သုတ်ပိုးအရည်အသွေး ပိုကောင်းလိုသော်

823

ယနေ့အချိန်တွင် သားသမီးမထွန်းကားသည့်ပြဿနာကို ဆရာဝန်များဖြေရှင်းပေးနေရသည်။ ပြင်ပ၌ သန္ဓေအောင်စေပြီး သန္ဓေအောင်ပြီး မမျိုးဥကို အမျိုးသမီး၏သားအိမ်အတွင်း ပြန်ထည့်ပေးကာ သန္ဓေတည်စေ သည်။ In Vitro Fertilization နည်းဖြင့် သားသမီးများထွန်းကားစေခဲ့ခြင်းမှာ အောင်မြင်နေခဲ့ပြီးဖြစ်သည်။

သန္ဓေမတည်နိုင်ခြင်း သို့မဟုတ် သားသမီးမရနိုင်ခြင်းမှာ အကြောင်းရင်းဇစ်မြစ်များစွာကြောင့် ဖြစ်နိုင်သည်။ အမျိုးသမီး များ၏ ချို့ယွင်းချက်များကြောင့် ဖြစ်နိုင်သည်။ အမျိုးသားများ၏ ချို့ယွင်းချက်များကြောင့် လည်းဖြစ်နိုင်သည်။ တစ်ခါတစ်ရံ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးမှာ ချို့ယွင်းချက်များမရှိဘဲ သားသမီး မထွန်းကားနိုင်ခြင်းမျိုးလည်း တွေ့ရနိုင်ပါသည်။

အမျိုးသားများ၏ သုတ်ပိုးနှင့်အမျိုးသမီးတို့၏ အမျိုးဥပေါင်းစပ်မှုရှိမှ သန္ဓေတည်နိုင်မည်ဖြစ်သည်။ ဤသည်မှာ သားသ မီးထွန်းကားနိုင်ဖို့အတွက် အခြေခံအချက်ဖြစ်သည်။ သန္ဓေတည်ဖို့အတွက် အမျိုးသမီး၏ မမျိုးအိမ်မှ မမျိုးတည်ဆောက် ထုတ် လုပ်ပေါက်ကြွေရန် လိုအပ်သည်။ မမျိုးဥပေါက်ကြွေမှုမှာ ဆက်ဆံခြင်းနှင့် ဆက် နွယ်ပတ်သက်မှုမရှိပါ။ ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ အမျိုးသမီး၏မမျိုးအိမ်သည် လစဉ်ပုံမှန် မမျိုးဥပေါက်ကြွေသည်။ မီးယပ်သွေးစတင်ပေါ်သည့်နေ့မှစ၍ ၁၄ ရက်မြောက်နေ့တွင် မမျိုးဥပေါက်ကြွေပါ သည်။

အမျိုးသားများတွင် သုတ်ပိုးတည်ဆောက်ခြင်းမှာ ဆက်ဆံမှုနှင့်သက်ဆိုင်မှုမရှိပေ။ ဝှေးစေ့တစ်စုံသည် သုတ်ပိုးများကို အစဉ်အမြဲတည်ဆောက် ထုတ်လုပ်လျက်ရှိသည်။ အဆိုပါသုတ်ပိုးများ မမျိုးဥနှင့် ထိတွေ့ပေါင်း စပ်ရန်အတွက် သုတ်ပိုးများသည် အမျိုးသမီးများ၏ သားမွေးလမ်းကြောင်းအတွင်း ရောက်ရှိသွားရမည်ဖြစ် သည်။ ထိုသို့ရောက်ရှိသွားရန် သာမန်အားဖြင့် ဆက်ဆံခြင်းဖြစ်သည်။ သုတ်ရည်ကိုရယူ၍ ပိုက်ဖြင့်ထည့်သွင်း ခြင်းဖြင့်လည်း သုတ်ပိုးများသည် အမျိုးသမီးတို့၏ သားမွေး လမ်းကြောင်းသို့ရောက်ရှိနိုင်ပါသည်။

အမျိုးသမီးတစ်ဦးသည် သုတ်ရည်ကိုဆန္ဒပြီးမြောက်ချိန်တွင် ထုတ်လွှတ်ခြင်းဖြစ်သည်။ ထို့ကြောင့် သန္ဓေတည်ရန် အတွက် အမျိုးသမီးတို့၏ ဆန္ဒပြီးမြောက်မှုမလိုအပ်သော်လည်း အမျိုးသားတို့အတွက်မူ ဆန္ဒပြီး မြောက်ဖို့လိုအပ်မည်ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီးတို့ဆက်ဆံ၍ အမျိုးသားဆန္ဒပြီးမြောက်မှသာ သုတ်ရည်ထုတ်လွှတ်မည်ဖြစ်သည်ဖြစ်သဖြင့်၊ သန္ဓေတည်ရနအတွက် အမျိုးသားတို့၏ ဆန္ဒပြီးမြောက်မှုမှာ မလွဲ မသွေလိုအပ်သော အရာဖြစ်သည်။

သုတ်ပိုးများ၏ အရည်အသွေးသည် သန္ဓေတည်ဖို့အတွက် အလွန်အရေးကြီးပါသည်။ တစ်ကြိမ်ထုတ် လွှတ်သော သုတ် ရည်တွင် သုတ်ပိုးအရေအတွက် သန်း ၃၀၀ ခန့်ပါသော်လည်း သန္ဓေတည်ဖို့အတွက် လိုအပ်သည်မှာ သုတ်ပိုးတစ်ကောင် သာဖြစ်သည်။ အရည်အသွေးပြည့်ဝသော သုတ်ပိုးတစ်ကောင်သည် မမျိုးဥနှင့် ပေါင်းစပ်ရမည်ဖြစ်သည်။

The Sydney IVF Clinic in Wollognong မှသုတေသနပညာရှင်များက မမျိုးဥပေါက်ကြွေမှုရက် မတိုင်မီ (၇) ရက်ဆက်၍ဆက်ဆံမှုပြုလျှင် သုတ်ရည်ကိုတိုးတက်မှုဖြစ်စေပြီး၊ သားသမီးရရန်အခွင့်အလမ်းပိုများ နိုင်ကြောင်းထုတ်ဖော် ပြောကြားလိုက်သည်။ အမျိုးသားတို့အား (၇)ရက်ဆက်ပြီး သုတ်ရည်ထုတ်လွှင်စေခဲ့ရာ တွင် သုတ်ပိုးများယိုယွင်းပျက်စီးမှုသည် ၃၂ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းထိ လျော့ကျသွားကြောင်းတွေ့ရသည်ဟု ဆိုပါသည်။ သားသမီးမရရှိနိုင်သော ဇနီးမောင်နှံတို့အဖို့ သားသမီးလိုချင်ပါလျှင် ယခုသုတေသနတွေ့ရှိချက်ကို ဗဟုသုတအဖြစ်နားလည်သိရှိနိုင်ပါက အကျိုးရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

READ :   မှိုစွဲနာကုဆေး

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ