အွန်လိုင်းမှာ ကြော်ငြာနေတဲ့ ကြီးဆေးတွေ တကယ်စွမ်းသလား

အြန္လိုုင္းမွာ ေၾကာ္ျငာေနတဲ့ ၾကီးေဆးေတြ တကယ္စြမ္းသလား

လိင္အဂၤါႀကီးထြားေစတဲ့ ေဆးေတြအေၾကာင္းကို chat box ကေန လာလာေမးၾကလြန္းလို႔  ေဖ့စဘုုတ္ထက္အကၡရာတင္ၿပီး႐ွင္းျပေပးလိုက္ပါတယ္။

တခ်ိဳ႕က ထင္ေနၾကတယ္ ။ ကာမဆက္ဆံတဲ့အခါ လိင္အဂၤါ အႀကီးအေသးက အေရးပါတယ္လို႔။ တကယ္ေတာ့ သုေတသန ေလ့လာစမ္းသပ္ခ်က္မ်ားအရ အဲ့လိုမဟုတ္ဘူးဗ်။ ကိုယ့္ရဲ႕ ကာမဆက္ဆံေဖာ္နဲ႔ အေပးအယူ အတိုင္အေဖာက္ညီရင္ ရပါၿပီ။

က်ေနာ့္ကို လာလာေမးၾကတယ္။ဆရာ က်ေနာ့္ေကာင္မေလး သေဘာက်ေအာင္ က်ေနာ့္လိင္အဂၤါႀကီးခ်င္တယ္ ႐ွည္ခ်င္တယ္။ ဘယ္လိုမ်ား လုပ္ရမလဲတဲ့။ က်ေနာ့္ကို အဲ့အပိုင္းမွာ အရမ္းကြၽမ္းက်င္တယ္လို႔ ထင္ေနၾကပံုပဲ။ က်ေနာ့္႐ုပ္က အဲ့လို႐ုပ္မ်ား ေပါက္ေနလို႔လားဗ်ာ။ ကဲလိုရင္းဘဲ ဆက္သြားရေအာင္။

ေယာက္်ာအဂၤါႀကီးထြားျခင္းႏွင့္ ပါတ္သတ္၍
…………………………………………….

ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားက လိင္အဂၤါႀကီးထြားရင္ အမ်ိဳးသမီးေတြကို ကာမဆက္ဆံတဲ့အခါ ဆြဲေဆာင္ႏိုင္တယ္လို႔ ထင္ၾကတယ္။ လံုးဝ မွားပါတယ္။ အဲ့လို အထင္မွားေအာင္လည္း အျပာစာအုပ္ေတြ အျပာကားေတြက ေရးၾက ႐ိုက္ၾကတာကိုး။ တကယ္ေတာ့ ေယာက္်ားေလးအဂၤါက ပံုမွန္အရြယ္ဆို ေထာင္မတ္လာတဲ့အခ်ိန္မွာ ၃လက္မနဲ႔ ၅လက္မၾကား႐ွိရင္ ရပါၿပီ။ တခ်ိဳ႕ကေတာ့ အဲ့ထက္ႀကီးၾကပါတယ္။ ေပ်ာ့ေခြေနတဲ့အခ်ိန္မွာေတာ့ အရြယ္အစား အမ်ိဳးမ်ိဳး႐ွိႏိုင္ၾကပါတယ္။ အဲ့ဒါက တကယ္ေတာ့ ထည့္စဥ္းစားစရာ မလိုဘူး။ လိင္ဆက္ဆံဖို႔ အသင့္ျဖစ္ေနတဲ့အခ်ိန္မွာ လိင္အဂၤါက သူ႔ရဲ႕ပံုမွန္အရြယ္အစားကို ေရာက္တာပါဘဲ။ အရြယ္ေရာက္ၿပီး ေယာက္်ားေလးတေယာက္ဟာ ေထာင္မတ္ေနခ်ိန္မွာေတာင္ ၃လက္မ ထက္တိုေနတယ္ဆိုရင္ေတာ့ micropenis လို႔ေခၚတဲ့ လိင္အဂၤါ ေသးငယ္တဲ့ေရာဂါ ျဖစ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။ အဲ့လိုျဖစ္ေနတယ္ ဆိုရင္ေတာ့ ေရာဂါရဲ႕ဇာစ္ျမစ္ကို႐ွာ သက္ဆိုင္ရာဆရာဝန္နဲ႔ တိုင္ပင္ၿပီး ကုသမႈခံယူရမွာေပါ့။

လိင္အဂၤါ ႀကီးထြားေစေသာ နည္းလမ္းမ်ားႏွင့္ ပါတ္သတ္၍
……………………………………………………………

၁။ ေသာက္ေဆး
……………………

ေဆးကုမၸဏီေတာ္ေတာ္မ်ားမ်ားက ဂ်င္းထည့္ၾကတာပါ။ လိင္အဂၤါ ႀကီးထြားေဆး ဘယ္ႏွရက္ေသာက္ရင္ ဘယ္ေလာက္ႀကီးလာမယ္ ႐ွည္လာမယ္ ကာမဆက္ဆံတဲ့အခါ ၾကာၾကာဆက္ဆံႏိုင္မယ္ စသျဖင့္ေပါ့။ တကယ္စမ္းစစ္ၾကည့္ေတာ့ အဲ့ေဆးေတြထဲမွာ ပါတာေတြက သာမန္ဗီတာမင္နဲ႔ သတၳဳဓာတ္ေတြပါဘဲ။ ေဟာ္မုန္းနည္းနည္းထည့္ထားတယ္။ ဒီေလာက္ပါဘဲ။

၂။ စုပ္ခြက္နဲ႔ဆြဲျခင္း
…………………….

တခ်ိဳ႕ေတြက လိင္အဂၤါ ႐ွည္လာေအာင္ စုပ္ခြက္နဲ႔ဆြဲတဲ့နည္းကို သံုးၾကတယ္။ အဲ့ဒါဟာ ပံုမွန္အရြယ္ထက္ နည္းနည္းပဲ ပို႐ွည္လာေစတာပါ။ ေဘးထြက္ဆိုးက်ိဳး အေနနဲ႔ လိင္တံနဲ႔ ႂကြက္သားေတြေလွ်ာ့လာတယ္။ အသက္ႀကီးလာတဲ့အခါ ေကာင္းေကာင္း မေထာင္မတ္ႏိုင္ေတာ့ဘူး။ ပန္းေသတယ္လို႔ ေျပာၾကတာေပါ့။ ေနာက္တခ်က္က လိင္တံကို ဒါဏ္ရာျဖစ္ေစတယ္။ မေကာင္းဘူးဗ်။

၃။ လိမ္းေဆး
………………

တခ်ိဳ႕က လိမ္းေဆးသံုးၾကတယ္။ လိမ္းေဆးရဲ႕အစြမ္းက လိင္တံရဲ႕ ေသြးေၾကာေလးေတြ က်ယ္လာၿပီး လိင္တံကို ေသြးစီးဆင္းမႈမ်ားလာေစတယ္။ အဲ့ေတာ့ လိင္တံက ႀကီးလာသလိုခံစားရေစတယ္။ အဲ့ဒါကလည္း လိမ္းထားတုန္းဘဲေကာင္းတာ။ ေဆးမလိမ္းေတာ့ရင္ နဂိုအရြယ္ ျပန္ျဖစ္သြားတာပါဘဲ။ သူ႔ရဲ႕ေဘးထြက္ဆိုးက်ိဳးက လိင္ဆက္ဆံတဲ့အခါ လိင္တံရဲ႕ခံစားမႈအရသာကို ထံုသြားေစတယ္။ အဲ့ေတာ့ ကာမအရသာ အျပည့္အဝ မခံစားရေတာ့ဘူး။

၄။ ေဆးထိုးျခင္း ခြဲစိတ္ျပဳျပင္ျခင္း
……………………………………

ေယာက္်ားေလးေတြ အခ်င္းခ်င္း ႂကြားၾကတယ္ ငါက 3cc ငါက 5cc ငါက 8cc ထိုးထားတယ္ စသျဖင့္ေပါ့။ ဘာေဆးေတြကို ဘယ္ေလာက္cc ထိုးၾကတယ္ေတာ့မသိဘူး။ တကယ္တမ္း စမ္းသပ္ခ်က္မ်ားအရ အဲ့လိုထိုးထားရင္ ႀကီးလာတာေတာ့မွန္ေပမယ့္ လိင္တံရဲ႕ေထာင္မတ္ႏိုင္စြမ္းကို ေလ်ွာ့က်ေစတယ္။ လိင္တံရဲ႕ အာ႐ုံခံစြမ္းအားကို က်ေစတယ္။ ကာမအရသာ ခံစားႏိုင္စြမ္းေလွ်ာ့က်လာတယ္။ လိင္တံကင္ဆာ ျဖစ္ႏိုင္ေခ် ပိုျမင့္မားလာတယ္။ လိင္တံဒဏ္ရာရၿပီး ႂကြက္သားေတြေသသြားရင္ ပန္းေသသြားေရာ။
တခ်ိဳ႕ကေတာ့ ခြဲစိတ္ျပဳျပင္ၾကတယ္။ ဆရာဝန္နဲ႔တိုင္ပင္ၿပီး ေသခ်ာခြဲစိတ္ျပဳျပင္ရင္ေတာ့ မဆိုးပါဘူး။ ခြဲစိတ္ျပီး ဆီလီကြန္နဲ႔ ဖိုက္ဗရင္ ထည့္ၾကတာပါဘဲ။ နဂိုအတိုင္းေလာက္ မေကာင္းေလာက္ပါဘူးဗ်ာ။

ေယာက္်ားေလးတေယာက္ဟာ သူ႔လိင္တံဟာ ေသးေနတယ္လို႔ ခံစားရၿပီဆိုရင္ အမ်ားဆံုးျဖစ္ႏိုင္ေျခက စိတ္ေရာဂါဗ်။ အာ့ေၾကာင့္ အဲ့လိုခံစားေနရရင္ စိတ္က်န္းမာေရးပညာ႐ွင္ေတြနဲ႔ သြားေရာက္စကားေျပာ ကုသမႈခံယူသင့္ပါေၾကာင္း။

ေဒါက္ျပည့္

Unicode Version

အွန်လိုင်းမှာ ကြော်ငြာနေတဲ့ ကြီးဆေးတွေ တကယ်စွမ်းသလား

လိင်အင်္ဂါကြီးထွားစေတဲ့ ဆေးတွေအကြောင်းကို chat box ကနေ လာလာမေးကြလွန်းလို့  ဖေ့စဘုတ်ထက်အက္ခရာတင်ပြီးရှင်းပြပေးလိုက်ပါတယ်။

တချို့က ထင်နေကြတယ် ။ ကာမဆက်ဆံတဲ့အခါ လိင်အင်္ဂါ အကြီးအသေးက အရေးပါတယ်လို့။ တကယ်တော့ သုတေသန လေ့လာစမ်းသပ်ချက်များအရ အဲ့လိုမဟုတ်ဘူးဗျ။ ကိုယ့်ရဲ့ ကာမဆက်ဆံဖော်နဲ့ အပေးအယူ အတိုင်အဖောက်ညီရင် ရပါပြီ။

ကျနော့်ကို လာလာမေးကြတယ်။ ‘ဆရာ ကျနော့်ကောင်မလေး သဘောကျအောင် ကျနော့်လိင်အင်္ဂါကြီးချင်တယ် ရှည်ချင်တယ်။ ဘယ်လိုများ လုပ်ရမလဲ’ တဲ့။ ကျနော့်ကို အဲ့အပိုင်းမှာ အရမ်းကျွမ်းကျင်တယ်လို့ ထင်နေကြပုံပဲ။ ကျနော့်ရုပ်က အဲ့လိုရုပ်များ ပေါက်နေလို့လားဗျာ။ ကဲ… လိုရင်းဘဲ ဆက်သွားရအောင်။

ယောက်ျာအင်္ဂါကြီးထွားခြင်းနှင့် ပါတ်သတ်၍
…………………………………………….

ယောက်ျားလေးတော်တော်များများက လိင်အင်္ဂါကြီးထွားရင် အမျိုးသမီးတွေကို ကာမဆက်ဆံတဲ့အခါ ဆွဲဆောင်နိုင်တယ်လို့ ထင်ကြတယ်။ လုံးဝ မှားပါတယ်။ အဲ့လို အထင်မှားအောင်လည်း အပြာစာအုပ်တွေ အပြာကားတွေက ရေးကြ ရိုက်ကြတာကိုး။ တကယ်တော့ ယောက်ျားလေးအင်္ဂါက ပုံမှန်အရွယ်ဆို ထောင်မတ်လာတဲ့အချိန်မှာ ၃လက်မနဲ့ ၅လက်မကြားရှိရင် ရပါပြီ။ တချို့ကတော့ အဲ့ထက်ကြီးကြပါတယ်။ ပျော့ခွေနေတဲ့အချိန်မှာတော့ အရွယ်အစား အမျိုးမျိုးရှိနိုင်ကြပါတယ်။ အဲ့ဒါက တကယ်တော့ ထည့်စဉ်းစားစရာ မလိုဘူး။ လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေတဲ့အချိန်မှာ လိင်အင်္ဂါက သူ့ရဲ့ပုံမှန်အရွယ်အစားကို ရောက်တာပါဘဲ။ အရွယ်ရောက်ပြီး ယောက်ျားလေးတယောက်ဟာ ထောင်မတ်နေချိန်မှာတောင် ၃လက်မ ထက်တိုနေတယ်ဆိုရင်တော့ micropenis လို့ခေါ်တဲ့ လိင်အင်္ဂါ သေးငယ်တဲ့ရောဂါ ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲ့လိုဖြစ်နေတယ် ဆိုရင်တော့ ရောဂါရဲ့ဇာစ်မြစ်ကိုရှာ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူရမှာပေါ့။

လိင်အင်္ဂါ ကြီးထွားစေသော နည်းလမ်းများနှင့် ပါတ်သတ်၍
……………………………………………………………

၁။ ။ သောက်ဆေး
……………………

ဆေးကုမ္ပဏီတော်တော်များများက ဂျင်းထည့်ကြတာပါ။ လိင်အင်္ဂါ ကြီးထွားဆေး ဘယ်နှရက်သောက်ရင် ဘယ်လောက်ကြီးလာမယ် ရှည်လာမယ် ကာမဆက်ဆံတဲ့အခါ ကြာကြာဆက်ဆံနိုင်မယ် စသဖြင့်ပေါ့။ တကယ်စမ်းစစ်ကြည့်တော့ အဲ့ဆေးတွေထဲမှာ ပါတာတွေက သာမန်ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါဘဲ။ ဟော်မုန်းနည်းနည်းထည့်ထားတယ်။ ဒီလောက်ပါဘဲ။

၂။ ။ စုပ်ခွက်နဲ့ဆွဲခြင်း
…………………….

တချို့တွေက လိင်အင်္ဂါ ရှည်လာအောင် စုပ်ခွက်နဲ့ဆွဲတဲ့နည်းကို သုံးကြတယ်။ အဲ့ဒါဟာ ပုံမှန်အရွယ်ထက် နည်းနည်းပဲ ပိုရှည်လာစေတာပါ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ လိင်တံနဲ့ ကြွက်သားတွေလျှော့လာတယ်။ အသက်ကြီးလာတဲ့အခါ ကောင်းကောင်း မထောင်မတ်နိုင်တော့ဘူး။ ပန်းသေတယ်လို့ ပြောကြတာပေါ့။ နောက်တချက်က လိင်တံကို ဒါဏ်ရာဖြစ်စေတယ်။ မကောင်းဘူးဗျ။

၃။ ။ လိမ်းဆေး
………………

တချို့က လိမ်းဆေးသုံးကြတယ်။ လိမ်းဆေးရဲ့အစွမ်းက လိင်တံရဲ့ သွေးကြောလေးတွေ ကျယ်လာပြီး လိင်တံကို သွေးစီးဆင်းမှုများလာစေတယ်။ အဲ့တော့ လိင်တံက ကြီးလာသလိုခံစားရစေတယ်။ အဲ့ဒါကလည်း လိမ်းထားတုန်းဘဲကောင်းတာ။ ဆေးမလိမ်းတော့ရင် နဂိုအရွယ် ပြန်ဖြစ်သွားတာပါဘဲ။ သူ့ရဲ့ဘေးထွက်ဆိုးကျိုးက လိင်ဆက်ဆံတဲ့အခါ လိင်တံရဲ့ခံစားမှုအရသာကို ထုံသွားစေတယ်။ အဲ့တော့ ကာမအရသာ အပြည့်အဝ မခံစားရတော့ဘူး။

၄။ ။ ဆေးထိုးခြင်း ခွဲစိတ်ပြုပြင်ခြင်း
……………………………………

ယောက်ျားလေးတွေ အချင်းချင်း ကြွားကြတယ် ငါက 3cc ငါက 5cc ငါက 8cc ထိုးထားတယ် စသဖြင့်ပေါ့။ ဘာဆေးတွေကို ဘယ်လောက်cc ထိုးကြတယ်တော့မသိဘူး။ တကယ်တမ်း စမ်းသပ်ချက်များအရ အဲ့လိုထိုးထားရင် ကြီးလာတာတော့မှန်ပေမယ့် လိင်တံရဲ့ထောင်မတ်နိုင်စွမ်းကို လျှော့ကျစေတယ်။ လိင်တံရဲ့ အာရုံခံစွမ်းအားကို ကျစေတယ်။ ကာမအရသာ ခံစားနိုင်စွမ်းလျှော့ကျလာတယ်။ လိင်တံကင်ဆာ ဖြစ်နိုင်ချေ ပိုမြင့်မားလာတယ်။ လိင်တံဒဏ်ရာရပြီး ကြွက်သားတွေသေသွားရင် ပန်းသေသွားရော။
တချို့ကတော့ ခွဲစိတ်ပြုပြင်ကြတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာခွဲစိတ်ပြုပြင်ရင်တော့ မဆိုးပါဘူး။ ခွဲစိတ်ပြီး ဆီလီကွန်နဲ့ ဖိုက်ဗရင် ထည့်ကြတာပါဘဲ။ နဂိုအတိုင်းလောက် မကောင်းလောက်ပါဘူးဗျာ။

ယောက်ျားလေးတယောက်ဟာ သူ့လိင်တံဟာ သေးနေတယ်လို့ ခံစားရပြီဆိုရင် အများဆုံးဖြစ်နိုင်ခြေက စိတ်ရောဂါဗျ။ အာ့ကြောင့် အဲ့လိုခံစားနေရရင် စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ သွားရောက်စကားပြော ကုသမှုခံယူသင့်ပါကြောင်း။