ကလေးငယ်နှင့် ဂီတ

ကေလးငယ္နွင့္ ဂီတ

ဂီတ ဟာ လူတိုင္းရဲ႔ စိတ္ကို လႊမ္းမိုးနိုင္တယ္ ဂီတ လို့ဆိုရာမွာ သီခ်င္းဆိုသံ တီးလံုးသံစဥ္ညည္းသံ ဂစ္တာသံ စႏၵယားသံ အစရွိတဲ႔ အသံတိုင္း ပါပါတယ္ စိတ္ခံစားခ်က္အမ်ိုးမ်ိုးကို ေပးစြမ္းနိုင္ပါတယ္ ေရြးခ်ယ္တဲ႔ ဂီတသံစဥ္ေပၚမွာေတာ့ မူတည္ပါလိမ့္မယ္ ။
ဂီတက ကေလးဘဝအတြက္ ဘယ္လိုအက်ိုးျပုမလဲ ဘယ္လိုဆိုးက်ိုးေတြ ေပးနိုင္လဲ ျပန္စဥ္းစားျကည့္ရေအာင္ပါ ။
ကေလးေတြအတြက္ ေမြးစအရြယ္တည္းက ဂီတ ဆိုတာ အက်ြမ္းတဝင္ ျဖစ္ေနတတ္ျကတာပါ ကေလးငိုတဲ႔အခါ အီတဲ႔အခါေတြမွာ အေဖ အေမ အဘိုးအဘြား တစ္ေယာက္ေယာက္က ကေလးကို ေပြ႔ခ်ီရင္း သီခ်င္းဆိုလိုက္ သီခ်င္းညည္းလိုက္ လုပ္ေပးေနရင္းပဲ ကေလးေလးစိတ္ေပ်ာ္ရႊင္မႈျပန္ရလာတတ္ပါတယ္ ။
ကေလးေမြးစအခ်ိန္မွာေတာ့ နို့စို့ျပီးတန္းအိပ္တတ္ျကေတာ့ သိပ္မသိသာေပမယ့္ တစ္ျဖည္းျဖည္းျကာလာတဲ႔အခါ နို့တိုက္ရံုနဲ႔ မအိပ္ျကေတာ့ ကေလးအိပ္ဖို့ သီခ်င္းဆိုသိပ္လာရတတ္တယ္ လက္ေပၚမွာပဲ ခ်ီထားျပီး သီခ်င္းဆိုရင္း လမ္းေလ်ွာက္သိပ္ရတာလည္းရွိတယ္ ပုခက္ထဲထည့္ျပီး သီခ်င္းေတြ တစ္ပုဒ္ျပီးတစ္ပုဒ္ ဆိုျပေနရတာမ်ိုးလည္းရွိပါတယ္ ။
ကေလးေတြကို သီခ်င္းဆိုျပတဲ႔အခါ သာယာျငိမ့္ေညာင္းတဲ႔ သီခ်င္းမ်ိုးေတြကို ပိုျပီးေရြးခ်ယ္ဖို့လိုပါတယ္ ကေလးသီခ်င္းကဗ်ာေတြလည္း သင့္ေတာ္ပါတယ္ သာယာျငိမ့္ေညာင္းတဲ႔သံစဥ္က ကေလးရဲ႔ စိတ္ကိုနူးညံ႔ေစတဲ႔ အျပင္ စိတ္ဆိုးေနတာအီေနတာေတြ ေမ့သြားျပီး သီခ်င္းသံမွာ ေမ်ာျပီး အိပ္ေပ်ာ္သြားတတ္ပါတယ္ ။
တစ္ခ်ို့ကေလးေတြ အရမ္းလန့္တတ္ျကပါတယ္ အိပ္ေနရင္းကို လန့္လန့္နိုးလာတတ္တယ္ တစ္ခ်ို့အိမ္ေထာင္စုေတြမွာက်ေတာ့ ကေလးအိပ္ေနေပမယ့္ ပံုမွန္လႈပ္ရွားမႈေတြရွိေနေတာ့ အသံဆူညံတာမ်ိုးေတြ ျဖစ္တတ္ပါတယ္ ဒီလိုမ်ိုးျကံုလာရရင္ ကေလးအိပ္တဲ႔အခ်ိန္မွာ ေဘးကေန သီခ်င္းသံတိုးတိုးေလးဖြင့္ထားေပးလို့ရပါတယ္ သီခ်င္းသံ အျမဲျကားေနရေတာ့လန့္ေနလည္းနည္းသြားသလို လန့္နိုးလာလည္း သီခ်င္းသံနဲ႔ ျပန္အိပ္သြားတတ္ပါတယ္ ေဘးကအသံေတြကိုလည္း သီခ်င္းသံကအုပ္မိပါလိမ့္မယ္ ။
ကေလးတစ္ျဖည္းျဖည္းျကီးလာတဲ႔အခါ တစ္ခါတစ္ေလ တီဗီြျပတာေတြ ျဖစ္တတ္ပါတယ္ တီဗီြျပျဖစ္ခဲ႔ရင္လည္း ကေလးနဲ႔ဆိုင္တဲ႕သီခ်င္းေလးေတြ ကာတြန္းေလးေတြျပတာက ကေလးငယ္ေတြကိုျကိုက္ပါတယ္ ျငိမ္ပါတယ္ အခ်ိန္အျကာျကီးေတာက္ေလ်ွာက္မျပဖို့ေတာ့ လိုပါတယ္ ။
ကေလးအသက္နွစ္နွစ္ေလာက္မွ အရာရာကိုစတင္ျပီး သင္ယူလာတတ္ျကပါတယ္ ဒီအခါမွာ ကေလူျပုစုပ်ိုးေထာင္တာ အရမ္းအေရးပါလာပါတယ္ ကေလးကိုသင္ေပးတဲ႔အခါ စိတ္ဝင္စားေစေအာင္ သီခ်င္းေလးေတြ ကဗ်ာေလးေတြ ဆိုျပီးသင္ပါ ကေလးကစားျပီးတဲ႔အခါ အရုပ္ေလးေတြျပန္သိမ္းဖို့ဆိုလည္း လူျကီးေတြပါးစပ္ကေန သားသားေရမီးမီးေရ ကစားစရာေလးေတြျပန္သိမ္းမယ္ေနာ္ဆိုျပီး သီခ်င္းဆိုျပီးေျပာပါ လိုက္လုပ္ပါ အခ်ိန္ျကာလာတာနဲ႔အမ်ွ ကေလးေတြကိုယ္တိုင္လည္း ကစားျပီးျပန္သိမ္းရမယ္ဆိုတာသိလာသလို ဒီသီခ်င္းျကားလိုက္တာနဲ႔ ပစၥည္းေတြျပန္သိမ္းဖို့ဆိုတာ သိလာပါလိမ့္မယ္ မူျကိုေက်ာင္းေတြမွာဆို ဒါမ်ိုးလုပ္ရင္ ပိုသိသာပါတယ္ ။
ကေလးကို ငယ္ရြယ္စဥ္မွာ ဂစ္တာ တီးျပတာ စနၵယားတီးျပတာက ကေလးစိတ္ေပ်ာ္ရႊင္ဖို့ပါ ကေလးလည္းတီး လူျကီးလည္းတီးဆိုရင္ ပိုျပီးအဆင္ေျပပါတယ္ သင္ယူနိုင္စြမ္းကိုပိုေကာင္းေစပါတယ္ ကေလးကို ကစားလို့ရတဲ႔ တကယ္တီးလို့ရတဲ႔ ဂစ္တာေလးေတြ စႏၵယားေလးေတြ ဗံုေလးေတြ ဝယ္ေပးထားျပီး တီးေပးျခင္းက ကေလးဦးေႏွာက္ဖြံျဖိုးမႈအတြက္ အေရးပါပါတယ္ ။
တီဗီြ ေျကာ္ျငာသီခ်င္းေတြ နားေထာင္ပါမ်ားလာတဲ႔အခါလည္း ကေလးေတြစိတ္ထဲမွာ အလိုလိုမွတ္မိလာျပီးေနာက္ပိုင္းဆို သီခ်င္းေတြ လိုက္ဆိုလာတတ္ပါတယ္ ကေလးအရြယ္မွာေတာ့ သီခ်င္းသံျကားလို့ ဒါဘာဂီတလဲလို့ေတာ့ မသိနိုင္ေသးပါဘူး ဒါေပမယ့္ ကေလးေတြ သဘာဝမွာ အရမ္းဆူညံလြန္းတဲ႔ ဂီတ ကို မျကိုက္တတ္ေပမယ့္ စည္းခ်က္မွန္တဲ႔ ျမူးျမူးေလးေတြဆိုရင္ေတာ့ သေဘာက်တတ္ျကပါတယ္ ။
တစ္ခါတစ္ေလမွာ သီခ်င္းသံျကားတာနဲ႔ ကေလးက ကေနတတ္ပါေသးတယ္ ဒီလိုအခါဆို ကေလးနဲ႕တူတူ တြဲကပါ တူတူကပါ ကေလးနဲ႕ မိခင္ဖခင္ေတြျကားလည္း သံေယာစဥ္ပိုတိုးလာပါတယ္ ကေလးေတြက အျမဲ သတိျကီးနဲ႔ ထိန္းေက်ာင္းေနတာကိုမျကိုက္တတ္ပါဘူး စိတ္တူကိုယ္တူလုပ္ရင္း ထိန္းေက်ာင္းတာကို သေဘာက်ပါတယ္ ။
ဂီတ က ကေလးေတြအေပၚ ဆိုးက်ိုးရွိလားဆိုရင္ျဖင့္ ဂီတာတစ္မ်ိုးကိုပဲ အာရံုစိုက္လုပ္ေနလို့ေတာ့မရပါဘူး ေခတ္ျကီးတိုးတက္လာတာနဲ႔အမ်ွ ကေလးသီခ်င္းေတြက ဖုန္းေတြ tablet ေတြ ကေနျကည့္လို့ရလာတာေျကာင့္ ဒါကိုပဲ အခ်ိန္ျပည့္ဆိုရင္ေတာ့ ကေလးအာရံုေျကာေတြ ထိခိုက္ေစနိုင္တတ္ပါတယ္ ။

Dr. CST

 

Unicode Version

ကလေးငယ်နှင့် ဂီတ

ဂီတ ဟာ လူတိုင်းရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ် ဂီတ လို့ဆိုရာမှာ သီချင်းဆိုသံ တီးလုံးသံစဉ်ညည်းသံ ဂစ်တာသံ စန္ဒယားသံ အစရှိတဲ့ အသံတိုင်း ပါပါတယ် စိတ်ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ် ရွေးချယ်တဲ့ ဂီတသံစဉ်ပေါ်မှာတော့ မူတည်ပါလိမ့်မယ် ။
ဂီတက ကလေးဘဝအတွက် ဘယ်လိုအကျိုးပြုမလဲ ဘယ်လိုဆိုးကျိုးတွေ ပေးနိုင်လဲ ပြန်စဉ်းစားကြည့်ရအောင်ပါ ။
ကလေးတွေအတွက် မွေးစအရွယ်တည်းက ဂီတ ဆိုတာ အကျွမ်းတဝင် ဖြစ်နေတတ်ကြတာပါ ကလေးငိုတဲ့အခါ အီတဲ့အခါတွေမှာ အဖေ အမေ အဘိုးအဘွား တစ်ယောက်ယောက်က ကလေးကို ပွေ့ချီရင်း သီချင်းဆိုလိုက် သီချင်းညည်းလိုက် လုပ်ပေးနေရင်းပဲ ကလေးလေးစိတ်ပျော်ရွှင်မှုပြန်ရလာတတ်ပါတယ် ။
ကလေးမွေးစအချိန်မှာတော့ နို့စို့ပြီးတန်းအိပ်တတ်ကြတော့ သိပ်မသိသာပေမယ့် တစ်ဖြည်းဖြည်းကြာလာတဲ့အခါ နို့တိုက်ရုံနဲ့ မအိပ်ကြတော့ ကလေးအိပ်ဖို့ သီချင်းဆိုသိပ်လာရတတ်တယ် လက်ပေါ်မှာပဲ ချီထားပြီး သီချင်းဆိုရင်း လမ်းလျှောက်သိပ်ရတာလည်းရှိတယ် ပုခက်ထဲထည့်ပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြနေရတာမျိုးလည်းရှိပါတယ် ။
ကလေးတွေကို သီချင်းဆိုပြတဲ့အခါ သာယာငြိမ့်ညောင်းတဲ့ သီချင်းမျိုးတွေကို ပိုပြီးရွေးချယ်ဖို့လိုပါတယ် ကလေးသီချင်းကဗျာတွေလည်း သင့်တော်ပါတယ် သာယာငြိမ့်ညောင်းတဲ့သံစဉ်က ကလေးရဲ့ စိတ်ကိုနူးညံ့စေတဲ့ အပြင် စိတ်ဆိုးနေတာအီနေတာတွေ မေ့သွားပြီး သီချင်းသံမှာ မျောပြီး အိပ်ပျော်သွားတတ်ပါတယ် ။
တစ်ချို့ကလေးတွေ အရမ်းလန့်တတ်ကြပါတယ် အိပ်နေရင်းကို လန့်လန့်နိုးလာတတ်တယ် တစ်ချို့အိမ်ထောင်စုတွေမှာကျတော့ ကလေးအိပ်နေပေမယ့် ပုံမှန်လှုပ်ရှားမှုတွေရှိနေတော့ အသံဆူညံတာမျိုးတွေ ဖြစ်တတ်ပါတယ် ဒီလိုမျိုးကြုံလာရရင် ကလေးအိပ်တဲ့အချိန်မှာ ဘေးကနေ သီချင်းသံတိုးတိုးလေးဖွင့်ထားပေးလို့ရပါတယ် သီချင်းသံ အမြဲကြားနေရတော့လန့်နေလည်းနည်းသွားသလို လန့်နိုးလာလည်း သီချင်းသံနဲ့ ပြန်အိပ်သွားတတ်ပါတယ် ဘေးကအသံတွေကိုလည်း သီချင်းသံကအုပ်မိပါလိမ့်မယ် ။
ကလေးတစ်ဖြည်းဖြည်းကြီးလာတဲ့အခါ တစ်ခါတစ်လေ တီဗွီပြတာတွေ ဖြစ်တတ်ပါတယ် တီဗွီပြဖြစ်ခဲ့ရင်လည်း ကလေးနဲ့ဆိုင်တဲ့သီချင်းလေးတွေ ကာတွန်းလေးတွေပြတာက ကလေးငယ်တွေကိုကြိုက်ပါတယ် ငြိမ်ပါတယ် အချိန်အကြာကြီးတောက်လျှောက်မပြဖို့တော့ လိုပါတယ် ။
ကလေးအသက်နှစ်နှစ်လောက်မှ အရာရာကိုစတင်ပြီး သင်ယူလာတတ်ကြပါတယ် ဒီအခါမှာ ကလေူပြုစုပျိုးထောင်တာ အရမ်းအရေးပါလာပါတယ် ကလေးကိုသင်ပေးတဲ့အခါ စိတ်ဝင်စားစေအောင် သီချင်းလေးတွေ ကဗျာလေးတွေ ဆိုပြီးသင်ပါ ကလေးကစားပြီးတဲ့အခါ အရုပ်လေးတွေပြန်သိမ်းဖို့ဆိုလည်း လူကြီးတွေပါးစပ်ကနေ သားသားရေမီးမီးရေ ကစားစရာလေးတွေပြန်သိမ်းမယ်နော်ဆိုပြီး သီချင်းဆိုပြီးပြောပါ လိုက်လုပ်ပါ အချိန်ကြာလာတာနဲ့အမျှ ကလေးတွေကိုယ်တိုင်လည်း ကစားပြီးပြန်သိမ်းရမယ်ဆိုတာသိလာသလို ဒီသီချင်းကြားလိုက်တာနဲ့ ပစ္စည်းတွေပြန်သိမ်းဖို့ဆိုတာ သိလာပါလိမ့်မယ် မူကြိုကျောင်းတွေမှာဆို ဒါမျိုးလုပ်ရင် ပိုသိသာပါတယ် ။
ကလေးကို ငယ်ရွယ်စဉ်မှာ ဂစ်တာ တီးပြတာ စန္ဒယားတီးပြတာက ကလေးစိတ်ပျော်ရွှင်ဖို့ပါ ကလေးလည်းတီး လူကြီးလည်းတီးဆိုရင် ပိုပြီးအဆင်ပြေပါတယ် သင်ယူနိုင်စွမ်းကိုပိုကောင်းစေပါတယ် ကလေးကို ကစားလို့ရတဲ့ တကယ်တီးလို့ရတဲ့ ဂစ်တာလေးတွေ စန္ဒယားလေးတွေ ဗုံလေးတွေ ဝယ်ပေးထားပြီး တီးပေးခြင်းက ကလေးဦးနှောက်ဖွံဖြိုးမှုအတွက် အရေးပါပါတယ် ။
တီဗွီ ကြော်ငြာသီချင်းတွေ နားထောင်ပါများလာတဲ့အခါလည်း ကလေးတွေစိတ်ထဲမှာ အလိုလိုမှတ်မိလာပြီးနောက်ပိုင်းဆို သီချင်းတွေ လိုက်ဆိုလာတတ်ပါတယ် ကလေးအရွယ်မှာတော့ သီချင်းသံကြားလို့ ဒါဘာဂီတလဲလို့တော့ မသိနိုင်သေးပါဘူး ဒါပေမယ့် ကလေးတွေ သဘာဝမှာ အရမ်းဆူညံလွန်းတဲ့ ဂီတ ကို မကြိုက်တတ်ပေမယ့် စည်းချက်မှန်တဲ့ မြူးမြူးလေးတွေဆိုရင်တော့ သဘောကျတတ်ကြပါတယ် ။
တစ်ခါတစ်လေမှာ သီချင်းသံကြားတာနဲ့ ကလေးက ကနေတတ်ပါသေးတယ် ဒီလိုအခါဆို ကလေးနဲ့တူတူ တွဲကပါ တူတူကပါ ကလေးနဲ့ မိခင်ဖခင်တွေကြားလည်း သံယောစဉ်ပိုတိုးလာပါတယ် ကလေးတွေက အမြဲ သတိကြီးနဲ့ ထိန်းကျောင်းနေတာကိုမကြိုက်တတ်ပါဘူး စိတ်တူကိုယ်တူလုပ်ရင်း ထိန်းကျောင်းတာကို သဘောကျပါတယ် ။
ဂီတ က ကလေးတွေအပေါ် ဆိုးကျိုးရှိလားဆိုရင်ဖြင့် ဂီတာတစ်မျိုးကိုပဲ အာရုံစိုက်လုပ်နေလို့တော့မရပါဘူး ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ ကလေးသီချင်းတွေက ဖုန်းတွေ tablet တွေ ကနေကြည့်လို့ရလာတာကြောင့် ဒါကိုပဲ အချိန်ပြည့်ဆိုရင်တော့ ကလေးအာရုံကြောတွေ ထိခိုက်စေနိုင်တတ်ပါတယ် ။

Dr. CST

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image