ဝှေးစေ့ ဘာလို့ရောင်ရတယ်

ေဝွးေစ့ ဘာလိုု႔ေရာင္ရတယ္

ေ၀ွးေစ႔ဆိုတာဟာ အမ်ိဳးသားေတြ မ်ိဳးဆက္ပြားနိုင္ရန္အတြက္ အေရးၾကီးေသာ မ်ိဳးပြားအဂၤါအစိတ္အပိုင္းျဖစ္ပါတယ္။ေ၀ွးေစ႔ကေန သုတ္ေကာင္န႔ဲက်ားေဟာ္မုန္းေတြကို ထုတ္ေပးပါတယ္။

ေ၀ွးေစ႔ေရာင္ရမ္းျခင္းကို ေဆးပညာအရ Orchitis လို႔ေခၚပါတယ္။ေ၀ွးေစ႔ေရာင္ရမး္ျခင္းဟာ တဖက္တည္းလည္းျဖစ္နိုင္သလို နွစ္ဖက္လံုးလည္း ျဖစ္နိုင္ပါတယ္။

ေ၀ွးေစ႔ေရာင္ရမး္ျခင္းဟာ ဘက္တီးရီးယားပိုးေတြ နဲ႔ ဗိုင္းရပ္စ္ပိုး၀င္ေရာက္ကူးစက္ခံရျခင္းေၾကာင္႔ အျဖစ္မ်ားပါတယ္။

တခ်ိဳ႕သူေတြမွာ ဘာအေၾကာင္းရင္းမွရွာမရဘဲ ေ၀ွးေစ႔ေရာင္ရမ္းတာမ်ိဳးလည္းရွိပါတယ္။

ဘက္တီးရီးယားပိုးေတြ၀င္ေရာက္ကူးစက္ရာမွ ျဖစ္တဲ႔ေ၀ွးေစ႔ေရာင္ရမ္းျခင္းဟာ

အေပ်ာ္ပါးလိုက္စားရာမွတဆင္႔ ကူးစက္တတ္တဲ႔ Gonorrhoea(ဂနိုေရာဂါ)၊Chlamydia ေရာဂါေတြကို ျဖစ္ေစတဲ႔ဘက္တီးရီးယားပိုးေတြ၀င္ေရာက္ကူးစက္တာေၾကာင္႔ျဖစ္ပါတယ္။ဒီဘက္တီးရီးယားေတြ၀င္ေရာက္လို႔ ေ၀ွးေစ႔ေရာင္ရမ္းျခင္းျဖစ္ပါက epididymitis လို႔ေခၚတဲ႔ သုတ္ပို႔ျပြန္ေတြေရာင္တာပါတြဲျဖစ္နိုင္ပါတယ္။

အဲ႔လိုနွစ္ခုတြဲျဖစ္တာကို ေတာ႔ ေဆးပညာအရ Epididymo-orchitis လို႔ေခၚပါတယ္။

ဗိုင္းရပ္စ္ပိုး၀င္ေရာက္ကူးစက္ရာမွျဖစ္တဲ႔ ေ၀ွးေစ႔ေရာင္ရမး္ျခင္းကေတာ႔ ပါးခ်ိတ္ေရာင္ျခင္းကိုျဖစ္ေစတဲ႔ Mump virus ၀င္ေရာက္ကူးစက္တာေၾကာင္႔ျဖစ္ပါတယ္။

ေ၀ွးေစ႔ေရာင္ရမ္းျခင္းဟာ

လိင္ဆက္ဆံေဖာ္မ်ားတဲ႔သူေတြ

အေပ်ာ္ပါးလိုက္စားတဲ႔သူေတြ

ကိုယ္တိုင္က အေပ်ာ္ပါးမလိုက္စားေသာ္လည္း၊ကိုယ္႔ဆက္ဆံေဖာ္က အေပ်ာ္ပါးလိုက္စားမ်ားတာမ်ိဳးရွိတဲ႔သူေတြ

ေမြးရာပါဆီးလမ္းေၾကာင္းပံုမွန္မဟုတ္တဲ႔သူေတြ

ဆီးလမ္းေၾကာင္းပိုးခဏခဏ၀င္တတ္တဲ႔သူေတြ

ပါးခ်ိတ္ေရာင္ကာကြယ္ေဆးမထိုးထားတဲ႔သူေတြ မွာဆိုရင္အျဖစ္မ်ားေလ႔ရွိပါတယ္။

ေ၀ွးေစ႔ေရာင္ရမ္းျခင္းျဖစ္တဲ႔အခါမွာ

ေ၀ွးေစ႔တဖက္ သို႔မဟုတ္ နွစ္ဖက္လံုးကေရာင္ျပီး ေဖာင္းေနတာ၊ရက္အေတာ္ၾကာေအာင္နာက်င္ျပီး နာတာကတျဖည္းျဖည္းပိုပိုဆိုးလာတာ၊ဖ်ားတာ၊အန္တာ စသျဖင္႔ခံစားရနိုင္ပါတယ္။

ဒီလိုလကၡဏာေတြခံစားရျပီဆိုရင္ မရွက္ဘဲ ဆရာ၀န္နဲ႔ျပသျပီး စမ္းသပ္စစ္ေဆးၾကည္႔သင္႔ပါတယ္။

စမ္းသပ္မႈအေနနဲ႔ကေတာ႔ ဆရာ၀န္က ေ၀ွးေစ႔ေရာင္ေနတာ၊ၾကီးေနတာ၊ေပါင္ၾကားက ျပန္ရည္ေၾကာအက်ိတ္ေတြၾကီးေနတာရွိမရွိစမ္းသပ္တာအျပင္ ဆီးက်ိတ္ၾကီးေနတာ ရွိမရွိအတြက္ စအိုကေနလက္နႈိက္စမ္းသပ္တာေတြပါ လုပ္ရနိုင္ပါတယ္။

စစ္ေဆးမႈအေနနဲ႔ကေတာ႔ ေ၀ွးေစ႔ကိုအာထရာေဆာင္းရိုက္ၾကည္႔တာ၊လိင္ဆက္ဆံရာမွတဆင္႔ကူးစက္တဲ႔ပိုးေတြရွိမရွိေသြးစစ္တာ၊ဆီးစစ္တာ ေတြလုပ္ရနိုင္ပါတယ္။

ဒီလိုေတြစမ္းသပ္စစ္ေဆးၾကည္႔လို႔ ေ၀ွးေစ႔ေရာင္တာလို႔အေျဖထြက္လာရင္ ေစာစီးစြာကုသမႈခံယူသင္႔ပါတယ္။

ဘာလို႔လဲဆိုေတာ႔ ေစာစီးစြာကုသမႈမခံယူပါက ေရာင္တာၾကာလာတဲ႔အခါမွာ ျဖစ္တဲ႔ဘက္ကေ၀ွးေစ႔က သိမ္ျပီးေသးသြားတာ၊ကပၸာယ္အိတ္ထဲမွာျပည္ေတြစုလာတာ၊ကပၸာယ္အိတ္မွာအနာေပါက္တာေတြျဖစ္နိုင္ပါတယ္။ ဒါ႔အျပင္ က်ားေဟာ္မုန္းနဲ႔သုတ္ေကာင္ေတြအထုတ္နည္းသြားတဲ႔အတြက္ ကေလးမရနိုင္တာ၊ျမံဳသြားတာမ်ိဳးေတြထိလည္း ျဖစ္နိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ဘက္တီးရီးယားပိုးေၾကာင္႔ျဖစ္လား၊ဗိုင္းရပ္ပိုးေၾကာင္႔ျဖစ္လား စတဲ႔ ျဖစ္တဲ႔အေၾကာင္းရင္းေပၚမႈတည္ပါတယ္။

ေ၀ွးေစ႔ေရာင္ရမ္းတာျဖစ္တဲ႔အခါ နားနားေနေနေနပါ။အိပ္ရာထဲမွာလွဲေနပါ။အေလးအပင္မတာေတြ၊အကံုးအကြလုပ္တာေတြေရွာင္ပါ။

ေ၀ွးေစ႔နာတာသက္သာဖို႔အတြက္ အကိုက္အခဲေပ်ာက္ေဆးေသာက္တာ၊ေရခဲကပ္တာ ေတြလုပ္နိုင္ပါတယ္။

အစာအိမ္ေရာဂါအခံရွိရင္ေတာ႔ အကိုက္အခဲေပ်ာက္ေဆးကို ဆရာ၀န္နဲ႔ျပသျပီးမွပဲေသာက္သင္႔ပါတယ္။

ေ၀ွးေစ႔နာတာလံုး၀ေပ်ာက္ဖို႔အတြက္ကေတာ႔ လပိုင္းေလာက္ထိ အခ်ိန္ယူရနိုင္ပါတယ္။

Dr 528

Unicode Version

ဝှေးစေ့ ဘာလို့ရောင်ရတယ်

ဝှေးစေ့ဆိုတာဟာ အမျိုးသားတွေ မျိုးဆက်ပွားနိုင်ရန်အတွက် အရေးကြီးသော မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ဝှေးစေ့ကနေ သုတ်ကောင်နဲ့ကျားဟော်မုန်းတွေကို ထုတ်ပေးပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းကို ဆေးပညာအရ Orchitis လို့ခေါ်ပါတယ်။ဝှေးစေ့ရောင်ရမ်းခြင်းဟာ တဖက်တည်းလည်းဖြစ်နိုင်သလို နှစ်ဖက်လုံးလည်း ဖြစ်နိုင်ပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းဟာ ဘက်တီးရီးယားပိုးတွေ နဲ့ ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်ခံရခြင်းကြောင့် အဖြစ်များပါတယ်။

တချို့သူတွေမှာ ဘာအကြောင်းရင်းမှရှာမရဘဲ ဝှေးစေ့ရောင်ရမ်းတာမျိုးလည်းရှိပါတယ်။

ဘက်တီးရီးယားပိုးတွေဝင်ရောက်ကူးစက်ရာမှ ဖြစ်တဲ့ဝှေးစေ့ရောင်ရမ်းခြင်းဟာ

အပျော်ပါးလိုက်စားရာမှတဆင့် ကူးစက်တတ်တဲ့ Gonorrhoea(ဂနိုရောဂါ)၊Chlamydia ရောဂါတွေကို ဖြစ်စေတဲ့ဘက်တီးရီးယားပိုးတွေဝင်ရောက်ကူးစက်တာကြောင့်ဖြစ်ပါတယ်။ဒီဘက်တီးရီးယားတွေဝင်ရောက်လို့ ဝှေးစေ့ရောင်ရမ်းခြင်းဖြစ်ပါက epididymitis လို့ခေါ်တဲ့ သုတ်ပို့ပြွန်တွေရောင်တာပါတွဲဖြစ်နိုင်ပါတယ်။

အဲ့လိုနှစ်ခုတွဲဖြစ်တာကို တော့ ဆေးပညာအရ Epididymo-orchitis လို့ခေါ်ပါတယ်။

ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်ရာမှဖြစ်တဲ့ ဝှေးစေ့ရောင်ရမ်းခြင်းကတော့ ပါးချိတ်ရောင်ခြင်းကိုဖြစ်စေတဲ့ Mump virus ဝင်ရောက်ကူးစက်တာကြောင့်ဖြစ်ပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းဟာ

လိင်ဆက်ဆံဖော်များတဲ့သူတွေ

အပျော်ပါးလိုက်စားတဲ့သူတွေ

ကိုယ်တိုင်က အပျော်ပါးမလိုက်စားသော်လည်း၊ကိုယ့်ဆက်ဆံဖော်က အပျော်ပါးလိုက်စားများတာမျိုးရှိတဲ့သူတွေ

မွေးရာပါဆီးလမ်းကြောင်းပုံမှန်မဟုတ်တဲ့သူတွေ

ဆီးလမ်းကြောင်းပိုးခဏခဏဝင်တတ်တဲ့သူတွေ

ပါးချိတ်ရောင်ကာကွယ်ဆေးမထိုးထားတဲ့သူတွေ မှာဆိုရင်အဖြစ်များလေ့ရှိပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းဖြစ်တဲ့အခါမှာ

ဝှေးစေ့တဖက် သို့မဟုတ် နှစ်ဖက်လုံးကရောင်ပြီး ဖောင်းနေတာ၊ရက်အတော်ကြာအောင်နာကျင်ပြီး နာတာကတဖြည်းဖြည်းပိုပိုဆိုးလာတာ၊ဖျားတာ၊အန်တာ စသဖြင့်ခံစားရနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားရပြီဆိုရင် မရှက်ဘဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

စမ်းသပ်မှုအနေနဲ့ကတော့ ဆရာဝန်က ဝှေးစေ့ရောင်နေတာ၊ကြီးနေတာ၊ပေါင်ကြားက ပြန်ရည်ကြောအကျိတ်တွေကြီးနေတာရှိမရှိစမ်းသပ်တာအပြင် ဆီးကျိတ်ကြီးနေတာ ရှိမရှိအတွက် စအိုကနေလက်နှိုက်စမ်းသပ်တာတွေပါ လုပ်ရနိုင်ပါတယ်။

စစ်ဆေးမှုအနေနဲ့ကတော့ ဝှေးစေ့ကိုအာထရာဆောင်းရိုက်ကြည့်တာ၊လိင်ဆက်ဆံရာမှတဆင့်ကူးစက်တဲ့ပိုးတွေရှိမရှိသွေးစစ်တာ၊ဆီးစစ်တာ တွေလုပ်ရနိုင်ပါတယ်။

ဒီလိုတွေစမ်းသပ်စစ်ဆေးကြည့်လို့ ဝှေးစေ့ရောင်တာလို့အဖြေထွက်လာရင် စောစီးစွာကုသမှုခံယူသင့်ပါတယ်။

ဘာလို့လဲဆိုတော့ စောစီးစွာကုသမှုမခံယူပါက ရောင်တာကြာလာတဲ့အခါမှာ ဖြစ်တဲ့ဘက်ကဝှေးစေ့က သိမ်ပြီးသေးသွားတာ၊ကပ္ပာယ်အိတ်ထဲမှာပြည်တွေစုလာတာ၊ကပ္ပာယ်အိတ်မှာအနာပေါက်တာတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျားဟော်မုန်းနဲ့သုတ်ကောင်တွေအထုတ်နည်းသွားတဲ့အတွက် ကလေးမရနိုင်တာ၊မြုံသွားတာမျိုးတွေထိလည်း ဖြစ်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်လား၊ဗိုင်းရပ်ပိုးကြောင့်ဖြစ်လား စတဲ့ ဖြစ်တဲ့အကြောင်းရင်းပေါ်မှုတည်ပါတယ်။

ဝှေးစေ့ရောင်ရမ်းတာဖြစ်တဲ့အခါ နားနားနေနေနေပါ။အိပ်ရာထဲမှာလှဲနေပါ။အလေးအပင်မတာတွေ၊အကုံးအကွလုပ်တာတွေရှောင်ပါ။

ဝှေးစေ့နာတာသက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်တာ၊ရေခဲကပ်တာ တွေလုပ်နိုင်ပါတယ်။

အစာအိမ်ရောဂါအခံရှိရင်တော့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်နဲ့ပြသပြီးမှပဲသောက်သင့်ပါတယ်။

ဝှေးစေ့နာတာလုံးဝပျောက်ဖို့အတွက်ကတော့ လပိုင်းလောက်ထိ အချိန်ယူရနိုင်ပါတယ်။

Dr 528