OnDoctor
The Greatest Gift

အပျက်သဘောဆောင် စိတ်ခံစားမှုတွေက ကျန်းမာရေးကို ဘယ်လိုသက်ရောက်လဲ

ဒေါသတာရှည်ဖြစ်ခြင်းဟာ နှလုံးနာမကျန်းဖြစ်စေနိုင်တယ်။ ဒါပေမယ့် ရယ်မောခြင်းဟာ ခန္ဓာကိုယ်ထဲမှာ ရောဂါပျောက်စေတဲ့ အထူးဟော်မုန်းတွေကို လွှတ်ပေးတယ်။ မကောင်းတဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ရန်နှင့် ကောင်းသောခံစားမှုကို အားဖြည့်ရန်နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။
အပျက်သဘောဆောင်သော စိတ်ခံစားမှုများမှာ ဒေါသထွက်ခြင်း၊ စိတ်မသန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ငြီးငွေ့ခြင်းနဲ့ ဝမ်းနည်းခြင်းတို့ ဖြစ်တယ်။ ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် ဒေါသက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းကို ပျက်စီးစေနိုင်တယ်။ ဒေါသကို ဖိနှိပ်တဲ့အခါ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးထိခိုက်ခြင်းနဲ့ လေသင်ဇုန်းဖြတ်ခြင်းတို့ ဖြစ်တယ်။ ဒေါသကို ထိန်းချုပ်တည်းရင်း အစာအိမ်အနာဖြစ်တတ်တယ်။

အခြားသူများအပေါ် စိတ်မဝင်စားခြင်း၊ စိတ်မရှည်ခြင်းနဲ့ ထောက်ထားစာနာမှုမရှိမှုကြောင့် လူတိုင်းမကြာခဏ ဒေါသဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကို စိတ်ဆိုးနေတယ်လို့ ခံစားရရင် ဒေါသဖြစ်မှုဟာ တရားမျှတရဲ့လားဆိုတာ ဆုံးဖြတ်ရန် ကြိုးပမ်းပါ။ တကယ်လို့ဖြစ်ရင် တစ်စုံတစ်ရာကို ပြောပစ်လိုက်ပါ။ မဖြစ်ရင်ရှောင်ထွက်ပါ။ ကိစ္စအချို့က တရားမျှတမှုမရှိဟု ခိုင်မာစွာ ခံစားရရင် ရဲရဲတင်းတင်းပြောရန် မကြောက်ပါနဲ့။ လွန်ကဲတဲ့ဒေါသကို ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားဖြင့် ဖယ်ရှားပါ။ အဝတ်ဘီရိုကိုရှင်းခြင်း၊ ဒေါသဖြစ်အေင်လုပ်သူကို သံချောင်းအဖြစ်မှတ်ယူပြီး တူနဲ့ရိုက်တဲ့ပြင်ဆင်စရာကိစ္စတွေကို ပြင်လိုက်ပါ။ ဒေါသကို ဖယ်ရှားနိုင်ရင် ကျန်းမာရေးပိုကောင်းပါလိမ့်မယ်။
စိတ်မသန့်မှုဟာ စိတ်ခံစားမှုတွေအားလုံးမှာ ထိခိုက်နစ်နာမှုအရှိဆုံးဖြစ်တယ်။ အမှားလုပ်မိတဲ့အခါ ဒါမှမဟုတ် ကိုယ်လုပ်သင့်တယ်လို့သိတဲ့ကိစ္စတစ်ခုကို မလုပ်မိတဲ့အခါ အပြစ်ရှိတယ်လို့ ခံစားရတယ်။ တန်ပြန်စွပ်စွဲချက်နဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်မိတတ်တယ်။

ဖြစ်ချင်တော့ စိတ်မသန့်မှုဖြစ်တာကို ကိုယ်ချစ်တဲ့သူတွေက ဖန်တီးနေတယ်။ စိတ်မသန့်ဖြစ်ခြင်းဟာ စိတ်ဖိစီးမှု၏ အဓိကအကြောင်းရင်းဖြစ်တယ်။ ၎င်းက အလုပ်ပိစေတယ်။ စိတ်ဖိစီးမှုနဲ့ ဆက်နွယ်တဲ့ရောဂါအားလုံးကို ၎င်းကဖြစ်စေတယ်။
စိတ်မသန့်ခြင်းကို ချေဖျက်လိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ပါ။ ကိုယ့်ရဲ့ကောင်းကွက်၊ အားသာချက်များ၊ တန်ဖိုးများနဲ့ အင်အားတို့ကို စဉ်းစားပါ။ စိတ်မသန့်မှု၊ လိပ်ပြာမသန့်မှုက ကိုယ့်ဘဝအားလွှမ်းမိုးနိုင်ပုံကို ပိုသိသာလာလေ၊ ၎င်းကိုပိုပြင်းထန်ပြီး ပိုမိုပြန်ခုခံဖို့ ဖြစ်လာလိမ့်မယ်။

-- Advertisement --

Credit to: နှင်းအေးေ၀ Health Care Journal (Vol-7, No-20)

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now !!!