သားအိမ်ထဲထည့်တဲ့သန္ဓေတားပစ္စည်း IUD ဟာ ဘယ်လောက်စိတ်ချရသလဲ

သားအိမ္ထဲထည့္တဲ့သေႏၶတားပစၥည္း IUD ဟာ ဘယ္ေလာက္စိတ္ခ်ရသလဲ

သေႏၶတားေဆးေတြထဲမွာ IUD လို့ေခၚတဲ႔ သားအိမ္ထဲထည့္တဲ႔ သေႏၶတားနည္းထည့္တာနဲ႔ ပက္သက္ျပီး ဘာေတြ သိထားဖို့လိုမလဲ ဘာေတြေဆာင္ရမလဲ ဘာေတြေရွာင္ရမလဲ ဆိုတာ ေလးေျပာျပခ်င္တာပါ ။
IUD ကို အရွည္ေျပာရင္ေတာ့ Intrauterine device ပါ သားအိမ္ထဲ ထည့္ေသာ သေႏၶသားပစၥည္းပါ IUD မွာ ေဟာ္မုန္းပါတာရွိသလို ေဟာ္မုန္းမပါတာလည္း ရွိတယ္ ေဟာ္မုန္းပါတယ္ဆိုရင္ေတာ့ Progestogen ေဟာ္မုန္းတစ္မ်ိုးပဲပါတာပါ လက္ေမာင္းထဲထည့္တဲ႔ သေႏၶသားပစၥည္းနဲ႔ သံုးလခံထိုးေဆးေတြမွာပါတဲ႔ ေဟာ္မုန္းနဲ႔တူပါတယ္ ။တစ္ခ်ို့က်ေတာ့ ရက္ေရွာင္တာလည္းအဆင္မေျပ ကြန္ဒံုးလည္းမသံုးခ်င္ ေဟာ္မုန္းမပါတဲ႔ သေႏၶတားနည္းမ်ိုးသံုးခ်င္တယ္ဆိုရင္ေတာ့ ေဟာ္မုန္းမပါတဲ့ IUD အမ်ိုးအစားကို သံုးလို့ရပါတယ္ ေဟာ္မုန္းမပါေပမယ့္ Copper နဲ႔ျပုလုပ္ထားတာေျကာင့္ သံုးမယ့္သူကေတာ့ Copper နဲ႔ တည့္မွ အသံုးျပုလို့ရပါမယ္ ။
IUD သေႏၶတားေဆးေတြ မသံုးခင္မွာ ကိုယ္ဝန္ရွိမေနဖို့ေတာ့ လိုအပ္ပါတယ္ ကိုယ္ဝန္ရွိတာကို မသိဘဲထည့္လိုက္မိတာက သားအိမ္ေခါင္းမလံုတာေတြကေနတစ္ဆင့္ ကိုယ္ဝန္ပ်က္က်နိုင္ပါတယ္ အေျကာင္းမဲ့ ေသြးဆင္းေနလည္း ထည့္လို့မရပါဘူး ဘာေျကာင့္ေသြးဆင္းတယ္ဆိုတာကို အရင္စစ္ေဆးရွာေဖြရပါမယ္ ။IUD ထည့္ခါနီးေတြမွာ သားအိမ္နဲ႔ မိ္န္းမကိုယ္လမ္းေျကာင္းတစ္ေလ်ွာက္ ပိုးဝင္တာမိႈစြဲတာေတြ အျဖူဆင္းတာေတြကို အရင္ ေပ်ာက္ေအာင္ကုသေပးဖို့ လိုပါတယ္ မေပ်ာက္ဘဲထည့္မိတဲ႔အခါ ေရာဂါပိုးေတြက IUD ထည့္လိုက္တဲ႔ လမ္းတစ္ေလ်ွာက္ကေန အေပၚသားအိမ္အထိတက္လာျပီး ေရာဂါပိုျပန့္တတ္ပါတယ္ ။
IUD ထည့္မယ့္လူနာမွာ နွလံုးေရာဂါ ျကီးျကီးမားမားရွိတယ္ဆိုရင္လည္း ထည့္ဖို့ ခ်င့္ခ်ိန္ရပါမယ္ IUD ထည့္ဖို့ ေျကာက္ေနတာေရာ ထည့္တဲ႔အခါ အနည္းငယ္ေအာင့္သက္သက္ျဖစ္တာေရာက နွလံုးေရာဂါကို ပိုဆိုးေစတတ္ပါတယ္ ။IUD ထည့္မယ္ဆိုရင္ သားဖြားမီးယပ္ အထူးကုဆရာဝန္ေတြနဲ႔လည္း ထည့္လို့႐ပါတယ္ တစ္ခ်ို့အျပင္မွာ ေဆးခန္းဖြင့္ထားတဲ႔ အေထြေထြ ဆရာဝန္ေတြ နဲ႔လည္းထည့္လို့ရပါတယ္ တစ္ခ်ို့ NGO ေတြမွာလည္း IUD ထည့္ေပးတတ္ျကပါတယ္ ။
IUD ထည့္မယ္ဆိုရင္ ရာသီေသြးေပၚေနခ်ိန္ကလြဲလို့ က်န္တဲ႔ အခ်ိန္ ျကိုက္တဲ႔ ေန့ ထည့္လို့ရပါတယ္ ရာသီေပၚျပီး ၅ရက္အတြင္းဆိုရင္ေတာ့ IUD ထည့္ျပီး အတူေနတဲ႔အခါ အကာအကြယ္သံုးဖို့ မလိုပါဘူး ေသြးေပၚရက္နဲ႕ ေဝးလြန္းေနတယ္ဆိုရင္ေတာ့ IUD ထည့္ျပီးကာစကေန ငါးရက္ေလာက္အထိ အတူေနတဲ႔အခါေတြမွာ အကာအကြယ္ သံုးေပးဖို့လိုပါတယ္ ။IUD ထည့္ျပီးသြားရင္ သားအိမ္ေခါင္းအဝမွာ ျကိုးစေလး ခ်န္ထားေပးခဲ႔ျကတတ္ပါတယ္ သားအိမ္ေခါင္းပါ မိန္းမကိုယ္မွာစမ္းရတာမဟုတ္ပါဘူး တစ္လတစ္ခါေလာက္ေတာ့ မိန္းမကို္ယ္ထဲ လက္ထည့္ျပီး ျကိုးစ ရွိေသးရဲ႔လားဆိုတာ စမ္းေပးဖို့လိုပါတယ္ ။ IUD ထည့္ထားျပီးတဲ႔အခါ ေဟာ္မုန္းပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ ေသြးဆင္းမ်ားတာေတြ ျဖစ္တတ္တယ္ တစ္ခ်ို့ေတြက်ေတာ့ တစ္လတစ္ခါ ေသြးမွန္ေနတတ္တယ္ တစ္ခ်ို့ေတြမွာေတာ့ ေသြးေပ်ာက္ေနတတ္တယ္ IUD ထည့္ျပီးခ်က္ခ်င္း ျဖစ္ခ်င္မွျဖစ္မယ္ လေတြျကာမွ ျဖစ္တာလည္းရွိတယ္ IUD ထည့္ျပီးေသြးဆင္းတယ္ဆိုရင္ အရင္ဆံုးေတာ့ သားအိမ္ပိုင္းဆိုင္ရာ ျပႆနာေတြကို စစ္ေဆးရမယ္ ဘယ္တားေဆးကမွ ရာနႈန္းျပည့္ မတားနိုင္တာေျကာင့္ ကိုယ္ဝန္လည္းျပန္စစ္ရပါမယ္ ဒါေတြအဆင္ေျပတယ္ဆိုမွ IUD ေျကာင့္ဆိုတာကို စဥ္းစားပါမယ္ ေသြးဆင္းတာ နည္းနည္းစီဆို ထားလို့ရေပမယ့္ ေသြးအမ်ားျကီးဆင္းေနတယ္ဆိုရင္ေတာ့ အားနည္းေစနိုင္တာေျကာင့္ တားနည္းကို ျပန္ စမ္းစစ္ရပါမယ္ ။
IUD ထည့္တဲ့သူေတြမွာ ေခ်ာ္လဲတာ ဖင္ထိုင္လ်က္ ျပုတ္က်တာေတြကိုေတာ့ သတိထားရပါမယ္ ေဆာင့္မိတဲ႔ အရွိန္ေတြနဲ႔ IUD ကသားအိမ္ကို ေဆာင့္မိတာေတြ ျဖစ္နိုင္လို့ပါ ေခ်ာ္လဲျပီးေသြးဆင္းမ်ားတယ္ ဗိုက္ေတြ ခါးေတြ ဆီးစပ္ေတြလည္း ကိုက္ေနတယ္ဆို ေဆးရံုေဆးခန္းေတာ့ အျမန္ျပဖို့လိုပါတယ္ ။IUD ထည့္ထားရင္း ကိုယ္ဝန္ရတယ္ဆိုရင္ေတာ့ IUD ကို ခ်က္ခ်င္း အလ်င္အျမန္ ျပန္မထုတ္တတ္ျကပါဘူး IUD ထုတ္တာကေန သားအိမ္ေခါင္းမလံုရင္ ကိုယ္ဝန္ပ်က္က်တာေတြ ျဖစ္တတ္လို့ပါ သားဖြားမီးယပ္ဆရာဝန္ေတြနဲ႔ တိုင္ပင္ျပီး လိုအပ္တာေတြ လုပ္လို့ရပါတယ္ ။IUD က အာထရာေဆာင္း မွာ ေသခ်ာျမင္ရပါတယ္ IUD ထည့္ျပီး ျကိုးစရွာမေတြ႔တဲ႔အခါ ရွိမရွိေသခ်ာခ်င္တယ္ဆိုရင္ အာထရာေဆာင္းရိုက္ျပီးစစ္ေဆးလို့ရပါတယ္ IUD ေတြရဲ႔ သက္တမ္းက သံုးနွစ္ခံတာရွိသလို ငါးနွစ္ခံတာလည္းရွိပါတယ္ အခ်ိန္ျပည့္ရင္ေတည့ ဆက္ထည့္မယ္ဆို အသစ္လဲေပးရပါမယ္ ။IUD ကို တစ္ခ်ို့ေတြက အေရးေပၚတားနည္းအေနနဲ႔ သံုးျကတယ္ အကာကြယ္မပါဘဲ တူတူေနမိတဲ႔အခါ ငါးရက္အတြင္း IUD ထည့္ေပးလို့ရပါတယ္ မထည့္ခင္ထည့္ျပီး လိုအပ္တာေတြကိုေတာ့ ျပန္ျကည့္ရပါလိမ့္မယ္ ။

Dr. CST

Unicode Version

သားအိမ်ထဲထည့်တဲ့သန္ဓေတားပစ္စည်း IUD ဟာ ဘယ်လောက်စိတ်ချရသလဲ

သန္ဓေတားဆေးတွေထဲမှာ IUD လို့ခေါ်တဲ့ သားအိမ်ထဲထည့်တဲ့ သန္ဓေတားနည်းထည့်တာနဲ့ ပက်သက်ပြီး ဘာတွေ သိထားဖို့လိုမလဲ ဘာတွေဆောင်ရမလဲ ဘာတွေရှောင်ရမလဲ ဆိုတာ လေးပြောပြချင်တာပါ ။
IUD ကို အရှည်ပြောရင်တော့ Intrauterine device ပါ သားအိမ်ထဲ ထည့်သော သန္ဓေသားပစ္စည်းပါ IUD မှာ ဟော်မုန်းပါတာရှိသလို ဟော်မုန်းမပါတာလည်း ရှိတယ် ဟော်မုန်းပါတယ်ဆိုရင်တော့ Progestogen ဟော်မုန်းတစ်မျိုးပဲပါတာပါ လက်မောင်းထဲထည့်တဲ့ သန္ဓေသားပစ္စည်းနဲ့ သုံးလခံထိုးဆေးတွေမှာပါတဲ့ ဟော်မုန်းနဲ့တူပါတယ် ။တစ်ချို့ကျတော့ ရက်ရှောင်တာလည်းအဆင်မပြေ ကွန်ဒုံးလည်းမသုံးချင် ဟော်မုန်းမပါတဲ့ သန္ဓေတားနည်းမျိုးသုံးချင်တယ်ဆိုရင်တော့ ဟော်မုန်းမပါတဲ့ IUD အမျိုးအစားကို သုံးလို့ရပါတယ် ဟော်မုန်းမပါပေမယ့် Copper နဲ့ပြုလုပ်ထားတာကြောင့် သုံးမယ့်သူကတော့ Copper နဲ့ တည့်မှ အသုံးပြုလို့ရပါမယ် ။
IUD သန္ဓေတားဆေးတွေ မသုံးခင်မှာ ကိုယ်ဝန်ရှိမနေဖို့တော့ လိုအပ်ပါတယ် ကိုယ်ဝန်ရှိတာကို မသိဘဲထည့်လိုက်မိတာက သားအိမ်ခေါင်းမလုံတာတွေကနေတစ်ဆင့် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ် အကြောင်းမဲ့ သွေးဆင်းနေလည်း ထည့်လို့မရပါဘူး ဘာကြောင့်သွေးဆင်းတယ်ဆိုတာကို အရင်စစ်ဆေးရှာဖွေရပါမယ် ။IUD ထည့်ခါနီးတွေမှာ သားအိမ်နဲ့ မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက် ပိုးဝင်တာမှိုစွဲတာတွေ အဖြူဆင်းတာတွေကို အရင် ပျောက်အောင်ကုသပေးဖို့ လိုပါတယ် မပျောက်ဘဲထည့်မိတဲ့အခါ ရောဂါပိုးတွေက IUD ထည့်လိုက်တဲ့ လမ်းတစ်လျှောက်ကနေ အပေါ်သားအိမ်အထိတက်လာပြီး ရောဂါပိုပြန့်တတ်ပါတယ် ။
IUD ထည့်မယ့်လူနာမှာ နှလုံးရောဂါ ကြီးကြီးမားမားရှိတယ်ဆိုရင်လည်း ထည့်ဖို့ ချင့်ချိန်ရပါမယ် IUD ထည့်ဖို့ ကြောက်နေတာရော ထည့်တဲ့အခါ အနည်းငယ်အောင့်သက်သက်ဖြစ်တာရောက နှလုံးရောဂါကို ပိုဆိုးစေတတ်ပါတယ် ။IUD ထည့်မယ်ဆိုရင် သားဖွားမီးယပ် အထူးကုဆရာဝန်တွေနဲ့လည်း ထည့်လို့ရပါတယ် တစ်ချို့အပြင်မှာ ဆေးခန်းဖွင့်ထားတဲ့ အထွေထွေ ဆရာဝန်တွေ နဲ့လည်းထည့်လို့ရပါတယ် တစ်ချို့ NGO တွေမှာလည်း IUD ထည့်ပေးတတ်ကြပါတယ် ။
IUD ထည့်မယ်ဆိုရင် ရာသီသွေးပေါ်နေချိန်ကလွဲလို့ ကျန်တဲ့ အချိန် ကြိုက်တဲ့ နေ့ ထည့်လို့ရပါတယ် ရာသီပေါ်ပြီး ၅ရက်အတွင်းဆိုရင်တော့ IUD ထည့်ပြီး အတူနေတဲ့အခါ အကာအကွယ်သုံးဖို့ မလိုပါဘူး သွေးပေါ်ရက်နဲ့ ဝေးလွန်းနေတယ်ဆိုရင်တော့ IUD ထည့်ပြီးကာစကနေ ငါးရက်လောက်အထိ အတူနေတဲ့အခါတွေမှာ အကာအကွယ် သုံးပေးဖို့လိုပါတယ် ။IUD ထည့်ပြီးသွားရင် သားအိမ်ခေါင်းအဝမှာ ကြိုးစလေး ချန်ထားပေးခဲ့ကြတတ်ပါတယ် သားအိမ်ခေါင်းပါ မိန်းမကိုယ်မှာစမ်းရတာမဟုတ်ပါဘူး တစ်လတစ်ခါလောက်တော့ မိန်းမကိုယ်ထဲ လက်ထည့်ပြီး ကြိုးစ ရှိသေးရဲ့လားဆိုတာ စမ်းပေးဖို့လိုပါတယ် ။ IUD ထည့်ထားပြီးတဲ့အခါ ဟော်မုန်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သွေးဆင်းများတာတွေ ဖြစ်တတ်တယ် တစ်ချို့တွေကျတော့ တစ်လတစ်ခါ သွေးမှန်နေတတ်တယ် တစ်ချို့တွေမှာတော့ သွေးပျောက်နေတတ်တယ် IUD ထည့်ပြီးချက်ချင်း ဖြစ်ချင်မှဖြစ်မယ် လတွေကြာမှ ဖြစ်တာလည်းရှိတယ် IUD ထည့်ပြီးသွေးဆင်းတယ်ဆိုရင် အရင်ဆုံးတော့ သားအိမ်ပိုင်းဆိုင်ရာ ပြဿနာတွေကို စစ်ဆေးရမယ် ဘယ်တားဆေးကမှ ရာနှုန်းပြည့် မတားနိုင်တာကြောင့် ကိုယ်ဝန်လည်းပြန်စစ်ရပါမယ် ဒါတွေအဆင်ပြေတယ်ဆိုမှ IUD ကြောင့်ဆိုတာကို စဉ်းစားပါမယ် သွေးဆင်းတာ နည်းနည်းစီဆို ထားလို့ရပေမယ့် သွေးအများကြီးဆင်းနေတယ်ဆိုရင်တော့ အားနည်းစေနိုင်တာကြောင့် တားနည်းကို ပြန် စမ်းစစ်ရပါမယ် ။
IUD ထည့်တဲ့သူတွေမှာ ချော်လဲတာ ဖင်ထိုင်လျက် ပြုတ်ကျတာတွေကိုတော့ သတိထားရပါမယ် ဆောင့်မိတဲ့ အရှိန်တွေနဲ့ IUD ကသားအိမ်ကို ဆောင့်မိတာတွေ ဖြစ်နိုင်လို့ပါ ချော်လဲပြီးသွေးဆင်းများတယ် ဗိုက်တွေ ခါးတွေ ဆီးစပ်တွေလည်း ကိုက်နေတယ်ဆို ဆေးရုံဆေးခန်းတော့ အမြန်ပြဖို့လိုပါတယ် ။IUD ထည့်ထားရင်း ကိုယ်ဝန်ရတယ်ဆိုရင်တော့ IUD ကို ချက်ချင်း အလျင်အမြန် ပြန်မထုတ်တတ်ကြပါဘူး IUD ထုတ်တာကနေ သားအိမ်ခေါင်းမလုံရင် ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်တတ်လို့ပါ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး လိုအပ်တာတွေ လုပ်လို့ရပါတယ် ။IUD က အာထရာဆောင်း မှာ သေချာမြင်ရပါတယ် IUD ထည့်ပြီး ကြိုးစရှာမတွေ့တဲ့အခါ ရှိမရှိသေချာချင်တယ်ဆိုရင် အာထရာဆောင်းရိုက်ပြီးစစ်ဆေးလို့ရပါတယ် IUD တွေရဲ့ သက်တမ်းက သုံးနှစ်ခံတာရှိသလို ငါးနှစ်ခံတာလည်းရှိပါတယ် အချိန်ပြည့်ရင်တေည့ ဆက်ထည့်မယ်ဆို အသစ်လဲပေးရပါမယ် ။IUD ကို တစ်ချို့တွေက အရေးပေါ်တားနည်းအနေနဲ့ သုံးကြတယ် အကာကွယ်မပါဘဲ တူတူနေမိတဲ့အခါ ငါးရက်အတွင်း IUD ထည့်ပေးလို့ရပါတယ် မထည့်ခင်ထည့်ပြီး လိုအပ်တာတွေကိုတော့ ပြန်ကြည့်ရပါလိမ့်မယ် ။

Dr. CST

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image