ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရနိုင်သလား

ရာသီလာေနတုုန္း လိင္ဆက္ဆံမိရင္ ကေလးရနိုုင္သလား

လူအေတာ္မ်ားမ်ားအေနနဲ႔ကေတာ႔ ရာသီလာစဥ္မွာ အတူေနလိင္ဆက္ဆံရင္ ကိုယ္၀န္မရနိုင္ဘူးလို႔ပဲ သိၾကပါတယ္။

ကိုယ္၀န္ဆိုတာဟာ အမ်ိဳးသမီးရဲ႕ မမ်ိဳးဥ နဲ႔ အမ်ိဳးသားရဲ႕သုတ္ေကာင္တို႔ ေပါင္းစပ္မွသာ ျဖစ္လာတာပါ။

အမ်ားအားျဖင္႔ေတာ႔ မမ်ိဳးဥဟာ ရာသီလာဖုိ႔ ၁၄ရက္အလို၀န္းက်င္ေလာက္မွာ မ်ိဳးဥအိမ္ကေန ေၾကြေလ႔ရွိျပီး သူ႔သက္တမ္းဟာ တရက္(၂၄နာရီ) ပဲရွိပါတယ္။

အမ်ိဳးသားရဲ႕သုတ္ပိုးသက္တမ္းကေတာ႔ မိန္းမကိုယ္ထဲမွာ ၃ရက္ကေန ၅ရက္အထိအသက္ရွင္နိုင္ပါတယ္။

၂၈ရက္တၾကိမ္ရာသီေပၚတဲ႔အမ်ိဳးသမီးမွာဆိုရင္ မ်ိဳးေအာင္နိုင္ေျခမ်ားတဲ႔(ကိုယ္၀န္ရနိုင္ေျခမ်ားတဲ႔)ရက္ေတြက ရာသီစလာတဲ႔ရက္မွ ၁၁ရက္ေျမွာက္ေန႔ကေန ၁၅ ရက္ေျမွာက္ေန႔ အတြင္း ျဖစ္ျပီး

၃၀ရက္တၾကိမ္ရာသီလာတဲ႔အမ်ိဳးသမီးဆိုရင္ မ်ိဳးေအာင္နိုင္ေျခမ်ားတဲ႔(ကိုယ္၀န္ရနိုင္ေျခမ်ားတဲ႔)ရက္ေတြက ရာသီစလာတဲ႔ရက္မွ ၁၃ရက္ေျမွာက္ေန႔ကေန ၁၇ရက္ေျမွာက္ေန႔အတြင္းျဖစ္ပါတယ္။

ဒါေၾကာင္႔ ေယဘုယ်အေနနဲ႔ေျပာရရင္ေတာ႔ ရာသီလာေနစဥ္မွာ အတူေနလိင္ဆက္ဆံရင္ ကိုယ္၀န္ရနို္င္ေျခနည္းပါတယ္။

ဒါေပမယ္႔ လံုး၀မရနိုင္ပါဘူးလို႔ အာမခံေျပာလို႔ေတာ႔မရပါ။

ဘာျဖစ္လို႔လဲဆိုေတာ႔ ရာသီစက္၀န္းတိုတဲ႔အမ်ိဳးသမီးေတြမွာ(၂၁ရက္နဲ႔ရာသီေပၚတဲ႔အမ်ိဳးသမီးေတြမွာ)ဆိုရင္ မ်ိဳးဥေၾကြတာဟာ ရာသီျပီးခါနီးရက္ သို႔မဟုတ္ ရာသီလာျပီး ေနာက္ရက္နားတ၀ိုက္ေလာက္မွာ ျဖစ္တတ္လို႔ပါ။

အဲ႔အခါမွာက် ရာသီလာတုန္း လိင္ဆက္ဆံတာဆိုေပမယ္႔ ဘာတားနည္းမွမသံုးရင္ သုတ္ပိုးဟာ မမ်ိဳးဥနဲ႔ေတြ႔ျပီး ေပါင္းစပ္ကာ ကိုယ္၀န္ရနိုင္ေျခရွိပါတယ္။

သုတ္ပိုးက မိန္းမကိုယ္ထဲမွာဆိုရင္ ၃ရက္ကေန ၅ရက္ေလာက္ထိအသက္ရွင္နိုင္တာကိုလည္းထည္႔စဥ္းစားဖို႔လိုပါတယ္။

ဒါ႔အျပင္ ရာသီလာတဲ႔ရက္မမွန္တဲ႔အမ်ိဳးသမီးေတြမွာဆိုရင္လည္း မ်ိဳးဥေၾကြရက္ကအမ်ိဳးမ်ိဳးျဖစ္နိုင္တဲ႔အတြက္ ထိုအမ်ိဳးသမီးေတြအေနနဲ႔ ရာသီလာေနတုန္းလိင္ဆက္ဆံရင္ကို္ယ္၀န္ရနိုင္ေျခရွိပါတယ္။

တခ်ိဳ႕က်န္းမာေရးဗဟုသုတနည္းတဲ႔အမ်ိဳးသမီးေတြဆိုရင္ အေရးေပၚတားေဆးေၾကာင္႔ေသြးဆင္းတာ၊သားအိမ္ထဲကအသားလံုး၊ေရအိတ္စတဲ႔အေၾကာင္းတခုခုေၾကာင္႔ေသြးဆင္းတာကို ရာသီေပၚတယ္လို႔ယူဆတတ္ၾကပါတယ္။

အဲ႔လိုယူဆျပီး ကိုယ္၀န္မရနိုင္ဘူးထင္ကာ အတူေနလိင္ဆက္ဆံပါက ကိုယ္၀န္ရနိုင္ေျခမ်ားပါတယ္။

ဒါေၾကာင္႔အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာက ရာသီလာေနစဥ္လိင္ဆက္ဆံရင္ ကိုယ္၀န္ရနိုင္ေျခနည္းေပမယ္႔ လံုး၀မရနိုင္ပါဘူးလို႔ေတာ႔ အာမခံေျပာမရတဲ႔အတြက္ ရာသီလာေနတုန္းလိင္ဆက္ဆံပါက ကြန္ဒံုးသံုးပါလို႔ အၾကံေပးခ်င္ပါတယ္။

ကြန္ဒံုးသံုးျခင္းျဖင္႔ ကိုယ္၀န္ကို ကာကြယ္ျပီးသားျဖစ္သလို ရာသီေပၚစဥ္မွာ ေသြးဆင္းမ်ားတာေၾကာင္႔ တျခားအခ်ိန္ေတြမွာထက္ လိင္ဆက္ဆံရာမွတဆင္႔ ကူးစက္ေရာဂါျဖစ္ပြားနိုင္ေျခမ်ားတာကိုလည္း ကာကြယ္နိုင္ပါတယ္။

Dr 528

Unicode Version

ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရနိုင်သလား

လူအတော်များများအနေနဲ့ကတော့ ရာသီလာစဉ်မှာ အတူနေလိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးလို့ပဲ သိကြပါတယ်။

ကိုယ်ဝန်ဆိုတာဟာ အမျိုးသမီးရဲ့ မမျိုးဥ နဲ့ အမျိုးသားရဲ့သုတ်ကောင်တို့ ပေါင်းစပ်မှသာ ဖြစ်လာတာပါ။

အများအားဖြင့်တော့ မမျိုးဥဟာ ရာသီလာဖို့ ၁၄ရက်အလိုဝန်းကျင်လောက်မှာ မျိုးဥအိမ်ကနေ ကြွေလေ့ရှိပြီး သူ့သက်တမ်းဟာ တရက်(၂၄နာရီ) ပဲရှိပါတယ်။

အမျိုးသားရဲ့သုတ်ပိုးသက်တမ်းကတော့ မိန်းမကိုယ်ထဲမှာ ၃ရက်ကနေ ၅ရက်အထိအသက်ရှင်နိုင်ပါတယ်။

၂၈ရက်တကြိမ်ရာသီပေါ်တဲ့အမျိုးသမီးမှာဆိုရင် မျိုးအောင်နိုင်ခြေများတဲ့(ကိုယ်ဝန်ရနိုင်ခြေများတဲ့)ရက်တွေက ရာသီစလာတဲ့ရက်မှ ၁၁ရက်မြှောက်နေ့ကနေ ၁၅ ရက်မြှောက်နေ့ အတွင်း ဖြစ်ပြီး

၃၀ရက်တကြိမ်ရာသီလာတဲ့အမျိုးသမီးဆိုရင် မျိုးအောင်နိုင်ခြေများတဲ့(ကိုယ်ဝန်ရနိုင်ခြေများတဲ့)ရက်တွေက ရာသီစလာတဲ့ရက်မှ ၁၃ရက်မြှောက်နေ့ကနေ ၁၇ရက်မြှောက်နေ့အတွင်းဖြစ်ပါတယ်။

ဒါကြောင့် ယေဘုယျအနေနဲ့ပြောရရင်တော့ ရာသီလာနေစဉ်မှာ အတူနေလိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေနည်းပါတယ်။

ဒါပေမယ့် လုံးဝမရနိုင်ပါဘူးလို့ အာမခံပြောလို့တော့မရပါ။

ဘာဖြစ်လို့လဲဆိုတော့ ရာသီစက်ဝန်းတိုတဲ့အမျိုးသမီးတွေမှာ(၂၁ရက်နဲ့ရာသီပေါ်တဲ့အမျိုးသမီးတွေမှာ)ဆိုရင် မျိုးဥကြွေတာဟာ ရာသီပြီးခါနီးရက် သို့မဟုတ် ရာသီလာပြီး နောက်ရက်နားတဝိုက်လောက်မှာ ဖြစ်တတ်လို့ပါ။

အဲ့အခါမှာကျ ရာသီလာတုန်း လိင်ဆက်ဆံတာဆိုပေမယ့် ဘာတားနည်းမှမသုံးရင် သုတ်ပိုးဟာ မမျိုးဥနဲ့တွေ့ပြီး ပေါင်းစပ်ကာ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။

သုတ်ပိုးက မိန်းမကိုယ်ထဲမှာဆိုရင် ၃ရက်ကနေ ၅ရက်လောက်ထိအသက်ရှင်နိုင်တာကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။

ဒါ့အပြင် ရာသီလာတဲ့ရက်မမှန်တဲ့အမျိုးသမီးတွေမှာဆိုရင်လည်း မျိုးဥကြွေရက်ကအမျိုးမျိုးဖြစ်နိုင်တဲ့အတွက် ထိုအမျိုးသမီးတွေအနေနဲ့ ရာသီလာနေတုန်းလိင်ဆက်ဆံရင်ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။

တချို့ကျန်းမာရေးဗဟုသုတနည်းတဲ့အမျိုးသမီးတွေဆိုရင် အရေးပေါ်တားဆေးကြောင့်သွေးဆင်းတာ၊သားအိမ်ထဲကအသားလုံး၊ရေအိတ်စတဲ့အကြောင်းတခုခုကြောင့်သွေးဆင်းတာကို ရာသီပေါ်တယ်လို့ယူဆတတ်ကြပါတယ်။

အဲ့လိုယူဆပြီး ကိုယ်ဝန်မရနိုင်ဘူးထင်ကာ အတူနေလိင်ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ခြေများပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာက ရာသီလာနေစဉ်လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေနည်းပေမယ့် လုံးဝမရနိုင်ပါဘူးလို့တော့ အာမခံပြောမရတဲ့အတွက် ရာသီလာနေတုန်းလိင်ဆက်ဆံပါက ကွန်ဒုံးသုံးပါလို့ အကြံပေးချင်ပါတယ်။

ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ကို ကာကွယ်ပြီးသားဖြစ်သလို ရာသီပေါ်စဉ်မှာ သွေးဆင်းများတာကြောင့် တခြားအချိန်တွေမှာထက် လိင်ဆက်ဆံရာမှတဆင့် ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေများတာကိုလည်း ကာကွယ်နိုင်ပါတယ်။

Dr 528