သုက်ရည်ကျဲခြင်းနှင့်ကလေးအဖေမဖြစ်ခြင်း

သုက္ရည္က်ဲျခင္းနွင့္ကေလးအေဖမျဖစ္ျခင္း
သုက္ရည္ဆိုတာ လိင္ဆက္ဆံေနတဲ့အခ်ိန္ ဆက္ဆံျပီးလို႔ပန္းထုတ္လိုက္တဲ့အခ်ိန္နဲ႕ တကိုယ္ရည္အာသာေျဖတဲ့အခ်ိန္ေတြမွာ ေယာက်္ားရဲ႕လိင္တံထိပ္ဝကေန ထြက္လာတဲ့အရည္ကိုေခၚတာပါ။သူ႔အထဲမွာ သုက္ပိုးေကာင္ေလးေတြသန္းေပါင္းမ်ားစြာပါဝင္ပါတယ္။ပံုမွန္ဆိုရင္ေတာ့သုက္ရည္ဟာအနည္းငယ္ပ်စ္ျပီး အျဖဴေရာင္ရိွပါတယ္။ဒါေပမဲ့ တျခားေသာအေျခအေနေတြေၾကာင့္လည္း သုက္ရည္ရဲ႕အေရာင္နဲ႔ အပ်စ္အက်ဲဟာ အေျပာင္းအလဲရိွနိုင္ပါတယ္။သုက္ရည္က်ဲတာဟာ တခ်ိဳ႕အေျခအေနေတြမွာ ကေလးမရတာအထိျဖစ္နိုင္ေပမဲ့ တခ်ိဳ႕အေျခအေနမွာေတာ့ ယာယီသေဘာေလာက္ပဲျဖစ္ျပီး အလိုလိုပံုမွန္ျပန္ျဖစ္နိုင္ပါတယ္။
ဘာေၾကာင့္သုက္ရည္က်ဲရသလဲ။
၁။သုက္ေကာင္ အေရအတြက္ နည္းပါးျခင္း(Low Sperm Count)
Oligospermia လို႔ေခၚျပီး သုက္ရည္က်ဲရတဲ့အေၾကာင္းရင္းေပါင္းမ်ားစြာအနက္ အဓိက်ျပီးအေရးၾကီးတဲ့တစ္ခ်က္ပါ။ေဝွးေစ့ကေန သုတ္ပိုးထုတ္လုပ္မႈနည္းေနျပီဆို သင့္သုက္ရည္ဟာက်ဲေတာက္ေနနိုင္ျပီး ပံုမွန္ထက္သုက္ပိုးပါဝင္မႈနည္းေနပါလိမ့္မယ္။သုက္ရည္ တစ္မီလီလီတာမွာ သုက္ေကာင္ေရ ၁၅ သန္းေအာက္ပဲပါခဲ့ရင္ ပံုမွန္ထက္နည္းတယ္လို႔ သတ္မွတ္ပါတယ္။ဒါဆိုရင္ ကေလးရနိုင္ဖို႔ မလြယ္လွပါဘူး။သုက္ေကာင္ေရနည္းေစတဲ့အေၾကာင္းေတြကေတာ့
၁) ေဝွးေစ့ထဲကေသြးျပန္ေၾကာေတြေရာင္ျခင္း(Varicocele)
၂)ကာလသားေရာဂါ ဆီးပူေညာင္းက်ေရာဂါ(ဂႏို) စသည့္ေရာဂါမ်ားရိွျခင္း
၃)ေဝွးေစ့မွာအလံုးအက်ိတ္ရိွျခင္
၄)ေဟာ္မုန္းအေျပာင္းအလဲရိွျခင္း  တို႔ပဲျဖစ္ပါတယ္။
၂။မၾကာခဏတစ္ကိုယ္ရည္အာသာေျဖျခင္
တေန႔ထဲ အၾကိမ္ေပါင္းမ်ားစြာ အာသာေျဖေနရင္ေတာ့ အရည္ၾကည္ၾကည္က်ဲက်ဲေတြပဲထြက္လာပါလိမ့္မယ္။ပံုမွန္အေရာင္ ပံုမွန္ပ်စ္နွစ္မႈမ်ိဳးျပန္ရဖို႔ အခ်ိန္အတိုင္းအတာတစ္ခုေတာ့ နားထားဖို႔လိုပါလိမ့္မယ္။
၃။ဇင့္ဓာတ္ခ်ိဳ႕တဲ့ျခင္း
ဇင့္ဓာတ္ခ်ိဳ႕တဲ့ေနတဲ့အခါေတြမွာလည္း သုက္ရည္က်ဲနိုင္တယ္လို႔ သုေတသနေတြက ဆိုပါတယ္။အဲ့လိုဆိုရင္ေတာ့ ဇင့္ပါတဲ့အားေဆးေတြေသာက္ေပးနိုင္ပါတယ္။
၄။မပန္းခင္ ထြက္တဲ့အရည္
 လိင္ဆက္ဆံခါနီး ႏႈးၾကဆြၾကတဲ့အခါထြက္တဲ့အရည္ဟာ အရမ္းၾကည္ျပီး က်ဲပါတယ္။သုက္ေကာင္ပါဝင္မႈလည္း အေတာ္နည္းပါတယ္။
ေဆးခန္းျပရမလား။
အခ်ိန္ၾကာျမင့္တဲ့အထိ ေတာက္ေလ်ွာက္က်ဲေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္တာ ေကာင္းပါလိမ့္မယ္။Semen Analysis လို႔ေခၚတဲ့ သုက္ရည္ကိုဓာတ္ခြဲစစ္ေဆးတာမ်ိဳး လုပ္ဖို႔လိုေကာင္းလိုနိုင္တာမို႔ပါ။
သုက္ရည္မက်ဲေအာင္ ဘာေတြလုပ္လို႔ရမလဲ။
၁။ေဆးလိပ္ျဖတ္ပါ
၂။အရမ္းဝေနရင္ ဝိတ္ေလ်ာ့ပါ
၃။အရက္ေလ်ာ့ေသာက္ပါ
၄။ေလ့က်င့္ခန္းပံုမွန္လုပ္ပါ
၅။လိင္ဆက္ဆံျခင္း တကိုယ္ရည္အာသာေျဖျခင္းတို႔ကို ရက္အနည္းငယ္ခန္႔ ေရွာင္ၾကဥ္ပါ။
တကယ္လို႔ သင့္ရဲ႕သုက္ရည္က်ဲေနတဲ့အေၾကာင္းရင္းက သုက္ေကာင္ေရနည္းလို႔ျဖစ္ျပီး ဒါေၾကာင့္ကေလးမရနိုင္တာဆိုခဲ့ရင္ လံုးဝစိတ္မပူလိုက္ပါနဲ႔ဦး။မ်ိဳးဆက္ပြားအထူးကုတေယာက္ေယာက္နဲ႔တိုင္ပင္ျပီး လြယ္လြယ္ကူကူ ကုသလို႔ရတာမို႔လို႔ ေမ်ွာ္လင့္ခ်က္ေတြအမ်ားၾကီးက်န္ပါေသးေၾကာင္း အသိေပးလိုက္ပါရေစ။
Dr.KG

 

Unicode Version

သုက်ရည်ကျဲခြင်းနှင့်ကလေးအဖေမဖြစ်ခြင်း

သုက်ရည်ဆိုတာ လိင်ဆက်ဆံနေတဲ့အချိန် ဆက်ဆံပြီးလို့ပန်းထုတ်လိုက်တဲ့အချိန်နဲ့ တကိုယ်ရည်အာသာဖြေတဲ့အချိန်တွေမှာ ယောကျ်ားရဲ့လိင်တံထိပ်ဝကနေ ထွက်လာတဲ့အရည်ကိုခေါ်တာပါ။သူ့အထဲမှာ သုက်ပိုးကောင်လေးတွေသန်းပေါင်းများစွာပါဝင်ပါတယ်။ပုံမှန်ဆိုရင်တော့သုက်ရည်ဟာအနည်းငယ်ပျစ်ပြီး အဖြူရောင်ရှိပါတယ်။ဒါပေမဲ့ တခြားသောအခြေအနေတွေကြောင့်လည်း သုက်ရည်ရဲ့အရောင်နဲ့ အပျစ်အကျဲဟာ အပြောင်းအလဲရှိနိုင်ပါတယ်။သုက်ရည်ကျဲတာဟာ တချို့အခြေအနေတွေမှာ ကလေးမရတာအထိဖြစ်နိုင်ပေမဲ့ တချို့အခြေအနေမှာတော့ ယာယီသဘောလောက်ပဲဖြစ်ပြီး အလိုလိုပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။

ဘာကြောင့်သုက်ရည်ကျဲရသလဲ။

၁။သုက်ကောင် အရေအတွက် နည်းပါးခြင်း(Low Sperm Count)

Oligospermia လို့ခေါ်ပြီး သုက်ရည်ကျဲရတဲ့အကြောင်းရင်းပေါင်းများစွာအနက် အဓိကျပြီးအရေးကြီးတဲ့တစ်ချက်ပါ။ဝှေးစေ့ကနေ သုတ်ပိုးထုတ်လုပ်မှုနည်းနေပြီဆို သင့်သုက်ရည်ဟာကျဲတောက်နေနိုင်ပြီး ပုံမှန်ထက်သုက်ပိုးပါဝင်မှုနည်းနေပါလိမ့်မယ်။သုက်ရည် တစ်မီလီလီတာမှာ သုက်ကောင်ရေ ၁၅ သန်းအောက်ပဲပါခဲ့ရင် ပုံမှန်ထက်နည်းတယ်လို့ သတ်မှတ်ပါတယ်။ဒါဆိုရင် ကလေးရနိုင်ဖို့ မလွယ်လှပါဘူး။သုက်ကောင်ရေနည်းစေတဲ့အကြောင်းတွေကတော့

၁) ဝှေးစေ့ထဲကသွေးပြန်ကြောတွေရောင်ခြင်း(Varicocele)
၂)ကာလသားရောဂါ ဆီးပူညောင်းကျရောဂါ(ဂနို) စသည့်ရောဂါများရှိခြင်း
၃)ဝှေးစေ့မှာအလုံးအကျိတ်ရှိခြင်း
၄)ဟော်မုန်းအပြောင်းအလဲရှိခြင်း  တို့ပဲဖြစ်ပါတယ်။

၂။မကြာခဏတစ်ကိုယ်ရည်အာသာဖြေခြင်း

တနေ့ထဲ အကြိမ်ပေါင်းများစွာ အာသာဖြေနေရင်တော့ အရည်ကြည်ကြည်ကျဲကျဲတွေပဲထွက်လာပါလိမ့်မယ်။ပုံမှန်အရောင် ပုံမှန်ပျစ်နှစ်မှုမျိုးပြန်ရဖို့ အချိန်အတိုင်းအတာတစ်ခုတော့ နားထားဖို့လိုပါလိမ့်မယ်။

၃။ဇင့်ဓာတ်ချို့တဲ့ခြင်း

ဇင့်ဓာတ်ချို့တဲ့နေတဲ့အခါတွေမှာလည်း သုက်ရည်ကျဲနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။အဲ့လိုဆိုရင်တော့ ဇင့်ပါတဲ့အားဆေးတွေသောက်ပေးနိုင်ပါတယ်။

၄။မပန်းခင် ထွက်တဲ့အရည်

လိင်ဆက်ဆံခါနီး နှုးကြဆွကြတဲ့အခါထွက်တဲ့အရည်ဟာ အရမ်းကြည်ပြီး ကျဲပါတယ်။သုက်ကောင်ပါဝင်မှုလည်း အတော်နည်းပါတယ်။

ဆေးခန်းပြရမလား။

အချိန်ကြာမြင့်တဲ့အထိ တောက်လျှောက်ကျဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်တာ ကောင်းပါလိမ့်မယ်။Semen Analysis လို့ခေါ်တဲ့ သုက်ရည်ကိုဓာတ်ခွဲစစ်ဆေးတာမျိုး လုပ်ဖို့လိုကောင်းလိုနိုင်တာမို့ပါ။

သုက်ရည်မကျဲအောင် ဘာတွေလုပ်လို့ရမလဲ။

၁။ဆေးလိပ်ဖြတ်ပါ
၂။အရမ်းဝနေရင် ဝိတ်လျော့ပါ
၃။အရက်လျော့သောက်ပါ
၄။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
၅။လိင်ဆက်ဆံခြင်း တကိုယ်ရည်အာသာဖြေခြင်းတို့ကို ရက်အနည်းငယ်ခန့် ရှောင်ကြဉ်ပါ။

တကယ်လို့ သင့်ရဲ့သုက်ရည်ကျဲနေတဲ့အကြောင်းရင်းက သုက်ကောင်ရေနည်းလို့ဖြစ်ပြီး ဒါကြောင့်ကလေးမရနိုင်တာဆိုခဲ့ရင် လုံးဝစိတ်မပူလိုက်ပါနဲ့ဦး။မျိုးဆက်ပွားအထူးကုတယောက်ယောက်နဲ့တိုင်ပင်ပြီး လွယ်လွယ်ကူကူ ကုသလို့ရတာမို့လို့ မျှော်လင့်ချက်တွေအများကြီးကျန်ပါသေးကြောင်း အသိပေးလိုက်ပါရစေ။

Dr.KG