လိင်ဆက်ဆံပြီးပြီးချင်း လုံးဝမလုပ်သင့်တဲ့ အချက် ၂ ချက်

လိင္ဆက္ဆံျပီးျပီးခ်င္း လံုးဝမလုပ္သင့္တဲ့ အခ်က္ ၂ ခ်က္
လိင္ဆက္ဆံတာနဲ႔ ပတ္သက္လို႔ ခင္ဗ်ားတို႔အေနနဲ႔ ဟိုဖတ္ဒီဖတ္နဲ႔ စာအခ်ိဳ႕ ဒါမွမဟုတ္ ေတာ္ေတာ္မ်ားမ်ား ဖတ္ဖူးေကာင္းဖတ္ဖူးပါလိမ့္မယ္။ေပြ႔ဖက္ပူးကပ္ေနတာဟာ ဆက္ဆံေရးကို ပိုေကာင္းေစေၾကာင္း ရာသီမလာခင္ တစ္ရက္ေလာက္အလိုမွာ လိင္ဆက္ဆံတာဟာ အမ်ိဳးသမီးကို ပိုျပီးစိတ္ေက်နပ္မႈရေစေၾကာင္း ဘယ္လိုဘယ္ပံုေလ့က်င့္ခန္းေတြလုပ္ရင္ေတာ့ျဖင့္ လိင္မႈကိစၥမွာ ဘယ္လိုစြမ္းေဆာင္နိုင္မွာျဖစ္ေၾကာင္း အစရိွသျဖင့္ အမ်ိဳးမ်ိဳးေပါ့။
ဒါေပမဲ့ လိင္ဆက္ဆံျပီးျပီးခ်င္း ဘာေတြကေတာ့ျဖင့္ မလုပ္သင့္ပါဘူးရယ္လို႔ ေရးထားတာမ်ိဳးကို ဖတ္ျပီးသြားျပီလား။မ်ားေသာအားျဖင့္ ဒါမ်ိဳးနဲ႔ပတ္သက္လို႔ ေရးသားေဖာ္ျပထားတဲ့ အခ်က္အလက္ေတြက နည္းပါတယ္။ဒါေၾကာင့္ ဒီေဆာင္းပါးမွာ လိင္ဆက္ဆံျပီးတိုင္း ဘယ္ေတာ့မွ မလုပ္သင့္တဲ့အခ်က္၂ခ်က္ကို ေျပာျပေပးသြားပါမယ္။ ခင္ဗ်ားတို႔ အံ့ၾသေကာင္းအံ့ၾသသြားနိုင္မယ္လို႔ေတာ့ ၾကိဳေျပာထားပါရေစ။
၁။ကိစၥျပီးျပီးခ်င္း ေရမခ်ိဳးပါနဲ႔။
ေတာ္ေတာ္မ်ားမ်ားက ကိစၥဝိစၥေတြျပီးရင္ ေရတန္းခ်ိဳးပစ္ျပီး ေဆးေၾကာသန္႔စင္ခ်င္ေလ့ရိွပါတယ္။ဒါဟာ သဘာဝက်တယ္လို႔ ထင္ရေပမဲ့ တကယ့္အမွားၾကီးပါ။အမ်ိဳးသမီးရဲ႕ မိန္းမကိုယ္ဟာ သူ႔ဘာသာသူအလိုအေလ်ာက္သန္႔စင္မႈျပဳလုပ္တတ္တဲ့အဂၤါတခုျဖစ္တာေၾကာင့္ လိင္ဆက္ဆံျပီးတာနဲ႔ ဝုန္းခနဲထျပီး ေရသြားေဆးတာ ေရေျပးခ်ိဳးတာမ်ိဳးေတြ လုပ္စရာမလိုပါဘူး။နာမည္ၾကီးမီးယပ္ဆရာဝန္တဦးရဲ႕ အဆိုအရဆိုရင္ လိင္ဆက္ဆံတဲ့အေတာအတြင္းနဲ႔ ျပီးျပီးခ်င္းအခ်ိန္ေတြမွာ  မိန္းမကိုယ္အတြင္းသားေတြဟာ ပတ္ဝန္းက်င္အေျခအေနကို တုန္႔ျပန္ပံုေျပာင္းလဲသြားတတ္တာေၾကာင့္ ေရတန္းခ်ိဳးတာဟာ မလိုလားအပ္တဲ့အက်ိဳးဆက္ေတြရနိုင္တယ္လို႔ သိရပါတယ္။
၂။ကိုယ့္ရဲ႕အေဖာ္နဲ႔  ေရအတူတူမခ်ိဳးပါနဲ႔။
ရုပ္ရွင္ေတြထဲမွာ မင္းသားနဲ႔မင္းသမီး ခ်စ္တင္းေနွာျပီးသကာလ ေရခ်ိဳးဇလံုၾကီးေတြထဲမယ္ နွစ္ေယာက္သား ခ်စ္ၾကည္ႏူးတစ္တီတူးျပီး ေရတူတူခ်ိဳးၾကတာမ်ိဳး ေတြ႔ဖူးၾကည့္ဖူးၾကပါလိမ့္မယ္။အားမက်လိုက္ပါနဲ႔။တကယ္ ေရွာ့ခ္ရိွတဲ့ကိစၥပါ။လိင္ဆက္ဆံျပီးကာစ အေျခအေနမွာ မိန္းမကိုယ္ရဲ႕အေပါက္ဟာ ပြင့္ေနဆဲပဲ ရိွေနနိုင္တာမို႔ ေရာဂါပိုးေတြအမ်ားၾကီး အလြယ္တကူ ဝင္ေရာက္သြားနိုင္လို႔ပါ။ဒါေၾကာင့္ ရုပ္ရွင္ေတြၾကည့္ျပီး သိပ္ မရို ၾကပါနဲ႔လို႔ပဲ ေျပာပါရေစ။
ကဲ ခုဆို ဘာဘာညာညာေတြလုပ္ျပီီးသြားရင္ ဘာဘာညာညာေတြ မလုပ္ရဘူးဆိုတာကို သိရိွသြားျပီလို႔ ထင္ပါတယ္။ေျပာလက္စနဲ႔ မထူးပါဘူး။လိင္ဆက္ဆံျပီးရင္ အမ်ိဳးသမီးေတြလုပ္သင့္တဲ့အခ်က္ေလးတစ္ခ်က္ပါ ေျပာျပေပးလိုက္ပါမယ္။ဒါကေတာ့ ရႈရႈးေပါက္တာပါပဲ။ဆက္ဆံျပီးျပီးခ်င္းေပါက္ခ်င္လို႔ပဲျဖစ္ျဖစ္ မေပါက္ခ်င္ေသးတာပဲျဖစ္ျဖစ္  လိင္ဆက္ဆံျပီး တစ္နာရီေလာက္အတြင္း ရႈရႈးေပါက္လိုက္တာဟာ မိန္းမကိုုယ္ကိုု သန္႔ရွင္းေရးလုုပ္လိုုက္သလိုုပဲျဖစ္တာမိုု႔    မိန္းမကိုယ္က်န္းမာေရးအတြက္ အထူးသင့္ေတာ္ပါသတဲ့။
အားလံုး က်န္းက်န္းမာမာ ခ်စ္နိုင္ၾကပါေစ။
Dr.KG
Unicode Version

 

လိင်ဆက်ဆံပြီးပြီးချင်း လုံးဝမလုပ်သင့်တဲ့ အချက် ၂ ချက်

လိင်ဆက်ဆံတာနဲ့ ပတ်သက်လို့ ခင်ဗျားတို့အနေနဲ့ ဟိုဖတ်ဒီဖတ်နဲ့ စာအချို့ ဒါမှမဟုတ် တော်တော်များများ ဖတ်ဖူးကောင်းဖတ်ဖူးပါလိမ့်မယ်။ပွေ့ဖက်ပူးကပ်နေတာဟာ ဆက်ဆံရေးကို ပိုကောင်းစေကြောင်း ရာသီမလာခင် တစ်ရက်လောက်အလိုမှာ လိင်ဆက်ဆံတာဟာ အမျိုးသမီးကို ပိုပြီးစိတ်ကျေနပ်မှုရစေကြောင်း ဘယ်လိုဘယ်ပုံလေ့ကျင့်ခန်းတွေလုပ်ရင်တော့ဖြင့် လိင်မှုကိစ္စမှာ ဘယ်လိုစွမ်းဆောင်နိုင်မှာဖြစ်ကြောင်း အစရှိသဖြင့် အမျိုးမျိုးပေါ့။

ဒါပေမဲ့ လိင်ဆက်ဆံပြီးပြီးချင်း ဘာတွေကတော့ဖြင့် မလုပ်သင့်ပါဘူးရယ်လို့ ရေးထားတာမျိုးကို ဖတ်ပြီးသွားပြီလား။များသောအားဖြင့် ဒါမျိုးနဲ့ပတ်သက်လို့ ရေးသားဖော်ပြထားတဲ့ အချက်အလက်တွေက နည်းပါတယ်။ဒါကြောင့် ဒီဆောင်းပါးမှာ လိင်ဆက်ဆံပြီးတိုင်း ဘယ်တော့မှ မလုပ်သင့်တဲ့အချက်၂ချက်ကို ပြောပြပေးသွားပါမယ်။ ခင်ဗျားတို့ အံ့သြကောင်းအံ့သြသွားနိုင်မယ်လို့တော့ ကြိုပြောထားပါရစေ။

၁။ကိစ္စပြီးပြီးချင်း ရေမချိုးပါနဲ့။

တော်တော်များများက ကိစ္စဝိစ္စတွေပြီးရင် ရေတန်းချိုးပစ်ပြီး ဆေးကြောသန့်စင်ချင်လေ့ရှိပါတယ်။ဒါဟာ သဘာဝကျတယ်လို့ ထင်ရပေမဲ့ တကယ့်အမှားကြီးပါ။အမျိုးသမီးရဲ့ မိန်းမကိုယ်ဟာ သူ့ဘာသာသူအလိုအလျောက်သန့်စင်မှုပြုလုပ်တတ်တဲ့အင်္ဂါတခုဖြစ်တာကြောင့် လိင်ဆက်ဆံပြီးတာနဲ့ ဝုန်းခနဲထပြီး ရေသွားဆေးတာ ရေပြေးချိုးတာမျိုးတွေ လုပ်စရာမလိုပါဘူး။နာမည်ကြီးမီးယပ်ဆရာဝန်တဦးရဲ့ အဆိုအရဆိုရင် လိင်ဆက်ဆံတဲ့အတောအတွင်းနဲ့ ပြီးပြီးချင်းအချိန်တွေမှာ  မိန်းမကိုယ်အတွင်းသားတွေဟာ ပတ်ဝန်းကျင်အခြေအနေကို တုန့်ပြန်ပုံပြောင်းလဲသွားတတ်တာကြောင့် ရေတန်းချိုးတာဟာ မလိုလားအပ်တဲ့အကျိုးဆက်တွေရနိုင်တယ်လို့ သိရပါတယ်။

၂။ကိုယ့်ရဲ့အဖော်နဲ့  ရေအတူတူမချိုးပါနဲ့။

ရုပ်ရှင်တွေထဲမှာ မင်းသားနဲ့မင်းသမီး ချစ်တင်းနှောပြီးသကာလ ရေချိုးဇလုံကြီးတွေထဲမယ် နှစ်ယောက်သား ချစ်ကြည်နူးတစ်တီတူးပြီး ရေတူတူချိုးကြတာမျိုး တွေ့ဖူးကြည့်ဖူးကြပါလိမ့်မယ်။အားမကျလိုက်ပါနဲ့။တကယ် ရှော့ခ်ရှိတဲ့ကိစ္စပါ။လိင်ဆက်ဆံပြီးကာစ အခြေအနေမှာ မိန်းမကိုယ်ရဲ့အပေါက်ဟာ ပွင့်နေဆဲပဲ ရှိနေနိုင်တာမို့ ရောဂါပိုးတွေအများကြီး အလွယ်တကူ ဝင်ရောက်သွားနိုင်လို့ပါ။ဒါကြောင့် ရုပ်ရှင်တွေကြည့်ပြီး သိပ် မရို ကြပါနဲ့လို့ပဲ ပြောပါရစေ။

ကဲ ခုဆို ဘာဘာညာညာတွေလုပ်ပြီးသွားရင် ဘာဘာညာညာတွေ မလုပ်ရဘူးဆိုတာကို သိရှိသွားပြီလို့ ထင်ပါတယ်။ပြောလက်စနဲ့ မထူးပါဘူး။လိင်ဆက်ဆံပြီးရင် အမျိုးသမီးတွေလုပ်သင့်တဲ့အချက်လေးတစ်ချက်ပါ ပြောပြပေးလိုက်ပါမယ်။ဒါကတော့ ရှုရှုးပေါက်တာပါပဲ။ဆက်ဆံပြီးပြီးချင်းပေါက်ချင်လို့ပဲဖြစ်ဖြစ် မပေါက်ချင်သေးတာပဲဖြစ်ဖြစ်  လိင်ဆက်ဆံပြီး တစ်နာရီလောက်အတွင်း ရှုရှုးပေါက်လိုက်တာဟာ သန့်ရှင်းရေးလုပ်လိုက်သလိုပဲဖြစ်တာမို မိန်းမကိုယ်ကျန်းမာရေးအတွက် အထူးသင့်တော်ပါသတဲ့။

အားလုံး ကျန်းကျန်းမာမာ ချစ်နိုင်ကြပါစေ။

Dr.KG