ကိုယ်ဝန်ဆောင်နေစဉ် ကြုံတွေ့ရတတ်သော ဝေဒနာများ အိပ်မပျော်
ခြင်း ၊ရင်တုန်ခြင်းမောခြင်း ၊ရင်ဝတွင် မီးစနဲ့ ထိုးသလိုပူခြင်း ၊ တံတွေးတပျစ်ပျစ်ထွေး
ခြင်းကို ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြပါ့မယ် ။
အိပ်မပျော်ခြင်း
မိခင်လောင်းတို့ရဲ့ ကိုယ်ထဲရှိ သန္ဓေသားသည် တဖြည်းဖြည်း ကြီးထွား
လာသဖြင့် ကိုယ်ဝန်ဆောင်မိခင်များမှာ သန္ဓေသားရဲ့ လှုပ်ရှားမှုကြောင့် အိပ်မပျော်ဘဲ
ရှိတတ်တယ် ။အထူးသဖြင့် သားဦးကိုယ်ဝန်ဆောင်သည့် မိခင်လောင်းတို့မှာ ပိုခံစားရ
တတ်တယ် ။အိပ်ရေးမဝက ကိုယ်ဝန်ဆောင်မိခင်များ ပိုပြီး ပင်ပန်းနွမ်းနယ်တတ်သဖြင့်
မိမိတို့ ကိုယ်ဝန်စောင့်ရှောင်မှုခံယူနေသော ဆရာဝန်တို့နဲ့ တိုင်ပင်သင့်တယ် ။
ရင်တုန်ခြင်း ၊မောခြင်း
မိခင်လောင်းတို့ရဲ့ နှလုံးဟာ ကိုယ်ဝန်ဆောင်နေစဉ် မိမိရဲ့ ကိုယ်အင်္ဂါ
အစိတ်အပိုင်းများ အတွက်သာမက ၊ဝမ်းတွင်းရှိ ရင်သွေးငယ်အတွက်ပါ လိုအပ်တဲ့
အာဟာရဓာတ်တွေကို သွေးမှ တဆင့် ထောက်ပံ့ဖို့အတွက် အလုပ်ပိုလုပ်ရပါတယ် ။
ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးအရည်ဟာ အရင်ကထက် ပိုများတဲ့အပြင်
နှလုံးဟာလည်း အရင်ကထက် ပိုပြီးခုန်ရကာ အလုပ်လုပ်ရပါတယ် ။သွေးအားနည်း
ရောဂါရှိသည့် ကိုယ်ဝန်ဆောင်များတွင် နှလုံးဟာ ပို၍ ဝန်ပိကာ ရင်တုန်ခြင်း ၊မောခြင်း
ကို ပိုမိုခံစားရတတ်ပါတယ် ။သွေးအားများများ လှည့်ပတ်စီးဆင်းသဖြင့် ခေါင်းကိုက်ခြင်း
၊မူးဝေခြင်းတို့ပါ ခံစားရတတ်ပါတယ် ။ဒါကြောင့် ရင်တုန်ခြင်း ၊မူးမောခြင်းဖြစ်က မပေါ့
ဆသင့်ပါ ။မိမိတို့နဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။
ရင်ခေါင်းတွင် မီးစနဲ့ထိုးသလိုပူခြင်း
ကိုယ်ဝန်ဆောင်စဉ် ထွက်လာတဲ့ ပရိုဂျပ်စထရုန်း Progesterone လို့
ခေါ်တဲ့ ဟိုမုန်းလ်ဓာတ်ကြောင့် သားအိမ်ရှိကြွက်သားများ ပြေလျော့ကာ ရင်သွေးငယ်
ပုံမှန်ကြီးထွားဖို့ နေရာအလုံအလောက် ရရှိစေပါတယ် ။ဒါ့အပြင် ခန္ဓာကိုယ်ရှိ တခြား
ကြွက်သားများကိုလည်း ပြေလျော့စေပါတယ် ။ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း
ရှိကြွက်သားများ ပြေလျော့မှုကြောင့် အစာအိမ်မှ အက်ဆစ်ဓာတ်နဲ့ အစာတို့သည်
အစာမျိုပြွန်ထဲ ပြန်ဆန်တက်ကာ ရင်ပူတတ် ၊ပျို့တတ် ၊အန်တတ်ပါတယ် ။ဒါကြောင့်
ကိုယ်ဝန်ဆောင်နေစဉ် အဆီအဆိမ့် ၊အစာမာ ၊အပူအစပ် လျော့စားသင့်ပါတယ် ။
တစ်ခါတည်းနဲ့ ဗိုက်တင်းကယ်အောင် မစားဘဲ နည်းနည်းနဲ့ ခဏခဏ ခွဲစားသင့်တယ်
။စားပြီးရင်တည်း ချက်ချင်း မလှဲလျောင်းသင့် ။ကဖင်း ပါသော လက်ဖက်ရည် ၊ကော်ဖီ ၊
လက်ဖက် ၊ရေနွေးကြမ်း စတာတွေ လျော့သောက်ပါ ။အစာအိမ်ဆေးတွေဖြစ်တဲ့
Gelmeg ၊Air-x ၊Kremil-S ကဲ့သို့သော ဆေးဝါးတွေကို သောက်သုံးပေးနိုင်တယ် ။
မသက်သာက ၊ပိုဆိုးက ဆေးခန်းပြသင့်ပါတယ် ။
တံတွေးတပျစ်ပျစ် ထွေးခြင်း
ကိုယ်ဝန်ရှိစတွင် အဖြစ်များတယ် ။မနက်ဘက် ပျို့အန် မူးမောတာ
နဲ့ တွဲတွေ့ရတတ်တယ် ။ကိုယ်ဝန် ၁၄ပတ်ကျော်တာနဲ့ သူ့အလိုလို ပျောက်သွား
တတ်တယ် ။
ဆက်ပါဦးမည်…………………..
Author ; ခေတ်သစ် ဇီဝက