ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

ကိုယ္ဝန္မရေအာင္ ရက္ေရွာင္တယ္ဆိုတာ (or) Calendar Method

ရက္ေရွာင္နည္းဆိုတာဟာ ေသာက္ေဆးေသာက္တာ၊ထိုးေဆးထိုးတာ၊ကြန္ဒုံးသုံးတာ၊သားအိမ္ထဲပစၥည္းထည့္တာ၊လက္ေမာင္းေအာက္ပစၥည္းျမႇပ္တာ စတဲ့သားဆက္ျခားနည္းလမ္းေတြထဲက သားဆက္ျခားနည္းလမ္း တခုျဖစ္ပါတယ္။

ေဆးပညာအရေတာ့ Calender Method လို႔လည္းေခၚပါတယ္။

သေႏၶတည္ဖို႔(ကိုယ္ဝန္ရဖို႔)ဆိုရင္ အမ်ိဳးသားရဲ႕သုတ္ေကာင္နဲ႔အမ်ိဳးသမီးရဲ႕မမ်ိဳးဥတို႔ေပါင္းစပ္ၾကရပါတယ္။

ရက္ေရွာင္နည္းဆိုတာဟာ သုတ္ေကာင္နဲ႔သားဥေပါင္းၿပီး သေႏၶတည္တာ(ကိုယ္ဝန္ရတာ)မျဖစ္ဖို႔အတြက္ သားဥေႂကြမယ့္ရက္နဲ႔အနီးတဝိုက္ရက္ေတြကိုတြက္ၿပီး အဲ့ရက္ေတြမွာ အတူေနလိင္ဆက္ဆံတာကိုေရွာင္ကာ က်န္တဲ့ရက္ေတြမွာ အတူေနလိင္ဆက္ဆံျခင္းျဖစ္ပါတယ္။

ဒီလိုေရးတဲ့အတြက္ သားဥေႂကြမယ့္ရက္ပဲေရွာင္လို႔မရဘူးလား ဘာလို႔အဲ့အနီးတဝိုက္ရက္ေတြပါေရွာင္ရမွာလဲဆိုၿပီး တခ်ိဳ႕သူေတြအေနနဲ႔ ေမးခ်င္ၾကမွာပါ။

သားဥေႂကြမယ့္ရက္ပဲေရွာင္လို႔မရပါဘူး။သားဥေႂကြမယ့္ရက္နဲ႔အနီးတဝိုက္ရက္ေတြပါေရွာင္ရပါမယ္။ဘာလို႔လဲဆိုေတာ့ သားဥရဲ႕သက္တမ္းကတရက္ခံၿပီး သုတ္ေကာင္ရဲ႕သက္တမ္းဟာမိန္းမကိုယ္ထဲမွာဆိုရင္ သုံးရက္ထိအသက္ရွင္ႏိုင္လို႔ပါ။

အမ်ိဳးသမီးေတြဟာ တေယာက္နဲ႔တေယာက္ ရာသီလာတဲ့ရက္ခ်င္း မတူၾကပါဘူး။

ဥပမာေျပာရရင္ တခ်ိဳ႕အမ်ိဳးသမီးေတြက ရက္၃၀ျပည့္တိုင္း တႀကိမ္ရာသီလာတာရွိသလို တခ်ိဳ႕ေတြက် ၂၈ရက္ျပည့္တိုင္း တႀကိမ္ရာသီလာပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ရာသီလာတဲ့ရက္က လတိုင္းမွန္မွ ရက္ေရွာင္နည္းကိုသုံးလို႔ရပါမယ္။

ဆိုလိုတာက ဒီလရက္၃၀နဲ႔ရာသီလာၿပီး ေနာက္လက်၂၈ရက္နဲ႔လာလိုက္ ေနာက္လက် ၂၀ရက္နဲ႔လာလိုက္ မျဖစ္ရပါဘူး။

ရက္၃၀တႀကိမ္ ရာသီလာတဲ့အမ်ိဳးသမီးက လတိုင္းရက္၃၀ျပည့္တာနဲ႔ရာသီလာဖို႔လိုသလို ၂၈ရက္နဲ႔ရာသီလာတဲ့အမ်ိဳးသမီးကလည္း လတိုင္း၂၈ရက္ျပည့္တာနဲ႔ရာသီလာဖို႔လိုပါတယ္။

ဒါမွသာ မ်ိဳးဥေႂကြရက္ကို တြက္လို႔ရၿပီး ေရွာင္ရမယ့္ရက္ေတြကို တြက္လို႔ရမွာပါ။

မမ်ိဳးဥက အၾကမ္းအားျဖင့္ ရာသီလာဖို႔ ၁၄ရက္အလိုေလာက္မွာေႂကြေလ့ရွိပါတယ္။

သုတ္ပိုးသက္တမ္းနဲ႔ မမ်ိဳးဥသက္တမ္းကိုပါထည့္တြက္ရတဲ့အတြက္ မမ်ိဳးဥေႂကြတဲ့ရက္အျပင္ အဲ့ေရွ႕၃ရက္ နဲ႔ ေနာက္၁ရက္ပါ အတူေနလိင္ဆက္ဆံတာကိုေရွာင္ရပါမယ္။

(ဥပမာ ၂၈ရက္တႀကိမ္ရာသီလာတဲ့အမ်ိဳးသမီးဆိုပါက ရာသီလာၿပီး ၁၁ရက္ေျမႇာက္ေန႔ကေန ၁၅ ရက္ေျမႇာက္ေန႔ အတြင္း အတူေနလိင္ဆက္ဆံတာကိုေရွာင္ရပါမယ္။

၃၀ရက္တႀကိမ္ရာသီလာတဲ့အမ်ိဳးသမီးဆိုပါက ရာသီလာၿပီး၁၃ရက္ေျမႇာက္ေန႔ကေန ၁၇ရက္ေျမႇာက္ေန႔အတြင္း အတူေနလိင္ဆက္ဆံတာကိုေရွာင္ရပါမယ္။)

ေသာက္ေဆးေသာက္တာ၊ထိုးေဆးထိုးတာစတဲ့သားဆက္ျခားနည္းေတြမွာ အားသာခ်က္အားနည္းခ်က္ရွိသလို ရက္ေရွာင္နည္းမွာလည္း အားသာခ်က္အားနည္းခ်က္ရွိပါတယ္။

ရက္ေရွာင္နည္းမွာအားသာခ်က္အေနနဲ႔ေသာက္ေဆးထိုးေဆးေတြလိုေဟာမုန္းရဲ႕ေဘးထြက္ဆိုးက်ိဳးေတြမခံစားရျခင္း၊ေငြကုန္သက္သာျခင္း နဲ႔ ကြန္ဒုံးသုံးသလို အလႊာျခားကမာၻျခားတာမ်ိဳးမရွိဘဲ အိမ္ေထာင္ေရးသုခအျပည့္အဝရျခင္း စတဲ့အခ်က္ေတြျဖစ္ပါတယ္။

အားနည္းခ်က္ကေတာ့ ဒီနည္းဟာ ကိုယ္ဝန္တားနည္းေတြထဲမွာ စိတ္ခ်ရမႈအနည္းဆုံးနည္းျဖစ္ၿပီး ကိုယ္ဝန္ရႏိုင္ေျခတအားမ်ားတဲ့နည္းျဖစ္ပါတယ္။

ဘာလို႔လဲဆိုေတာ့ မ်ိဳးဥေႂကြရက္ဟာ စိတ္ဖိစီးစရာမ်ားတာ၊ေနမေကာင္းတာ၊အကိုက္အခဲေပ်ာက္ေဆးေတြေသာက္တာ စတဲ့အခ်က္ေတြေၾကာင့္ ေစာတာ၊ေနာက္က်တာျဖစ္ႏိုင္လို႔ပါ။

ဒါ့ျပင္ ရာသီလာရက္ဟာလည္း ေသြးအားနည္းတာ၊အေရးေပၚတားေဆးေတြေသာက္တာေၾကာင့္လည္းရာသီလာရက္မမွန္တာျဖစ္ႏိုင္ပါတယ္။

အဲ့အခါမွာဆိုရင္ ေရွာင္ရမယ့္ရက္တြက္တာဟာ မမွန္ႏိုင္ေျခတအားမ်ားၿပီး ကိုယ္ဝန္ရႏိုင္ေျခတအားမ်ားပါတယ္။

ဒါေၾကာင့္အဆုံးသတ္အေနနဲ႔ေျပာရရင္ အမွန္တကယ္ကိုယ္ဝန္မလိုခ်င္ေသးဘူးဆိုပါက ရက္ေရွာင္နည္းကိုမစဥ္းစားဘဲ က်န္တဲ့တားနည္းေတြကိုသုံးဖို႔စဥ္းစားသင့္ပါတယ္။

Dr 528

Unicode Version

ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

ရက်ရှောင်နည်းဆိုတာဟာ သောက်ဆေးသောက်တာ၊ထိုးဆေးထိုးတာ၊ကွန်ဒုံးသုံးတာ၊သားအိမ်ထဲပစ္စည်းထည့်တာ၊လက်မောင်းအောက်ပစ္စည်းမြှပ်တာ စတဲ့သားဆက်ခြားနည်းလမ်းတွေထဲက သားဆက်ခြားနည်းလမ်း တခုဖြစ်ပါတယ်။

ဆေးပညာအရတော့ Calender Method လို့လည်းခေါ်ပါတယ်။

သန္ဓေတည်ဖို့(ကိုယ်ဝန်ရဖို့)ဆိုရင် အမျိုးသားရဲ့သုတ်ကောင်နဲ့အမျိုးသမီးရဲ့မမျိုးဥတို့ပေါင်းစပ်ကြရပါတယ်။

ရက်ရှောင်နည်းဆိုတာဟာ သုတ်ကောင်နဲ့သားဥပေါင်းပြီး သန္ဓေတည်တာ(ကိုယ်ဝန်ရတာ)မဖြစ်ဖို့အတွက် သားဥကြွေမယ့်ရက်နဲ့အနီးတဝိုက်ရက်တွေကိုတွက်ပြီး အဲ့ရက်တွေမှာ အတူနေလိင်ဆက်ဆံတာကိုရှောင်ကာ ကျန်တဲ့ရက်တွေမှာ အတူနေလိင်ဆက်ဆံခြင်းဖြစ်ပါတယ်။

ဒီလိုရေးတဲ့အတွက် သားဥကြွေမယ့်ရက်ပဲရှောင်လို့မရဘူးလား ဘာလို့အဲ့အနီးတဝိုက်ရက်တွေပါရှောင်ရမှာလဲဆိုပြီး တချို့သူတွေအနေနဲ့ မေးချင်ကြမှာပါ။

သားဥကြွေမယ့်ရက်ပဲရှောင်လို့မရပါဘူး။သားဥကြွေမယ့်ရက်နဲ့အနီးတဝိုက်ရက်တွေပါရှောင်ရပါမယ်။ဘာလို့လဲဆိုတော့ သားဥရဲ့သက်တမ်းကတရက်ခံပြီး သုတ်ကောင်ရဲ့သက်တမ်းဟာမိန်းမကိုယ်ထဲမှာဆိုရင် သုံးရက်ထိအသက်ရှင်နိုင်လို့ပါ။

အမျိုးသမီးတွေဟာ တယောက်နဲ့တယောက် ရာသီလာတဲ့ရက်ချင်း မတူကြပါဘူး။

ဥပမာပြောရရင် တချို့အမျိုးသမီးတွေက ရက်၃၀ပြည့်တိုင်း တကြိမ်ရာသီလာတာရှိသလို တချို့တွေကျ ၂၈ရက်ပြည့်တိုင်း တကြိမ်ရာသီလာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရာသီလာတဲ့ရက်က လတိုင်းမှန်မှ ရက်ရှောင်နည်းကိုသုံးလို့ရပါမယ်။

ဆိုလိုတာက ဒီလရက်၃၀နဲ့ရာသီလာပြီး နောက်လကျ၂၈ရက်နဲ့လာလိုက် နောက်လကျ ၂၀ရက်နဲ့လာလိုက် မဖြစ်ရပါဘူး။

ရက်၃၀တကြိမ် ရာသီလာတဲ့အမျိုးသမီးက လတိုင်းရက်၃၀ပြည့်တာနဲ့ရာသီလာဖို့လိုသလို ၂၈ရက်နဲ့ရာသီလာတဲ့အမျိုးသမီးကလည်း လတိုင်း၂၈ရက်ပြည့်တာနဲ့ရာသီလာဖို့လိုပါတယ်။

ဒါမှသာ မျိုးဥကြွေရက်ကို တွက်လို့ရပြီး ရှောင်ရမယ့်ရက်တွေကို တွက်လို့ရမှာပါ။

မမျိုးဥက အကြမ်းအားဖြင့် ရာသီလာဖို့ ၁၄ရက်အလိုလောက်မှာကြွေလေ့ရှိပါတယ်။

သုတ်ပိုးသက်တမ်းနဲ့ မမျိုးဥသက်တမ်းကိုပါထည့်တွက်ရတဲ့အတွက် မမျိုးဥကြွေတဲ့ရက်အပြင် အဲ့ရှေ့၃ရက် နဲ့ နောက်၁ရက်ပါ အတူနေလိင်ဆက်ဆံတာကိုရှောင်ရပါမယ်။

(ဥပမာ ၂၈ရက်တကြိမ်ရာသီလာတဲ့အမျိုးသမီးဆိုပါက ရာသီလာပြီး ၁၁ရက်မြှောက်နေ့ကနေ ၁၅ ရက်မြှောက်နေ့ အတွင်း အတူနေလိင်ဆက်ဆံတာကိုရှောင်ရပါမယ်။

၃၀ရက်တကြိမ်ရာသီလာတဲ့အမျိုးသမီးဆိုပါက ရာသီလာပြီး၁၃ရက်မြှောက်နေ့ကနေ ၁၇ရက်မြှောက်နေ့အတွင်း အတူနေလိင်ဆက်ဆံတာကိုရှောင်ရပါမယ်။)

သောက်ဆေးသောက်တာ၊ထိုးဆေးထိုးတာစတဲ့သားဆက်ခြားနည်းတွေမှာ အားသာချက်အားနည်းချက်ရှိသလို ရက်ရှောင်နည်းမှာလည်း အားသာချက်အားနည်းချက်ရှိပါတယ်။

ရက်ရှောင်နည်းမှာအားသာချက်အနေနဲ့သောက်ဆေးထိုးဆေးတွေလိုဟောမုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရခြင်း၊ငွေကုန်သက်သာခြင်း နဲ့ ကွန်ဒုံးသုံးသလို အလွှာခြားကမ္ဘာခြားတာမျိုးမရှိဘဲ အိမ်ထောင်ရေးသုခအပြည့်အဝရခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။

အားနည်းချက်ကတော့ ဒီနည်းဟာ ကိုယ်ဝန်တားနည်းတွေထဲမှာ စိတ်ချရမှုအနည်းဆုံးနည်းဖြစ်ပြီး ကိုယ်ဝန်ရနိုင်ခြေတအားများတဲ့နည်းဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ မျိုးဥကြွေရက်ဟာ စိတ်ဖိစီးစရာများတာ၊နေမကောင်းတာ၊အကိုက်အခဲပျောက်ဆေးတွေသောက်တာ စတဲ့အချက်တွေကြောင့် စောတာ၊နောက်ကျတာဖြစ်နိုင်လို့ပါ။

ဒါ့ပြင် ရာသီလာရက်ဟာလည်း သွေးအားနည်းတာ၊အရေးပေါ်တားဆေးတွေသောက်တာကြောင့်လည်းရာသီလာရက်မမှန်တာဖြစ်နိုင်ပါတယ်။

အဲ့အခါမှာဆိုရင် ရှောင်ရမယ့်ရက်တွက်တာဟာ မမှန်နိုင်ခြေတအားများပြီး ကိုယ်ဝန်ရနိုင်ခြေတအားများပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့ပြောရရင် အမှန်တကယ်ကိုယ်ဝန်မလိုချင်သေးဘူးဆိုပါက ရက်ရှောင်နည်းကိုမစဉ်းစားဘဲ ကျန်တဲ့တားနည်းတွေကိုသုံးဖို့စဉ်းစားသင့်ပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image