တကိုယ်ရည်အာသာဖြေတာများသွားရင် ပန်းသေနိုင်သလား 

တကိုုယ္ရည္အာသာေျဖတာမ်ားသြားရင္ ပန္းေသနိုုင္သလား 

တခ်ိဳ႕လူေတြထင္ေနၾကတာ တခုရိွတယ္။ခဏခဏ တကိုယ္ရည္အာသာေျဖတဲ့အက်င့္ဟာ က်န္းမာေရးအတြက္မေကာင္းဘူးဆိုျပီးေတာ့ေပါ့။ပိုဆိုးတာတခုက အဲဒီလိုလုပ္တာဟာ ပန္းေသပန္းညိႈးပါ ျဖစ္ေစတယ္လို႔လည္း ေျပာၾကေသးတယ္။ပန္းေသပန္းညိႈးဆိုတာ အမ်ိဳးသားရဲ႕ လိင္အဂၤါဟာ ေထာင္မတ္နိုင္ျခင္းမရိွတာ ေတာင့္ေတာင့္တင္းတင္း မရိွေတာ့တာလို႔ အလြယ္တကူေျပာလို႔ရပါတယ္။ဒီလိုျဖစ္ရျခင္းဟာ မၾကာခဏ တကိုယ္ရည္အာသာေျဖျခင္းနဲ႔ တကယ္ပဲ သက္ဆိုင္ပါသလား။

တခြန္းထဲပဲ ေျပာရရင္ေတာ့ ဘာမွမဆိုင္ပါဘူး။ဒါဟာ ယံုတမ္းစကားတခုသက္သက္ပါပဲ။တကယ္က တကိုယ္ရည္အာသာေျဖတယ္ဆိုတာ ပံုမွန္ျဖစ္စဥ္တခုပဲျဖစ္ျပီး ေျပာမယ္ဆိုရင္ အက်ိဳးေက်းဇူးတခ်ိဳ႕ေတာင္ ရိွပါေသးတယ္။

သုေတသီေတြအဆိုအရ တကိုယ္ရည္အာသာေျဖတာမ်ားသြားလို႔ ပန္းေသပန္းညိႈးျဖစ္သြားတယ္ဆိုတာ တေယာက္ေလးမွ မရိွဘူးေသးပါဘူး။အမ်ိဳးသားေတြရဲ႕ ၇၄ % ေလာက္ဟာ တကိုယ္ရည္အာသာေျဖေလ့ရိွၾကပါတယ္။ေျပာခဲ့တဲ့အတိုင္း တကိုယ္ရည္အာသာေျဖျခင္းကေန က်န္းမာေရးအက်ိဳးေက်းဇူးတခ်ိဳ႕ေတာင္ ရနိုင္ပါေသးတယ္။စိတ္ဖိစီးမႈေတြ ေလ်ာ့က်ေစတယ္။မြန္းၾကပ္မႈေတြ တင္းမာမႈေတြကို ေျပေပ်ာက္ေစတယ္။အိပ္ေပ်ာ္ေအာက္လည္း ကူညီေပးပါေသးသတဲ့။တခုရိွတာက တကိုယ္ရည္အာသာေျဖျပီးကာစမွာေတာ့ လိင္အဂၤါက ခ်က္ခ်င္းေတာင္မတ္နိုင္မွာ မဟုတ္ေသးပါဘူး။ဒါဟာ ပန္းေသပန္းညိႈးနဲ႔ မဆိုင္ပါဘူး။အာသာေျဖျပီးတဲ့အခ်ိန္နဲ႔ ျပန္လည္ေတာင္မတ္နိုင္တဲ့အခ်ိန္ ၾကားကာလကို Male Refractory Period လို႔ ေခၚပါတယ္။အဲ့ၾကာခ်ိန္ကာလဟာ တေယာက္နဲ႔တေယာက္ ကြာဟမႈအနည္းငယ္ရိွနိုင္ပါတယ္။

သုေတသနေတြအရ တကိုယ္ရည္အာသာေျဖျခင္းေၾကာင့္ ပန္းမေသနိုင္တာ ေသခ်ာေပမဲ့ တကိုယ္ရည္အာသာေျဖလို႔မရေလာက္ေအာင္ လိင္ဆက္ဆံလို႔မရေလာက္ေအာင္ ေပ်ာ့ေခြေနတယ္ဆိုရင္ေတာ့ တျခားျပႆနာတခုခုေတာ့ ရိွေနနိုင္ပါတယ္။ျပီးေတာ့ အသက္အရြယ္ကလည္း အေရးၾကီးပါတယ္။မ်ားေသာအားျဖင့္ ဒီျပႆနာဟာ အသက္ ၄၀ ေက်ာ္ျပီးတဲ့အမ်ိဳးသားေတြမွာ အျဖစ္မ်ားပါတယ္။တျခား ပန္းေသပန္းညိႈးျဖစ္ေစနိုင္တဲ့ျပႆနာတခ်ိဳ႕ကေတာ့ ဆီးခ်ိဳ အဝလြန္ျခင္း နွလံုးေရာဂါ ဆီးလမ္းေၾကာင္းျပႆနာေတြ နဲ႔ အရက္ေဆးလိပ္အလြန္အကြ်ံေသာက္သံုးျခင္းတို႔ပဲျဖစ္ပါတယ္။

ငယ္ငယ္ရြယ္ရြယ္နဲ႔ ပန္းေသတတ္သလားဆိုေတာ့ ျဖစ္တတ္ပါတယ္။အသက္ ၄၀ ေအာက္မွာ ဒီလိုျဖစ္ရင္ စိတ္ပိုင္းဆိုင္ရာျပႆနာေတြေၾကာင့္က အဓိကပါပဲ။စိိတ္ဖိစီးမႈမ်ားတာ ပူပန္မႈမ်ားတာ စိတ္က်ေရာဂါ နဲ႔ အိပ္မေပ်ာ္တာေတြက ဒီလို ျဖစ္ေစတတ္ပါတယ္။ေက်ာရိုးမွာရိွတဲ့ အာရံုေၾကာမၾကီးမွာ ထိခိုက္ဒဏ္ရာရတဲ့လူေတြမွာလည္း ျဖစ္နိုင္ပါတယ္။

လိင္အဂၤါ မေထာင္မတ္နိုင္တာ ခပ္စိပ္စိပ္ျဖစ္လာျပီဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္တာအေကာင္းဆံုးပါပဲ။ဒါဆိုရင္ လြယ္လြယ္ကကူကူနဲ႔ ေျပာင္းလဲျပဳျပင္လို႔ရတဲ့ကိစၥမ်ိဳးေတြအတြက္ အၾကံဥာဏ္ျမန္ျမန္ရနိုင္ပါလိမ့္မယ္။ဥပမာ  ဝိတ္ေလ်ာ့ခိုင္းတာမ်ိဳးေပါ့။စိတ္ေၾကာင့္ျဖစ္တယ္ဆိုရင္လည္း စိတ္ပိုင္းဆိုင္ရာကုသမႈေတြ ခံယူလို႔ရနိုင္ပါတယ္။

အားလံုး သဘာဝအတိုင္း ငြားငြားစြင့္စြင့္ ရိွနိုင္ၾကပါေစ။

Dr.KG

Unicode Version

တကိုယ်ရည်အာသာဖြေတာများသွားရင် ပန်းသေနိုင်သလား

တချို့လူတွေထင်နေကြတာ တခုရှိတယ်။ခဏခဏ တကိုယ်ရည်အာသာဖြေတဲ့အကျင့်ဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုပြီးတော့ပေါ့။ပိုဆိုးတာတခုက အဲဒီလိုလုပ်တာဟာ ပန်းသေပန်းညှိုးပါ ဖြစ်စေတယ်လို့လည်း ပြောကြသေးတယ်။ပန်းသေပန်းညှိုးဆိုတာ အမျိုးသားရဲ့ လိင်အင်္ဂါဟာ ထောင်မတ်နိုင်ခြင်းမရှိတာ တောင့်တောင့်တင်းတင်း မရှိတော့တာလို့ အလွယ်တကူပြောလို့ရပါတယ်။ဒီလိုဖြစ်ရခြင်းဟာ မကြာခဏ တကိုယ်ရည်အာသာဖြေခြင်းနဲ့ တကယ်ပဲ သက်ဆိုင်ပါသလား။

တခွန်းထဲပဲ ပြောရရင်တော့ ဘာမှမဆိုင်ပါဘူး။ဒါဟာ ယုံတမ်းစကားတခုသက်သက်ပါပဲ။တကယ်က တကိုယ်ရည်အာသာဖြေတယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တခုပဲဖြစ်ပြီး ပြောမယ်ဆိုရင် အကျိုးကျေးဇူးတချို့တောင် ရှိပါသေးတယ်။

သုတေသီတွေအဆိုအရ တကိုယ်ရည်အာသာဖြေတာများသွားလို့ ပန်းသေပန်းညှိုးဖြစ်သွားတယ်ဆိုတာ တယောက်လေးမှ မရှိဘူးသေးပါဘူး။အမျိုးသားတွေရဲ့ ၇၄ % လောက်ဟာ တကိုယ်ရည်အာသာဖြေလေ့ရှိကြပါတယ်။ပြောခဲ့တဲ့အတိုင်း တကိုယ်ရည်အာသာဖြေခြင်းကနေ ကျန်းမာရေးအကျိုးကျေးဇူးတချို့တောင် ရနိုင်ပါသေးတယ်။စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်။မွန်းကြပ်မှုတွေ တင်းမာမှုတွေကို ပြေပျောက်စေတယ်။အိပ်ပျော်အောက်လည်း ကူညီပေးပါသေးသတဲ့။တခုရှိတာက တကိုယ်ရည်အာသာဖြေပြီးကာစမှာတော့ လိင်အင်္ဂါက ချက်ချင်းတောင်မတ်နိုင်မှာ မဟုတ်သေးပါဘူး။ဒါဟာ ပန်းသေပန်းညှိုးနဲ့ မဆိုင်ပါဘူး။အာသာဖြေပြီးတဲ့အချိန်နဲ့ ပြန်လည်တောင်မတ်နိုင်တဲ့အချိန် ကြားကာလကို Male Refractory Period လို့ ခေါ်ပါတယ်။အဲ့ကြာချိန်ကာလဟာ တယောက်နဲ့တယောက် ကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။

သုတေသနတွေအရ တကိုယ်ရည်အာသာဖြေခြင်းကြောင့် ပန်းမသေနိုင်တာ သေချာပေမဲ့ တကိုယ်ရည်အာသာဖြေလို့မရလောက်အောင် လိင်ဆက်ဆံလို့မရလောက်အောင် ပျော့ခွေနေတယ်ဆိုရင်တော့ တခြားပြဿနာတခုခုတော့ ရှိနေနိုင်ပါတယ်။ပြီးတော့ အသက်အရွယ်ကလည်း အရေးကြီးပါတယ်။များသောအားဖြင့် ဒီပြဿနာဟာ အသက် ၄၀ ကျော်ပြီးတဲ့အမျိုးသားတွေမှာ အဖြစ်များပါတယ်။တခြား ပန်းသေပန်းညှိုးဖြစ်စေနိုင်တဲ့ပြဿနာတချို့ကတော့ ဆီးချို အဝလွန်ခြင်း နှလုံးရောဂါ ဆီးလမ်းကြောင်းပြဿနာတွေ နဲ့ အရက်ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းတို့ပဲဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းသေတတ်သလားဆိုတော့ ဖြစ်တတ်ပါတယ်။အသက် ၄၀ အောက်မှာ ဒီလိုဖြစ်ရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်က အဓိကပါပဲ။စိတ်ဖိစီးမှုများတာ ပူပန်မှုများတာ စိတ်ကျရောဂါ နဲ့ အိပ်မပျော်တာတွေက ဒီလို ဖြစ်စေတတ်ပါတယ်။ကျောရိုးမှာရှိတဲ့ အာရုံကြောမကြီးမှာ ထိခိုက်ဒဏ်ရာရတဲ့လူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

လိင်အင်္ဂါ မထောင်မတ်နိုင်တာ ခပ်စိပ်စိပ်ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်တာအကောင်းဆုံးပါပဲ။ဒါဆိုရင် လွယ်လွယ်ကကူကူနဲ့ ပြောင်းလဲပြုပြင်လို့ရတဲ့ကိစ္စမျိုးတွေအတွက် အကြံဉာဏ်မြန်မြန်ရနိုင်ပါလိမ့်မယ်။ဥပမာ  ဝိတ်လျော့ခိုင်းတာမျိုးပေါ့။စိတ်ကြောင့်ဖြစ်တယ်ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာကုသမှုတွေ ခံယူလို့ရနိုင်ပါတယ်။

အားလုံး သဘာဝအတိုင်း ငွားငွားစွင့်စွင့် ရှိနိုင်ကြပါစေ။

Dr.KG