အမျိုးသမီးတွေမှာအဖြစ်များတဲ့မီးယပ်ရောဂါ (သို့) Endometriosis

အမ်ိဳးသမီးေတြမွာအျဖစ္မ်ားတဲ့မီးယပ္ေရာဂါ (သိုု႔) Endometriosis

ေဆးပညာအရ Endometriosis လို႔ေခၚတဲ႔ သားအိမ္တြင္းတစ္သွ်ဴးမ်ားသားအိမ္ျပင္ပေနရာေတြမွာ လြဲမွားစြာေရာက္ေနျခင္းေရာဂါဟာ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ႔မီးယပ္ဆိုင္ရာေရာဂါတခုပါ။

အမ်ိဳးသမီးေယာက္၁၀၀မွာ ၅ေယာက္မွ ၁၀ေယာက္ဟာ ဒီေရာဂါျဖစ္နိုင္ေျခရွိပါတယ္။

သားအိမ္တြင္းတစ္သွ်ဴးေတြလြဲမွားစြာေရာက္တတ္တဲ႔သားအိမ္ျပင္ပေနရာေတြကေတာ႔ တင္ပဆံုကြင္းထဲက ၀မ္းဗိုက္အေျမွးပါး၊သားအိမ္နဲ႔တင္ပဆံုကြင္းနဲ႔တြယ္ဆက္ေပးထားတဲ႔အရြတ္၊သားဥအိမ္၊သားဥျပြန္၊အူ၊ဆီးအိမ္၊အဆုတ္အေျမွးပါး၊ခ်က္၊၀မ္းဗိုက္ခြဲေၾကာင္းအမာရြတ္၊နွာေခါင္းအတြင္း စတဲ႔ေနရာေတြပဲျဖစ္ပါတယ္။

ဘာလို႔သားအိမ္တြင္းတစ္သွ်ဴးေတြဟာ သားအိမ္အတြင္းမွာရွိရမယ္႔အစား ခုနကေျပာတဲ႔သားအိမ္ျပင္ပေနရာေတြမွာ လြဲမွားစြာေရာက္ေနရလဲ ဆိုတဲ႔တိက်တဲ႔အေၾကာင္းရင္းကိုေတာ႔ ယခုထိေသခ်ာမသိေသးပါ။

သို႔ေသာ္ေလ႔လာမႈေတြအရ Endometriosis ေရာဂါဟာ သက္လတ္ပိုင္းအမ်ိဳးသမီးေတြ၊အပ်ိဳေဖာ္၀င္တာေစာျပီးေသြးဆံုးခ်ိိ္န္ေနာက္က်တဲ႔အမ်ိဳးသမီးေတြ၊မိသားစုမ်ိဳးရိုးထဲမွာ ဒီေရာဂါျဖစ္ဖူးတဲ႔သူရွိတဲ႔ အမ်ိဳးသမီးေတြ၊သားအိမ္အေနအထားမမွန္တဲ႔အမ်ိဳးသမီးေတြမွာဆိုရင္ ပိုျဖစ္နုိင္ေျခမ်ားပါတယ္။

သားအိမ္ျပင္ပေနရာေတြမွာလြဲမွားစြာေရာက္ေနတဲ႔သားအိမ္တြင္းတစ္သွ်ဴးေတြဟာ ေဟာ္မုန္းအနည္းအမ်ားေပၚမူတည္ျပီးပြားသလို ရာသီေပၚခ်ိန္က် အဲတစ္သွ်ဴးေတြကေနေသြးထြက္တတ္ပါတယ္။

ဒါေၾကာင္႔

သားအိမ္တြင္းတစ္သွ်ဴးက နွာေခါင္းအတြင္းလြဲမွားစြာေရာက္ေနတဲ႔အမ်ိဳးသမီးမွာဆိုရင္ ရာသီေပၚတဲ႔အခါက် မိန္းမကိုယ္ကေနေသြးဆင္းတာအျပင္ နွာေခါင္းေသြးလည္းလွ်ံတတ္ပါတယ္။

တကယ္လို႔ သားအိမ္တြင္းတစ္သွ်ဴးက အူထဲေရာက္ေနတာဆိုရင္ ရာသီေပၚတဲ႔အခါက် မိန္းမကိုယ္ကေသြးဆင္းတာအျပင္ စအိုကေနေသြးထြက္တာ၊

ခြဲေၾကာင္းအမာရြတ္ေနရာမွာ သို႔မဟုတ္ ခ်က္ေနရာမွာေရာက္ေနတာမ်ိဳးဆိုရင္ ရာသီလာတဲ႔အခါက် မိန္းမကိုယ္ကေသြးဆင္းတာအျပင္ အမာရြတ္ေနရာ၊ခ်က္ေနရာေတြကေန ေသြးထြက္တာမ်ိဳးေတြပါျဖစ္နိုင္ပါတယ္။

ဒါေတြအျပင္ သားအိမ္တြင္းတစ္သွ်ဴးေတြသားအိမ္ျပင္ပေနရာေတြမွာလြဲမွားစြာေရာက္တဲ႔အခါမွာ

ရာသီေပၚတဲ႔အခါ ရာသီေသြးအဆင္းမ်ားတာ၊ဆီးစပ္ေနရာတ၀ိုက္မွာ အလြန္အမင္းနာက်င္ကိုက္ခဲတာ၊ဆီးသြားတဲ႔အခါနာက်င္ကိုက္ခဲတာ၊၀မ္းသြားတဲ႔အခါနာက်င္ကိုက္ခဲတာ၊အတူေနလိင္ဆက္ဆံတဲ႔အခါနာက်င္ကိုက္ခဲတာစသျဖင္႔ ခံစားရနိုင္ပါတယ္။

ဒီလိုမ်ိဳးေတြခံစားရျပီဆိုရင္ေတာ႔ အိုဂ်ီနဲ႔ျပသျပီး စမ္းသပ္စစ္ေဆးမႈေတြလုပ္ရပါမယ္။

လုပ္နိုင္တဲ႔စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ အာထရာေဆာင္းရိုက္တာ(Ultrasound)၊သံလိုက္ဓါတ္မွန္ရိုက္တာ(Magnetic resonance imaging)၊ဗိုက္ကေနအေပါက္ေသးေသးေလးေဖာက္ျပီး မွန္ေျပာင္းထည္႔ၾကည္႔တာ(Laparoscopy) စသျဖင္႔လုပ္နိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ေရာဂါအေျခအေနနဲ႔လူနာက်န္းမာေရးေပၚမူတည္ျပီး ေဟာ္မုန္းေဆး၊အကိုက္အခဲေပ်ာက္ေဆး ေတြနဲ႔ ေရရွည္ကုသတာ သို႔မဟုတ္ ခြဲစိတ္ကုသတာ ေတြလုပ္နိုင္ပါတယ္။

Dr 528

Unicode Version

အမျိုးသမီးတွေမှာအဖြစ်များတဲ့မီးယပ်ရောဂါ (သို့) Endometriosis

ဆေးပညာအရ Endometriosis လို့ခေါ်တဲ့ သားအိမ်တွင်းတစ်သျှူးများသားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်နေခြင်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့မီးယပ်ဆိုင်ရာရောဂါတခုပါ။

အမျိုးသမီးယောက်၁၀၀မှာ ၅ယောက်မှ ၁၀ယောက်ဟာ ဒီရောဂါဖြစ်နိုင်ခြေရှိပါတယ်။

သားအိမ်တွင်းတစ်သျှူးတွေလွဲမှားစွာရောက်တတ်တဲ့သားအိမ်ပြင်ပနေရာတွေကတော့ တင်ပဆုံကွင်းထဲက ဝမ်းဗိုက်အမြှေးပါး၊သားအိမ်နဲ့တင်ပဆုံကွင်းနဲ့တွယ်ဆက်ပေးထားတဲ့အရွတ်၊သားဥအိမ်၊သားဥပြွန်၊အူ၊ဆီးအိမ်၊အဆုတ်အမြှေးပါး၊ချက်၊ဝမ်းဗိုက်ခွဲကြောင်းအမာရွတ်၊နှာခေါင်းအတွင်း စတဲ့နေရာတွေပဲဖြစ်ပါတယ်။

ဘာလို့သားအိမ်တွင်းတစ်သျှူးတွေဟာ သားအိမ်အတွင်းမှာရှိရမယ့်အစား ခုနကပြောတဲ့သားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်နေရလဲ ဆိုတဲ့တိကျတဲ့အကြောင်းရင်းကိုတော့ ယခုထိသေချာမသိသေးပါ။

သို့သော်လေ့လာမှုတွေအရ Endometriosis ရောဂါဟာ သက်လတ်ပိုင်းအမျိုးသမီးတွေ၊အပျိုဖော်ဝင်တာစောပြီးသွေးဆုံးချိန်နောက်ကျတဲ့အမျိုးသမီးတွေ၊မိသားစုမျိုးရိုးထဲမှာ ဒီရောဂါဖြစ်ဖူးတဲ့သူရှိတဲ့ အမျိုးသမီးတွေ၊သားအိမ်အနေအထားမမှန်တဲ့အမျိုးသမီးတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများပါတယ်။

သားအိမ်ပြင်ပနေရာတွေမှာလွဲမှားစွာရောက်နေတဲ့သားအိမ်တွင်းတစ်သျှူးတွေဟာ ဟော်မုန်းအနည်းအများပေါ်မူတည်ပြီးပွားသလို ရာသီပေါ်ချိန်ကျ အဲတစ်သျှူးတွေကနေသွေးထွက်တတ်ပါတယ်။

ဒါကြောင့်

သားအိမ်တွင်းတစ်သျှူးက နှာခေါင်းအတွင်းလွဲမှားစွာရောက်နေတဲ့အမျိုးသမီးမှာဆိုရင် ရာသီပေါ်တဲ့အခါကျ မိန်းမကိုယ်ကနေသွေးဆင်းတာအပြင် နှာခေါင်းသွေးလည်းလျှံတတ်ပါတယ်။

တကယ်လို့ သားအိမ်တွင်းတစ်သျှူးက အူထဲရောက်နေတာဆိုရင် ရာသီပေါ်တဲ့အခါကျ မိန်းမကိုယ်ကသွေးဆင်းတာအပြင် စအိုကနေသွေးထွက်တာ၊

ခွဲကြောင်းအမာရွတ်နေရာမှာ သို့မဟုတ် ချက်နေရာမှာရောက်နေတာမျိုးဆိုရင် ရာသီလာတဲ့အခါကျ မိန်းမကိုယ်ကသွေးဆင်းတာအပြင် အမာရွတ်နေရာ၊ချက်နေရာတွေကနေ သွေးထွက်တာမျိုးတွေပါဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် သားအိမ်တွင်းတစ်သျှူးတွေသားအိမ်ပြင်ပနေရာတွေမှာလွဲမှားစွာရောက်တဲ့အခါမှာ

ရာသီပေါ်တဲ့အခါ ရာသီသွေးအဆင်းများတာ၊ဆီးစပ်နေရာတဝိုက်မှာ အလွန်အမင်းနာကျင်ကိုက်ခဲတာ၊ဆီးသွားတဲ့အခါနာကျင်ကိုက်ခဲတာ၊ဝမ်းသွားတဲ့အခါနာကျင်ကိုက်ခဲတာ၊အတူနေလိင်ဆက်ဆံတဲ့အခါနာကျင်ကိုက်ခဲတာစသဖြင့် ခံစားရနိုင်ပါတယ်။

ဒီလိုမျိုးတွေခံစားရပြီဆိုရင်တော့ အိုဂျီနဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေအနေနဲ့ကတော့ အာထရာဆောင်းရိုက်တာ(Ultrasound)၊သံလိုက်ဓါတ်မှန်ရိုက်တာ(Magnetic resonance imaging)၊ဗိုက်ကနေအပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းထည့်ကြည့်တာ(Laparoscopy) စသဖြင့်လုပ်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေနဲ့လူနာကျန်းမာရေးပေါ်မူတည်ပြီး ဟော်မုန်းဆေး၊အကိုက်အခဲပျောက်ဆေး တွေနဲ့ ရေရှည်ကုသတာ သို့မဟုတ် ခွဲစိတ်ကုသတာ တွေလုပ်နိုင်ပါတယ်။

Dr 528