စိတ်ချလက်ချ ချစ်ကြမယ်ဆိုရင်

(Zawgyi)

စိတ္ခ်လက္ခ် ခ်စ္ၾကမယ္ဆိုရင္

ေဒါက္တာႏွင္း အျပင္ေဆးခန္းစထိုင္ေတာ့ လာၾကတဲ့ လူနာေတြရဲ႕ ၃ ပံု ၁ ပံု ဟာ depot ေခၚ ၃ လခံ သေႏၶတားေဆး လာထိုးၾကတဲ့ အမ်ိဳးသမီးေတြရယ္ပါ။ အရြယ္စံု ပါပဲ… အိမ္ေထာင္က်တာ မၾကာေသးလို႔..   ကေလး မယူခ်င္ေသးလို႔… ကေလးေတြက မ်ားေနၿပီမို႔လို႔… စီးပြားေရးအရ ကေလး ယူဖို႔ မေျပလည္လို႔… စတဲ့ အေၾကာင္းျပခ်က္ မ်ိဳးစံုနဲ႔ေပါ့ေလ။ ၾကပ္သည္ထက္ၾကပ္လာတဲ့ေခတ္ႀကီးမွာ မ်ိဳးဆက္ပြားက်န္းမာေရးထက္ သားဆက္ျခားက်န္းမာေရးကို ပိုၿပီးဦးစားေပးလာၾကတာကို ေတြ႕ေနရသည္ေလ။ ေဆးကဒ္ေသာက္တယ္ ဆိုတာ သူတို႔ အနိမ့္ဆံုးလုပ္ႏိုင္တဲ့ ေငြကုန္ေၾကးက် အသက္သာဆံုး သားဆက္ျခား နည္းပဲ။ ဒါေပမဲ့ ေသာက္ရမွာေမ့တာနဲ႔ မွတ္ရတာနဲ႔ ဆိုေတာ့ ၃ လခံေဆးဘက္ လွည့္လာၾကသည္။

ရာသီေပၚၿပီး ၇ ရက္အတြင္းထိုးရင္ ၃ လ ကေတာ့ ေအးေဆးေနေတာ့ပဲ …. ရာသီမေပၚခင္ထိုးရင္ေတာ့ ၇ ရက္ တူတူေနတာေရွာင္..မေရွာင္ႏိုင္ရင္ အမ်ိဳးသားကို ကြန္ဒံုးသံုးခိုင္း ဒါမွ မဟုတ္ ကိုယ္က အေရးေပၚတားေဆးေသာက္ေပါ့။ စိတ္ခ်ရလားဆိုေတာ့ ေဆးရဲ႕ အရည္အေသြး၊ သိုေလွာင္မႈစနစ၊္ ထိုးတဲ့ ရက္ ၊ ထိုးပံုထိုးနည္း ၊ ကိုယ္နဲ႔ သင့္မသင့္ စတာေတြ အေပၚမူတည္ၿပီး ေဆးထိုးတဲ့လူတစ္ေထာင္မွာ ၃-၅ေယာက္ေလာက္ထိ ေဆးမေအာင္ဘဲ ကိုယ္ဝန္ရသြားႏိုင္သည္။ ရာခိုင္ႏႈန္းအားျဖင့္ေတာ့ အေတာ္နည္းတဲ့ အေနအထားပါ။သို႔ေသာ္ ထိုအနည္းအက်ဥ္းထဲ ကံဆိုးစြာျဖင့္ ကိုယ္ဝန္ရသြားတဲ့အခါ..” ဆရာမရယ္ လြန္ခဲ့တဲ့လကမွ ေဆးထိုးထားတာ ဥစၥာ … ဘယ္လို ကိုယ္ဝန္ရသြားတယ္ မသိဘူး” ဆိုပီးေမးၾကပါေလေရာ… ။

” ေရာ္…. ေတာ္တို႔ကို ရွင္းျပထားတယ္ေလကြယ္…ဘယ္ေဆး ဘယ္နည္းလမ္းမွ ၁၀၀% ကိုယ္ဝန္တားေပးႏိုင္တယ္ အာမ မခံဘူးဆိုတာ” လို႔ေျပာေတာ့မွ မ်က္ႏွာေလး မဲ့တဲ့တဲ့ ႏွင့္ ကေလး မလို ခ်င္ပဲ ယူလိုက္ၾကရတာမ်ိဳး ရွိေသးသည္။ သည္ၾကားထဲ ထိုးေဆး ေသာက္ေဆးေတြဆိုတာက အနည္းနဲ႔ အမ်ားေဘးထြက္ဆိုးက်ိဳးေတြႏွင့္… ေဆးေသာက္ေဆးထိုးၿပီး မူးလို႔ေမာ္လို႔..တလွပ္လွပ္တုန္လို႔…ေသြးေပါင္တက္လို႔..ဝ တက္လာလို႔.. စတဲ့ ေရာဂါလကၡဏာေပါင္းစံုေၾကာင့္ ေဆးရပ္ လိုက္ရတဲ့သူေတြလည္း ရာခိုင္နႈန္းမနည္း။ ကဲ… ဘာလုပ္မလဲ?? လက္ေမာင္းထဲ ပိုက္ထည့္ ဆိုေတာ့ ပိုက္ဖိုးက သူတို႔ လခသံုးပံုတစ္ပံုစာေလာက္ရွိသည္… မတတ္ႏိုင္ဘူးဆရာမရယ္ တဲ့။ သားအိမ္ထဲ ပစၥည္းထည့္ရင္ သိပ္မကုန္ဘူး … ထည့္ခ်င္လားဆိုေတာ့လည္း တစ္ဝက္ေလာက္က ေယာက္်ားသာယူထားတာ မၾကားေကာင္းတာၾကားလိုက္ရသလိုေၾကာက္လိုက္သည္မွာေနစရာမရွိ။

မနာပါဘူး လို႔ ဘယ္လိုပင္စည္းရံုးေသာ္လည္း လက္မခံ… ကိုယ္ကလည္း သိပ္မစည္းရံုးရဲ… သည္နည္းက ေသြးဆင္းမ်ားတာ မမွန္တာ ဆီးစပ္ေအာင့္တာေတြ ျဖစ္တတ္ေသးသည္။ ကဲ… ဒါျဖင့္ကြန္ဒံုးသံုးၾကဆိုေတာ့ မ်က္ႏွာေတာ္ေတြက မၾကည္။ ၾကားေလေသြးေတာင္ ေဝးတယ္ထင္တဲ့ ညားကာစလင္မယားကို ဒီဆရာမက ဘာေတြ လုပ္ခိုင္းမွန္း မသိဘူး ဆိုတဲ့ မထံုတတ္ေတးမ်က္ႏွာေပးေလးေတြႏွင့္။ တကယ္ေတာ့ ကြန္ဒံုးက လဲြလို႔ အေပၚမွာေျပာခဲ့တဲ့ သားဆက္ျခားနည္းေတြ အကုန္လံုးဟာ သဘာဝကို ဆန္႔က်င္ တာျမစ္တဲ့ နည္းလမ္းေတြ ျဖစ္တဲ့ အေလ်ာက္ ဆိုင္ရာ ဆိုင္ရာ ဆိုးက်ိဴးေတြရွိသည္။ တားေဆး ၾကာၾကာ ေသာက္/ထိုး လွ်င္ ေဆးျဖတ္လိုက္ေသာ္လည္း ရာသီ စက္ဝန္း ကေမာက္ကမ ျဖစ္တာ.. ရာသီထိန္တာ… ကေလးလိုခ်င္ကာမွ မရေတာ့တာ… ဒါေတြက အေတြ႕ရအမ်ားဆံုး ေနာက္ဆက္တဲြ ဆိုးက်ိဳးေတြေပါ့ေလ။

ကၽြန္မေဆးခန္းထိုင္လာတဲ့သက္တမ္းတေလွ်ာက္ ကေလးလိုခ်င္လို႔ လာတိုင္ပင္တဲ့ ဇနီးေမာင္ႏွံေတြကို ေမးၾကည့္တဲ့အခါ အဲ့ထဲက၁၀ေယာက္မွာ ၉ေယာက္က အေပၚမွာေျပာခဲ့တဲ့ တားေဆးေတြထဲက တနည္းမဟုတ္တနည္းကို ႏွစ္နဲ႔ခ်ီ သံုးစြဲထားတဲ့သူေတြျဖစ္ေနတာေတြ႕ရတယ္။ဒီႏိုင္ငံမွာလို စစ္တမ္းေကာက္သုေတသနအခ်က္အလက္ေတြအားနညိးလို႔သာ အေပၚက သဘာဝဆန္႔က်င္တဲ့နည္းေတနဲ႔ကိုယ္ဝန္တားျခင္းေတြကို ေရရွည္သံုးစြဲရင္ တကယ္ကေလးလိုခ်င္တဲ့အခါ ကေလးမရႏိုင္ေတာ့တဲ့ ရာခိုင္ႏႈန္း ဘယ္ေလာက္ရွိလည္း အတိအက် မေျပာႏိုင္တာ။ႏွစ္ရွည္လမ်ား ေရရွည္သံုးစြဲရင္ ကေလးမရႏိုင္ေခ်အရမ္းျမင့္တယ္ဆိုတာ ကၽြန္မအေတြ႕အၾကံဳအရ သတိထားမိတာမို႔ ဒါကို ေလးေလးနက္နက္ သတိခ်ပ္ေစလိုပါတယ္။

ဆိုေတာ့… ဆိုးက်ိဳးမရွိပဲ ၁၀၀% ထိေရာက္တဲ့ နည္းလမ္း မရွိေတာ့ဘူး လား ဆရာမရယ္ လို႔ ေမးရင္ ရွိပါသည္။ သဘာဝတရားရဲ႕ လက္ေဆာင္ကို ေဒါက္တာႏွင္းတို႔ သတိ မထားမိ ၾကလို႔သာပါ…တကယ္တမ္းေသခ်ာလိုက္လုပ္ရင္ ေတည္ေတာ္ ထိေရာက္ပါသည္။ လိုတာကေတာ့ ျပကၡဒိန္ တစ္ခုနဲ႔ ဂဏန္းသခ်ာၤအေပါင္းအနႈတ္ တတ္ရင္ ျဖစ္ၿပီဆိုပါေတာ့။ အလြယ္ “ရက္ေရွာင္နည္း” လို႔ပဲေခၚလိုက္ရေအာင္ပါ။ ၾကည့္လိုက္ရေအာင္…

အမ်ိဳး သမီးတစ္ဦးရဲ႕ရာသီစက္ဝန္းမွာ အဆင့္ ၂ ခုရွိတယ္။ သားဥမေႂကြမီအဆင့္(Follicular phase)နဲသားဥေႂကြၿပီးအဆင့္(Luteal phase)႔ေပါ့။ အဲဒီမွာ ေရွ႕ကအဆင့္ သားဥ မေႂကြမီအဆင့္(Follicular phase)ရဲ႕ ၾကာခ်ိန္က ပံုေသ (၁၄) ရက္ပဲ။ ေနာက္က သားဥေႂကြၿပီးအဆင့္( luteal phase)ကသာ အခ်ိန္ကာလ ရွည္တာ တိုတာ အေျပာင္းအလဲ ရွိႏိုင္သည္။ သည္ေတာ့ေနာက္က သားဥေႂကြၿပီးအဆင့္ရဲ႕ ၾကာခ်ိန္ေပၚမူတည္ၿပီး ၂၈ ၾကာတို႔…၃၀ ၾကာ..၃၂ ရက္ၾက ဓမၼတာစက္ဝန္း ကာလ ေတြ ကဲြသြားတာအားလံုးက ဒီသားဥေႂကြၿပီးအဆင့္ရဲ႕ ၾကာခ်ိန္ အေျပာင္းအလဲေၾကာင့္ပါပဲ။ ဒါဟာ သဘာဝကေပးတဲ့ ဇီဝကမၼ ျဖစ္စဥ္ရဲ႕ တိက်မႈပါပဲ။ ဒီျဖစ္စဥ္ေပၚ အျမတ္ထုတ္ၿပီး ျပကၡဒိန္နည္း (ဝါ) ရက္ေရွာင္နည္းရယ္လို႔ ျဖစ္လာတာပါ။

ကဲ အခု… အဓိက ေျပာခ်င္တဲ့ အပိုင္းကိုေရာက္ၿပီ။ အမ်ိဳးသမီးတစ္ဦး ဓမၼတာလာလို႔ ေနာက္ဆံုးရက္ ၿပီး ေနာက္တစ္ရက္ ကို Day 1 (ပထမရက္ ) လို႔ သတ္မွတ္ပါမည္။ အဲဒီ ပထမရက္ကေန အဌမရက္ေျမာက္ေန႔ ( day 1 to day 7)အထိသည္ ခ်စ္ျခင္းကာလ ( safe period) ပါ… ဆိုလိုတာက စိတ္ခ်လက္ခ် တူတူေနလို႔ရပါသည္။ ကေလး မရႏိုင္ပါ။8ရက္ေျမာက္ေန႔ကေန 18ရက္ေျမာက္ေန႔ ( day8 to day18)သည္ ခ်စ္ျခင္း၏အႏၲရာယ္ကာလပါ။ ကေလး ရႏိုင္ေခ် ရွိတဲ့ ကာလပါပဲ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သေႏၶတည္ဖို႔ဆိုရင္ မမ်ိဳးဥ(သားဥ) နဲ႔ သုတ္ေကာင္ ေပါင္းရပါမည္။ သည္လိုေပါင္းဖို႔ရာ သားဥေႂကြတဲ့ အခိ်န္နဲ႔ သုတ္ေကာင္ေရာက္လာႏိုင္တဲ့ အခ်ိန္တိုက္ဆိုင္ဖို႔ လိုပါေသးသည္။ သာဥဘယ္ခ်ိန္ေႂကြသလဲဆိုရင္ ပထမအဆင့္ရဲ႕ အဆံုးခါနီးမွာေႂကြပါသည္။ ဒါဆို ရာသီရက္ႏွင့္တြက္လွ်င္ Day 13(or Day 14) ေျမာက္ေန႔ပတ္ဝန္းက်င္ျဖစ္ပါသည္။ သားဥသက္တမ္းက 3ရက္။ ဆိုေတာ့ သည္ရက္ အတြင္း သုတ္ေကာင္ေရာက္လာရမည္။ သုတ္ေကာင္၏ သက္တမ္းက အမ်ားဆံုး ၅ရက္ ဆိုေတာ့ ဒီသားဥေႂကြခ်ိန္ (Day 13 or Day 14)မတိုင္မီ ၅ရက္အလိုအတြင္း သုတ္ေကာင္ သားအိမ္ထဲရွိမေနရင္ မ်ိဳးမေအာင္ႏိုင္ေတာ့ ကေလးမရႏိုင္ပါဘူး။

ၿပီးရင္ သားဥေႂကြခ်ိန္ (Day 13 or Day14)အဲဒီ့ကာလကုန္လို႔ ၃ရက္(အမ်ားဆံုး ၄ရက္)ေနရင္ သားဥရဲ႕သက္တမ္းက ကုန္ဆံုးသြားၿပီျဖစ္တဲ့အတြက္ 19ရက္ေျမာက္ေန႔ (day 19 )ကစၿပီး ရာသီမလာမခ်င္းဟာ ခ်စ္ျခင္းကာလ ( safe period ) ျပန္ျဖစ္သြားပါၿပီ!ရာသီျပန္လာတာနဲ႔ အစကအတိုင္းျပန္တြက္သြားရံုပါပဲ။ ဒီေတာ့ေရွာင္႐မယ့္ရက္ က တစ္လမွာ danger period လို႔ေခၚတဲ့ ျဖစ္ႏိုင္ေခ်အမ်ားဆံုးကိုတြက္ခ်က္ထားတဲ့ ရာသီလာတာၿပီးဆံုးၿပီး ၈ရင္ေျမာက္ေန႔ကေန ၁၈ရက္ေျမာက္ေန႔ထိ (Day 8 to Day18)11ရက္မွ်သာရယ္ပါ။ ဒါဟာ သဘာဝရဲ႕ သားဆက္ျခားနည္း အစစ္ပါပဲ။ ဘာလို႔ မသံုးၾကလဲ ဆိုေတာ့ မွတ္ရမွာပ်င္းၾကလို႔ပါပဲ။ တြက္ရမွတ္ရမွာပ်င္းၿပီး အလြယ္လိုက္ေနၾကလို႔ ဒီလို ထိေရာက္ၿပီး အသံုးဝင္တဲ့ နည္းကို မ်က္စိေမွာက္ေနၾကတာပါ…!

ရက္မမွန္ရင္သံုးလို႔ မရေလာက္ေတာ့ဘူးဆိုတဲ့ အလြယ္ယူဆခ်က္ေတြရွိေနေပမယ့္ ခႏၶာကိုယ္ရဲ႕ သိပ္တိက်တဲ့ ဇီဝကမၼျဖစ္စဥ္အေပၚအေျခခံၿပီးတြက္ထားတာမို႔ ဘာေဆးမွ မသံုးခ်င္သူ… ဘာနဲ႔မွမတည့္သူ ပ်ိဳေမေတြ အတြက္ ရာခိုင္နႈန္းအေတာ္မ်ားမ်ား စိတ္ခ်ရေၾကာင္းလည္း ထပ္ေလာင္းေျပာခ်င္ပါရဲ႕။ ခုေခတ္ မိန္းကေလးေတြ ဗိုက္လာအပ္လို႔ ေနာက္ဆံုးရာသီေပၚတဲ့ရက္လို႔ ေမးရင္ မ်က္စိသူငယ္ နဲ႔ ျပန္ၾကည့္ၾကတာ အေယာက္တိုင္းလိုလိုပါ။ အဲဒါ ဘယ္မွာ ျပႆနာသြားတတ္သလဲ ဆိုေတာ့ ကိုယ္ဝန္သက္တမ္း ( maturity by date ) နဲ႔ ခန္႔မွန္းမီးဖြားရက္ ( estimated date of delivery) တြက္တဲ့ အခါ မွာ အလဲြအေခ်ာ္ျဖစ္… prem ေခၚ လမေစ့ေလးေတြေမြး…post date ေခၚ ရက္ေတြေက်ာ္ နဲ႔ တိုင္ပတ္ၾကေတာတာပါပဲ။ USG ရွိတဲ့ေနရာဆိုရင္ အဆင္ေျပႏိုင္ေပမဲ့…ေနရာတိုင္း USG ရႏိုင္တာမွ မဟုတ္ပဲကို… မရွိတဲ့ေနရာက ပိုမ်ားတာပါ့!

ဒီနည္းေကာင္းလား မေကာင္းလားဆိုတာကေတာ့ အေနာက္ႏိုင္ငံေတြမွာ ဒီနည္း အသံုးျပဳသူ ၃၀%အထိ ရွိပါတယ္။ က်န္တာက သားအိမ္တြင္းသေႏၶတားပစၥည္းထည့္ၾကတာမ်ားပါတယ္။ ေသာက္ေဆးထိုးေဆးသံုးသူ အင္မတန္နည္းပါတယ္။ သားအိမ္တြင္းသေႏၶတားပစၥည္းထည့္တာနဲ႔ ပတ္သတ္ၿပီး အယူလဲြေတြ အေၾကာင္းကို လည္း ေဒါက္တာႏွင္း ထပ္ေရးပါဦးမယ္။Asia ႏိုင္ငံေတြကေတာ့ တျခား နည္းေတြ ပို အသံုးမ်ားတယ္။ ထိုးေဆးေသာက္ေဆးသံုးတာမ်ားတဲ့အခါ ဘာျဖစ္လာသလဲဆိုေတာ့ ၂၀၁၆ က စစ္တမ္းေတြ အရ Asia ဘက္ ႏိုင္ငံေတြမွာ fertality rate ေခၚ သေႏၶေအာင္မႈနႈန္း သိသိသာသာ က်လာတာပဲ… ျမံဳကုန္တာကိုး။ လိုခ်င္တဲ့ အခ်ိန္ ကေလး မရေတာ့ဘူး။ ဓမၼတာ မမွန္ေတာ့ဘူး။ လင္စိတ္သားစိတ္ခမ္းလာမယ္။ ၾကာလာရင္ ေနာက္ဆက္တဲြ အေနနဲ႔ ႏွလံုးထိႏိုင္တယ္။ ေသြးခဲပိတ္တာ ေလျဖန္းတာေတြ ကစၿပီး တခ်ိဳ႕ေသာ cancer အမ်ိဳးအစားေတြကို ျဖစ္ေစႏိုင္တယ္ လို႔လည္း အခ်က္အလက္ေတြ မွာေတြ႕ရတယ္။ ဒါေပမဲ့ သိပ္ၾကာမွပါ။ ဒီေဆးေတြက ေရတိုအတြက္ပဲေကာင္းတယ္… လူတိုင္းနဲ႔ မသင့္ဘူး ဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။ သဘာဝတရား ကို ဆန္႔က်င့္တဲ့ အခါ သဘာဝရဲ႕ ဒဏ္ခတ္မႈဆိုတာက ရွိစၿမဲကိုး။

ဒီစာဖတ္မိသူ အိမ္ေထာင္ရွင္မမ တို႔လည္း ကိုယ့္ရဲ႕ ရာသီစက္ဝန္းကိုသာ ေသခ်ာမွတ္ႏိုင္ရင္ဘာဆိုးက်ိဳးမွ မရွိတဲ့ သဘာဝနည္းေလးသံုးၿပီး က်န္းမာ လွပစြာျဖင့္ ခ်စ္တိုက္ပဲြ ဝင္ႏိုင္ပါေစေၾကာင္း…..။

ႏွင္းႏုေအး

 (Unicode)

စိတ်ချလက်ချ ချစ်ကြမယ်ဆိုရင်

ဒေါက်တာနှင်း အပြင်ဆေးခန်းစထိုင်တော့ လာကြတဲ့ လူနာတွေရဲ့ ၃ ပုံ ၁ ပုံ ဟာ depot ခေါ် ၃ လခံ သန္ဓေတားဆေး လာထိုးကြတဲ့ အမျိုးသမီးတွေရယ်ပါ။ အရွယ်စုံ ပါပဲ… အိမ်ထောင်ကျတာ မကြာသေးလို့..   ကလေး မယူချင်သေးလို့… ကလေးတွေက များနေပြီမို့လို့… စီးပွားရေးအရ ကလေး ယူဖို့ မပြေလည်လို့… စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပေါ့လေ။ ကြပ်သည်ထက်ကြပ်လာတဲ့ခေတ်ကြီးမှာ မျိုးဆက်ပွားကျန်းမာရေးထက် သားဆက်ခြားကျန်းမာရေးကို ပိုပြီးဦးစားပေးလာကြတာကို တွေ့နေရသည်လေ။ ဆေးကဒ်သောက်တယ် ဆိုတာ သူတို့ အနိမ့်ဆုံးလုပ်နိုင်တဲ့ ငွေကုန်ကြေးကျ အသက်သာဆုံး သားဆက်ခြား နည်းပဲ။ ဒါပေမဲ့ သောက်ရမှာမေ့တာနဲ့ မှတ်ရတာနဲ့ ဆိုတော့ ၃ လခံဆေးဘက် လှည့်လာကြသည်။

ရာသီပေါ်ပြီး ၇ ရက်အတွင်းထိုးရင် ၃ လ ကတော့ အေးဆေးနေတော့ပဲ …. ရာသီမပေါ်ခင်ထိုးရင်တော့ ၇ ရက် တူတူနေတာရှောင်..မရှောင်နိုင်ရင် အမျိုးသားကို ကွန်ဒုံးသုံးခိုင်း ဒါမှ မဟုတ် ကိုယ်က အရေးပေါ်တားဆေးသောက်ပေါ့။ စိတ်ချရလားဆိုတော့ ဆေးရဲ့ အရည်အသွေး၊ သိုလှောင်မှုစနစ၊် ထိုးတဲ့ ရက် ၊ ထိုးပုံထိုးနည်း ၊ ကိုယ်နဲ့ သင့်မသင့် စတာတွေ အပေါ်မူတည်ပြီး ဆေးထိုးတဲ့လူတစ်ထောင်မှာ ၃-၅ယောက်လောက်ထိ ဆေးမအောင်ဘဲ ကိုယ်ဝန်ရသွားနိုင်သည်။ ရာခိုင်နှုန်းအားဖြင့်တော့ အတော်နည်းတဲ့ အနေအထားပါ။သို့သော် ထိုအနည်းအကျဉ်းထဲ ကံဆိုးစွာဖြင့် ကိုယ်ဝန်ရသွားတဲ့အခါ..” ဆရာမရယ် လွန်ခဲ့တဲ့လကမှ ဆေးထိုးထားတာ ဥစ္စာ … ဘယ်လို ကိုယ်ဝန်ရသွားတယ် မသိဘူး” ဆိုပီးမေးကြပါလေရော… ။

” ရော်…. တော်တို့ကို ရှင်းပြထားတယ်လေကွယ်…ဘယ်ဆေး ဘယ်နည်းလမ်းမှ ၁၀၀% ကိုယ်ဝန်တားပေးနိုင်တယ် အာမ မခံဘူးဆိုတာ” လို့ပြောတော့မှ မျက်နှာလေး မဲ့တဲ့တဲ့ နှင့် ကလေး မလို ချင်ပဲ ယူလိုက်ကြရတာမျိုး ရှိသေးသည်။ သည်ကြားထဲ ထိုးဆေး သောက်ဆေးတွေဆိုတာက အနည်းနဲ့ အများဘေးထွက်ဆိုးကျိုးတွေနှင့်… ဆေးသောက်ဆေးထိုးပြီး မူးလို့မော်လို့..တလှပ်လှပ်တုန်လို့…သွေးပေါင်တက်လို့..ဝ တက်လာလို့.. စတဲ့ ရောဂါလက္ခဏာပေါင်းစုံကြောင့် ဆေးရပ် လိုက်ရတဲ့သူတွေလည်း ရာခိုင်နှုန်းမနည်း။ ကဲ… ဘာလုပ်မလဲ?? လက်မောင်းထဲ ပိုက်ထည့် ဆိုတော့ ပိုက်ဖိုးက သူတို့ လခသုံးပုံတစ်ပုံစာလောက်ရှိသည်… မတတ်နိုင်ဘူးဆရာမရယ် တဲ့။ သားအိမ်ထဲ ပစ္စည်းထည့်ရင် သိပ်မကုန်ဘူး … ထည့်ချင်လားဆိုတော့လည်း တစ်ဝက်လောက်က ယောက်ျားသာယူထားတာ မကြားကောင်းတာကြားလိုက်ရသလိုကြောက်လိုက်သည်မှာနေစရာမရှိ။

မနာပါဘူး လို့ ဘယ်လိုပင်စည်းရုံးသော်လည်း လက်မခံ… ကိုယ်ကလည်း သိပ်မစည်းရုံးရဲ… သည်နည်းက သွေးဆင်းများတာ မမှန်တာ ဆီးစပ်အောင့်တာတွေ ဖြစ်တတ်သေးသည်။ ကဲ… ဒါဖြင့်ကွန်ဒုံးသုံးကြဆိုတော့ မျက်နှာတော်တွေက မကြည်။ ကြားလေသွေးတောင် ဝေးတယ်ထင်တဲ့ ညားကာစလင်မယားကို ဒီဆရာမက ဘာတွေ လုပ်ခိုင်းမှန်း မသိဘူး ဆိုတဲ့ မထုံတတ်တေးမျက်နှာပေးလေးတွေနှင့်။ တကယ်တော့ ကွန်ဒုံးက လွဲလို့ အပေါ်မှာပြောခဲ့တဲ့ သားဆက်ခြားနည်းတွေ အကုန်လုံးဟာ သဘာဝကို ဆန့်ကျင် တာမြစ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ အလျောက် ဆိုင်ရာ ဆိုင်ရာ ဆိုးကျိူးတွေရှိသည်။ တားဆေး ကြာကြာ သောက်/ထိုး လျှင် ဆေးဖြတ်လိုက်သော်လည်း ရာသီ စက်ဝန်း ကမောက်ကမ ဖြစ်တာ.. ရာသီထိန်တာ… ကလေးလိုချင်ကာမှ မရတော့တာ… ဒါတွေက အတွေ့ရအများဆုံး နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့လေ။

ကျွန်မဆေးခန်းထိုင်လာတဲ့သက်တမ်းတလျှောက် ကလေးလိုချင်လို့ လာတိုင်ပင်တဲ့ ဇနီးမောင်နှံတွေကို မေးကြည့်တဲ့အခါ အဲ့ထဲက၁၀ယောက်မှာ ၉ယောက်က အပေါ်မှာပြောခဲ့တဲ့ တားဆေးတွေထဲက တနည်းမဟုတ်တနည်းကို နှစ်နဲ့ချီ သုံးစွဲထားတဲ့သူတွေဖြစ်နေတာတွေ့ရတယ်။ဒီနိုင်ငံမှာလို စစ်တမ်းကောက်သုတေသနအချက်အလက်တွေအားနညိးလို့သာ အပေါ်က သဘာဝဆန့်ကျင်တဲ့နည်းတေနဲ့ကိုယ်ဝန်တားခြင်းတွေကို ရေရှည်သုံးစွဲရင် တကယ်ကလေးလိုချင်တဲ့အခါ ကလေးမရနိုင်တော့တဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိလည်း အတိအကျ မပြောနိုင်တာ။နှစ်ရှည်လများ ရေရှည်သုံးစွဲရင် ကလေးမရနိုင်ချေအရမ်းမြင့်တယ်ဆိုတာ ကျွန်မအတွေ့အကြုံအရ သတိထားမိတာမို့ ဒါကို လေးလေးနက်နက် သတိချပ်စေလိုပါတယ်။

ဆိုတော့… ဆိုးကျိုးမရှိပဲ ၁၀၀% ထိရောက်တဲ့ နည်းလမ်း မရှိတော့ဘူး လား ဆရာမရယ် လို့ မေးရင် ရှိပါသည်။ သဘာဝတရားရဲ့ လက်ဆောင်ကို ဒေါက်တာနှင်းတို့ သတိ မထားမိ ကြလို့သာပါ…တကယ်တမ်းသေချာလိုက်လုပ်ရင် တေည်တော် ထိရောက်ပါသည်။ လိုတာကတော့ ပြက္ခဒိန် တစ်ခုနဲ့ ဂဏန်းသချာၤအပေါင်းအနှုတ် တတ်ရင် ဖြစ်ပြီဆိုပါတော့။ အလွယ် “ရက်ရှောင်နည်း” လို့ပဲခေါ်လိုက်ရအောင်ပါ။ ကြည့်လိုက်ရအောင်…

အမျိုး သမီးတစ်ဦးရဲ့ရာသီစက်ဝန်းမှာ အဆင့် ၂ ခုရှိတယ်။ သားဥမကြွေမီအဆင့်(Follicular phase)နဲသားဥကြွေပြီးအဆင့်(Luteal phase)့ပေါ့။ အဲဒီမှာ ရှေ့ကအဆင့် သားဥ မကြွေမီအဆင့်(Follicular phase)ရဲ့ ကြာချိန်က ပုံသေ (၁၄) ရက်ပဲ။ နောက်က သားဥကြွေပြီးအဆင့်( luteal phase)ကသာ အချိန်ကာလ ရှည်တာ တိုတာ အပြောင်းအလဲ ရှိနိုင်သည်။ သည်တော့နောက်က သားဥကြွေပြီးအဆင့်ရဲ့ ကြာချိန်ပေါ်မူတည်ပြီး ၂၈ ကြာတို့…၃၀ ကြာ..၃၂ ရက်ကြ ဓမ္မတာစက်ဝန်း ကာလ တွေ ကွဲသွားတာအားလုံးက ဒီသားဥကြွေပြီးအဆင့်ရဲ့ ကြာချိန် အပြောင်းအလဲကြောင့်ပါပဲ။ ဒါဟာ သဘာဝကပေးတဲ့ ဇီဝကမ္မ ဖြစ်စဉ်ရဲ့ တိကျမှုပါပဲ။ ဒီဖြစ်စဉ်ပေါ် အမြတ်ထုတ်ပြီး ပြက္ခဒိန်နည်း (ဝါ) ရက်ရှောင်နည်းရယ်လို့ ဖြစ်လာတာပါ။

ကဲ အခု… အဓိက ပြောချင်တဲ့ အပိုင်းကိုရောက်ပြီ။ အမျိုးသမီးတစ်ဦး ဓမ္မတာလာလို့ နောက်ဆုံးရက် ပြီး နောက်တစ်ရက် ကို Day 1 (ပထမရက် ) လို့ သတ်မှတ်ပါမည်။ အဲဒီ ပထမရက်ကနေ အဌမရက်မြောက်နေ့ ( day 1 to day 7)အထိသည် ချစ်ခြင်းကာလ ( safe period) ပါ… ဆိုလိုတာက စိတ်ချလက်ချ တူတူနေလို့ရပါသည်။ ကလေး မရနိုင်ပါ။8ရက်မြောက်နေ့ကနေ 18ရက်မြောက်နေ့ ( day8 to day18)သည် ချစ်ခြင်း၏အန္တရာယ်ကာလပါ။ ကလေး ရနိုင်ချေ ရှိတဲ့ ကာလပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သန္ဓေတည်ဖို့ဆိုရင် မမျိုးဥ(သားဥ) နဲ့ သုတ်ကောင် ပေါင်းရပါမည်။ သည်လိုပေါင်းဖို့ရာ သားဥကြွေတဲ့ အချိန်နဲ့ သုတ်ကောင်ရောက်လာနိုင်တဲ့ အချိန်တိုက်ဆိုင်ဖို့ လိုပါသေးသည်။ သာဥဘယ်ချိန်ကြွေသလဲဆိုရင် ပထမအဆင့်ရဲ့ အဆုံးခါနီးမှာကြွေပါသည်။ ဒါဆို ရာသီရက်နှင့်တွက်လျှင် Day 13(or Day 14) မြောက်နေ့ပတ်ဝန်းကျင်ဖြစ်ပါသည်။ သားဥသက်တမ်းက 3ရက်။ ဆိုတော့ သည်ရက် အတွင်း သုတ်ကောင်ရောက်လာရမည်။ သုတ်ကောင်၏ သက်တမ်းက အများဆုံး ၅ရက် ဆိုတော့ ဒီသားဥကြွေချိန် (Day 13 or Day 14)မတိုင်မီ ၅ရက်အလိုအတွင်း သုတ်ကောင် သားအိမ်ထဲရှိမနေရင် မျိုးမအောင်နိုင်တော့ ကလေးမရနိုင်ပါဘူး။

ပြီးရင် သားဥကြွေချိန် (Day 13 or Day14)အဲဒီ့ကာလကုန်လို့ ၃ရက်(အများဆုံး ၄ရက်)နေရင် သားဥရဲ့သက်တမ်းက ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် 19ရက်မြောက်နေ့ (day 19 )ကစပြီး ရာသီမလာမချင်းဟာ ချစ်ခြင်းကာလ ( safe period ) ပြန်ဖြစ်သွားပါပြီ!ရာသီပြန်လာတာနဲ့ အစကအတိုင်းပြန်တွက်သွားရုံပါပဲ။ ဒီတော့ရှောင်ရမယ့်ရက် က တစ်လမှာ danger period လို့ခေါ်တဲ့ ဖြစ်နိုင်ချေအများဆုံးကိုတွက်ချက်ထားတဲ့ ရာသီလာတာပြီးဆုံးပြီး ၈ရင်မြောက်နေ့ကနေ ၁၈ရက်မြောက်နေ့ထိ (Day 8 to Day18)11ရက်မျှသာရယ်ပါ။ ဒါဟာ သဘာဝရဲ့ သားဆက်ခြားနည်း အစစ်ပါပဲ။ ဘာလို့ မသုံးကြလဲ ဆိုတော့ မှတ်ရမှာပျင်းကြလို့ပါပဲ။ တွက်ရမှတ်ရမှာပျင်းပြီး အလွယ်လိုက်နေကြလို့ ဒီလို ထိရောက်ပြီး အသုံးဝင်တဲ့ နည်းကို မျက်စိမှောက်နေကြတာပါ…!

ရက်မမှန်ရင်သုံးလို့ မရလောက်တော့ဘူးဆိုတဲ့ အလွယ်ယူဆချက်တွေရှိနေပေမယ့် ခန္ဓာကိုယ်ရဲ့ သိပ်တိကျတဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ်အခြေခံပြီးတွက်ထားတာမို့ ဘာဆေးမှ မသုံးချင်သူ… ဘာနဲ့မှမတည့်သူ ပျိုမေတွေ အတွက် ရာခိုင်နှုန်းအတော်များများ စိတ်ချရကြောင်းလည်း ထပ်လောင်းပြောချင်ပါရဲ့။ ခုခေတ် မိန်းကလေးတွေ ဗိုက်လာအပ်လို့ နောက်ဆုံးရာသီပေါ်တဲ့ရက်လို့ မေးရင် မျက်စိသူငယ် နဲ့ ပြန်ကြည့်ကြတာ အယောက်တိုင်းလိုလိုပါ။ အဲဒါ ဘယ်မှာ ပြဿနာသွားတတ်သလဲ ဆိုတော့ ကိုယ်ဝန်သက်တမ်း ( maturity by date ) နဲ့ ခန့်မှန်းမီးဖွားရက် ( estimated date of delivery) တွက်တဲ့ အခါ မှာ အလွဲအချော်ဖြစ်… prem ခေါ် လမစေ့လေးတွေမွေး…post date ခေါ် ရက်တွေကျော် နဲ့ တိုင်ပတ်ကြတောတာပါပဲ။ USG ရှိတဲ့နေရာဆိုရင် အဆင်ပြေနိုင်ပေမဲ့…နေရာတိုင်း USG ရနိုင်တာမှ မဟုတ်ပဲကို… မရှိတဲ့နေရာက ပိုများတာပါ့!

ဒီနည်းကောင်းလား မကောင်းလားဆိုတာကတော့ အနောက်နိုင်ငံတွေမှာ ဒီနည်း အသုံးပြုသူ ၃၀%အထိ ရှိပါတယ်။ ကျန်တာက သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်ကြတာများပါတယ်။ သောက်ဆေးထိုးဆေးသုံးသူ အင်မတန်နည်းပါတယ်။ သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်တာနဲ့ ပတ်သတ်ပြီး အယူလွဲတွေ အကြောင်းကို လည်း ဒေါက်တာနှင်း ထပ်ရေးပါဦးမယ်။Asia နိုင်ငံတွေကတော့ တခြား နည်းတွေ ပို အသုံးများတယ်။ ထိုးဆေးသောက်ဆေးသုံးတာများတဲ့အခါ ဘာဖြစ်လာသလဲဆိုတော့ ၂၀၁၆ က စစ်တမ်းတွေ အရ Asia ဘက် နိုင်ငံတွေမှာ fertality rate ခေါ် သန္ဓေအောင်မှုနှုန်း သိသိသာသာ ကျလာတာပဲ… မြုံကုန်တာကိုး။ လိုချင်တဲ့ အချိန် ကလေး မရတော့ဘူး။ ဓမ္မတာ မမှန်တော့ဘူး။ လင်စိတ်သားစိတ်ခမ်းလာမယ်။ ကြာလာရင် နောက်ဆက်တွဲ အနေနဲ့ နှလုံးထိနိုင်တယ်။ သွေးခဲပိတ်တာ လေဖြန်းတာတွေ ကစပြီး တချို့သော cancer အမျိုးအစားတွေကို ဖြစ်စေနိုင်တယ် လို့လည်း အချက်အလက်တွေ မှာတွေ့ရတယ်။ ဒါပေမဲ့ သိပ်ကြာမှပါ။ ဒီဆေးတွေက ရေတိုအတွက်ပဲကောင်းတယ်… လူတိုင်းနဲ့ မသင့်ဘူး ဆိုတာ သတိချပ်စေချင်ပါတယ်။ သဘာဝတရား ကို ဆန့်ကျင့်တဲ့ အခါ သဘာဝရဲ့ ဒဏ်ခတ်မှုဆိုတာက ရှိစမြဲကိုး။

ဒီစာဖတ်မိသူ အိမ်ထောင်ရှင်မမ တို့လည်း ကိုယ့်ရဲ့ ရာသီစက်ဝန်းကိုသာ သေချာမှတ်နိုင်ရင်

ဘာဆိုးကျိုးမှ မရှိတဲ့ သဘာဝနည်းလေးသုံးပြီး ကျန်းမာ လှပစွာဖြင့် ချစ်တိုက်ပွဲ ဝင်နိုင်ပါစေကြောင်း…..။

နှင်းနုအေး

 

ဆက်စပ် ဆောင်းပါးများ
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image