အရေးပေါ်တားဆေးသုံးတော့မယ်ဆိုရင်

အေရးေပၚတားေဆးသံုုးေတာ့မယ္ဆိုုရင္

အေရးေပၚသေႏၶတားေဆးကို ေဆးပညာအရ Emergency oral contraceptive pill လို႔ေခၚပါတယ္။

ေစ်းကြက္ထဲမွာေတာ႔ နာမည္အမ်ိဳးမ်ိဳးနဲ႔တံဆိပ္ေတြအမ်ားၾကီးရွိပါတယ္။တခ်ိဳ႕တံဆိပ္ေတြက နွစ္လံုးပါတာရွိသလို တခ်ိဳ႕တံဆိပ္ေတြက တလံုးတည္းပါတာပါ။

တလံုးပါသည္ျဖစ္ေစ၊နွစ္လံုးပါသည္ျဖစ္ေစ အေရးၾကီးတာက လိင္ဆက္ဆံျပီး ၇၂နာရီအတြင္းမွာ အကုန္ေသာက္ဖို႔ပါ။

တလံုးပါတာဆိုရင္ေတာ႔ ရွင္းပါတယ္။

နွစ္လံုးပါတဲ႔ေဆးအမ်ိဳးအစားက် ခြဲေသာက္ရမွာလား။တခါတည္းေသာက္ရမွာလားဆိုျပီး ဇေ၀ဇ၀ါျဖစ္တတ္ပါတယ္။

အဲ႔အတြက္ အၾကံေပးရရင္ေတာ႔ တခါတည္းနွစ္လံုးေသာက္လည္းရသလို၊တလံုး နဲ႔ တလံုး ၁၂ နာရီျခားေသာက္ရင္လည္းရပါတယ္။

အေရးၾကီးတာက ၇၂နာရီအတြင္းမွာနွစ္လံုးလံုးေသာက္မိဖို႔နဲ႔ ေသာက္ျပီးေဆးျပန္အန္တာမ်ိဳးရွိခဲ႔ရင္ ထပ္ေသာက္ဖို႔ပါ။

၇၂နာရီအတြင္းတိုက္ရတယ္ဆိုေတာ႔ တခ်ိဳ႕က အတူေနျပီးျပီးခ်င္းမတိုက္ဘဲ သံုးေလးၾကိမ္ သို႔မဟုတ္ နွစ္ရက္ေလာက္အတူေနျပီးမွ ၇၂နာရီျပည္႔ခါနီးမွ အေရးေပၚတားေဆးကို သံုးခ်င္ၾကတာမ်ိဳးလည္းရွိပါတယ္။

ဒီအတြက္အၾကံေပးရရင္ အေရးေပၚတားေဆးကို အတူေနျပီးျပီးခ်င္းတိုက္တာ ပိုေကာင္းပါမယ္။

ဘာလို႔လဲဆိုေတာ႔ အေရးေပၚသေႏၶတားေဆး(EOC pills) ေတြအေနနဲ႔ ကအတူေနၿပီး ၂၄နာရီအတြင္းေသာက္ရင္ ၉၅ရာခိုင္နႈန္း ကိုယ္၀န္ကိုတားနိုင္ျပီး၊

၂၄ နာရီကေန ၄၈နာရီအတြင္းေသာက္ရင္ ၈၅ရာခိုင္ႏႈန္း၊

၄၈ နာရီကေန ၇၂နာရီအတြင္းေသာက္ရင္ေတာ႔ ၅၈ရာခိုင္နႈန္းပဲတားနိုင္လို႔ပါ။

အခ်ိန္ၾကာလာတာနဲ႔အမွ် ကာကြယ္နိုင္စြမ္းကက်လာပါတယ္။

အေရးေပၚတားေဆးဟာ ေန႔စဥ္အခ်ိန္မွန္ေသာက္ရတဲ႔ ၂၈လံုးပါေဆးကဒ္တို႔ ၃လတၾကိမ္ထိုးရတဲ႔တားေဆးတို႔နဲ႔စာရင္ သူ႔မွာပါတဲ႔ေဟာ္မုန္းပမာဏ တအားမ်ားတဲ႔အတြက္ ေဘးထြက္ဆိုးက်ိဳးေတြအေနနဲ႔ ပ်ိဳ႕ခ်င္၊အန္ခ်င္၊ရင္သားတင္း ေခါင္းမူးေခါင္းကိုက္၊စိတ္ခံစားမႈေတြေျပာင္းလဲတာ၊ရာသီထိန္တာ၊မ်ားတာ၊နည္းတာ၊လာမယ္႔ရက္မဟုတ္ဘဲ ဆင္းတာ ထပ္ဆင္းတာ ရာသီကေမာက္ကမ ျဖစ္တာေတြအျပင္ မၾကာခဏသံုးစြဲလာတာနဲ႔အမွ် ကိုယ္၀န္တားနိုင္စြမ္းေလွ်ာ႔က်လာျပီး ေဆးေသာက္ေသာ္လည္းကိုယ္၀န္ရတာ၊ရတဲ႔ကိုယ္၀န္ကလည္း သားအိမ္ျပင္ပမွာျဖစ္တာ၊ကိုယ္၀န္မခိုင္တာ၊ေျခေထာက္ထဲက ေသြးျပန္ေၾကာေတြ ပိတ္ျပီးေရာင္ျခင္း၊ အဆုပ္ေသြးေၾကာပိတ္၊ ႏွလံုးေသြးေၾကာပိတ္၊ ဦးေႏွာက္ေသြးေၾကာပိတ္၊ အသည္းထိခိုက္၊ အသဲကင္ဆာ၊ သည္းေျခအိတ္ေရာဂါ နဲ႔ ေသြးတိုးေရာဂါေတြျဖစ္တာ

စတဲ႔ေရရွည္ခဏခဏသံုးရင္ရနိုင္မယ္႔ေဘးထြက္ဆိုးက်ိဴးေတြကတအားမ်ားပါတယ္။

ဒါေၾကာင္႔ နွလံုးေရာဂါအခံရွိတဲ႔အမ်ိဳးသမီးေတြ၊ေလျဖန္းေလျဖတ္ဖူးတဲ႔အမ်ိဳးသမီးေတြ၊ရင္သားကင္ဆာအခံရွိတဲ႔အမ်ိဳးသမီးေတြ၊နို႔တိုက္မိခင္ေတြ ဆိုရင္ အေရးေပၚတားေဆးကို မသံုးသင္႔ပါ။

အဆံုးသတ္အေနနဲ႔အၾကံေပးရရင္ အေရးေပၚတားေဆးဆိုတာဟာ တကယ္႔ကိုအေရးေပၚအေျခအေနမွသာေသာက္ဖို႔ထုတ္လုပ္ထားတာပါ။

ဘယ္လိုအေျခအေနေတြမွာသံုးဖို႔ထုတ္ထားလဲဆိုေတာ႔ ဥပမာ အလိုမတူဘဲအနိုင္က်င္႔ခံရရင္၊စိတ္အလိုလိုက္ျပီး တၾကိမ္တခါမွားမိရင္

ကြန္ဒံုးအသံုးျပဳေနရင္းနဲ႔မေတာ္တဆ ကြန္ဒံုးေပါက္ျပဲသြားရင္ စတဲ႔အေရးေပၚအေျခအေနေတြမွာ မလိုခ်င္တဲ႔ကိုယ္၀န္ရတာမ်ိဴးမျဖစ္ေအာင္တားဖို႔ထုတ္ထားတာပါ။

ခဏခဏ သံုးရတဲ႔ေဆးမ်ိဳးမဟုတ္ပါဘူး။ ေဘးထြက္ဆိုးက်ိဳးကလည္းတအားမ်ားပါတယ္။

ဒါေၾကာင္႔ အေရးေပၚအေျခအေနမဟုတ္ဘဲ အေရးေပၚတားေဆးကို ခဏခဏသံုးေနတာမ်ိဳးကို ေရွာင္ဖို႔  အေရးေပၚတားေဆးအစား ကြန္ဒံုးကိုသံုးဖို႔ စံုတြဲေတြကို အၾကံေပးလိုပါတယ္။

Dr 528

Unicode Version

အရေးပေါ်တားဆေးသုံးတော့မယ်ဆိုရင်

အရေးပေါ်သန္ဓေတားဆေးကို ဆေးပညာအရ Emergency oral contraceptive pill လို့ခေါ်ပါတယ်။

ဈေးကွက်ထဲမှာတော့ နာမည်အမျိုးမျိုးနဲ့တံဆိပ်တွေအများကြီးရှိပါတယ်။တချို့တံဆိပ်တွေက နှစ်လုံးပါတာရှိသလို တချို့တံဆိပ်တွေက တလုံးတည်းပါတာပါ။

တလုံးပါသည်ဖြစ်စေ၊နှစ်လုံးပါသည်ဖြစ်စေ အရေးကြီးတာက လိင်ဆက်ဆံပြီး ၇၂နာရီအတွင်းမှာ အကုန်သောက်ဖို့ပါ။

တလုံးပါတာဆိုရင်တော့ ရှင်းပါတယ်။

နှစ်လုံးပါတဲ့ဆေးအမျိုးအစားကျ ခွဲသောက်ရမှာလား။တခါတည်းသောက်ရမှာလားဆိုပြီး ဇဝေဇဝါဖြစ်တတ်ပါတယ်။

အဲ့အတွက် အကြံပေးရရင်တော့ တခါတည်းနှစ်လုံးသောက်လည်းရသလို၊တလုံး နဲ့ တလုံး ၁၂ နာရီခြားသောက်ရင်လည်းရပါတယ်။

အရေးကြီးတာက ၇၂နာရီအတွင်းမှာနှစ်လုံးလုံးသောက်မိဖို့နဲ့ သောက်ပြီးဆေးပြန်အန်တာမျိုးရှိခဲ့ရင် ထပ်သောက်ဖို့ပါ။

၇၂နာရီအတွင်းတိုက်ရတယ်ဆိုတော့ တချို့က အတူနေပြီးပြီးချင်းမတိုက်ဘဲ သုံးလေးကြိမ် သို့မဟုတ် နှစ်ရက်လောက်အတူနေပြီးမှ ၇၂နာရီပြည့်ခါနီးမှ အရေးပေါ်တားဆေးကို သုံးချင်ကြတာမျိုးလည်းရှိပါတယ်။

ဒီအတွက်အကြံပေးရရင် အရေးပေါ်တားဆေးကို အတူနေပြီးပြီးချင်းတိုက်တာ ပိုကောင်းပါမယ်။

ဘာလို့လဲဆိုတော့ အရေးပေါ်သန္ဓေတားဆေး(EOC pills) တွေအနေနဲ့ ကအတူနေပြီး ၂၄နာရီအတွင်းသောက်ရင် ၉၅ရာခိုင်နှုန်း ကိုယ်ဝန်ကိုတားနိုင်ပြီး၊

၂၄ နာရီကနေ ၄၈နာရီအတွင်းသောက်ရင် ၈၅ရာခိုင်နှုန်း၊

၄၈ နာရီကနေ ၇၂နာရီအတွင်းသောက်ရင်တော့ ၅၈ရာခိုင်နှုန်းပဲတားနိုင်လို့ပါ။

အချိန်ကြာလာတာနဲ့အမျှ ကာကွယ်နိုင်စွမ်းကကျလာပါတယ်။

အရေးပေါ်တားဆေးဟာ နေ့စဉ်အချိန်မှန်သောက်ရတဲ့ ၂၈လုံးပါဆေးကဒ်တို့ ၃လတကြိမ်ထိုးရတဲ့တားဆေးတို့နဲ့စာရင် သူ့မှာပါတဲ့ဟော်မုန်းပမာဏ တအားများတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ပျို့ချင်၊အန်ချင်၊ရင်သားတင်း ခေါင်းမူးခေါင်းကိုက်၊စိတ်ခံစားမှုတွေပြောင်းလဲတာ၊ရာသီထိန်တာ၊များတာ၊နည်းတာ၊လာမယ့်ရက်မဟုတ်ဘဲ ဆင်းတာ ထပ်ဆင်းတာ ရာသီကမောက်ကမ ဖြစ်တာတွေအပြင် မကြာခဏသုံးစွဲလာတာနဲ့အမျှ ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျလာပြီး ဆေးသောက်သော်လည်းကိုယ်ဝန်ရတာ၊ရတဲ့ကိုယ်ဝန်ကလည်း သားအိမ်ပြင်ပမှာဖြစ်တာ၊ကိုယ်ဝန်မခိုင်တာ၊ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ ဦးနှောက်သွေးကြောပိတ်၊ အသည်းထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေဖြစ်တာ

စတဲ့ရေရှည်ခဏခဏသုံးရင်ရနိုင်မယ့်ဘေးထွက်ဆိုးကျိူးတွေကတအားများပါတယ်။

ဒါကြောင့် နှလုံးရောဂါအခံရှိတဲ့အမျိုးသမီးတွေ၊လေဖြန်းလေဖြတ်ဖူးတဲ့အမျိုးသမီးတွေ၊ရင်သားကင်ဆာအခံရှိတဲ့အမျိုးသမီးတွေ၊နို့တိုက်မိခင်တွေ ဆိုရင် အရေးပေါ်တားဆေးကို မသုံးသင့်ပါ။

အဆုံးသတ်အနေနဲ့အကြံပေးရရင် အရေးပေါ်တားဆေးဆိုတာဟာ တကယ့်ကိုအရေးပေါ်အခြေအနေမှသာသောက်ဖို့ထုတ်လုပ်ထားတာပါ။

ဘယ်လိုအခြေအနေတွေမှာသုံးဖို့ထုတ်ထားလဲဆိုတော့ ဥပမာ အလိုမတူဘဲအနိုင်ကျင့်ခံရရင်၊စိတ်အလိုလိုက်ပြီး တကြိမ်တခါမှားမိရင်

ကွန်ဒုံးအသုံးပြုနေရင်းနဲ့မတော်တဆ ကွန်ဒုံးပေါက်ပြဲသွားရင် စတဲ့အရေးပေါ်အခြေအနေတွေမှာ မလိုချင်တဲ့ကိုယ်ဝန်ရတာမျိူးမဖြစ်အောင်တားဖို့ထုတ်ထားတာပါ။

ခဏခဏ သုံးရတဲ့ဆေးမျိုးမဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးကလည်းတအားများပါတယ်။

ဒါကြောင့် အရေးပေါ်အခြေအနေမဟုတ်ဘဲ အရေးပေါ်တားဆေးကို ခဏခဏသုံးနေတာမျိုးကို ရှောင်ဖို့  အရေးပေါ်တားဆေးအစား ကွန်ဒုံးကိုသုံးဖို့ စုံတွဲတွေကို အကြံပေးလိုပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image