မှေ ျာ့ပါတာ  မှေ ျာ့မပါတာ  ဘာကွာမှာလဲ

ေမွ ်ာ႔ပါတာ  ေမွ ်ာ႔မပါတာ  ဘာကြာမွာလဲ

 

မိန္းမလိင္အဂၤါႏွင့္ ပါတ္သတ္၍
………………………………

မိန္းမလိင္အဂၤါ အက်ဥ္း အက်ယ္ ျပႆနာကလည္း ဒီေန႔ေခတ္ျဖစ္ေနတဲ့ ကာမျပႆနာေတြထဲမွာ တခုအပါအဝင္ဘဲ။

မိန္းမလိင္အဂၤါရဲ႕ အက်ဥ္းအက်ယ္က ပံုမွန္မ႐ွိဘူး။ တေယာက္နဲ႔တေယာက္မတူဘူး။ နဂိုကတည္းကကို လိင္အဂၤါႂကြက္သားေတြ ေပ်ာ့ေနလို႔ က်ယ္ေနသေယာင္ျဖစ္ေနတဲ့သူေတြလည္း ႐ွိတယ္။ လိင္အဂၤါႂကြက္သား တင္းတဲ့သူေတြကေတာ့ နဂိုထက္ပိုက်ဥ္းတယ္လို႔ ခံစားရတယ္။ တခ်ိဳ႕ဆိုရင္ လိင္အဂၤါႂကြက္သားေတြက အားေကာင္းလြန္းေတာ့ လိင္ဆက္ဆံတဲ့အခါ အရမ္းက်ပ္ေနလို႔ ေမွ်ာ့ပါတယ္ဆိုၿပီး ေျပာၾကတာေတာင္ ၾကားဖူးေသးတယ္😁😁

ေယာက္်ားေလးေတြက မိန္းမတေယာက္နဲ႔ လိင္ဆက္ဆံလို႔ က်ယ္ေနတယ္လို႔ ခံစားရတဲ့အခါ ဒီမိန္းမက အပ်ိဳမဟုတ္ဘူး ဘာ ညာ စြပ္စြဲၾကတဲ့ ျပႆနာေတြ ၾကားေနရတယ္။

မိန္းမတေယာက္ရဲ႕ လိင္အဂၤါက သားေရကြင္းလိုဘဲဗ်။ လိင္ဆက္ဆံတဲ့အခါ သို႔မဟုတ္ sex toy လို႔ေခၚတဲ့အရာေတြနဲ႔ ထိုးသြင္းၿပီး ကာမအာသာေျဖတဲ့အခါ မိန္းမလိင္အဂၤါဟာ သူ႔အထဲဝင္လာတဲ့ လိင္တံ သို႔မဟုတ္ လိင္တံနဲ႔တူတဲ့အရာရဲ႕ အရြယ္အစားအေလွ်ာက္ က်ယ္သြားတယ္။ ဒါေပမယ့္ အဲ့လိုက်ယ္သြားတာဟာ အခ်ိန္တခုအထိဘဲ။ တသက္လံုး အဲ့ေလာက္အရြယ္အစား က်ယ္သြားေတာ့မွာ မဟုတ္ဘူး။ အခ်ိန္တခု ၾကာၿပီးတဲ့အခါမွာေတာ့ နဂိုအရြယ္အစားကို ျပန္ေရာက္သြားတာပါပဲ။

မိန္းမလိင္အဂၤါကို က်ယ္ေစတဲ့အခ်က္ ၂ခုဘဲ႐ွိတယ္။
) ကေလးေမြးျခင္း
) အသက္အရြယ္

ကေလးကို ေမြးလမ္းေၾကာင္းကေန ေမြးတဲ့အခါ မိန္းမအဂၤါက နဂိုထက္ အမ်ားႀကီး က်ယ္ေပးရတာေလ။ အဲေတာ့ သူက အက်ယ္ႀကီးဆြဲဆန္႔ခံလိုက္ရတဲ့ သားေရကြင္းလို နဂိုအရြယ္ထက္ နည္းနည္း ပိုက်ယ္သြားတာေပါ့ဗ်ာ။ ကေလးေမြးတာ မ်ားရင္ မ်ားသေလာက္ မိန္းမအဂၤါက အနည္းငယ္ဆီ ပိုပိုက်ယ္သြားတတ္တယ္။

ေနာက္တခုက အသက္အရြယ္။ အသက္အရြယ္ ႀကီးလာတဲ့အခါ မိန္းမရဲ႕ လိင္အဂၤါ ႂကြက္သားေတြဟာ ေလ်ွာ့လာတယ္။ အဲ့အခါ နဂိုထက္ ပိုက်ယ္သြားေရာ။

လိင္အဂၤါက်ယ္ေနလို႔ စိတ္ညစ္ေနေသာ မိန္းကေလးမ်ားအတြက္
……………………………………………………………….

အေကာင္းဆံုးကေတာ့ ေလ့က်င့္ခန္းပါဘဲ။ ေလ့က်င္းခန္းလုပ္ရင္ ႂကြက္သားေတြသန္မာလာတာ သဘာဝဘဲေလ။ ႐ွဴ႐ွဴးေပါက္ေနတုန္း တဝက္ေလာက္အေရာက္မွာ ႐ွဴ႐ွဴးကိုထပ္မထြက္ေအာင္ ႂကြက္သားေတြ႐ႈံ႕ၿပီး ထိန္းႏိုင္ပါသလား။ အဲ့လိုလုပ္ႏိုင္ရင္ လိင္အဂၤါ ႂကြက္သားေတြ ေကာင္းေနပါေသးတယ္။ ႂကြက္သားေတြ အဲ့ထက္ပိုသန္မာလာေအာင္လည္း ေလ့က်င့္ခန္း လုပ္လို႔ရတယ္။

စိတ္ကို လိင္အဂၤါႂကြက္သားေတြမွာ စုစည္းထားၿပီ ႐ွဴ႐ွဴး မထြက္က်ေအာင္ ထိန္းသလိုမ်ိဳး ၁၀စကၠန္႔လုပ္ပါ ၿပီးရင္ ၁၀စကၠန္႔နားပါ ေအးေဆးအသက္႐ွဴပါ။ အဲ့ေလ့က်င့္ခန္းက ထိုင္ေနရင္း ဘယ္သူမွ မသိေအာင္လုပ္လို႔ရတဲ့ ႂကြက္သားေလ့က်င့္ခန္း တခုပါဘဲ။

လိင္အဂၤါ အႀကီး အေသး အက်ဥ္း အက်ယ္ နဲ႔ပါတ္သတ္ၿပီး ဒီေလာက္နဲ႔ဘဲ နားလိုက္ပါတယ္။ ကာမျပႆနာမ်ား ကင္း႐ွင္းၾကပါေစ။ ။

ေလးစားစြာျဖင့္

ေဒါက္ျပည့္

Unicode Version

မှေ ျာ့ပါတာ  မှေ ျာ့မပါတာ  ဘာကွာမှာလဲ

မိန်းမလိင်အင်္ဂါနှင့် ပါတ်သတ်၍
………………………………
မိန်းမလိင်အင်္ဂါ အကျဉ်း အကျယ် ပြဿနာကလည်း ဒီနေ့ခေတ်ဖြစ်နေတဲ့ ကာမပြဿနာတွေထဲမှာ တခုအပါအဝင်ဘဲ။
မိန်းမလိင်အင်္ဂါရဲ့ အကျဉ်းအကျယ်က ပုံမှန်မရှိဘူး။ တယောက်နဲ့တယောက်မတူဘူး။ နဂိုကတည်းကကို လိင်အင်္ဂါကြွက်သားတွေ ပျော့နေလို့ ကျယ်နေသယောင်ဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ လိင်အင်္ဂါကြွက်သား တင်းတဲ့သူတွေကတော့ နဂိုထက်ပိုကျဉ်းတယ်လို့ ခံစားရတယ်။ တချို့ဆိုရင် လိင်အင်္ဂါကြွက်သားတွေက အားကောင်းလွန်းတော့ လိင်ဆက်ဆံတဲ့အခါ အရမ်းကျပ်နေလို့ မျှော့ပါတယ်ဆိုပြီး ပြောကြတာတောင် ကြားဖူးသေးတယ်😁😁။
ယောက်ျားလေးတွေက မိန်းမတယောက်နဲ့ လိင်ဆက်ဆံလို့ ကျယ်နေတယ်လို့ ခံစားရတဲ့အခါ ဒီမိန်းမက အပျိုမဟုတ်ဘူး ဘာ ညာ စွပ်စွဲကြတဲ့ ပြဿနာတွေ ကြားနေရတယ်။
မိန်းမတယောက်ရဲ့ လိင်အင်္ဂါက သားရေကွင်းလိုဘဲဗျ။ လိင်ဆက်ဆံတဲ့အခါ သို့မဟုတ် sex toy လို့ခေါ်တဲ့အရာတွေနဲ့ ထိုးသွင်းပြီး ကာမအာသာဖြေတဲ့အခါ မိန်းမလိင်အင်္ဂါဟာ သူ့အထဲဝင်လာတဲ့ လိင်တံ သို့မဟုတ် လိင်တံနဲ့တူတဲ့အရာရဲ့ အရွယ်အစားအလျှောက် ကျယ်သွားတယ်။ ဒါပေမယ့် အဲ့လိုကျယ်သွားတာဟာ အချိန်တခုအထိဘဲ။ တသက်လုံး အဲ့လောက်အရွယ်အစား ကျယ်သွားတော့မှာ မဟုတ်ဘူး။ အချိန်တခု ကြာပြီးတဲ့အခါမှာတော့ နဂိုအရွယ်အစားကို ပြန်ရောက်သွားတာပါပဲ။


မိန်းမလိင်အင်္ဂါကို ကျယ်စေတဲ့အချက် ၂ခုဘဲရှိတယ်။ 
၁) ကလေးမွေးခြင်း
၂) အသက်အရွယ်
ကလေးကို မွေးလမ်းကြောင်းကနေ မွေးတဲ့အခါ မိန်းမအင်္ဂါက နဂိုထက် အများကြီး ကျယ်ပေးရတာလေ။ အဲတော့ သူက အကျယ်ကြီးဆွဲဆန့်ခံလိုက်ရတဲ့ သားရေကွင်းလို နဂိုအရွယ်ထက် နည်းနည်း ပိုကျယ်သွားတာပေါ့ဗျာ။ ကလေးမွေးတာ များရင် များသလောက် မိန်းမအင်္ဂါက အနည်းငယ်ဆီ ပိုပိုကျယ်သွားတတ်တယ်။
နောက်တခုက အသက်အရွယ်။ အသက်အရွယ် ကြီးလာတဲ့အခါ မိန်းမရဲ့ လိင်အင်္ဂါ ကြွက်သားတွေဟာ လျှော့လာတယ်။ အဲ့အခါ နဂိုထက် ပိုကျယ်သွားရော။
လိင်အင်္ဂါကျယ်နေလို့ စိတ်ညစ်နေသော မိန်းကလေးများအတွက်
……………………………………………………………….
အကောင်းဆုံးကတော့ လေ့ကျင့်ခန်းပါဘဲ။ လေ့ကျင်းခန်းလုပ်ရင် ကြွက်သားတွေသန်မာလာတာ သဘာဝဘဲလေ။ ရှူရှူးပေါက်နေတုန်း တဝက်လောက်အရောက်မှာ ရှူရှူးကိုထပ်မထွက်အောင် ကြွက်သားတွေရှုံ့ပြီး ထိန်းနိုင်ပါသလား။ အဲ့လိုလုပ်နိုင်ရင် လိင်အင်္ဂါ ကြွက်သားတွေ ကောင်းနေပါသေးတယ်။ ကြွက်သားတွေ အဲ့ထက်ပိုသန်မာလာအောင်လည်း လေ့ကျင့်ခန်း လုပ်လို့ရတယ်။
စိတ်ကို လိင်အင်္ဂါကြွက်သားတွေမှာ စုစည်းထားပြီ ရှူရှူး မထွက်ကျအောင် ထိန်းသလိုမျိုး ၁၀စက္ကန့်လုပ်ပါ ပြီးရင် ၁၀စက္ကန့်နားပါ အေးဆေးအသက်ရှူပါ။ အဲ့လေ့ကျင့်ခန်းက ထိုင်နေရင်း ဘယ်သူမှ မသိအောင်လုပ်လို့ရတဲ့ ကြွက်သားလေ့ကျင့်ခန်း တခုပါဘဲ။
လိင်အင်္ဂါ အကြီး အသေး အကျဉ်း အကျယ် နဲ့ပါတ်သတ်ပြီး ဒီလောက်နဲ့ဘဲ နားလိုက်ပါတယ်။ ကာမပြဿနာများ ကင်းရှင်းကြပါစေ။ ။
လေးစားစွာဖြင့်