မစားကောင်းတဲ့အသီး

မစားေကာင္းတဲ့အသီး (Why you should avoid oral sex)

အခုေခတ္ဟာ အရင္ေခတ္ကထက္ အစစအရာရာမွာ လြတ္လပ္ပြင္႔လင္းလာျပီး ဖုန္းေတြ အင္တာနက္ေတြလည္း လူတိုင္းသံုးနိုင္လာၾကပါတယ္။

ဒီအခါမွာ အင္တာနက္က အျပာ ဇာတ္ကားေတြၾကည္႔၊အျပာစာအုပ္ေတြ ဖတ္ျပီး လိင္ဆက္ဆံရာမွာ အရင္ေခတ္ကလို ရိုးရိုးတန္းတန္း ဖိုအဂၤါ နဲ႔ မအဂၤါဆက္ဆံတာမဟုတ္ဘဲ ပါးစပ္နဲ႔ဆက္ဆံတာ၊စအိုနဲ႔ဆက္ဆံတာမ်ိဳးစတဲ႔ပံုမွန္မဟုတ္တဲ႔ဆက္ဆံနည္းေတြဟာ အခုေနာက္ပိုင္းမွာ လူထုၾကားမွာ တြင္က်ယ္လာပါတယ္။

ဒီတပတ္မွာ ေတာ႔ ပါးစပ္ျဖင္႔လိင္ဆက္ဆံျခင္းအေၾကာင္းကို ေရးသားတင္ျပခ်င္ပါတယ္။

ပါးစပ္ျဖင္႔လိင္ဆက္ဆံတယ္ဆိုတာဟာ လူတဦးက သူရဲ႕ပါးစပ္၊နႈတ္ခမ္း၊လွ်ာ စတဲ႔ပါးစပ္အဂၤါစိတ္အပိုင္းေတြကိုသံုးျပီး တျခားသူတဦးရဲ႕လိင္အဂၤါအစိတ္အပိုင္းေတြကို နႈိးဆြကာ လိင္စိတ္အထြတ္အထိပ္ေရာက္ေစျပီး ျပီးေျမွာက္မႈျဖစ္ေစတာျဖစ္ပါတယ္။

ေဆးပညာအရေတာ႔ oral sex လို႔ေခၚပါတယ္။

oral sex လုပ္ျခင္းျဖင္႔ ဖိုအဂၤါနဲ႔မအဂၤါဆက္ဆံသလိုကေလးမရနိုင္ဘူး။စိတ္ေက်နပ္မႈလည္းရတယ္။ေအအိုင္ဒီအက္စ္၊ကာလသားစတဲ႔ေရာဂါေတြလည္းမကူးနိုင္ဘူး လို႔ ထင္ၾကတဲ႔အတြက္ ယခုေခတ္ လူငယ္လူရြယ္ေတြၾကားမွာ ပါးစပ္ျဖင္႔လိင္ဆက္ဆံျခင္းဟာ ေခတ္စားေနပါတယ္။

ပါးစပ္ျဖင္႔လိင္ဆက္ဆံျခင္းဟာ ဖိုအဂၤါနဲ႔မအဂၤါဆက္ဆံသလိုကေလးမရနိုင္ဘူး။စိတ္ေက်နပ္မႈလည္းရတယ္ ဆိုတဲ႔အခ်က္နွစ္ခ်က္ကေတာ႔ မွန္ေပမယ္႔ ေအအိုင္ဒီအက္စ္၊ကာလသားစတဲ႔ေရာဂါေတြမကူးစက္နိုင္ဘူးဆိုတာကေတာ႔မဟုတ္ပါ။

Oral Sex ကေန ကာလသားေရာဂါကူးနိုင္သလို ဂနိုေခၚဆီးပူေညာင္းက်ေရာဂါ၊လိင္အဂၤါေရယုန္၊လိင္အဂၤါၾကြက္နို႔ ေရာဂါေတြကူးနိုင္ပါတယ္။

ဒါ႔အျပင္ အသည္းေရာင္အသား၀ါဘီပိုးစီပိုး လည္းကူးနိုင္ပါတယ္။

ေအအိုင္ဒီအက္စ္ကူးနိုင္ေျခအေနနဲ႔ေတာ႔ ကူးစက္နိုင္ေျခ ၁ရာခိုင္နႈန္းသာရွိတယ္လို႔ ေဖာ္ျပတဲ႔သုေတသနေတြလည္းရွိသလို ကူးစက္နိုင္ေျခ ၈ရာခိုင္နႈန္းအထိရွိတယ္လို႔ ေဖာ္ျပတဲ႔သုေတသနေတြလည္းရွိပါတယ္။

Oral Sex လုပ္တဲ႔အခါ

လုပ္ေပးတဲ႔သူက တကိုယ္ေရသန္႔ရွင္းမႈမရွိရင္၊ပါးစပ္၊လည္ေခ်ာင္း၊လွ်ာ၊နႈတ္ခမး္ေတြမွာ အနာေတြရွိရင္ အလုပ္ခံတဲ႔သူကို လိင္မွတဆင္႔ကူးစက္ေရာဂါေတြကူးစက္နိုင္ေျခဟာပိုမ်ားသလို

အလုပ္ခံတဲ႔သူကတကိုယ္ေရသန္႔ရွင္းမႈမရွိရင္၊လိင္အဂၤါမွာအနာရွိရင္၊ရာသီလာေနရင္၊လုပ္ေပးတဲ႔သူပါးစပ္ထဲမွာသုတ္လႊတ္ရင္လည္း လုပ္ေပးတဲ႔သူကို လိင္မွတဆင္႔ကူးစက္ေရာဂါေတြကူးစက္နိုင္ေျခဟာ ပိုမ်ားပါတယ္။

ဒီလိုမ်ိဳးကူးစက္ေရာဂါေတြကိုကာကြယ္ဖို႔အတြက္ ကြန္ဒံုးသံုးနိုင္ေပမယ္႔ ဖိုအဂၤါ မအဂၤါဆက္ဆံတာမဟုတ္ဘဲ ပါးစပ္နဲ႔ဆက္ဆံတာျဖစ္တဲ႔အတြက္ ကြန္ဒံုးေပါက္တာျပဲတာျဖစ္နိုင္ေျခက မ်ားပါတယ္။

ဒါေၾကာင္႔ အဆံုးသတ္အေနနဲ႔အၾကံေပးရရင္ေတာ႔ ပါးစပ္ျဖင္႔ဆက္ဆံျခင္းကို ေရွာင္ပါ။မေရွာင္နိုင္လို႔ ဆက္ဆံမည္ဆိုပါက ကိုယ္နဲ႔ဆက္ဆံဖက္က ကိုယ္႔အျပင္တျခားဆက္ဆံဖက္မ်ားမမ်ား၊ တကို္္ယ္ရည္သန္႔ရွင္းမႈရွိမရွိ၊ေရာဂါရွိမရွိ၊အနာရွိမရွိ ေသခ်ာသိမွဆက္ဆံပါ။ကြန္ဒံုးသံုးပါ။ရာသီလာေနခ်ိန္မွာမဆက္ဆံပါနဲ႔။

Dr 528

Unicode Version

မစားကောင်းတဲ့အသီး(Why you should avoid oral sex)

အခုခေတ်ဟာ အရင်ခေတ်ကထက် အစစအရာရာမှာ လွတ်လပ်ပွင့်လင်းလာပြီး ဖုန်းတွေ အင်တာနက်တွေလည်း လူတိုင်းသုံးနိုင်လာကြပါတယ်။

ဒီအခါမှာ အင်တာနက်က အပြာ ဇာတ်ကားတွေကြည့်၊အပြာစာအုပ်တွေ ဖတ်ပြီး လိင်ဆက်ဆံရာမှာ အရင်ခေတ်ကလို ရိုးရိုးတန်းတန်း ဖိုအင်္ဂါ နဲ့ မအင်္ဂါဆက်ဆံတာမဟုတ်ဘဲ ပါးစပ်နဲ့ဆက်ဆံတာ၊စအိုနဲ့ဆက်ဆံတာမျိုးစတဲ့ပုံမှန်မဟုတ်တဲ့ဆက်ဆံနည်းတွေဟာ အခုနောက်ပိုင်းမှာ လူထုကြားမှာ တွင်ကျယ်လာပါတယ်။

ဒီတပတ်မှာ တော့ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

ပါးစပ်ဖြင့်လိင်ဆက်ဆံတယ်ဆိုတာဟာ လူတဦးက သူရဲ့ပါးစပ်၊နှုတ်ခမ်း၊လျှာ စတဲ့ပါးစပ်အင်္ဂါစိတ်အပိုင်းတွေကိုသုံးပြီး တခြားသူတဦးရဲ့လိင်အင်္ဂါအစိတ်အပိုင်းတွေကို နှိုးဆွကာ လိင်စိတ်အထွတ်အထိပ်ရောက်စေပြီး ပြီးမြှောက်မှုဖြစ်စေတာဖြစ်ပါတယ်။

ဆေးပညာအရတော့ oral sex လို့ခေါ်ပါတယ်။

oral sex လုပ်ခြင်းဖြင့် ဖိုအင်္ဂါနဲ့မအင်္ဂါဆက်ဆံသလိုကလေးမရနိုင်ဘူး။စိတ်ကျေနပ်မှုလည်းရတယ်။အေအိုင်ဒီအက်စ်၊ကာလသားစတဲ့ရောဂါတွေလည်းမကူးနိုင်ဘူး လို့ ထင်ကြတဲ့အတွက် ယခုခေတ် လူငယ်လူရွယ်တွေကြားမှာ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဟာ ခေတ်စားနေပါတယ်။

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဟာ ဖိုအင်္ဂါနဲ့မအင်္ဂါဆက်ဆံသလိုကလေးမရနိုင်ဘူး။စိတ်ကျေနပ်မှုလည်းရတယ် ဆိုတဲ့အချက်နှစ်ချက်ကတော့ မှန်ပေမယ့် အေအိုင်ဒီအက်စ်၊ကာလသားစတဲ့ရောဂါတွေမကူးစက်နိုင်ဘူးဆိုတာကတော့မဟုတ်ပါ။

Oral Sex ကနေ ကာလသားရောဂါကူးနိုင်သလို ဂနိုခေါ်ဆီးပူညောင်းကျရောဂါ၊လိင်အင်္ဂါရေယုန်၊လိင်အင်္ဂါကြွက်နို့ ရောဂါတွေကူးနိုင်ပါတယ်။

ဒါ့အပြင် အသည်းရောင်အသားဝါဘီပိုးစီပိုး လည်းကူးနိုင်ပါတယ်။

အေအိုင်ဒီအက်စ်ကူးနိုင်ခြေအနေနဲ့တော့ ကူးစက်နိုင်ခြေ ၁ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြတဲ့သုတေသနတွေလည်းရှိသလို ကူးစက်နိုင်ခြေ ၈ရာခိုင်နှုန်းအထိရှိတယ်လို့ ဖော်ပြတဲ့သုတေသနတွေလည်းရှိပါတယ်။

Oral Sex လုပ်တဲ့အခါ

လုပ်ပေးတဲ့သူက တကိုယ်ရေသန့်ရှင်းမှုမရှိရင်၊ပါးစပ်၊လည်ချောင်း၊လျှာ၊နှုတ်ခမ်းတွေမှာ အနာတွေရှိရင် အလုပ်ခံတဲ့သူကို လိင်မှတဆင့်ကူးစက်ရောဂါတွေကူးစက်နိုင်ခြေဟာပိုများသလို

အလုပ်ခံတဲ့သူကတကိုယ်ရေသန့်ရှင်းမှုမရှိရင်၊လိင်အင်္ဂါမှာအနာရှိရင်၊ရာသီလာနေရင်၊လုပ်ပေးတဲ့သူပါးစပ်ထဲမှာသုတ်လွှတ်ရင်လည်း လုပ်ပေးတဲ့သူကို လိင်မှတဆင့်ကူးစက်ရောဂါတွေကူးစက်နိုင်ခြေဟာ ပိုများပါတယ်။

ဒီလိုမျိုးကူးစက်ရောဂါတွေကိုကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးနိုင်ပေမယ့် ဖိုအင်္ဂါ မအင်္ဂါဆက်ဆံတာမဟုတ်ဘဲ ပါးစပ်နဲ့ဆက်ဆံတာဖြစ်တဲ့အတွက် ကွန်ဒုံးပေါက်တာပြဲတာဖြစ်နိုင်ခြေက များပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးရရင်တော့ ပါးစပ်ဖြင့်ဆက်ဆံခြင်းကို ရှောင်ပါ။မရှောင်နိုင်လို့ ဆက်ဆံမည်ဆိုပါက ကိုယ်နဲ့ဆက်ဆံဖက်က ကိုယ့်အပြင်တခြားဆက်ဆံဖက်များမများ၊ တကို်ယ်ရည်သန့်ရှင်းမှုရှိမရှိ၊ရောဂါရှိမရှိ၊အနာရှိမရှိ သေချာသိမှဆက်ဆံပါ။ကွန်ဒုံးသုံးပါ။ရာသီလာနေချိန်မှာမဆက်ဆံပါနဲ့။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image