သားအိမ်ခြစ်ပြီး  ဘယ်လောက်အကြာမှာ လိင်ဆက်ဆံလို့ရသလဲ

သားအိမ္ျခစ္ျပီး  ဘယ္ေလာက္အၾကာမွာ လိင္ဆက္ဆံလိုု႔ရသလဲ

သားအိမ္ျခစ္သည္ဟု ဆိုရာတြင္အမ်ဳိးသမီးမ်ားအေနျဖင္႔
– ဘာလို့ျခစ္ရသလဲ ?
-ေကာင္းက်ဳိးနွင့္ဆိုးက်ဳိး?
-ျခစ္ျပီးေနာက္ ဘယ္လိုေနထိုင္ရသလဲ ?စသည့္အခ်က္မ်ားကို သိခ်င္ျကပါလိမ့္မယ္။
သားအိမ္ျခစ္ျခင္းဆိုုသည္မွာ သားအိမ္ေခါင္းကို ခ်ဲ႔ကာ သားအိမ္အတြင္းပိုင္းမေကာင္းေသာတစ္ရွူးအသားစမ်ားကို ျခစ္ထုတ္စုပ္ယူျခင္းကို ဆိုလိုပါတယ္။သားအိမ္ျခစ္ျခင္းသည္ အေသးစားခြဲစိတ္မူတစ္ခုဟု ဆိုနိုင္ပါတယ္။သားအိမ္ျခစ္ျခင္းကို အမ်ားအားျဖင့္ကုသမူအျဖစ္အသံုးျပုေသာ္လည္း ေရာဂါရွာေဖြမူတြင္လည္းအသံုးျပုေလ့ရွိပါတယ္။
(1)  သားအိမ္ျခစ္ျခင္း ျပုလုပ္ရေသာအေျကာင္းရင္းမ်ားမွာ
-မူမမွန္ေသြးဆင္းျခင္း သို့မဟုတ္ ေသြးဆင္းမ်ားျခင္း
ရာသီေသြးခဏခဏဆင္ျခင္း။ေသြးဆင္းမ်ားျခင္း။ေသြးဆင္းရက္ျကာျခင္းနွင့္ ေသြးဆံုးျပီးေနာက္ျပန္ဆင္းျခင္း။
-ကင္ဆာမဟုတ္ေသာသားအိမ္အလံုးတည္ျခင္းေျကာင့္ နာကိင္ကိုက္ခဲေသြးဆင္းမ်ားေနျခင္း
-ကင္ဆာအေစာပိုင္းတြင္ေသြးဆင္းမ်ားျခင္း
-ကိုယ္ဝန္ပ်က္က်ျခင္း
ကိုယ္ဝန္ပ်က္က်ရာတြင္ သားအိမ္ထဲတြင္ အခ်င္း သို့မဟုတ္ တစ္ရွူးအသားစက်န္ေနခဲ႔မူေျကာင့္ေသြးဆင္းမူတြင္ သားအိမ္ျခစ္ကုသမူမျပုလုပ္လ်ွင္ေသြးဆင္းမ်ားက အသက္အႏၱရာယ္ထိခိုက္နိုင္ပါတယ္။
(2)သားအိမ္ျခစ္ျခင္း မျပုလုပ္သင့္ေသာအေျခအေနမ်ားမွာ -တင္းပါးဆံုအတြင္းပိုးဝင္ျခင္း
-ေသြးမတိတ္ေသာေရာဂါရွိသူမ်ားနွင့္
-အျခားေသာနွလံုးေရာဂါ။ျပင္းထန္အဆုတ္ေရာဂါရွိသူမ်ားတြင္ မျပုလုပ္သင့္ပါ။ျပုလုပ္ရမည္ဆိုပါက ေသခ်ာအေထြေထြအထူးကုဆရာဝန္နွင့္တိုင္ပင္ပါ။
(3)သားအိမ္ျခစ္ရာတြင္ အမ်ားအားျဖင့္ ရုိးရုိးထံုေဆး။ခါးဆစ္ရုိးထိုးေဆးနွင့္ ခဏတာသတိေမ့ေဆးစသည္တို့ကိုအသံုးျပုကာ သားအိမ္ျခစ္ျခင္းျပုလုပ္ပါတယ္။
(4)သားအိမ္ျခစ္ျခင္းတြင္ ျကံုေတြ႔ရနိုင္ေသာအခ်က္မ်ားနွင့္ေနာက္ဆက္တြဲျပသနာမ်ားမွာ
-ေသြးထြက္မ်ားျခင္းသည္ ျဖစ္ရန္ခဲယဥ္းေသာေျကာင့္မေတာ္တဆ ျခစ္သည့္ကိရိယာသည္သားအိမ္နံရံကိုဒဏ္ရာျဖစ္ခဲ႔လ်ွင္ေသြးထြက္မ်ားျခင္း
-ေသခ်ာပိုးသတ္ထားေသာကိရိယာမ်ားကိုအသံုးမျပုလ်ွင္ပိုးကူးစက္ခံရျခင္း
-သားအိမ္ေပါက္ျခင္းသည္ ျဖစ္ရန္ခဲယဥ္းေသာ္လည္း ပိုးကူးစက္ခံရေသာသားအိမ္သည္ ကိရိယာနွင့္ထိုးမိလၽွင္အလြယ္တကူေပါက္သြားနိုင္ျခင္းစသည့္အခ်က္မ်ားပင္ျဖစ္ပါတယ္။
(5)သားအိမ္ျခစ္ျပီးေနာက္ခံစားရေသာေဝဒနာမ်ား
သားအိမ္ျခစ္ျပီးေနာက္ အလ်င္အျမန္နာလန္ျပန္ထူနိုင္ေသာအေျခအေနကို ရက္တိုတိုအတြင္းေရာက္ရွိပါတယ္။
-သားအိမ္ျခစ္ျပီးေနာက္ ရာသီလာသကဲ႔သို့ ကိုက္ခဲနာက်င္တတ္ပါတယ္။အခ်ဳိ့က နာရီပိုင္းအတြင္းေပ်ာက္သကဲ႕သို့အခ်ဳိ့က ရက္အနည္းငယ္ျကာတတ္ပါတယ္။
-သားအိမ္ျခစ္ျပီးေနာက္ ရက္အတန္ျကာသည္အထိ ေသြးအနည္းငယ္ျပန္ဆင္းတတ္ပါတယ္။
-သားအိမ္ျခစ္သည့္အေျခအေနေပါ္မူတည္ရ်္ ေဆးရုံတြင္အနားယူရနိုင္သလိူ အိမ္ျပန္အနားယူနိုင္ပါတယ္။
-သားအိမ္ျခစ္ျပီးသည့္ေနာက္ ကိုယ္အပူခ်ိန္ ၁၀၀ေက်ာ္ျခင္း။ျပင္းထန္စြာကိုက္ခဲနာက်င္ျခင္း။ေသြးဆင္းမ်ားျခင္း နွင့္ အနံဆိုးထြက္ျခင္းစသည့္အေျခအေနမ်ား ခံစားျဖစ္ေပါ္လာပါက ေဆးရုံသို့အလ်င္အျမန္ျပန္လည္ျပသကုသမူခံယူသင့္ပါတယ္။
(6)သားအိမ္ျခစ္ျပီးေနာက္လိုက္နာသင့္ေသာ အခ်က္မ်ားမွာ
-လိင္ဆက္ဆံျခင္းကို နွစ္ပတ္ခန့္ေရွာင္ပါ။အဘယ္ေျကာင့္ဆိုေသာ္ က်ယ္ေနေသာသားအိမ္ေခါင္းသည္ ပိုးကူးစက္ဝင္လြယ္ေသာေျကာင့္ မူလအရြယ္ျပန္ေရာက္ရန္ျဖစ္ပါတယ္။
-ေသြးဆင္းလ်ွင္ ဂြမ္းဖတ္ခံပါ။တန္ပူမသံုးရပါ။
-အပူအစပ္အလြန္အက်ြံစားျခင္းမွအပ အစာအေထြအထူးမေရွာင္ရပါ။
-ေနာက္ထပ္ကိုယ္ဝန္ေဆာင္ရန္ ၆လခန့္အခ်ိန္ယူပါ။ထို့ထက္ေစာစီးစြာယူလိုပါက သားဖြားမီးယပ္အထူးကုနွင့္တိုင္ပင္ပါ။

Dr.Kyaw

Unicode Version

သားအိမ်ခြစ်ပြီး  ဘယ်လောက်အကြာမှာ လိင်ဆက်ဆံလို့ရသလဲ

သားအိမ်ခြစ်သည်ဟု ဆိုရာတွင်အမျိုးသမီးများအနေဖြင့်
– ဘာလို့ခြစ်ရသလဲ ?
-ကောင်းကျိုးနှင့်ဆိုးကျိုး?
-ခြစ်ပြီးနောက် ဘယ်လိုနေထိုင်ရသလဲ ?စသည့်အချက်များကို သိချင်ကြပါလိမ့်မယ်။
သားအိမ်ခြစ်ခြင်းဆိုသည်မှာ သားအိမ်ခေါင်းကို ချဲ့ကာ သားအိမ်အတွင်းပိုင်းမကောင်းသောတစ်ရှူးအသားစများကို ခြစ်ထုတ်စုပ်ယူခြင်းကို ဆိုလိုပါတယ်။သားအိမ်ခြစ်ခြင်းသည် အသေးစားခွဲစိတ်မူတစ်ခုဟု ဆိုနိုင်ပါတယ်။သားအိမ်ခြစ်ခြင်းကို အများအားဖြင့်ကုသမူအဖြစ်အသုံးပြုသော်လည်း ရောဂါရှာဖွေမူတွင်လည်းအသုံးပြုလေ့ရှိပါတယ်။
(1)  သားအိမ်ခြစ်ခြင်း ပြုလုပ်ရသောအကြောင်းရင်းများမှာ
-မူမမှန်သွေးဆင်းခြင်း သို့မဟုတ် သွေးဆင်းများခြင်း
ရာသီသွေးခဏခဏဆင်ခြင်း။သွေးဆင်းများခြင်း။သွေးဆင်းရက်ကြာခြင်းနှင့် သွေးဆုံးပြီးနောက်ပြန်ဆင်းခြင်း။
-ကင်ဆာမဟုတ်သောသားအိမ်အလုံးတည်ခြင်းကြောင့် နာကိင်ကိုက်ခဲသွေးဆင်းများနေခြင်း
-ကင်ဆာအစောပိုင်းတွင်သွေးဆင်းများခြင်း
-ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်ပျက်ကျရာတွင် သားအိမ်ထဲတွင် အချင်း သို့မဟုတ် တစ်ရှူးအသားစကျန်နေခဲ့မူကြောင့်သွေးဆင်းမူတွင် သားအိမ်ခြစ်ကုသမူမပြုလုပ်လျှင်သွေးဆင်းများက အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။
(2)သားအိမ်ခြစ်ခြင်း မပြုလုပ်သင့်သောအခြေအနေများမှာ -တင်းပါးဆုံအတွင်းပိုးဝင်ခြင်း
-သွေးမတိတ်သောရောဂါရှိသူများနှင့်
-အခြားသောနှလုံးရောဂါ။ပြင်းထန်အဆုတ်ရောဂါရှိသူများတွင် မပြုလုပ်သင့်ပါ။ပြုလုပ်ရမည်ဆိုပါက သေချာအထွေထွေအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။
(3)သားအိမ်ခြစ်ရာတွင် အများအားဖြင့် ရိုးရိုးထုံဆေး။ခါးဆစ်ရိုးထိုးဆေးနှင့် ခဏတာသတိမေ့ဆေးစသည်တို့ကိုအသုံးပြုကာ သားအိမ်ခြစ်ခြင်းပြုလုပ်ပါတယ်။
(4)သားအိမ်ခြစ်ခြင်းတွင် ကြုံတွေ့ရနိုင်သောအချက်များနှင့်နောက်ဆက်တွဲပြသနာများမှာ
-သွေးထွက်များခြင်းသည် ဖြစ်ရန်ခဲယဉ်းသောကြောင့်မတော်တဆ ခြစ်သည့်ကိရိယာသည်သားအိမ်နံရံကိုဒဏ်ရာဖြစ်ခဲ့လျှင်သွေးထွက်များခြင်း
-သေချာပိုးသတ်ထားသောကိရိယာများကိုအသုံးမပြုလျှင်ပိုးကူးစက်ခံရခြင်း
-သားအိမ်ပေါက်ခြင်းသည် ဖြစ်ရန်ခဲယဉ်းသော်လည်း ပိုးကူးစက်ခံရသောသားအိမ်သည် ကိရိယာနှင့်ထိုးမိလျှင်အလွယ်တကူပေါက်သွားနိုင်ခြင်းစသည့်အချက်များပင်ဖြစ်ပါတယ်။
(5)သားအိမ်ခြစ်ပြီးနောက်ခံစားရသောဝေဒနာများ
သားအိမ်ခြစ်ပြီးနောက် အလျင်အမြန်နာလန်ပြန်ထူနိုင်သောအခြေအနေကို ရက်တိုတိုအတွင်းရောက်ရှိပါတယ်။
-သားအိမ်ခြစ်ပြီးနောက် ရာသီလာသကဲ့သို့ ကိုက်ခဲနာကျင်တတ်ပါတယ်။အချို့က နာရီပိုင်းအတွင်းပျောက်သကဲ့သို့အချို့က ရက်အနည်းငယ်ကြာတတ်ပါတယ်။
-သားအိမ်ခြစ်ပြီးနောက် ရက်အတန်ကြာသည်အထိ သွေးအနည်းငယ်ပြန်ဆင်းတတ်ပါတယ်။
-သားအိမ်ခြစ်သည့်အခြေအနေပေါ်မူတည်ရျ် ဆေးရုံတွင်အနားယူရနိုင်သလိူ အိမ်ပြန်အနားယူနိုင်ပါတယ်။
-သားအိမ်ခြစ်ပြီးသည့်နောက် ကိုယ်အပူချိန် ၁၀၀ကျော်ခြင်း။ပြင်းထန်စွာကိုက်ခဲနာကျင်ခြင်း။သွေးဆင်းများခြင်း နှင့် အနံဆိုးထွက်ခြင်းစသည့်အခြေအနေများ ခံစားဖြစ်ပေါ်လာပါက ဆေးရုံသို့အလျင်အမြန်ပြန်လည်ပြသကုသမူခံယူသင့်ပါတယ်။
(6)သားအိမ်ခြစ်ပြီးနောက်လိုက်နာသင့်သော အချက်များမှာ
-လိင်ဆက်ဆံခြင်းကို နှစ်ပတ်ခန့်ရှောင်ပါ။အဘယ်ကြောင့်ဆိုသော် ကျယ်နေသောသားအိမ်ခေါင်းသည် ပိုးကူးစက်ဝင်လွယ်သောကြောင့် မူလအရွယ်ပြန်ရောက်ရန်ဖြစ်ပါတယ်။
-သွေးဆင်းလျှင် ဂွမ်းဖတ်ခံပါ။တန်ပူမသုံးရပါ။
-အပူအစပ်အလွန်အကျွံစားခြင်းမှအပ အစာအထွေအထူးမရှောင်ရပါ။
-နောက်ထပ်ကိုယ်ဝန်ဆောင်ရန် ၆လခန့်အချိန်ယူပါ။ထို့ထက်စောစီးစွာယူလိုပါက သားဖွားမီးယပ်အထူးကုနှင့်တိုင်ပင်ပါ။

Dr.Kyaw

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image