တစ်ခါထည့်ပြီး သုံးနှစ်ချစ်လို့ရတဲ့ပစ္စည်း (သို့မဟုတ်) လက်မောင်းတွင်းထည့်သောသန္ဓေတားပစ္စည်း

တစ္ခါထည့္ျပီး သံုးနွစ္ခ်စ္လိုု႔ရတဲ့ပစၥည္း (သိုု႔) လက္ေမာင္းတြင္းထည့္ေသာသေႏၶတားပစၥည္း

လူေနမႈစရိတ္ေတြ ၾကီးျမင့္ျပီး အျပိဳင္အဆိုင္ေတြျပင္းထန္လာတဲ့ဒီေန႔ေခတ္မွာ အိမ္ေထာင္ရွင္ေတြအေနနဲ႔ လက္ထပ္ျပီး ကေလးခ်က္ခ်င္းတန္းယူဖို႔ဆိုတာ လံုးဝကို မလြယ္ကူတဲ့အရာတစ္ခုပါပဲ။ကေလးယူျပီးသားသူေတြဆို ေနာက္တေယာက္ထပ္ယူဖို႔ဆိုတာ ပိုလို႔ေတာင္မွ စဥ္းစားရပါေသးတယ္။ဒီအခ်က္ေတြေၾကာင့္ သေႏၶတားေဆးေတြနဲ႔ သေႏၶတားပစၥည္းေတြရဲ႕ အခန္းက႑ဟာ အေရးပါလာပါတယ္။

ဟိုးတုန္းကေတာ့ ကိုယ္ဝန္မရေအာင္လုပ္တဲ့နည္းဆိုရင္ ေသာက္ေဆးထိုးေဆးေလာက္ပဲ သိခဲ့ၾကပါတယ္။ေသာက္ေဆးဆိုတာ ေန႔စဥ္အခ်ိန္မွန္မွန္ ေဆးကဒ္မွာျပထားတဲ့ ျမားေလးေတြအတိုင္း ေသာက္ရမယ္။ထိုးေဆးဆိုလည္း သံုးလတခါ သြားထိုးရမယ္ဆိုတာေလာက္ သိခဲ့ၾကတာေပါ့။ဒီေတာ့ ဘာျဖစ္သလဲဆိုရင္ ေဆးေသာက္ဖို႔ေမ့သြားတာ ေဆးထိုးရမဲ့ရက္ေက်ာ္သြားတာစတဲ့ျပႆနာေတြ ၾကံဳလာရပါတယ္။အဲဒီမွာ ေဆးေသာက္ေနရင္းနဲ႔ကိုယ္ဝန္ရသြားတာတို႔ ေဆးထိုးရင္းကပဲ ကိုယ္ဝန္ရသြားတာတို႔ ျဖစ္လာပါတယ္။

ဒီလိုျပႆနာေတြကို ဒီဘက္ေခတ္ေနာက္ပိုင္းမွာ လူသံုးမ်ားလာတဲ့ ခႏၶာကိုယ္ထဲကိုတခါထည့္ထားေပးရံုနဲ႔ နွစ္အတန္ၾကာသေႏၶတားေပးနိုင္တဲ့ပစၥည္းေတြ(Implants)က ေျဖရွင္းလာနိုင္ပါတယ္။တခါထည့္ထားျပီးရင္ နွစ္အၾကာၾကီး ဘာမွထပ္လုပ္စရာမလိုဘဲ ထိထိေရာက္ေရာက္  ကိုယ္ဝန္တားနိုင္တာမို႔  ေမ့တတ္တဲ့အမ်ိဳးသမီးေတြ အလုပ္ရႈပ္တဲ့အမ်ိဳးသမီးေတြအတြက္ အလြန္သင့္ေတာ္ပါတယ္။

ျမန္မာျပည္မွာ လက္ရိွသံုးေနတဲ့ တခါထည့္ထားရင္ အၾကာၾကီးခံတဲ့သေႏၶတားနည္း ၂ မ်ိဳး ရိွပါတယ္။တစ္မ်ိဳးကေတာ့ IUD လို႔ေခၚတဲ့ သားအိမ္ထဲထည့္ရတဲ့ပစၥည္းျဖစ္ျပီး ေနာက္တခုကေတာ့ လက္ေမာင္းထဲကိုထည့္ရတဲ့သေႏၶတားပစၥည္းပါ။ဒီ၂ခုအနက္ အခုေနာက္ပိုင္း နိုင္ငံတကာမွာအသံုးျပဳတာမ်ားလာတဲ့ လက္ေမာင္းထဲထည့္တဲ့သေႏၶတားပစၥည္းအေၾကာင္းေျပာျပခ်င္ပါတယ္။

ဘယ္လိုပံုစံလဲ???

4 cm ေလာက္ပဲရွည္တဲ့ မီးျခစ္ဆံသာသာ ပလတ္စတစ္အေခ်ာင္းေလးပါ။အထဲမွာ ခႏၶာကိုယ္ထဲကို ေျဖးေျဖးခ်င္းစိမ့္ဝင္ေစမဲ့ Progestin လို႔ေခၚတဲ့ေဟာ္မုန္းတမ်ိဳးပါဝင္ပါတယ္။

ဘယ္ေလာက္စိတ္ခ်ရလဲ???

တခါထည့္ထားျပီဆိုတာနဲ႔ ေနာက္ ၃ နွစ္အထိကို ကိုယ္ဝန္မရဖို႔ ၉၉% ေက်ာ္ စိတ္ခ်ရပါတယ္။စိတ္အခ်ရဆံုးသေႏၶတားနည္းေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ဘယ္လိုထည့္သလဲ???

လက္ေမာင္းအေပၚဘက္အတြင္းပိုင္းအေရျပားေအာက္ထဲကို ထံုေဆးေလးျဖန္းျပီး ဆရာဝန္ကိုယ္တိုင္ထည့္ေပးတာပါ။အတြင္းပိုင္းျဖစ္တာေၾကာင့္ ထည့္ထားမွန္းလူသိစရာအေၾကာင္းမရိွပါဘူး။ထံုေဆးမေပးဘဲထည့္ရင္ေတာင္ ပုရြက္ဆိတ္ကိုက္သေလာက္ကို နာက်င္မႈမရိွဘူးလို႔လည္း ထည့္ဖူးသူေတြက ဆိုပါတယ္။

ဘယ္လို သေႏၶတားေပးသလဲ

ဒီပစၥည္းေလးထည့္ထားလိုက္ရင္ သားဥအိမ္ထဲက ဥဟာ အျပင္ထြက္မလာနိုင္ေတာ့ပါဘူး။ဒါ့အျပင္ သားအိမ္ေခါင္းဝနားက အရည္ေတြကိုပ်စ္နွစ္ေစတာေၾကာင့္ သုတ္ပိုးေတြဝင္ေရာက္လို႔ မရေစပါဘူး။

လက္ေမာင္းထဲထည့္ထားျပီး ဘယ္အခ်ိန္မွ အမ်ိဳးသားနဲ႔ ခ်စ္လို႔ရမလဲ

တေျဖးေျဖးခ်င္းထြက္တဲ့ ေဟာ္မုန္းျဖစ္တာေၾကာင့္ ထည့္ျပီး ခုနစ္ရက္အၾကာေလာက္မွ ခႏၶာကိုယ္မွာ ပ်ံ႕နွံ႔ွႏိုင္ပါတယ္။ဒါေၾကာင့္ ၇ ရက္ ဟင့္အင္းလို႔ ေျပာပါ။ေျပာမရရင္ ကြန္ဒံုးသံုးခိုင္းပါ။

ဘာေၾကာင့္ ခုေနာက္ပိုင္းလူသံုးမ်ားလာတာလဲ

၁။စိတ္အခ်ရဆံုးေသာ သေႏၶတားနည္းတစ္ခုျဖစ္တယ္

၂။စ္ခါထည့္ထားလိုက္ရင္ သံုးနွစ္ေလာက္ စိတ္ခ်လက္ခ် ခ်စ္နိုင္ပါတယ္

၃။ဒီပစၥည္းထည့္ထားတဲ့အမ်ိဳးသမီးအေတာ္မ်ားမ်ားမွာ ရာသီလံုးဝမလာတာ ဒါမွမဟုတ္ နဲနဲေလးပဲ လာတာေၾကာင့္ ကရိကထမမ်ားရေတာ့ပါဘူး။(ရာသီမလာတာဟာ ပံုမွန္ပါပဲ)

၄။ရာသီလာစဥ္ျဖစ္တတ္တဲ့ ကိုက္ခဲမႈေတြလည္း အေတာ္ေလးေလ်ာ့က်သြားေစပါတယ္။

၅။ဝက္ျခံသိပ္မထြက္ေတာ့သလို ဝက္ျခံထြက္ေနရင္လည္း သက္သာေစပါတယ္။

၆။Progestin တမ်ိဳးထဲ ပါဝင္တဲ့အတြက္  Estrogen နဲ႔ မတည့္တဲ့အမ်ိဳးသမီးေတြအတြက္ပါ အဆင္ေျပပါတယ္။

၇။ဒီပစၥည္းလက္ေမာင္းထဲထည့္ထားေပမဲ့ ရင္ေသြးငယ္ကိုလည္း စိတ္ခ်လက္ခ် နို႔ခ်ိဳတိုက္ေကြ်းလို႔ရပ္တယ္။

၈။လြယ္ကူစြာ ဖယ္ထုတ္လို႔ရသလို ဖယ္ထုတ္ျပီးရင္လည္း ခပ္ျမန္ျမန္ပဲ ကေလးျပန္ယူလို႔ရနိုင္ပါတယ္။

ဆိုးက်ိဳးေတြေရာ မရိွနိုင္ဘူးလား

ရာသီလာတဲ့ပံုစံအေျပာင္းအလဲတခ်ိဳ႕ေတာ့ ရိွနိုင္ပါတယ္။နဲနဲပဲဆင္းတာ အမ်ားၾကီးဆင္းတာ ဆင္းလိုက္မဆင္းလိုက္ျဖစ္တာ စသျဖင့္ေပါ့။လံုးဝ မလာတာမ်ိဳးလည္း ရိွပါတယ္။ဒါေပမဲ့ တေျဖးေျဖးခ်င္း ပံုမွန္ျပန္ျဖစ္သြားၾကပါတယ္။အျခား သိပ္မဆိုးဝါးတဲ့လကၡဏာေတြကေတာ့ ေခါင္းကိုက္တာ ရင္ျပည့္တာ ရင္သားနာတာေတြပါ။ဒါေတြလည္း အခ်ိန္ၾကာလာတာနဲ႔အမ်ွ မျဖစ္ေတာ့ပါဘူး။ဆိုးက်ိဳးမဟုတ္ေပမဲ့ အားနည္းခ်က္တခုကေတာ့ လိင္ဆက္ဆံခ်င္းေၾကာင့္ ကူးစက္နိုင္တဲ့ေရာဂါေတြကို မကာကြယ္ေပးနိုင္တာပါ။တခုေကာင္းတာက ဒါထည့္လို႔ ဝလာပါတယ္ဆိုတဲ့ အေထာက္အထားမရိွေသးတာပါပဲ။

ခုေလာက္ဆို ဘာလို႔ ဒီလက္ေမာင္းထဲထည့္တဲ့သေႏၶတားပစၥည္းကို(Implant) အမ်ိဳးသမီးအမ်ားစုေရြးခ်ယ္လာၾကသလဲ သိေလာက္ျပီထင္ပါတယ္။

မရွင္းတဲ့အခ်က္ေတြကို Comment မွာ ေမးျမန္းနိုင္ပါတယ္။

အားလံုးက်န္းမာၾကပါေစ။

Dr.KG

Unicode Version

တစ်ခါထည့်ပြီး သုံးနှစ်ချစ်လို့ရတဲ့ပစ္စည်း (သို့မဟုတ်) လက်မောင်းတွင်းထည့်သောသန္ဓေတားပစ္စည်း

လူနေမှုစရိတ်တွေ ကြီးမြင့်ပြီး အပြိုင်အဆိုင်တွေပြင်းထန်လာတဲ့ဒီနေ့ခေတ်မှာ အိမ်ထောင်ရှင်တွေအနေနဲ့ လက်ထပ်ပြီး ကလေးချက်ချင်းတန်းယူဖို့ဆိုတာ လုံးဝကို မလွယ်ကူတဲ့အရာတစ်ခုပါပဲ။ကလေးယူပြီးသားသူတွေဆို နောက်တယောက်ထပ်ယူဖို့ဆိုတာ ပိုလို့တောင်မှ စဉ်းစားရပါသေးတယ်။ဒီအချက်တွေကြောင့် သန္ဓေတားဆေးတွေနဲ့ သန္ဓေတားပစ္စည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။

ဟိုးတုန်းကတော့ ကိုယ်ဝန်မရအောင်လုပ်တဲ့နည်းဆိုရင် သောက်ဆေးထိုးဆေးလောက်ပဲ သိခဲ့ကြပါတယ်။သောက်ဆေးဆိုတာ နေ့စဉ်အချိန်မှန်မှန် ဆေးကဒ်မှာပြထားတဲ့ မြားလေးတွေအတိုင်း သောက်ရမယ်။ထိုးဆေးဆိုလည်း သုံးလတခါ သွားထိုးရမယ်ဆိုတာလောက် သိခဲ့ကြတာပေါ့။ဒီတော့ ဘာဖြစ်သလဲဆိုရင် ဆေးသောက်ဖို့မေ့သွားတာ ဆေးထိုးရမဲ့ရက်ကျော်သွားတာစတဲ့ပြဿနာတွေ ကြုံလာရပါတယ်။အဲဒီမှာ ဆေးသောက်နေရင်းနဲ့ကိုယ်ဝန်ရသွားတာတို့ ဆေးထိုးရင်းကပဲ ကိုယ်ဝန်ရသွားတာတို့ ဖြစ်လာပါတယ်။

ဒီလိုပြဿနာတွေကို ဒီဘက်ခေတ်နောက်ပိုင်းမှာ လူသုံးများလာတဲ့ ခန္ဓာကိုယ်ထဲကိုတခါထည့်ထားပေးရုံနဲ့ နှစ်အတန်ကြာသန္ဓေတားပေးနိုင်တဲ့ပစ္စည်းတွေ(Implants)က ဖြေရှင်းလာနိုင်ပါတယ်။တခါထည့်ထားပြီးရင် နှစ်အကြာကြီး ဘာမှထပ်လုပ်စရာမလိုဘဲ ထိထိရောက်ရောက်  ကိုယ်ဝန်တားနိုင်တာမို့  မေ့တတ်တဲ့အမျိုးသမီးတွေ အလုပ်ရှုပ်တဲ့အမျိုးသမီးတွေအတွက် အလွန်သင့်တော်ပါတယ်။

မြန်မာပြည်မှာ လက်ရှိသုံးနေတဲ့ တခါထည့်ထားရင် အကြာကြီးခံတဲ့သန္ဓေတားနည်း ၂ မျိုး ရှိပါတယ်။တစ်မျိုးကတော့ IUD လို့ခေါ်တဲ့ သားအိမ်ထဲထည့်ရတဲ့ပစ္စည်းဖြစ်ပြီး နောက်တခုကတော့ လက်မောင်းထဲကိုထည့်ရတဲ့သန္ဓေတားပစ္စည်းပါ။ဒီ၂ခုအနက် အခုနောက်ပိုင်း နိုင်ငံတကာမှာအသုံးပြုတာများလာတဲ့ လက်မောင်းထဲထည့်တဲ့သန္ဓေတားပစ္စည်းအကြောင်းပြောပြချင်ပါတယ်။

ဘယ်လိုပုံစံလဲ???

4 cm လောက်ပဲရှည်တဲ့ မီးခြစ်ဆံသာသာ ပလတ်စတစ်အချောင်းလေးပါ။အထဲမှာ ခန္ဓာကိုယ်ထဲကို ဖြေးဖြေးချင်းစိမ့်ဝင်စေမဲ့ Progestin လို့ခေါ်တဲ့ဟော်မုန်းတမျိုးပါဝင်ပါတယ်။

ဘယ်လောက်စိတ်ချရလဲ???

တခါထည့်ထားပြီဆိုတာနဲ့ နောက် ၃ နှစ်အထိကို ကိုယ်ဝန်မရဖို့ ၉၉% ကျော် စိတ်ချရပါတယ်။စိတ်အချရဆုံးသန္ဓေတားနည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဘယ်လိုထည့်သလဲ???

လက်မောင်းအပေါ်ဘက်အတွင်းပိုင်းအရေပြားအောက်ထဲကို ထုံဆေးလေးဖြန်းပြီး ဆရာဝန်ကိုယ်တိုင်ထည့်ပေးတာပါ။အတွင်းပိုင်းဖြစ်တာကြောင့် ထည့်ထားမှန်းလူသိစရာအကြောင်းမရှိပါဘူး။ထုံဆေးမပေးဘဲထည့်ရင်တောင် ပုရွက်ဆိတ်ကိုက်သလောက်ကို နာကျင်မှုမရှိဘူးလို့လည်း ထည့်ဖူးသူတွေက ဆိုပါတယ်။

ဘယ်လို သန္ဓေတားပေးသလဲ

ဒီပစ္စည်းလေးထည့်ထားလိုက်ရင် သားဥအိမ်ထဲက ဥဟာ အပြင်ထွက်မလာနိုင်တော့ပါဘူး။ဒါ့အပြင် သားအိမ်ခေါင်းဝနားက အရည်တွေကိုပျစ်နှစ်စေတာကြောင့် သုတ်ပိုးတွေဝင်ရောက်လို့ မရစေပါဘူး။

လက်မောင်းထဲထည့်ထားပြီး ဘယ်အချိန်မှ အမျိုးသားနဲ့ ချစ်လို့ရမလဲ

တဖြေးဖြေးချင်းထွက်တဲ့ ဟော်မုန်းဖြစ်တာကြောင့် ထည့်ပြီး ခုနစ်ရက်အကြာလောက်မှ ခန္ဓာကိုယ်မှာ ပျံ့နှံ့ှနိုင်ပါတယ်။ဒါကြောင့် ၇ ရက် ဟင့်အင်းလို့ ပြောပါ။ပြောမရရင် ကွန်ဒုံးသုံးခိုင်းပါ။

ဘာကြောင့် ခုနောက်ပိုင်းလူသုံးများလာတာလဲ

-စိတ်အချရဆုံးသော သန္ဓေတားနည်းတစ်ခုဖြစ်တယ်

တစ်ခါထည့်ထားလိုက်ရင် သုံးနှစ်လောက် စိတ်ချလက်ချ ချစ်နိုင်ပါတယ်

ဒီပစ္စည်းထည့်ထားတဲ့အမျိုးသမီးအတော်များများမှာ ရာသီလုံးဝမလာတာ ဒါမှမဟုတ် နဲနဲလေးပဲ လာတာကြောင့် ကရိကထမများရတော့ပါဘူး။(ရာသီမလာတာဟာ ပုံမှန်ပါပဲ)

ရာသီလာစဉ်ဖြစ်တတ်တဲ့ ကိုက်ခဲမှုတွေလည်း အတော်လေးလျော့ကျသွားစေပါတယ်။

ဝက်ခြံသိပ်မထွက်တော့သလို ဝက်ခြံထွက်နေရင်လည်း သက်သာစေပါတယ်။

Progestin တမျိုးထဲ ပါဝင်တဲ့အတွက်  Estrogen နဲ့ မတည့်တဲ့အမျိုးသမီးတွေအတွက်ပါ အဆင်ပြေပါတယ်။

ဒီပစ္စည်းလက်မောင်းထဲထည့်ထားပေမဲ့ ရင်သွေးငယ်ကိုလည်း စိတ်ချလက်ချ နို့ချိုတိုက်ကျွေးလို့ရပ်တယ်။

လွယ်ကူစွာ ဖယ်ထုတ်လို့ရသလို ဖယ်ထုတ်ပြီးရင်လည်း ခပ်မြန်မြန်ပဲ ကလေးပြန်ယူလို့ရနိုင်ပါတယ်။

ဆိုးကျိုးတွေရော မရှိနိုင်ဘူးလား

ရာသီလာတဲ့ပုံစံအပြောင်းအလဲတချို့တော့ ရှိနိုင်ပါတယ်။နဲနဲပဲဆင်းတာ အများကြီးဆင်းတာ ဆင်းလိုက်မဆင်းလိုက်ဖြစ်တာ စသဖြင့်ပေါ့။လုံးဝ မလာတာမျိုးလည်း ရှိပါတယ်။ဒါပေမဲ့ တဖြေးဖြေးချင်း ပုံမှန်ပြန်ဖြစ်သွားကြပါတယ်။အခြား သိပ်မဆိုးဝါးတဲ့လက္ခဏာတွေကတော့ ခေါင်းကိုက်တာ ရင်ပြည့်တာ ရင်သားနာတာတွေပါ။ဒါတွေလည်း အချိန်ကြာလာတာနဲ့အမျှ မဖြစ်တော့ပါဘူး။ဆိုးကျိုးမဟုတ်ပေမဲ့ အားနည်းချက်တခုကတော့ လိင်ဆက်ဆံချင်းကြောင့် ကူးစက်နိုင်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်တာပါ။တခုကောင်းတာက ဒါထည့်လို့ ဝလာပါတယ်ဆိုတဲ့ အထောက်အထားမရှိသေးတာပါပဲ။

ခုလောက်ဆို ဘာလို့ ဒီလက်မောင်းထဲထည့်တဲ့သန္ဓေတားပစ္စည်းကို(Implant) အမျိုးသမီးအများစုရွေးချယ်လာကြသလဲ သိလောက်ပြီထင်ပါတယ်။

မရှင်းတဲ့အချက်တွေကို Comment မှာ မေးမြန်းနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။

Dr.KG