ယောကျ်ားမှန်ရင် သိကိုသိထားရမဲ့အချက် ၅ ချက်

ေယာက်္ားမွန္ရင္ သိကိုုသိထားရမဲ့အခ်က္ ၅ ခ်က္
၁။ေယာက်ာ္းတစ္ေယာက္ရဲ႕ လိင္တံဟာ က်ိဳးနိုင္သလား။
က်ိဳးနိုင္ပါတယ္။သူ႔မွာက အရိုးမရိွတဲ့အတြက္ အရိုးက်ိဳးသလိုေတာ့ မဟုတ္ဘူးေပါ့။ဒါေပမဲ့ ေတာင္မတ္ျခင္းျဖစ္နိုင္ေစဖို႔ရာ အရမ္းကို သန္မာတဲ့အလႊာတစ္ခုနဲ႔ ဖံုးအုပ္ထားတာပဲ ျဖစ္ပါတယ္။လိင္ဆက္ဆံတဲ့အခ်ိန္မွာ ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံမိလို႔ ဒါမွမဟုတ္ အခန္႔မသင့္လို႔ ဒီအလႊာကိုျပဳလုပ္ထားတဲ့ တစ္ရႈးအမာေတြစုတ္ျပတ္က်ိဳးပဲ့သြားတာမ်ိဳးကို လိင္တံက်ိဳးတယ္လို႔ ေခၚပါတယ္။လိင္တံဆိုတဲ့အမ်ိဳးက ေထာင္မတ္ေနတဲ့အခ်ိန္မွာ ေသြးေတြအားေကာင္းေကာင္းနဲ႔ စီးဆင္းေနတာပဲ ျဖစ္ပါတယ္။အဲဒါေၾကာင့္လည္း ေတာင္မတ္နိုင္တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ က်ိဳးသြားခဲ့ရင္ ေသြးေတြအမ်ားၾကီး ထြက္လာမွာပါ။ေဖ်ာင္းခနဲအသံခပ္က်ယ္က်ယ္နဲ႔အတူတူ အလြန္အမင္းလည္း နာက်င္မႈကို ခံစားရတယ္လို႔ဆိုပါတယ္။လိင္တံဟာ အညိဳအမဲစြဲျပီး ေရာင္ကိုင္းလာပါလိမ့္မယ္။အေရးေပၚခြဲစိတ္ကုသမႈ ခံယူဖို႔လိုအပ္ပါလိမ့္မယ္။
၂။ပံုမွန္သုတ္ရည္အေရာင္က ဘယ္လိုမ်ိဳးလဲ။ဘယ္အခ်ိန္ စိတ္ပူသင့္သလဲ။
ပံုမွန္သုတ္ရည္အေရာင္က ျဖဴျပီးေတာ့ ပ်စ္နွစ္ပါတယ္။တခါတေလ သုတ္ရည္ထဲ ေသြးပါတတ္တာမ်ိဳး ရိွနိုင္ေပမဲ့ ကာလအတန္ၾကာ ပါေနတယ္ဆိုရင္ေတာ့ ဆီးက်ိတ္ျပႆနာတခုခုေတာ့ ရိွေနနိုင္ပါတယ္။သုတ္ရည္လႊတ္တဲ့အခ်ိန္မွာ နာလည္းနာတယ္ အနံ႔လည္း မေကာင္းဘူးဆိုရင္ေတာ့ ပိုးကူးစက္ခံထားရတာမ်ိဳး ျဖစ္နိုင္တာမို႔ ဆရာဝန္နဲ႔ျပသျပီး စစ္ေဆးကုသမႈ ခံယူသင့္ပါတယ္။
၃။လူငယ္အရြယ္ပဲ ရိွေသးရက္နဲ႔ လိင္တံဘာလို႔ မေတာင္မတ္နိုင္ရတာလဲ။ပံုမွန္ေရာ ဟုတ္ရဲ႕လား။
အသက္ ၅၀ ေအာက္မွာ လိင္တံေတာင္မတ္မႈမရိွနိုင္တဲ့ျပႆနာက ၅ % ေအာက္ပဲ ရိွပါတယ္။ဒါေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ ခုလိုခံစားေနရတယ္ဆိုရင္ေတာ့ ဆရာဝန္ဆီေျပးတာ အေကာင္းဆံုးပါပဲ။ခုလို ျဖစ္နိုင္တဲ့အေၾကာင္းရင္းေတြကေတာ့  ထိခိုက္ဒဏ္ရာရဖူူးတာ  ေသြးေၾကာျပႆနာ နဲ႔ ေသြးတိုးဆီးခ်ိဳျပႆနာေတြပဲ ျဖစ္ပါတယ္။ဒါ့အျပင္ မူးယစ္ေဆးသံုးတာ နဲ႔ ေဆးလိပ္ေသာက္တာေတြကလည္း လိင္တံေတာင္မတ္ျခင္းကို ထိခိုက္ေစနိုင္ပါေသးတယ္။
၄။ပံုမွန္လိင္တံအရြယ္အစားက ဘယ္ေလာက္လဲ။ၾကီးလာေအာင္ လုပ္လို႔ရလား။
ပံုမွန္အားျဖင့္ေတာ့  သံုးလက္မခြဲ နဲ႔ ခုနစ္လက္မခြဲၾကားပါ။မ်ားေသာအားျဖင့္ ငါးလက္မခြဲေလာက္ေတာ့ ရိွတတ္ၾကပါတယ္။တကယ္လို႔ သင့္လိင္တံက ပံုမွန္အရြယ္အစားမွာ ရိွေနတယ္ဆိုရင္ေတာ့ ပိုၾကီးလာေအာင္ မလုပ္ဖို႔ အၾကံေပးပါရေစ။ဘာလို႔လည္ူဆိုေတာ့ အဲ့လိုၾကီးလာေအာင္လုပ္တဲ့ ဘယ္နည္းလမ္းကမွ စိတ္မခ်ရလို႔ပါပဲ။
၅။လိင္တံအေရျပားထိပ္ကို ျဖတ္သင့္သလား မျဖတ္သင့္ဘူးလား။
က်န္းမာေရးရည္ရြယ္ခ်က္နဲ႔ အေရျပားထိပ္ျဖတ္ျခင္းဟာ ေကာင္းသလား မေကာင္းဘူးလားဆိုတာ ခုထိ ျငင္းခုန္ေနရဆဲကိစၥတခုပါ။ဒါက ကိုယ္ပိုင္ဆံုးျဖတ္ခ်က္လို႔ ေျပာရင္ ပိုမွန္ပါမယ္။ဘယ္ဆရာဝန္ကမွေတာ့ ခင္ဗ်ားကို အသားလြတ္ၾကီး အေရျပားထိပ္ျဖတ္ပါလို႔ ေျပာမွာ မဟုတ္ပါဘူး။အရြယ္ေရာက္ျပီးသားေတြမွာ မ်ားေသာအားျဖင့္ ထိပ္ျဖတ္ရေလ့ရိွတဲ့အေၾကာင္းရင္းေတြကေတာ့ လိင္တံထိပ္အေရျပားဖံုးအုပ္ျပီး ဆီးသြားရန္ခက္ခဲျခင္း နွင့္ လိင္တံတြင္ေရာဂါပိုးဝင္ျခင္းတို႔ပဲ ျဖစ္ပါတယ္။

 

Dr.KG

Unicode Version

ယောကျ်ားမှန်ရင် သိကိုသိထားရမဲ့အချက် ၅ ချက်
၁။ယောကျာ်းတစ်ယောက်ရဲ့ လိင်တံဟာ ကျိုးနိုင်သလား။

ကျိုးနိုင်ပါတယ်။သူ့မှာက အရိုးမရှိတဲ့အတွက် အရိုးကျိုးသလိုတော့ မဟုတ်ဘူးပေါ့။ဒါပေမဲ့ တောင်မတ်ခြင်းဖြစ်နိုင်စေဖို့ရာ အရမ်းကို သန်မာတဲ့အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။လိင်ဆက်ဆံတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့ ဒါမှမဟုတ် အခန့်မသင့်လို့ ဒီအလွှာကိုပြုလုပ်ထားတဲ့ တစ်ရှုးအမာတွေစုတ်ပြတ်ကျိုးပဲ့သွားတာမျိုးကို လိင်တံကျိုးတယ်လို့ ခေါ်ပါတယ်။လိင်တံဆိုတဲ့အမျိုးက ထောင်မတ်နေတဲ့အချိန်မှာ သွေးတွေအားကောင်းကောင်းနဲ့ စီးဆင်းနေတာပဲ ဖြစ်ပါတယ်။အဲဒါကြောင့်လည်း တောင်မတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျိုးသွားခဲ့ရင် သွေးတွေအများကြီး ထွက်လာမှာပါ။ဖျောင်းခနဲအသံခပ်ကျယ်ကျယ်နဲ့အတူတူ အလွန်အမင်းလည်း နာကျင်မှုကို ခံစားရတယ်လို့ဆိုပါတယ်။လိင်တံဟာ အညိုအမဲစွဲပြီး ရောင်ကိုင်းလာပါလိမ့်မယ်။အရေးပေါ်ခွဲစိတ်ကုသမှု ခံယူဖို့လိုအပ်ပါလိမ့်မယ်။

၂။ပုံမှန်သုတ်ရည်အရောင်က ဘယ်လိုမျိုးလဲ။ဘယ်အချိန် စိတ်ပူသင့်သလဲ။

ပုံမှန်သုတ်ရည်အရောင်က ဖြူပြီးတော့ ပျစ်နှစ်ပါတယ်။တခါတလေ သုတ်ရည်ထဲ သွေးပါတတ်တာမျိုး ရှိနိုင်ပေမဲ့ ကာလအတန်ကြာ ပါနေတယ်ဆိုရင်တော့ ဆီးကျိတ်ပြဿနာတခုခုတော့ ရှိနေနိုင်ပါတယ်။သုတ်ရည်လွှတ်တဲ့အချိန်မှာ နာလည်းနာတယ် အနံ့လည်း မကောင်းဘူးဆိုရင်တော့ ပိုးကူးစက်ခံထားရတာမျိုး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

၃။လူငယ်အရွယ်ပဲ ရှိသေးရက်နဲ့ လိင်တံဘာလို့ မတောင်မတ်နိုင်ရတာလဲ။ပုံမှန်ရော ဟုတ်ရဲ့လား။

အသက် ၅၀ အောက်မှာ လိင်တံတောင်မတ်မှုမရှိနိုင်တဲ့ပြဿနာက ၅ % အောက်ပဲ ရှိပါတယ်။ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလိုခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီပြေးတာ အကောင်းဆုံးပါပဲ။ခုလို ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့  ထိခိုက်ဒဏ်ရာရဖူူးတာ  သွေးကြောပြဿနာ နဲ့ သွေးတိုးဆီးချိုပြဿနာတွေပဲ ဖြစ်ပါတယ်။ဒါ့အပြင် မူးယစ်ဆေးသုံးတာ နဲ့ ဆေးလိပ်သောက်တာတွေကလည်း လိင်တံတောင်မတ်ခြင်းကို ထိခိုက်စေနိုင်ပါသေးတယ်။

၄။ပုံမှန်လိင်တံအရွယ်အစားက ဘယ်လောက်လဲ။ကြီးလာအောင် လုပ်လို့ရလား။

ပုံမှန်အားဖြင့်တော့  သုံးလက်မခွဲ နဲ့ ခုနစ်လက်မခွဲကြားပါ။များသောအားဖြင့် ငါးလက်မခွဲလောက်တော့ ရှိတတ်ကြပါတယ်။တကယ်လို့ သင့်လိင်တံက ပုံမှန်အရွယ်အစားမှာ ရှိနေတယ်ဆိုရင်တော့ ပိုကြီးလာအောင် မလုပ်ဖို့ အကြံပေးပါရစေ။ဘာလို့လည်ူဆိုတော့ အဲ့လိုကြီးလာအောင်လုပ်တဲ့ ဘယ်နည်းလမ်းကမှ စိတ်မချရလို့ပါပဲ။

၅။အရေပြားထိပ်ကို ဖြတ်သင့်သလား မဖြတ်သင့်ဘူးလား။

ကျန်းမာရေးရည်ရွယ်ချက်နဲ့ အရေပြားထိပ်ဖြတ်ခြင်းဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ ခုထိ ငြင်းခုန်နေရဆဲကိစ္စတခုပါ။ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ ပြောရင် ပိုမှန်ပါမယ်။ဘယ်ဆရာဝန်ကမှတော့ ခင်ဗျားကို အသားလွတ်ကြီး အရေပြားထိပ်ဖြတ်ပါလို့ ပြောမှာ မဟုတ်ပါဘူး။အရွယ်ရောက်ပြီးသားတွေမှာ များသောအားဖြင့် ထိပ်ဖြတ်ရလေ့ရှိတဲ့အကြောင်းရင်းတွေကတော့ လိင်တံထိပ်အရေပြားဖုံးအုပ်ပြီး ဆီးသွားရန်ခက်ခဲခြင်း နှင့် လိင်တံတွင်ရောဂါပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image