အမျိုးသားများ ဆီးထဲမှာ သုတ်ရည်ပါနေခဲ့ပြီဆိုရင်

အမ်ိဳးသားမ်ား ဆီးထဲမွာ သုုတ္ရည္ပါေနခဲ့ျပီဆိုုရင္

ဆီးထဲ သုတ္ရည္ပါျခင္းကိစၥသည္ အမ်ဳိးသားမ်ားအတြက္ျပသနာတစ္ရပ္ျဖစ္ပါတယ္။ သုတ္ရည္ဆိုသည္မွာ ပံုမွန္အားျဖင့္ လိင္ဆက္ဆံေနစဥ္နွင့္အာသာေျဖမွသာ လိင္တံမွွထြက္ျခင္းျဖစ္ပါတယ္။ သို့ေသာ္ လိင္စိတ္မရွိသူမ်ားတြင္ သုတ္ရည္သည္ လိင္တံတြင္က်န္ရွိေနတတ္ပါတယ္။

သုတ္ရည္ထြက္က်ျခင္းသည္ လိင္ဆက္ဆံေနစဥ္အေတာအတြင္းျဖစ္ျခင္းသည္ အမ်ားဆံုးျဖစ္ေလ့ရွိပါတယ္။ သုတ္ရည္ထြက္က်ျခင္းျဖစ္ေစေသာအေျကာင္းရင္းမ်ားစြာရွိေသာ္လည္း ကုသစရာလိုအပ္ေသာ အေျခအေနျဖစ္နိုင္ေသာ္လည္း အခ်ဳိ့ကေတာ့ မလိုအပ္ပါ။

ျဖစ္ေစနိုင္ေသာအေျကာင္းရင္းမ်ားမွာ

-လိင္စိတ္နည္းပါးသူမ်ား
ငယ္ရြယ္သူမ်ားတြင္ သုတ္ရည္ဆီးထဲပါေနျခင္းမွာ လိင္စိတ္နည္းပါးျခင္းေျကာင့္ဟု ယူဆ၍ရနိုင္ပါတယ္။ သုတ္ရည္ပံုမွန္လမ္းေျကာင္းမထြက္ဘဲ ေနာက္ျပန္ေနျခင္းျဖစ္နိုင္ပါတယ္။ ထို့ေျကာင့္ လိင္ဆက္ဆံစဥ္သုတ္ရည္မထြက္ဘဲ အရည္ျကည္ထြက္ေသာအခါတြင္လည္း ကိုယ္ဝန္ရနိုင္သည္ဆိုျခင္းမွာ အဆိုပါအရည္တြင္ သုတ္ပိုးပါလာေသာေျကာင့္ျဖစ္ပါတယ္။ ထို့ေျကာင့္ စဆက္ဆံစဥ္ကတည္းက ကြန္ဒံုးသံုးပါ။

-ညဘက္သုတ္လႊတ္တတ္သူမ်ား
အရြယ္ေရာက္သူမ်ား အထူးသျဖင့္အသက္၂၀ ဝန္းက်င္ရွိသူမ်ားအေနျဖင့္ ညအိပ္ေပ်ာ္ေနစဥ္ သူ့အလိုလို့သုတ္ရည္ထြက္က်ေနတတ္ပါတယ္။ ထို့သို့ျဖစ္ရျခင္းမွာ မိမိစိတ္ပူးအိပ္မက္ေျကာင့္ျဖစ္နိုင္ပါတယ္။ အေထြအထူးကုသရန္မလိုေသာ္လည္း အိပ္ရာဝင္ခါနီး လိင္စိတ္ျပင္ထန္ေစေသာအေျကာင္းအရာမ်ားမျကည့္မိေအာင္ေရွာင္ပါ။

-ေဆးဝါးဆိုးက်ဳိးမ်ား
အခ်ဳိ့စိတ္ေရာဂါအတြက္ ကုသေသာေဆးမ်ားႏွင့္ေဟာ္မုန္းေဆးမ်ားသည္ သုတ္ရည္မထိန္းနိုင္မူျဖစ္ေစပါတယ္။ လိင္စိတ္နည္းပါးျခင္း၊ သုတ္လႊတ္ေနာက္က်ျခင္းနွင့္ ပန္းညိူးျခင္းစသည္တို့ကိုျဖစ္ေစနိုင္ပါတယ္။ ထိုအခါေသခ်ာဆရာဝန္နွင့္တိုင္ပင္ကုသမူခံယူပါ။

-ဆီးႀကိတ္ျပႆနာမ်ား
ဆီးျကိတ္သည္ သုတ္ရည္သည္ လိင္တံမွထြက္ရန္ ကူညီေပးေသာဂလင္းျဖစ္ပါတယ္။ ပိုးကူးစက္ျခင္းနွင့္ အာရုံေျကာထိခိုက္ျခင္းတို့ေျကာင့္ ဆီးျကိတ္ေရာင္ခဲ႔ေသာ္ သုတ္လႊတ္ရာတြင္ ထိခိုက္နိုင္ပါတယ္။ ဆီးျကိတ္ေရာင္ျခင္းအျပင္ ဆီးျကိတ္ကင္ဆာျဖစ္ပါကလည္း ဆီးသြားရခက္ခဲျခင္း၊ သုတ္လႊတ္အဆင္မေျပျခင္းနွင့္ သုတ္ရည္ထဲေသြးပါျခင္းစသည့္တို့ကိုပါ ခံစားရနိုင္ပါတယ္။ ထို့ေျကာင့္ ေသခ်ာကုသမူခံယူသင့္ပါတယ္။

-အာရုံေျကာထိခိုက္ဒဏ္ရာရျခင္း
အေျကာင္းတစံုတရာေျကာင့္ အာရုံေျကာထိခိုက္ခဲ႔လ်ွင္ သုတ္လႊတ္ျပသနာနွင့္ သုတ္ရည္မထိန္းနိုင္ျခင္းစသည္တို့ကိုခံစားရပါလိမ့္မယ္။ အသက္ျကီးျခင္း၊ အာရုံေျကာမျကီးပိုးဝင္ျခင္း၊ ဒဏ္ရာရျခင္း၊ ခြဲစိတ္မူခံယူရျခင္းစသည္တို့ေျကာင့္ျဖစ္ပါတယ္။

ဆီးသြားျပီးေနာက္သုတ္ရည္ထြက္လာျခင္းသည္ ပံုမွန္အားျဖင့္ အႏၱရာယ္မရွိပါ။ သို့ေသာ္ သုတ္ရည္ခ်ည္းမဟုတ္ဘဲ လိင္ဆက္ဆံျခင္းေျကာင့္ေရာဂါကူးစက္မူေျကာင့္ျဖစ္ခဲ႔လ်ွင္ ကုသမူခံယူရန္လိုအပ္ပါတယ္။ သုတ္ရည္သည္ပံုမွန္လမ္းေျကာင္းအတိုင္းမဆင္းဘဲ ဆီးအိမ္ထဲျပန္ဝင္မူေျကာင့္ ဆီးအေရာင္ေနာက္ေနတတ္ပါတယ္။ ဆီးသြားျပီးေနာက္သုတ္ရည္ထြက္ျခင္းသည္စိတ္ပူရန္မလိုဟုဆိုေသာ္ျငားလည္းေအာက္ပါလကၡဏာမ်ားျဖစ္လာပါက အျမန္ဆံုးေဆးကုသရန္လိုအပ္ပါတယ္။

-သုတ္ရည္ သို့မဟုတ္ ဆီးထဲေသြးပါျခင္း
-သုတ္ရည္အနံဆိုးနံျခင္း
-သုတ္လႊတ္ရာတြင္ခက္ခဲျခင္း
-သုတ္ရည္လႊတ္ရာႏွင့္ဆီးသြားရာတြင္နာက်င္ျခင္း
-ပံုမွန္သုတ္ရည္အေရာင္မဟုတ္ျခင္း တို့ျဖစ္လာပါက ေသခ်ာဆီးနွင့္ေက်ာက္ကပ္အထူးကုဆရာဝန္နွင့္ေသခ်ာကုသမူခံယူရန္လိုအပ္ပါတယ္။

Dr.Ei Cho

Unicode Version

အမျိုးသားများ ဆီးထဲမှာ သုတ်ရည်ပါနေခဲ့ပြီဆိုရင်

ဆီးထဲ သုတ်ရည်ပါခြင်းကိစ္စသည် အမျိုးသားများအတွက်ပြသနာတစ်ရပ်ဖြစ်ပါတယ်။ သုတ်ရည်ဆိုသည်မှာ ပုံမှန်အားဖြင့် လိင်ဆက်ဆံနေစဉ်နှင့်အာသာဖြေမှသာ လိင်တံမှထွက်ခြင်းဖြစ်ပါတယ်။ သို့သော် လိင်စိတ်မရှိသူများတွင် သုတ်ရည်သည် လိင်တံတွင်ကျန်ရှိနေတတ်ပါတယ်။

သုတ်ရည်ထွက်ကျခြင်းသည် လိင်ဆက်ဆံနေစဉ်အတောအတွင်းဖြစ်ခြင်းသည် အများဆုံးဖြစ်လေ့ရှိပါတယ်။ သုတ်ရည်ထွက်ကျခြင်းဖြစ်စေသောအကြောင်းရင်းများစွာရှိသော်လည်း ကုသစရာလိုအပ်သော အခြေအနေဖြစ်နိုင်သော်လည်း အချို့ကတော့ မလိုအပ်ပါ။

ဖြစ်စေနိုင်သောအကြောင်းရင်းများမှာ

-လိင်စိတ်နည်းပါးသူများ
ငယ်ရွယ်သူများတွင် သုတ်ရည်ဆီးထဲပါနေခြင်းမှာ လိင်စိတ်နည်းပါးခြင်းကြောင့်ဟု ယူဆ၍ရနိုင်ပါတယ်။ သုတ်ရည်ပုံမှန်လမ်းကြောင်းမထွက်ဘဲ နောက်ပြန်နေခြင်းဖြစ်နိုင်ပါတယ်။ ထို့ကြောင့် လိင်ဆက်ဆံစဉ်သုတ်ရည်မထွက်ဘဲ အရည်ကြည်ထွက်သောအခါတွင်လည်း ကိုယ်ဝန်ရနိုင်သည်ဆိုခြင်းမှာ အဆိုပါအရည်တွင် သုတ်ပိုးပါလာသောကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့် စဆက်ဆံစဉ်ကတည်းက ကွန်ဒုံးသုံးပါ။

-ညဘက်သုတ်လွှတ်တတ်သူများ
အရွယ်ရောက်သူများ အထူးသဖြင့်အသက်၂၀ ဝန်းကျင်ရှိသူများအနေဖြင့် ညအိပ်ပျော်နေစဉ် သူ့အလိုလို့သုတ်ရည်ထွက်ကျနေတတ်ပါတယ်။ ထို့သို့ဖြစ်ရခြင်းမှာ မိမိစိတ်ပူးအိပ်မက်ကြောင့်ဖြစ်နိုင်ပါတယ်။ အထွေအထူးကုသရန်မလိုသော်လည်း အိပ်ရာဝင်ခါနီး လိင်စိတ်ပြင်ထန်စေသောအကြောင်းအရာများမကြည့်မိအောင်ရှောင်ပါ။

-ဆေးဝါးဆိုးကျိုးများ
အချို့စိတ်ရောဂါအတွက် ကုသသောဆေးများနှင့်ဟော်မုန်းဆေးများသည် သုတ်ရည်မထိန်းနိုင်မူဖြစ်စေပါတယ်။ လိင်စိတ်နည်းပါးခြင်း၊ သုတ်လွှတ်နောက်ကျခြင်းနှင့် ပန်းညိူးခြင်းစသည်တို့ကိုဖြစ်စေနိုင်ပါတယ်။ ထိုအခါသေချာဆရာဝန်နှင့်တိုင်ပင်ကုသမူခံယူပါ။

-ဆီးကြိတ်ပြဿနာများ
ဆီးကြိတ်သည် သုတ်ရည်သည် လိင်တံမှထွက်ရန် ကူညီပေးသောဂလင်းဖြစ်ပါတယ်။ ပိုးကူးစက်ခြင်းနှင့် အာရုံကြောထိခိုက်ခြင်းတို့ကြောင့် ဆီးကြိတ်ရောင်ခဲ့သော် သုတ်လွှတ်ရာတွင် ထိခိုက်နိုင်ပါတယ်။ ဆီးကြိတ်ရောင်ခြင်းအပြင် ဆီးကြိတ်ကင်ဆာဖြစ်ပါကလည်း ဆီးသွားရခက်ခဲခြင်း၊ သုတ်လွှတ်အဆင်မပြေခြင်းနှင့် သုတ်ရည်ထဲသွေးပါခြင်းစသည့်တို့ကိုပါ ခံစားရနိုင်ပါတယ်။ ထို့ကြောင့် သေချာကုသမူခံယူသင့်ပါတယ်။

-အာရုံကြောထိခိုက်ဒဏ်ရာရခြင်း
အကြောင်းတစုံတရာကြောင့် အာရုံကြောထိခိုက်ခဲ့လျှင် သုတ်လွှတ်ပြသနာနှင့် သုတ်ရည်မထိန်းနိုင်ခြင်းစသည်တို့ကိုခံစားရပါလိမ့်မယ်။ အသက်ကြီးခြင်း၊ အာရုံကြောမကြီးပိုးဝင်ခြင်း၊ ဒဏ်ရာရခြင်း၊ ခွဲစိတ်မူခံယူရခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။

ဆီးသွားပြီးနောက်သုတ်ရည်ထွက်လာခြင်းသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ သို့သော် သုတ်ရည်ချည်းမဟုတ်ဘဲ လိင်ဆက်ဆံခြင်းကြောင့်ရောဂါကူးစက်မူကြောင့်ဖြစ်ခဲ့လျှင် ကုသမူခံယူရန်လိုအပ်ပါတယ်။ သုတ်ရည်သည်ပုံမှန်လမ်းကြောင်းအတိုင်းမဆင်းဘဲ ဆီးအိမ်ထဲပြန်ဝင်မူကြောင့် ဆီးအရောင်နောက်နေတတ်ပါတယ်။ ဆီးသွားပြီးနောက်သုတ်ရည်ထွက်ခြင်းသည်စိတ်ပူရန်မလိုဟုဆိုသော်ငြားလည်းအောက်ပါလက္ခဏာများဖြစ်လာပါက အမြန်ဆုံးဆေးကုသရန်လိုအပ်ပါတယ်။

-သုတ်ရည် သို့မဟုတ် ဆီးထဲသွေးပါခြင်း
-သုတ်ရည်အနံဆိုးနံခြင်း
-သုတ်လွှတ်ရာတွင်ခက်ခဲခြင်း
-သုတ်ရည်လွှတ်ရာနှင့်ဆီးသွားရာတွင်နာကျင်ခြင်း
-ပုံမှန်သုတ်ရည်အရောင်မဟုတ်ခြင်း တို့ဖြစ်လာပါက သေချာဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်နှင့်သေချာကုသမူခံယူရန်လိုအပ်ပါတယ်။

Dr.Ei Cho

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image