သာယာပျော်ရွှင်ဖွယ်ကောင်းသောနာကျင်မှု(Pain of pleasure)တစ်ခုဆီသို့ ချဉ်းကပ်ခြင်း

သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းေသာနာက်င္မႈ(Pain of pleasure)တစ္ခုဆီသို႔ ခ်ဥ္းကပ္ျခင္း

နာက်င္မႈ(Pain)ဟုဆိုလိုက္တာနဲ႔ ေလာကမွာ လူသားတိုင္း ျငင္းပယ္လိုၾကသည္။နာက်င္ျခင္းဆိုတာ လူသားေတြမလိုခ်င္ၾကေသာ ခံစားမႈျဖစ္ေပမည္။သို႔ေသာ္ ႁခြင္းခ်က္တစ္ခု အေနျဖင့္  လူသားေတြ လိုခ်င္ၾကေသာ နာက်င္မႈ တစ္ခု ေတာ့ ရွိေလသည္။ တပ္မက္ၾကေသာ နာက်င္မႈ ။သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ နာက်င္မႈ(Pain of pleasure)ဟု တင္စားလိုသည္။

ယင္းနာက်င္မႈကား အျခားမဟုတ္။ မိမိ၏ၾကင္သူသက္ထား/လက္တြဲေဖာ္ ႏွင္႔အတူေနခ်ိန္ ခံစားမႈအထြဋ္အထိပ္သို႔ မေရာက္ခင္မီ ရရွိေသာနာက်င္မႈကို ရည္ၫႊန္းလိုျခင္းျဖစ္သည္။တခ်ိဳ႕ေတြက ယင္းနာက်င္မႈကို ညည္းတြားမႈ(Moaning)လို႔ေျပာင္းလဲသတ္မွတ္ေခၚၾကေလသည္။တခ်ိဳ႕ကက် အထြဋ္အထိပ္ေရာက္ခါနီး ခံစားမႈ (Feeling High)သမုတ္ၾကေလသည္။ အမွန္စင္စစ္ ယင္းအားလံုးတို႔သည္ နာက်င္မႈပင္ျဖစ္သည္။လူသားေတြ လိုခ်င္ၾကေသာ တစ္ခုတည္းေသာ နာက်င္မႈ ။အေၾကာင္းမူကား ယင္းနာက်င္မႈက သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းလို႔ပင္။ေတာက ဘႀကီးစကားနဲ႔ေျပာရရင္ “နာေတာ့နာတယ္ ဒါေပမယ့္ မနာဘူး”ေပါ့။

ထိုအခါတြင္ အဓိက အယူအဆလြဲေခ်ာ္မႈ /ဝိဝါဒကြဲျပားမႈတစ္ခုျဖစ္ေပၚလာသည္။ကိုကို ေမာင္ေမာင္တို႔က နာက်င္မွ အတူေနေသာ မိမိခ်စ္သူသည္ ခံစားမႈ အထြဋ္ အထိပ္သို႔ေရာက္ၿပီဟု ထင္မွတ္မွားသြားၾကသည္။ နာရင္ၿပီးေရာဆိုၿပီး နာတယ္ေျပာတာကို လ်စ္လ်ဴရႈလာၾကသည္။ တခ်ိဳ႕ဆို နာတာ ခံစားမႈေကာင္းတာဟု ထင္မွတ္မွားၾကသည္။ အတူတူေနခ်ိန္တြင္ မိမိ၏ခ်စ္သူ ညည္းညဴေနတာ (ဝါ)နာက်င္တာဟာ တကယ္ခံစားမႈအထြဋ္ အထိပ္သို႔ေရာက္ခ်ိန္မို႔ နာက်င္ေနတာလား ၊ လိင္ဆက္ဆံခ်ိန္မွာ သူမမလိုခ်င္ေသာ တကယ္နာက်င္ခံစားေနရတာလား ခြဲျခားသိျမင္ရမည္။ခံစားမႈ အထြဋ္ အထိပ္ ေရာက္၍ နာက်င္မႈမွာ မိမိ၏လက္တြဲေဖာ္/အိမ္သူသက္ထား လိုခ်င္ေသာနာက်င္မႈျဖစ္ၿပီး က်န္တစ္ခုမွာမူ သူမ မလိုခ်င္ေသာ နာက်င္မႈျဖစ္ေပမည္။ ခ်စ္၍အတူေနသည္ပဲမွတ္လား?ဒါဆို တကယ္ခ်စ္ရင္ မိမိ၏ခ်စ္သူကို သူမလိုခ်င္တပ္မက္တဲ့ နာက်င္မႈ(Pain of pleasure)ကိုပဲေပးခ်င္ရမည္ေပါ့။သူမ မလိုခ်င္ေသာ နာက်င္မႈ (Pain on sexual intercourse)ဆို အဘယ္အတြက္ေၾကာင့္ ကိုကိုေမာင္ေမာင္တို႔ ေပးခ်င္မည္လဲ?ထိုႏွစ္ခု အလႊာေလးပါးပါးသာျခားသည္။အတူေနခ်ိန္တြင္ မိမိ၏လက္တြဲေဖာ္မိန္းကေလက ပံုမွန္နာက်င္မႈ(ဝါ)ႏွစ္လိုဖြယ္ေကာင္းေသာ နာက်င္မႈ ရရွိေနတာလား။ပံုမွန္မဟုတ္ေသာ နာက်င္မႈ(Dyspareunia)ရေနတာလား?ကိုကိုေမာင္ေမာင္တို႔ ခြဲျခားျမင္တတ္ဖို႔ လိုေပမည္။

လိင္ဆက္ဆံခ်ိန္တြင္ မိမိ၏ အတူေနမိန္းကေလး၏ ပံုမွန္မဟုတ္ေသာ (ဝါ)သူမ မလိုခ်င္ေသာ နာက်င္မႈကို ေဆးပညာအရ ေရာဂါလကၡဏာအျဖစ္ Dyspareunia ဟုေခၚသည္။လိင္ဆက္ဆံခ်ိန္တြင္ပံုမွန္မဟုတ္ေသာ နာက်င္ခံစားရမႈ (Pain on sexual intercourse)ဟုသတ္မွတ္သည္။

အဓိကအားျဖင့္ ဘာေတြေၾကာင့္ ဘယ္လို ခံစားရႏိုင္လဲ? 

1. အတူမေနမွီ ခ်စ္တင္းႏွီးေႏွာ အစပ်ိဳးမႈ မရွိျခင္း။ (Lack of foreplay)

လိင္မဆက္မွီတြင္ မိမိ၏ ခ်စ္သူသက္ထားကို ျပဳစုယုယၾကင္နာမႈမရွိျခင္းက အဓိက အေၾကာင္းအရာအျဖစ္ပါဝင္သည္။ မိန္းကေလးမ်ားသည္ လိင္ဆက္ဆံခ်ိန္တြင္ သာယာမႈတစ္ခုရရွိရန္ အေျခအေနအေၾကာင္းအရာမ်ားေပၚတြင္တည္မွီးသည္။သဘာဝတရားအရ ဖိုနဲ႔မ အရွက္အေၾကာက္ႀကီးမႈျခင္းကြာမႈက ဇီဝ႐ုပ္ျဖစ္စဥ္ေပၚတြင္ မ်ားစြာသက္ေရာက္မႈရွိသည္။ သူမအဖို႔ လံုျခံဳစိတ္ခ်ရေသာ ပတ္ဝန္းက်င္တစ္ရပ္လိုသည္။ အထူးသျဖင့္ မိမိ၏ခ်စ္သူထံမွ လိင္မဆက္ဆံခင္တြင္ ဂ႐ုတစိုက္ျပဳစုယုယေပးေသာ ခံစားမႈတစ္ခု(Foreplay)ကို မိႏ္ူးကေလးမ်ားအလိုရွိၾကသည္။ယင္းခံစားမႈက သူမ၏ဇီဝ႐ုပ္ျဖစ္စဥ္ကို ေျပာင္းလဲေပးသည္။ ခႏၶာကိုယ္ရွိ ေဟာ္မုန္းမ်ား(Endorphin,Steroid),ဓာတ္ပစၥည္းမ်ား(pain killers Prostaglandins)ကိုထြက္လာေစသည္။ယင္းေဟာမုန္းမ်ားဇီဝဓာတ္ပစၥည္းမ်ားက သူမကိုနာက်င္မႈကို ေျဖေဖ်ာက္ေပးသည္။ခံစားမႈ အထြဋ္ အထိပ္သို႔ ေရာက္ရွိေအာင္ပို႔ေဆာင္ေပးသည္။လိက္မဆက္ဆံမွီခ်စ္တီးေႏွာမႈ(Foreplay)မရွိျခင္းက သူမကို လိင္ဆက္ဆံခ်ိန္တြင္သူမမလိုခ်င္ေသာ နာက်င္မႈကို ခံစားရေစသည္။

2. မိန္းမကိုယ္ေျခာက္ေသြ႕ျခင္း(Vagina Dryness)

ေနာက္ထပ္ အေရးႀကီးေသာ အရာတစ္ခုက မိန္းမကိုယ္ေျခာက္ေသြ႕ျခင္းပင္ျဖစ္သည္။ပံုမွန္အားျဖင့္လိင္ဆက္ဆံခ်ိန္တြင္ မိန္းမကိုယ္သည္ ထိုက္သင့္သေလွ်ာက္ စိုစြတ္မႈတစ္ခုရွိရသည္။ပံုမွန္မဟုတ္ပဲ မိန္းမကိုယ္ ေျခာက္ေသြ႕ေနလွ်င္ လိင္ဆက္ဆံသည့္အခါနာက်င္တတ္သည္။ဒါဆိုဘာေတြက မိန္းမကိုယ္ကို ေျခာက္ေသြ႕ေစလဲ?ေဆးဝါးေတြ [စိတ္ေရာဂါနဲ႔ပတ္သတ္တဲ့ေဆးေတြ(Antidepressents),ယားယံမႈေပ်ာက္ေဆးမႈ(Antiallergics)]၊ေနာက္အမ်ိဳးသမီးမ်ားေသြးဆံုးၿပီးခ်ိန္(Menoupause)ေတြမွာ မိန္းမကိုယ္က ေျခာက္ေသြ႕သြားတတ္ပါတယ္။ေနာက္ထပ္အေရးႀကီးတာတစ္ခုက ေရေႏြးနဲ႔ေရခ်ိဳးၿပီးခ်ိန္(Hot baths)မွာ မိ္န္းမကိုယ္ဟာ ထူးဆန္းစြာေျခာက္ေသြ႕ေနတတ္ပါတယ္။ျမန္မာႏိုင္ငံလို ပူျပင္းလွတဲ့ ႏိုင္ငံမွာ ခ်ိဳးေရကလည္း ေရေႏြးနဲ႔ ခ်ိဳးသလိုပဲ ပူေႏြးတတ္ပါတယ္။ဒါဆိုရင္ေတာ့ ေရခ်ိဳးၿပီး အတူေနရင္ မိန္းမကိုယ္ဟာေျခာက္ေသြ႕ၿပီး နာက်င္ခံစားရႏိုင္ပါတယ္။

3.ေရာဂါမ်ား(Diseases)

ဟုတ္ကဲ့!!ေနာက္တခ်က္က မိန္းကေလးရဲ႕ မအဂၤါမွာ ေရာဂါတစ္ခုခုခံစားရလို႔ျဖစ္ႏိုင္ပါတယ္။

ဒီေနရာမွာ မွားယြင္းေသာ အယူအဆတစ္ခုကို ရွင္းျပလိုပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသမီးတေယာက္ဟာ မိမိ၏ဆက္ဆံေဖာ္နဲ႔လိင္ဆက္ဆံခ်ိန္ စစခ်င္းမွာ နာက်င္တတ္ပါတယ္။ဒါဟာ ေရာဂါတစ္ခုခုျဖစ္ေနလို႔မဟုတ္ပါဘူး။ သဘာဝတရားအရ အမ်ိဳးသမီးမိန္းမကိုယ္ရဲ႕နံရံဟာာတစ္ခုခုနဲ႔စတင္ထိေတြ႕ခ်ိန္မွာ ယင္းမိန္းမကိုယ္ရဲ႕ ႂကြက္သားေတြက အလိုလိုၫွစ္ျခင္းက်ံုု႔ျခင္းကိုေဆာင္ရြက္ပါတယ္။ ဒါကို ေဆးပညာ အရ vaginismusလို႔ေခၚပါတယ္။ (တခ်ိဳ႕ျမန္မာလူမ်ိဳးေတြက ဒါကို ေမွ်ာ့ လို႔ သံုးႏႈန္းၾကပါတယ္။ ထိုသို႔က်ံုဳ႕လိုက္ရင္ မိန္းမကိုယ္နံရံနဲ႔ ဖိုအဂၤါတို႔ပြတ္တိုက္မႈတို႔ ပိုမိုျဖစ္တဲ့အတြက္ နာက်င္တတ္ပါတယ္။ ဒါေပမယ့္ဒါဟာ လိင္ဆက္ဆံမႈစစခ်င္း ပဲ ျဖစ္တတ္တဲ့အတြက္ အမ်ိဳးသမီးဟာ မိမိအမ်ိဳးသားနဲ႔ အတူေနခ်ိန္တစ္ခုရဲ႕ အစပိုင္းအခ်ိန္မွာပဲ နာက်င္တတ္ပါတယ္။

အဲ့လို မဟုတ္ပဲ အမ်ိဳးသမီးဟာ လိင္ဆကိဆံေနခ်ိန္ တေလွ်ာက္လံုးမွာ ဆက္လက္နာက်င္ေနလွ်င္ေတာ့ ဒါဟာ ေမြးလမ္းေၾကာင္း(ဝါ)မအဂၤါမွာ တစ္စံုတစ္ခုမွားယြင္းေနၿပီ လို႔ သတ္မွတ္လို႔ရပါတယ္။ နာက်င္မႈကဘယ္ေနရာမွာ ခံစားရလဲဆိုတာကို ခြဲျခားႏိုင္ရင္ မိမိရဲ႕ မအဂၤါ ေမြးလမ္းေၾကာင္းဘယ္ေနရာမွာ ျပႆနာရွိလဲ အၾကမ္းအားျဖင့္ ခြဲျခားႏိုင္ပါတယ္။ မအဂါၤစပ္ (Vulva) မွာနာက်င္မႈကို ခံစားေနရရင္ ၿပီးေတာ့ ပူစပ္ပူေလာင္နာက်င္တာမ်ိဳးဆို ဒါ မိန္းမမကိုယ္ အေရးျပားမွာ မွိဳ(သို႔)ေရာဂါတစ္ခုခု (Skin infection) လို႔သတ္မွတ္လို႔ရပါတယ္။ အဲ့လိုမွ မဟုတ္ပဲ လိင္ဆက္ဆံခ်ိန္ တင္ပဆံု႐ိုး အတြင္းပိုင္းထဲမွ နာက်င္ေနလွ်င္ ဒါ သားအိမ္ေယာင္ယမ္းျခင္းေရာဂါ (Pelvic inflammatory disease) ျဖစ္ႏိုင္ပါတယ္။ တျခားသားအိမ္ေခါင္းေနရာမွလည္း နာက်င္ခံစားေနရလွ်င္လည္း ဒါသားအိမ္ေခါင္းနဲ႔ပတ္သတ္လို႔ ျပႆနာ(cervical problem)ျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီး သားအိမ္ရဲ႕ အေနအထား ( position ) မမွန္ကန္မႈေၾကာင့္လည္း နာက်င္တတ္ပါေသးတယ္! 

 ဒီေလာက္ဆို အတူတူေနခ်ိန္မွာ မိမိ၏ၾကင္သူသက္ထားဆီက နာက်င္မႈကို ခြဲျခားတတ္မွာပါ။နာတိုင္းလည္း သူမ ေကာင္းေနတာမဟုတ္ပါ။  မိမိ၏ ခ်စ္ရေသာသူဆီက သူမ မလိုခ်င္တဲ့နာက်င္မႈ (pain on sexual intercourse)လား ?သူမ လိုခ်င္တပ္မက္ေသာ နာက်င္မႈလားခြဲျခားတတ္ၿပီးတူႏွစ္ကိုယ္ ေရႊလက္တြဲၿပီး သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းေသာနာက်င္မႈ (Pain of pleasure)တစ္ခုဆီကို ခ်ဥ္းကပ္ႏိုင္ပါေစလို႔ ေတာင္းဆုျပဳရင္း…………

Dr.ပစ္တိုင္းေထာင္

(Unicode)

နာကျင်မှု(Pain)ဟုဆိုလိုက်တာနဲ့ လောကမှာ လူသားတိုင်း ငြင်းပယ်လိုကြသည်။နာကျင်ခြင်းဆိုတာ လူသားတွေမလိုချင်ကြသော ခံစားမှုဖြစ်ပေမည်။သို့သော် ခြွင်းချက်တစ်ခု အနေဖြင့်  လူသားတွေ လိုချင်ကြသော နာကျင်မှု တစ်ခု တော့ ရှိလေသည်။ တပ်မက်ကြသော နာကျင်မှု ။သာယာပျော်ရွှင်ဖွယ်ကောင်းသော နာကျင်မှု(Pain of pleasure)ဟု တင်စားလိုသည်။

ယင်းနာကျင်မှုကား အခြားမဟုတ်။ မိမိ၏ကြင်သူသက်ထား/လက်တွဲဖော် နှင့်အတူနေချိန် ခံစားမှုအထွဋ်အထိပ်သို့ မရောက်ခင်မီ ရရှိသောနာကျင်မှုကို ရည်ညွှန်းလိုခြင်းဖြစ်သည်။တချို့တွေက ယင်းနာကျင်မှုကို ညည်းတွားမှု(Moaning)လို့ပြောင်းလဲသတ်မှတ်ခေါ်ကြလေသည်။တချို့ကကျ အထွဋ်အထိပ်ရောက်ခါနီး ခံစားမှု (Feeling High)သမုတ်ကြလေသည်။ အမှန်စင်စစ် ယင်းအားလုံးတို့သည် နာကျင်မှုပင်ဖြစ်သည်။လူသားတွေ လိုချင်ကြသော တစ်ခုတည်းသော နာကျင်မှု ။အကြောင်းမူကား ယင်းနာကျင်မှုက သာယာပျော်ရွှင်ဖွယ်ကောင်းလို့ပင်။တောက ဘကြီးစကားနဲ့ပြောရရင် “နာတော့နာတယ် ဒါပေမယ့် မနာဘူး”ပေါ့။

ထိုအခါတွင် အဓိက အယူအဆလွဲချော်မှု /ဝိဝါဒကွဲပြားမှုတစ်ခုဖြစ်ပေါ်လာသည်။ကိုကို မောင်မောင်တို့က နာကျင်မှ အတူနေသော မိမိချစ်သူသည် ခံစားမှု အထွဋ် အထိပ်သို့ရောက်ပြီဟု ထင်မှတ်မှားသွားကြသည်။ နာရင်ပြီးရောဆိုပြီး နာတယ်ပြောတာကို လျစ်လျူရှုလာကြသည်။ တချို့ဆို နာတာ ခံစားမှုကောင်းတာဟု ထင်မှတ်မှားကြသည်။ အတူတူနေချိန်တွင် မိမိ၏ချစ်သူ ညည်းညူနေတာ (ဝါ)နာကျင်တာဟာ တကယ်ခံစားမှုအထွဋ် အထိပ်သို့ရောက်ချိန်မို့ နာကျင်နေတာလား ၊ လိင်ဆက်ဆံချိန်မှာ သူမမလိုချင်သော တကယ်နာကျင်ခံစားနေရတာလား ခွဲခြားသိမြင်ရမည်။ခံစားမှု အထွဋ် အထိပ် ရောက်၍ နာကျင်မှုမှာ မိမိ၏လက်တွဲဖော်/အိမ်သူသက်ထား လိုချင်သောနာကျင်မှုဖြစ်ပြီး ကျန်တစ်ခုမှာမူ သူမ မလိုချင်သော နာကျင်မှုဖြစ်ပေမည်။ ချစ်၍အတူနေသည်ပဲမှတ်လား?ဒါဆို တကယ်ချစ်ရင် မိမိ၏ချစ်သူကို သူမလိုချင်တပ်မက်တဲ့ နာကျင်မှု(Pain of pleasure)ကိုပဲပေးချင်ရမည်ပေါ့။သူမ မလိုချင်သော နာကျင်မှု (Pain on sexual intercourse)ဆို အဘယ်အတွက်ကြောင့် ကိုကိုမောင်မောင်တို့ ပေးချင်မည်လဲ?ထိုနှစ်ခု အလွှာလေးပါးပါးသာခြားသည်။အတူနေချိန်တွင် မိမိ၏လက်တွဲဖော်မိန်းကလေက ပုံမှန်နာကျင်မှု(ဝါ)နှစ်လိုဖွယ်ကောင်းသော နာကျင်မှု ရရှိနေတာလား။ပုံမှန်မဟုတ်သော နာကျင်မှု(Dyspareunia)ရနေတာလား?ကိုကိုမောင်မောင်တို့ ခွဲခြားမြင်တတ်ဖို့ လိုပေမည်။

လိင်ဆက်ဆံချိန်တွင် မိမိ၏ အတူနေမိန်းကလေး၏ ပုံမှန်မဟုတ်သော (ဝါ)သူမ မလိုချင်သော နာကျင်မှုကို ဆေးပညာအရ ရောဂါလက္ခဏာအဖြစ် Dyspareunia ဟုခေါ်သည်။လိင်ဆက်ဆံချိန်တွင်ပုံမှန်မဟုတ်သော နာကျင်ခံစားရမှု (Pain on sexual intercourse)ဟုသတ်မှတ်သည်။

အဓိကအားဖြင့် ဘာတွေကြောင့် ဘယ်လို ခံစားရနိုင်လဲ?

1. အတူမနေမှီ ချစ်တင်းနှီးနှော အစပျိုးမှု မရှိခြင်း။ (Lack of foreplay)

လိင်မဆက်မှီတွင် မိမိ၏ ချစ်သူသက်ထားကို ပြုစုယုယကြင်နာမှုမရှိခြင်းက အဓိက အကြောင်းအရာအဖြစ်ပါဝင်သည်။ မိန်းကလေးများသည် လိင်ဆက်ဆံချိန်တွင် သာယာမှုတစ်ခုရရှိရန် အခြေအနေအကြောင်းအရာများပေါ်တွင်တည်မှီးသည်။သဘာဝတရားအရ ဖိုနဲ့မ အရှက်အကြောက်ကြီးမှုခြင်းကွာမှုက ဇီဝရုပ်ဖြစ်စဉ်ပေါ်တွင် များစွာသက်ရောက်မှုရှိသည်။ သူမအဖို့ လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ရပ်လိုသည်။ အထူးသဖြင့် မိမိ၏ချစ်သူထံမှ လိင်မဆက်ဆံခင်တွင် ဂရုတစိုက်ပြုစုယုယပေးသော ခံစားမှုတစ်ခု(Foreplay)ကို မိန်ူးကလေးများအလိုရှိကြသည်။ယင်းခံစားမှုက သူမ၏ဇီဝရုပ်ဖြစ်စဉ်ကို ပြောင်းလဲပေးသည်။ ခန္ဓာကိုယ်ရှိ ဟော်မုန်းများ(Endorphin,Steroid),ဓာတ်ပစ္စည်းများ(pain killers Prostaglandins)ကိုထွက်လာစေသည်။ယင်းဟောမုန်းများဇီဝဓာတ်ပစ္စည်းများက သူမကိုနာကျင်မှုကို ဖြေဖျောက်ပေးသည်။ခံစားမှု အထွဋ် အထိပ်သို့ ရောက်ရှိအောင်ပို့ဆောင်ပေးသည်။လိက်မဆက်ဆံမှီချစ်တီးနှောမှု(Foreplay)မရှိခြင်းက သူမကို လိင်ဆက်ဆံချိန်တွင်သူမမလိုချင်သော နာကျင်မှုကို ခံစားရစေသည်။

2. မိန်းမကိုယ်ခြောက်သွေ့ခြင်း(Vagina Dryness)

နောက်ထပ် အရေးကြီးသော အရာတစ်ခုက မိန်းမကိုယ်ခြောက်သွေ့ခြင်းပင်ဖြစ်သည်။ပုံမှန်အားဖြင့်လိင်ဆက်ဆံချိန်တွင် မိန်းမကိုယ်သည် ထိုက်သင့်သလျှောက် စိုစွတ်မှုတစ်ခုရှိရသည်။ပုံမှန်မဟုတ်ပဲ မိန်းမကိုယ် ခြောက်သွေ့နေလျှင် လိင်ဆက်ဆံသည့်အခါနာကျင်တတ်သည်။ဒါဆိုဘာတွေက မိန်းမကိုယ်ကို ခြောက်သွေ့စေလဲ?ဆေးဝါးတွေ [စိတ်ရောဂါနဲ့ပတ်သတ်တဲ့ဆေးတွေ(Antidepressents),ယားယံမှုပျောက်ဆေးမှု(Antiallergics)]၊နောက်အမျိုးသမီးများသွေးဆုံးပြီးချိန်(Menoupause)တွေမှာ မိန်းမကိုယ်က ခြောက်သွေ့သွားတတ်ပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုက ရေနွေးနဲ့ရေချိုးပြီးချိန်(Hot baths)မှာ မိန်းမကိုယ်ဟာ ထူးဆန်းစွာခြောက်သွေ့နေတတ်ပါတယ်။မြန်မာနိုင်ငံလို ပူပြင်းလှတဲ့ နိုင်ငံမှာ ချိုးရေကလည်း ရေနွေးနဲ့ ချိုးသလိုပဲ ပူနွေးတတ်ပါတယ်။ဒါဆိုရင်တော့ ရေချိုးပြီး အတူနေရင် မိန်းမကိုယ်ဟာခြောက်သွေ့ပြီး နာကျင်ခံစားရနိုင်ပါတယ်။

3.ရောဂါများ(Diseases)

ဟုတ်ကဲ့!!နောက်တချက်က မိန်းကလေးရဲ့ မအင်္ဂါမှာ ရောဂါတစ်ခုခုခံစားရလို့ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ မှားယွင်းသော အယူအဆတစ်ခုကို ရှင်းပြလိုပါတယ်။ များသောအားဖြင့် အမျိုးသမီးတယောက်ဟာ မိမိ၏ဆက်ဆံဖော်နဲ့လိင်ဆက်ဆံချိန် စစချင်းမှာ နာကျင်တတ်ပါတယ်။ဒါဟာ ရောဂါတစ်ခုခုဖြစ်နေလို့မဟုတ်ပါဘူး။ သဘာဝတရားအရ အမျိုးသမီးမိန်းမကိုယ်ရဲ့နံရံဟာာတစ်ခုခုနဲ့စတင်ထိတွေ့ချိန်မှာ ယင်းမိန်းမကိုယ်ရဲ့ ကြွက်သားတွေက အလိုလိုညှစ်ခြင်းကျုံု့ခြင်းကိုဆောင်ရွက်ပါတယ်။ ဒါကို ဆေးပညာ အရ vaginismusလို့ခေါ်ပါတယ်။ (တချို့မြန်မာလူမျိုးတွေက ဒါကို မျှော့ လို့ သုံးနှုန်းကြပါတယ်။ ထိုသို့ကျုံု့လိုက်ရင် မိန်းမကိုယ်နံရံနဲ့ ဖိုအင်္ဂါတို့ပွတ်တိုက်မှုတို့ ပိုမိုဖြစ်တဲ့အတွက် နာကျင်တတ်ပါတယ်။ ဒါပေမယ့်ဒါဟာ လိင်ဆက်ဆံမှုစစချင်း ပဲ ဖြစ်တတ်တဲ့အတွက် အမျိုးသမီးဟာ မိမိအမျိုးသားနဲ့ အတူနေချိန်တစ်ခုရဲ့ အစပိုင်းအချိန်မှာပဲ နာကျင်တတ်ပါတယ်။

အဲ့လို မဟုတ်ပဲ အမျိုးသမီးဟာ လိင်ဆကိဆံနေချိန် တလျှောက်လုံးမှာ ဆက်လက်နာကျင်နေလျှင်တော့ ဒါဟာ မွေးလမ်းကြောင်း(ဝါ)မအင်္ဂါမှာ တစ်စုံတစ်ခုမှားယွင်းနေပြီ လို့ သတ်မှတ်လို့ရပါတယ်။ နာကျင်မှုကဘယ်နေရာမှာ ခံစားရလဲဆိုတာကို ခွဲခြားနိုင်ရင် မိမိရဲ့ မအင်္ဂါ မွေးလမ်းကြောင်းဘယ်နေရာမှာ ပြဿနာရှိလဲ အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ မအဂါၤစပ် (Vulva) မှာနာကျင်မှုကို ခံစားနေရရင် ပြီးတော့ ပူစပ်ပူလောင်နာကျင်တာမျိုးဆို ဒါ မိန်းမမကိုယ် အရေးပြားမှာ မှို(သို့)ရောဂါတစ်ခုခု (Skin infection) လို့သတ်မှတ်လို့ရပါတယ်။ အဲ့လိုမှ မဟုတ်ပဲ လိင်ဆက်ဆံချိန် တင်ပဆုံရိုး အတွင်းပိုင်းထဲမှ နာကျင်နေလျှင် ဒါ သားအိမ်ယောင်ယမ်းခြင်းရောဂါ (Pelvic inflammatory disease) ဖြစ်နိုင်ပါတယ်။ တခြားသားအိမ်ခေါင်းနေရာမှလည်း နာကျင်ခံစားနေရလျှင်လည်း ဒါသားအိမ်ခေါင်းနဲ့ပတ်သတ်လို့ ပြဿနာ(cervical problem)ဖြစ်နိုင်ပါတယ်။ နောက်ပြီး သားအိမ်ရဲ့ အနေအထား ( position ) မမှန်ကန်မှုကြောင့်လည်း နာကျင်တတ်ပါသေးတယ်!

ဒီလောက်ဆို အတူတူနေချိန်မှာ မိမိ၏ကြင်သူသက်ထားဆီက နာကျင်မှုကို ခွဲခြားတတ်မှာပါ။နာတိုင်းလည်း သူမ ကောင်းနေတာမဟုတ်ပါ။  မိမိ၏ ချစ်ရသောသူဆီက သူမ မလိုချင်တဲ့နာကျင်မှု (pain on sexual intercourse)လား ?သူမ လိုချင်တပ်မက်သော နာကျင်မှုလားခွဲခြားတတ်ပြီးတူနှစ်ကိုယ် ရွှေလက်တွဲပြီး သာယာပျော်ရွှင်ဖွယ်ကောင်းသောနာကျင်မှု (Pain of pleasure)တစ်ခုဆီကို ချဉ်းကပ်နိုင်ပါစေလို့ တောင်းဆုပြုရင်း…………

Dr.ပစ်တိုင်းထောင်

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image