တနေ့နှစ်ကြိမ်သွားမတိုက်လျှင် ပန်းသေပန်းညှိုးဖြစ်နိုင်ချေမြင့်မား

တေန႔နွစ္ၾကိမ္သြားမတိုက္လ်ွင္ ပန္းေသပန္းညိႈးျဖစ္နိုင္ေခ်ျမင့္မား

ငယ္ငယ္ကတည္းက သင္ခဲ့ရဖူး ၾကားခဲ့ရဖူးတဲ့ တကိုယ္ရည္သန္႔ရွင္းေရးနဲ႔ဆိုင္တဲ့ အေလ့အထတခုရိွပါတယ္။ဘာလဲဆိုေတာ့ တေန႔ကို သြားနွစ္ၾကိမ္တိုက္ရမယ္ဆိုတာပါပဲ။အေလးထားျပီး တိုက္တဲ့သူေတြလည္း ရိွပါမယ္။တေန႔တခါေလာက္ဆို လံုေလာက္ျပီထင္တဲ့သူေတြလည္း ရိွပါတယ္။ဒါေပမဲ့ ဒီေန႔ေခတ္ ပညာရွင္ေတြရဲ႕ေတြ႔ရိွခ်က္အသစ္ေတြအရေတာ့ တေန႔ကို နွစ္ၾကိမ္ပံုမွန္မတိုက္တဲ့ အမ်ိဳးသားထုၾကီးအတြက္ ရင္ေလးစရာပါပဲ။

ဘာေတြ႔ရိွခဲ့လို႔လဲ

အာရွတိုက္နဲ႔ဥေရာပတိုက္က အမ်ိဳးသားေပါင္း နွစ္သိန္းေက်ာ္ေက်ာ္ေလာက္မွာျပဳလုပ္ခဲ့တဲ့ ေလ့လာမႈငါးခုအရ သြားဖံုးေရာဂါေတြနဲ႔ ပန္းေသပန္းညိႈးေရာဂါေတြဟာ ဆက္စပ္မႈရိွေနပါသတဲ့။သြားကို တေန႔နွစ္ၾကိမ္ပံုမွန္တိုက္ေလ့မရိွတဲ့ အမ်ိဳးသားေတြဟာ ပန္းေသပန္းညိႈးျဖစ္နိုင္ေခ် ပံုမွန္ထက္သံုးဆျမင့္မားေနတာ ေတြ႔ရိွခဲ့ပါတယ္။ဒီလိုယူဆခဲ့ၾကတဲ့အဓိကအေၾကာင္းရင္းကေတာ့ သြားဖံုးေရာဂါနဲ႔ပန္းေသပန္းညိႈးမွာေတြ႔ရတဲ့ ေသြးေၾကာေတြေရာင္ရမ္းျခင္းဟာ ပံုစံတူျဖစ္ေနလို႔လို႔ ဆိုပါတယ္။CRP ဆိုတဲ့ ကာလရွည္ေရာင္ရမ္းမႈေတြနဲ႔သက္ဆိုင္တဲ့ ပရိုတိန္းတမ်ိဳးဟာ ပန္းေသပန္းညိႈးေဝဒနာသည္ေတြမွာေရာ သြားဖံုးေရာဂါရိွတဲ့သူေတြမွာပါ ျမင့္တက္ေနတာ ေတြ႔ခဲ့ၾကပါတယ္။CRP ကို နွလံုးေရာဂါရိွတဲ့အမ်ိဳးသားေတြမွာလည္း ျမင့္တက္ေနတာ ေတြ႔ႏိုင္ပါတယ္။

ဒီအယူအဆကို ထပ္မံအားေကာင္းေစတာကေတာ့ အိပ္ရာထဲမွာစိတ္ေက်နပ္မႈမရျဖစ္ေနတဲ့အမ်ိဳးသားေတြအနက္ ၇၄ % ေလာက္ဟာ သြားဖံုးေရာဂါတခုခုျဖစ္ေနတတ္တယ္ဆိုတဲ့အခ်က္ပါပဲ။ထပ္မံေလ့လာမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ေနေသးေပမဲ့ အခုေတြ႔ရိွခ်က္ဟာ သြားက်န္းမာေရးကို ဂရုတစိုက္မရိွတတ္တဲ့အမ်ိဳးသားေတြအတြက္ေတာ့ အခ်က္ေပးေခါင္းေလာင္းသံပါပဲ။သြားေလးမွန္မွန္မတိုက္ယံုနဲ့ လူျဖစ္ေစာေစာစီးစီးရံႈးသြားနိုင္တယ္ဆိုတာ မေတြးရဲစရာပါပဲ။

ေကာင္းတဲ့ဘက္က လွည့္ေတြးရင္ေတာ့ ကိုကိုတို႔အေနနဲ႔ တေန႔ကို သြားနွစ္ခါပံုမွန္တိုက္ေပးျခင္းဟာ ပန္းေသပန္းညိႈးေစာေစာစီးစီးမျဖစ္ေအာင္ ကာကြယ္ေနတဲ့သေဘာပါပဲ။မမတို႔ညီမေလးတို႔အေနနဲ႔လည္း ကိုယ့္လက္တြဲေဖာ္ေတြကို သြားနွစ္ခါေတာ့ပံုမွန္တိုက္ဖို႔ ေခ်ာ့ျပီးတမ်ိဳး ေျခာက္ျပီးတဖံု တြန္းအားေပးဖို႔ လိုအပ္ေနပါျပီ။

(အခုေျပာခဲ့တဲ့ သုေတသနေတြကိုျပဳလုပ္ခဲ့တာကေတာ့ Jinan University (China) နဲ႔ University of Granada(Spain) တို႔ျဖစ္ျပီး Jinan University ရဲ႕ သုေတသနကို Journal Of Sexual Medicine မွာ ပံုနိွပ္ေဖာ္ျပခံခဲ့ရပါတယ္။)

Ref: Brushing teeth twice a day could prevent ED,
Daily Mail, Jan 8 2019

Dr.KG

Unicode Version

တနေ့နှစ်ကြိမ်သွားမတိုက်လျှင် ပန်းသေပန်းညှိုးဖြစ်နိုင်ချေမြင့်မား

ငယ်ငယ်ကတည်းက သင်ခဲ့ရဖူး ကြားခဲ့ရဖူးတဲ့ တကိုယ်ရည်သန့်ရှင်းရေးနဲ့ဆိုင်တဲ့ အလေ့အထတခုရှိပါတယ်။ဘာလဲဆိုတော့ တနေ့ကို သွားနှစ်ကြိမ်တိုက်ရမယ်ဆိုတာပါပဲ။အလေးထားပြီး တိုက်တဲ့သူတွေလည်း ရှိပါမယ်။တနေ့တခါလောက်ဆို လုံလောက်ပြီထင်တဲ့သူတွေလည်း ရှိပါတယ်။ဒါပေမဲ့ ဒီနေ့ခေတ် ပညာရှင်တွေရဲ့တွေ့ရှိချက်အသစ်တွေအရတော့ တနေ့ကို နှစ်ကြိမ်ပုံမှန်မတိုက်တဲ့ အမျိုးသားထုကြီးအတွက် ရင်လေးစရာပါပဲ။

ဘာတွေ့ရှိခဲ့လို့လဲ

အာရှတိုက်နဲ့ဥရောပတိုက်က အမျိုးသားပေါင်း နှစ်သိန်းကျော်ကျော်လောက်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုငါးခုအရ သွားဖုံးရောဂါတွေနဲ့ ပန်းသေပန်းညှိုးရောဂါတွေဟာ ဆက်စပ်မှုရှိနေပါသတဲ့။သွားကို တနေ့နှစ်ကြိမ်ပုံမှန်တိုက်လေ့မရှိတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ချေ ပုံမှန်ထက်သုံးဆမြင့်မားနေတာ တွေ့ရှိခဲ့ပါတယ်။ဒီလိုယူဆခဲ့ကြတဲ့အဓိကအကြောင်းရင်းကတော့ သွားဖုံးရောဂါနဲ့ပန်းသေပန်းညှိုးမှာတွေ့ရတဲ့ သွေးကြောတွေရောင်ရမ်းခြင်းဟာ ပုံစံတူဖြစ်နေလို့လို့ ဆိုပါတယ်။CRP ဆိုတဲ့ ကာလရှည်ရောင်ရမ်းမှုတွေနဲ့သက်ဆိုင်တဲ့ ပရိုတိန်းတမျိုးဟာ ပန်းသေပန်းညှိုးဝေဒနာသည်တွေမှာရော သွားဖုံးရောဂါရှိတဲ့သူတွေမှာပါ မြင့်တက်နေတာ တွေ့ခဲ့ကြပါတယ်။CRP ကို နှလုံးရောဂါရှိတဲ့အမျိုးသားတွေမှာလည်း မြင့်တက်နေတာ တွေ့နိုင်ပါတယ်။

ဒီအယူအဆကို ထပ်မံအားကောင်းစေတာကတော့ အိပ်ရာထဲမှာစိတ်ကျေနပ်မှုမရဖြစ်နေတဲ့အမျိုးသားတွေအနက် ၇၄ % လောက်ဟာ သွားဖုံးရောဂါတခုခုဖြစ်နေတတ်တယ်ဆိုတဲ့အချက်ပါပဲ။ထပ်မံလေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးပေမဲ့ အခုတွေ့ရှိချက်ဟာ သွားကျန်းမာရေးကို ဂရုတစိုက်မရှိတတ်တဲ့အမျိုးသားတွေအတွက်တော့ အချက်ပေးခေါင်းလောင်းသံပါပဲ။သွားလေးမှန်မှန်မတိုက်ယုံနဲ့ လူဖြစ်စောစောစီးစီးရှုံးသွားနိုင်တယ်ဆိုတာ မတွေးရဲစရာပါပဲ။

ကောင်းတဲ့ဘက်က လှည့်တွေးရင်တော့ ကိုကိုတို့အနေနဲ့ တနေ့ကို သွားနှစ်ခါပုံမှန်တိုက်ပေးခြင်းဟာ ပန်းသေပန်းညှိုးစောစောစီးစီးမဖြစ်အောင် ကာကွယ်နေတဲ့သဘောပါပဲ။မမတို့ညီမလေးတို့အနေနဲ့လည်း ကိုယ့်လက်တွဲဖော်တွေကို သွားနှစ်ခါတော့ပုံမှန်တိုက်ဖို့ ချော့ပြီးတမျိုး ခြောက်ပြီးတဖုံ တွန်းအားပေးဖို့ လိုအပ်နေပါပြီ။

(အခုပြောခဲ့တဲ့ သုတေသနတွေကိုပြုလုပ်ခဲ့တာကတော့ Jinan University (China) နဲ့ University of Granada(Spain) တို့ဖြစ်ပြီး Jinan University ရဲ့ သုတေသနကို Journal Of Sexual Medicine မှာ ပုံနှိပ်ဖော်ပြခံခဲ့ရပါတယ်။)

Ref: Brushing teeth twice a day could prevent ED,
Daily Mail, Jan 8 2019

Dr.KG