဖြစ်သည်။ ထို့ကြောင့်လည်း ဆေးပညာနှင့်ပတ်သတ်သည်များကို အမြဲ လေ့လာ နေသူဖြစ်သည်။”  ဟုတ်တာပေါ့။ “”  တစ်နှစ်လောက်နေတော့ အပြင်မှာ သိမ်းထားတဲ့ မျိုးအောင်ထားတဲ့ သန္ဓေသားလောင်းကို ဗိုက်ထဲ ပြန်ထည့်လိုက်တယ်။  ထည့်လိုက်တဲ့ အချိန်မှာလည်း အဆင်ပြေပါတယ်။ မိခင်က ကိုယ်ဝန်အဆိပ်တက်လို့ ကလေးကို ၃၂ ပတ်နဲ့တော့ ဗိုက်ခွဲ မွေးလိုက်ရတယ်။  အခုတော့ ကလေးရော လူကြီးရော ကျန်းကျန်းမာမာနဲ့ အဆင်ပြေပါတယ်.”” ကြားရတာ ဝမ်းသာဖို့ကောင်းလိုက်တာ “” အခုတော့ US မှာရော တခြားနိုင်ငံတော်တော်များများမှာပါ သားအိမ်အစားထိုးကုသမှုလုပ်ပြီး ကလေး မွေးဖွားလို့ရနေပြီနော် “” ဆေးပညာ ရဲ့အံမခန်းတိုးတက်မှုတွေပေါ့လေ။   “” ကျေးဇူးပါပဲဆရာရေ။ ဆရာတို့လည်း ပြန်ရဦးမယ်။

ကျွန်တော့်ကို ခွင့်ပြုဦး “ဦးလူဌေးသည် နှုတ်ဆက်ကာ ထွက်သွားတော့သည်။ မောင်အေးသည် တံခါးပိတ်ရင်း ပြောလိုက်သည်။” ဗဟုသုတ တိုးတယ်နော်ဆရာ “”  ဟုတ်တယ်။  နောက် လလည်း မဂ္ဂဇင်းကြီးကိုင်ပြီး  ဲ လာဦးမယ်ထင်တယ်။”ဒီနေ့တော့ ဆေးခန်းပိတ်တာ နောက်ကျသွားပြီ။လရောင်ကား ထိန်ထိန်သာနေသည်။”ဒီနေ့ လပြည့်နေ့လား မောင်အေး  “” ဟုတ်ကဲ့ ဆရာ “ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုနှင့် အတူ အေးချမ်းမှုကိုပါ ရရှိလိုက်သည်။

Dr.အေးချမ်းမိုး