စိတ်အချရဆုံး ကိုယ်ဝန်တားဆေး

စိတ္အခ်ရဆံုုး ကိုုယ္ဝန္တားေဆး

စာေရးသူတို႔ မိဘဘိုးဘြားေတြလက္ထက္က အိမ္ေထာင္စုစာရင္းကို စပ္စုလိုက္ရင္ အားရပါးရေမြးထားလိုက္ၾကတဲ့ကေလးေတြကေလးေတြဆိုတာ မနည္းမေနာကိုေတြ႔ရမွာပါ။အဲ့ေခတ္ေတြက တားေဆးတားနည္းဆိုတာေတြဟာ မ်ားမ်ားစားစားလည္း မရိွ။သားဆက္ျခားက်န္းမာေရးအေၾကာင္း လူထုထဲပ်ံ႕ႏွံ႕ေအာင္  အသိပညာေပးနိုင္မႈလည္း မရိွ။ေနာက္အေရးၾကီးတာတစ္ခုက လူေနမႈစရိတ္ေတြက ခုလို မိုးထိမျမင့္ေနေတာ့ ကေလးဘယ္နွစ္ေယာက္ေမြးေမြး ေအးေဆးေကြ်းနိုင္လို႔ဗ်။ခုေခတ္က် ဒီလို ဘယ္ဟုတ္ေတာ့မလဲ။လင္ေရာ မယားပါ အလုပ္ခြင္ဝင္ရတဲ့ေခတ္ကို ေရာက္ျပီး စားဝတ္ေနေရးစရိတ္ေတြက မခ်ိမဆန္႔ျဖစ္ေနေတာ့ကာ ကေလးအမ်ားၾကီးယူဖို႔ ေနာက္ထား။တေယာက္ေမြးဖို႔ေတာင္ အေသအခ်ာျပင္ဆင္စုေဆာင္းရတဲ့ေခတ္ကိုး။ဒီေတာ့ ခုေျပာခ်င္တဲ့ ကိုယ္ဝန္မရေအာင္သံုးရတဲ့ တားေဆးေတြ တားတဲ့နည္းလမ္းေတြရဲ႕ အခန္းက႑က အေရးသိပ္ပါလာတယ္။

ျမန္မာျပည္မယ္ အရင္က တားေဆးေဟ့ ဆိုလိုက္တာနဲ႔ ေသာက္ေဆးထိုးေဆးေလာက္ပဲ သိၾကရာက ခုေခတ္အေျပာင္းအလဲေတြေၾကာင့္ အျခားအျခားေသာနည္းလမ္းေတြကိုပါ သိရိွလာၾကပါျပီ။ဒါေပမဲ့ စာဖတ္ပရိသတ္ေတြအေနနဲ႔ တကယ္သိခ်င္တဲ့အေၾကာင္းအရာကေတာ့ ဘယ္တားေဆးက စိတ္အခ်ရဆံုးလဲ ဆိုတာပဲ ျဖစ္ပါလိမ့္မယ္။ဒီကိစၥကို အဓိကထားျပီး ေျပာျပေပးသြားပါမယ္။

တကယ္ေတာ့ တားေဆးလို႔သာ ေခါင္းစဥ္တပ္ထားရတာပါ။အမွန္က တခ်ိဳ႕နည္းလမ္းေတြက ေဆးထိုးေဆးေသာက္ရတာမ်ိဳးမဟုတ္ပါဘူး။သားအိမ္ထဲပစၥည္းထည့္တာ လက္ေမာင္းထဲပစၥည္းထည့္တာစတဲ့နည္းလမ္းေတြလည္း ပါပါတယ္။ျပီးေတာ့ အေရးေပၚမထင္မွတ္ပဲျဖစ္သြားတဲ့ကိစၥမ်ိဳးေတြမွာမွ သံုးသင့္တဲ့အေရးေပၚတားေဆးကိုေတာ့ ထည့္ေျပာမွာ မဟုတ္ပါဘူး။ဒီေတာ့ ဘယ္နည္းလမ္းက အေကာင္းဆံုးျဖစ္မယ္ထင္သလဲ။

တကယ္ေတာ့ အေကာင္းဆံုးနည္းလမ္းကေတာ့ ဒါပါဆိုျပီး တိတိက်က် ေျပာလို႔ရတာေတာ့ မရိွေသးပါဘူး။အားသာခ်က္အားနည္းခ်က္ေတြကိုယ္စီနဲ႔မို႔ ကိုယ္နဲ႔အဆင္ေျပဆံုးအေကာင္းဆံုးက ဘာျဖစ္မလဲကို ေသခ်ာေရြးခ်ယ္ဖို႔ လိုပါမယ္။အခုစျပီး ျမန္မာျပည္မွာ သံုးေနတဲ့ သေႏၶတားနည္းတခုခ်င္းစီရဲ႕ စိတ္ခ်ရမႈကေန စနိႈင္းယွဥ္ၾကည့္ရေအာင္။

နည္းစနစ္မွန္မွန္အသံုးျပဳရင္ ၉၉%ေက်ာ္ေက်ာ္ထိ စိတ္ခ်ရတဲ့သေႏၶတားနည္းေတြက

-လက္ေမာင္းထဲထည့္ရတဲ့ပစၥည္း(၃ နွစ္ထိခံ)

-သားအိမ္ထဲထည့္တဲ့ပစၥည္း IUD (၅ နွစ္ထိခံ)

-အမ်ိဳးသမီးသားေၾကာျဖတ္ျခင္း(တစ္သက္လံုးခံ)

ပံုမွန္အခ်ိန္မွန္သံုးလ်ွင္ ၉၅ % ခန္႔စိတ္ခ်ရေသာ သေႏၶတားနည္းမ်ား

-တစ္လခံထိုးေဆး သံုးလခံထိုးေဆး(တစ္လတခါ (သို႔)သံုးလတခါ ေဆးျပန္ထိုးရန္လို)

-ေဟာ္မုန္းနွစ္မ်ိဳးပါေသာစားေဆး(တလလ်ွင္ ပထမသံုးပတ္ဆက္ေသာက္ရန္လို)

-ေဟာ္မုန္းတမ်ိဳးသာပါေသာေဆး(ေန႔တိုင္းေသာက္ရန္လို)

နည္းလမ္းတက်အသံုးျပဳလ်ွင္ ၉၈% ခန္႔ စိတ္ခ်ရေသာသေႏၶတားနည္း

-အမ်ိဳးသားကြန္ဒံုး(လိင္ဆက္ဆံတိုင္း သံုးရန္လို)

 

ေနာက္တခုကေတာ့ ဘယ္သူေတြအတြက္ ဘယ္နည္းလမ္းက အသင့္ေတာ္ဆံုးလဲဆိုတာ ေျပာျပေပးသြားပါမယ္။

ဘယ္သူေတြ စားေဆးသံုးသင့္သလဲ။

တခ်ိဳ႕ေတြရိွပါတယ္။ေဆးထိုးရမွာေၾကာက္တယ္။ခႏၶာကိုယ္ထဲလည္း ဘာမွမထည့္ရဲဘူး။ဒါေပမဲ့ လိင္ဆက္ဆံမႈကိုေတာ့ တခါတေလမွျပဳတာမဟုတ္ပဲ မၾကာမၾကာျပဳတတ္တဲ့အိမ္ေထာင္သည္မ်ိဳးဆိုရင္ေတာ့ စားေဆးတမ်ိဳးမ်ိဳးေရြးခ်ယ္နိုင္ပါတယ္။ဒါေပမဲ့ ေဆးေသာက္တဲ့အခ်ိန္မွန္ဖို႔ မေမ့ဖို႔ေတာ့ သတိထားရပါလိမ့္မယ္။

ဘယ္သူေတြ ထိုးေဆးသံုးသင့္လဲ။

တေန႔တခါေဆးေသာက္ရမွာ ကရိကထမ်ားတယ္ ျပီးေတာ့ ေဆးေသာက္ဖို႔ သတိေမ့သြားနိုင္တယ္လို႔ ထင္တဲ့သူေတြ။ဘာပစၥည္းမွ ခႏၶာကိုယ္ထဲ မထည့္ခ်င္တဲ့သူေတြဆိုရင္ေတာ့ ထိုးေဆးကို ေရြးခ်ယ္နိုင္ပါတယ္။ကာလရွည္ထိုးေဆးသံုးရင္ေတာ့ ကေလးျပန္ရဖို႔အေတာ္ကေလး ေစာင့္ရတတ္ပါတယ္။

ဘယ္သူေတြပစၥည္းထည့္သင့္သလဲ။

ေဆးလည္းေန႔တိုင္းမေသာက္ခ်င္ဘူး ေဆးလည္းလစဥ္မထိုးခ်င္ဘူး ခ်စ္တိုင္းလည္း ကြန္ဒံုးမသံုးခ်င္ဘူးဆိုရင္ေတာ့ ခင္ဗ်ား သားအိမ္ထဲ ဒါမွမဟုတ္ လက္ေမာင္းထဲ ပစၥည္းတခုခုထည့္ဖို႔ စဥ္းစားနိုင္ပါတယ္။ဒါေတြဟာ နွစ္ရွည္လမ်ား အသံုးခံတာမို႔ ေန႔စဥ္သတိထားျပီးေဆးေသာက္ေနစရာမလိုသလို လစဥ္ေဆးထိုးရမဲ့ရက္ေက်ာ္သြားမွာ ေၾကာက္ေနစရာမလိုေတာ့ပါဘူး။

ဘယ္သူေတြ ကြန္ဒံုးသံုးသင့္လဲ။

တကယ္လို႔ တခါတေလဆိုမွ တခါတေလ ခ်စ္ၾကတာပါဆိုတဲ့ ကိုကိုမမေတြအတြက္ဆိုရင္ေတာ့ အမ်ိဳးသားကိုသာ ကြန္ဒံုးသံုးခိုင္းလိုက္ပါ။

တကယ့္ကိုအခန္႔မသင့္ျဖစ္သြားတာဆိုရင္ေတာ့ အေရးေပၚတားေဆးသံုးနိုင္ပါတယ္။

အားလံုး မလိုခ်င္ေသးတာ မရတဲ့သူမ်ားျဖစ္နိုင္ၾကပါေစ ……

Dr.KG

Unicode Version

စိတ်အချရဆုံး ကိုယ်ဝန်တားဆေး

စာရေးသူတို့ မိဘဘိုးဘွားတွေလက်ထက်က အိမ်ထောင်စုစာရင်းကို စပ်စုလိုက်ရင် အားရပါးရမွေးထားလိုက်ကြတဲ့ကလေးတွေကလေးတွေဆိုတာ မနည်းမနောကိုတွေ့ရမှာပါ။အဲ့ခေတ်တွေက တားဆေးတားနည်းဆိုတာတွေဟာ များများစားစားလည်း မရှိ။သားဆက်ခြားကျန်းမာရေးအကြောင်း လူထုထဲပျံ့နှံ့အောင်  အသိပညာပေးနိုင်မှုလည်း မရှိ။နောက်အရေးကြီးတာတစ်ခုက လူနေမှုစရိတ်တွေက ခုလို မိုးထိမမြင့်နေတော့ ကလေးဘယ်နှစ်ယောက်မွေးမွေး အေးဆေးကျွေးနိုင်လို့ဗျ။ခုခေတ်ကျ ဒီလို ဘယ်ဟုတ်တော့မလဲ။လင်ရော မယားပါ အလုပ်ခွင်ဝင်ရတဲ့ခေတ်ကို ရောက်ပြီး စားဝတ်နေရေးစရိတ်တွေက မချိမဆန့်ဖြစ်နေတော့ကာ ကလေးအများကြီးယူဖို့ နောက်ထား။တယောက်မွေးဖို့တောင် အသေအချာပြင်ဆင်စုဆောင်းရတဲ့ခေတ်ကိုး။ဒီတော့ ခုပြောချင်တဲ့ ကိုယ်ဝန်မရအောင်သုံးရတဲ့ တားဆေးတွေ တားတဲ့နည်းလမ်းတွေရဲ့ အခန်းကဏ္ဍက အရေးသိပ်ပါလာတယ်။

မြန်မာပြည်မယ် အရင်က တားဆေးဟေ့ ဆိုလိုက်တာနဲ့ သောက်ဆေးထိုးဆေးလောက်ပဲ သိကြရာက ခုခေတ်အပြောင်းအလဲတွေကြောင့် အခြားအခြားသောနည်းလမ်းတွေကိုပါ သိရှိလာကြပါပြီ။ဒါပေမဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ တကယ်သိချင်တဲ့အကြောင်းအရာကတော့ ဘယ်တားဆေးက စိတ်အချရဆုံးလဲ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ဒီကိစ္စကို အဓိကထားပြီး ပြောပြပေးသွားပါမယ်။

တကယ်တော့ တားဆေးလို့သာ ခေါင်းစဉ်တပ်ထားရတာပါ။အမှန်က တချို့နည်းလမ်းတွေက ဆေးထိုးဆေးသောက်ရတာမျိုးမဟုတ်ပါဘူး။သားအိမ်ထဲပစ္စည်းထည့်တာ လက်မောင်းထဲပစ္စည်းထည့်တာစတဲ့နည်းလမ်းတွေလည်း ပါပါတယ်။ပြီးတော့ အရေးပေါ်မထင်မှတ်ပဲဖြစ်သွားတဲ့ကိစ္စမျိုးတွေမှာမှ သုံးသင့်တဲ့အရေးပေါ်တားဆေးကိုတော့ ထည့်ပြောမှာ မဟုတ်ပါဘူး။ဒီတော့ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မယ်ထင်သလဲ။

တကယ်တော့ အကောင်းဆုံးနည်းလမ်းကတော့ ဒါပါဆိုပြီး တိတိကျကျ ပြောလို့ရတာတော့ မရှိသေးပါဘူး။အားသာချက်အားနည်းချက်တွေကိုယ်စီနဲ့မို့ ကိုယ်နဲ့အဆင်ပြေဆုံးအကောင်းဆုံးက ဘာဖြစ်မလဲကို သေချာရွေးချယ်ဖို့ လိုပါမယ်။အခုစပြီး မြန်မာပြည်မှာ သုံးနေတဲ့ သန္ဓေတားနည်းတခုချင်းစီရဲ့ စိတ်ချရမှုကနေ စနှိုင်းယှဉ်ကြည့်ရအောင်။

နည်းစနစ်မှန်မှန်အသုံးပြုရင် ၉၉%ကျော်ကျော်ထိ စိတ်ချရတဲ့သန္ဓေတားနည်းတွေက

-လက်မောင်းထဲထည့်ရတဲ့ပစ္စည်း(၃ နှစ်ထိခံ)

-သားအိမ်ထဲထည့်တဲ့ပစ္စည်း IUD (၅ နှစ်ထိခံ)

-အမျိုးသမီးသားကြောဖြတ်ခြင်း(တစ်သက်လုံးခံ)

ပုံမှန်အချိန်မှန်သုံးလျှင် ၉၅ % ခန့်စိတ်ချရသော သန္ဓေတားနည်းများ

-တစ်လခံထိုးဆေး သုံးလခံထိုးဆေး(တစ်လတခါ (သို့)သုံးလတခါ ဆေးပြန်ထိုးရန်လို)

-ဟော်မုန်းနှစ်မျိုးပါသောစားဆေး(တလလျှင် ပထမသုံးပတ်ဆက်သောက်ရန်လို)

-ဟော်မုန်းတမျိုးသာပါသောဆေး(နေ့တိုင်းသောက်ရန်လို)

နည်းလမ်းတကျအသုံးပြုလျှင် ၉၈% ခန့် စိတ်ချရသောသန္ဓေတားနည်း

-အမျိုးသားကွန်ဒုံး(လိင်ဆက်ဆံတိုင်း သုံးရန်လို)

နောက်တခုကတော့ ဘယ်သူတွေအတွက် ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲဆိုတာ ပြောပြပေးသွားပါမယ်။

ဘယ်သူတွေ စားဆေးသုံးသင့်သလဲ။

တချို့တွေရှိပါတယ်။ဆေးထိုးရမှာကြောက်တယ်။ခန္ဓာကိုယ်ထဲလည်း ဘာမှမထည့်ရဲဘူး။ဒါပေမဲ့ လိင်ဆက်ဆံမှုကိုတော့ တခါတလေမှပြုတာမဟုတ်ပဲ မကြာမကြာပြုတတ်တဲ့အိမ်ထောင်သည်မျိုးဆိုရင်တော့ စားဆေးတမျိုးမျိုးရွေးချယ်နိုင်ပါတယ်။ဒါပေမဲ့ ဆေးသောက်တဲ့အချိန်မှန်ဖို့ မမေ့ဖို့တော့ သတိထားရပါလိမ့်မယ်။

ဘယ်သူတွေ ထိုးဆေးသုံးသင့်လဲ။

တနေ့တခါဆေးသောက်ရမှာ ကရိကထများတယ် ပြီးတော့ ဆေးသောက်ဖို့ သတိမေ့သွားနိုင်တယ်လို့ ထင်တဲ့သူတွေ။ဘာပစ္စည်းမှ ခန္ဓာကိုယ်ထဲ မထည့်ချင်တဲ့သူတွေဆိုရင်တော့ ထိုးဆေးကို ရွေးချယ်နိုင်ပါတယ်။ကာလရှည်ထိုးဆေးသုံးရင်တော့ ကလေးပြန်ရဖို့အတော်ကလေး စောင့်ရတတ်ပါတယ်။

ဘယ်သူတွေပစ္စည်းထည့်သင့်သလဲ။

ဆေးလည်းနေ့တိုင်းမသောက်ချင်ဘူး ဆေးလည်းလစဉ်မထိုးချင်ဘူး ချစ်တိုင်းလည်း ကွန်ဒုံးမသုံးချင်ဘူးဆိုရင်တော့ ခင်ဗျား သားအိမ်ထဲ ဒါမှမဟုတ် လက်မောင်းထဲ ပစ္စည်းတခုခုထည့်ဖို့ စဉ်းစားနိုင်ပါတယ်။ဒါတွေဟာ နှစ်ရှည်လများ အသုံးခံတာမို့ နေ့စဉ်သတိထားပြီးဆေးသောက်နေစရာမလိုသလို လစဉ်ဆေးထိုးရမဲ့ရက်ကျော်သွားမှာ ကြောက်နေစရာမလိုတော့ပါဘူး။

ဘယ်သူတွေ ကွန်ဒုံးသုံးသင့်လဲ။

တကယ်လို့ တခါတလေဆိုမှ တခါတလေ ချစ်ကြတာပါဆိုတဲ့ ကိုကိုမမတွေအတွက်ဆိုရင်တော့ အမျိုးသားကိုသာ ကွန်ဒုံးသုံးခိုင်းလိုက်ပါ။

တကယ့်ကိုအခန့်မသင့်ဖြစ်သွားတာဆိုရင်တော့ အရေးပေါ်တားဆေးသုံးနိုင်ပါတယ်။

အားလုံး မလိုချင်သေးတာ မရတဲ့သူများဖြစ်နိုင်ကြပါစေ ……