ဖန်ပြွန်သန္ဓေသား  လူတိုင်းယူလို့ရသလား

ဖန္ျပြန္သေႏၶသား  လူတိုုင္းယူလိုု႔ရသလား

ဖန္ျပြန္သေႏၶယူျခင္းဆိုတာဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ ကေလးရဖို႔ခက္ေနတဲ႔အိမ္ေထာင္စံုတြဲေတြမွာ

အမ်ိဳးသားရဲ႕သုတ္ေကာင္ေတြ ႏွင္႔ အမ်ိဳးသမီးရဲ႕သားဥေတြကိုထုတ္ယူကာ ခႏၶာကိုယ္ျပင္ပ ဓါတ္ခြဲခန္းထဲကအထူးျပဳလုပ္ထားတဲ႔ဖန္ျပြန္ထဲမွာေပါင္းစပ္ေစျပီး ရလာတဲ႔သေႏၶေအာင္ဥ ကို သားအိမ္ထဲတိုက္ရိုက္ထည္႔ျခင္းျဖင္႔ ကိုယ္၀န္ရေအာင္လုပ္ျခင္းျဖစ္ပါတယ္။

ေဆးပညာအရေတာ႔ဒီလိုလုပ္တာကို In vitro fertilization(IVF) လို႔ေခၚပါတယ္။

ကေလးရဖို႔ ခက္ခဲတိုင္း IVF တန္းမလုပ္ေပးပါဘူး။လုပ္ဖို႔လည္းမလိုေသးနိုင္ပါ။

ဘာလို႔လဲဆိုေတာ႔ IVF လုပ္ျခင္းဟာ ကုန္က်စရိတ္လည္းအရမ္းမ်ားတဲ႔အျပင္ လုပ္ရတဲ႔အဆင္႔ေတြကလည္းမ်ားလို႔ပါ။

IVF လုပ္တဲ႔အခါ အဆင္႔ ၄ ဆင္႔ရွိပါတယ္။

အဲ႔ဒါေတြကေတာ႔

အဆင္႔၁-မမ်ိဳးဥေၾကြေအာင္လႈံ႕ေဆာ္ျခင္း

ပံုမွန္အတိုင္းဆိုရင္ အမ်ိဳးသမီးေတြဟာ တလကို မမ်ိဳးဥတလံုးပဲေၾကြပါတယ္။

IVF နည္းျဖင္႔ ကိုယ္၀န္ေဆာင္မယ္ဆိုရင္ပံုမွန္ေၾကြတဲ႔ မမ်ိဳးဥတလံုးတည္းနဲ႔မလံုေလာက္ပါဘူး။ပ်က္စီးဆံုးရံႈးနိုင္ေျခကိုပါတြက္ျပီး မမ်ိဳးဥကိုမ်ားနိုင္သေလာက္မ်ားမ်ားယူထားဖို႔လိုပါတယ္။

ဒါေၾကာင္႔ မ်ိဳးဥအိမ္မွ မ်ိဳးဥမ်ားမ်ားေၾကြေအာင္ လံႈေဆာ္ေပးတဲ႔ ေဟာ္မုန္းေဆးေတြ သို႔မဟုတ္ သေႏၶေအာင္အားေဆးေတြေသာက္တာ ထိုးတာေတြလုပ္ရနိုင္ပါတယ္။

ဒီလိုမလုပ္ခင္နဲ႕လုပ္ေနစဥ္အတြင္းမွာ သားဥေၾကြမေၾကြ၊ေဟာ္မုန္းပမာဏေကာင္းမေကာင္းသိဖို႔အတြက္ အာထရာေဆာင္းရိုက္တာ၊ေသြးတြင္းေဟာ္မုန္းစစ္တာေတြလည္းမၾကာခဏလုပ္ဖို႔လိုနိုင္ပါတယ္။

အဆင့္၂-မမ်ိဳးဥ ထုတ္ယူသိမ္းဆည္းျခင္း

ေဟာ္မုန္းေဆးေတြေပးျပီးေနာက္ မမ်ိဳးဥအိမ္ေတြက မ်ိဳးဥေတြေၾကြလာျပီဆိုရင္ ေၾကြလာတဲ႔မ်ိဳးဥေတြကို မ်ိဳးဥအိမ္ေတြဆီကေန ထုတ္ယူပါတယ္။

ထုတ္ယူတဲ႔နည္းကေတာ႔ မိန္းမကိုယ္မွတဆင္႔ သားဥျပြန္ကိုျဖတ္ကာ မ်ိဳးဥအိမ္ဆီေရာက္ေအာင္ ေသးသြယ္တဲ႔မ်ိဳးဥစုပ္ယူပိုက္ေလးကိုသြင္းျပီး စုပ္ယူတာျဖစ္ပါတယ္။မ်ိဳးဥအိမ္နွစ္ဖက္လံုးကမ်ိဳးဥေတြကို သည္နည္းနဲ႔ တလွည္႔စီစုပ္ယူပါတယ္။

သည္လိုလုပ္တဲ႔အခါမွာနာက်င္မႈအနည္းငယ္ခံစားရနိုင္ပါတယ္။ဒါေပမယ္႔ အရမ္းစိုးရိမ္ဖို႔မလိုပါ။ျပဳလုပ္ေနစဥ္နာက်င္မႈသက္သာေအာင္ ေဆး၀ါးမ်ားေပးထားမွာျဖစ္ပါတယ္။

စုပ္ယူလို႔ရတဲ႔မမ်ိဳးဥေတြကိုေတာ႔ စုပ္ယူျပီးျပီးခ်င္းမွာ မမ်ိဳးဥေတြအတြက္လိုအပ္ေသာအာဟာရဓါတ္ေတြပါတဲ႔ Culture dish ထဲထည္႔ပါတယ္။

ထို႔ေနာက္မွာေတာ႔ Incubator ထဲကို ေျပာင္းထည္႔ပါတယ္။

အဆင့္၃-သုတ္ေကာင္နဲ႔ေပါင္းစပ္ကာသေႏၶေအာင္ဥျဖစ္ေစျခင္း

ဒီအဆင္႔မွာေတာ႔ စုပ္ယူရရွိထားတဲ႔မမ်ိဳးဥေတြထဲက အရည္ေသြးေကာင္းတာေတြကိုျပန္စီစစ္ေရြးခ်ယ္ျပီး အမ်ိဳးသားဆီကေန ယူထားတဲ႔သုတ္ပိုးေတြထဲက အေကာင္းဆံုးသုတ္ပိုးေတြနဲ႔ေရာေႏွာကာ ဖန္ျပြန္ထဲကို ထည္႔သြင္းပါတယ္။

ထို႔ေနာက္မွာေတာ႔ မိခင္သားအိမ္အေျခအေနနဲ႔တူေအာင္ဖန္တီးထားတဲ႔ ပတ္၀န္းက်င္ေနရာမွာ ဖန္ျပြန္ကိုထားရွိကာ သုတ္ေကာင္ေတြနဲ႔မမ်ိဳးဥေတြေပါင္းစပ္ျပီး သေႏၶေအာင္ဥေတြျဖစ္မျဖစ္ေစာင္႔ၾကည္႔ပါတယ္။

ဒီလိုေစာင္႔ၾကည္႔ရင္းနဲ႔သုတ္ေကာင္ကမမ်ိဳးဥထဲကို ၀င္ဖို႔ခက္ေနတယ္ဆိုရင္ Intracytoplasmic Sperm Injection ICSI နည္းကိုသံုးျပီး သုတ္ေကာင္အားမမ်ိဳးဥထဲေရာက္ေအာင္ ထည္႔သြင္းပါတယ္။

အဆင္႔၄-မိခင္သားအိမ္ထဲကိုသေႏၶသားလႊဲေျပာင္းထည္႔ေပးျခင္း

ဖန္ျပြန္ထဲမွာ သေႏၶေအာင္ဥေတြကေန သေႏၶသားေလာင္းေတြအျဖစ္ၾကီးထြားလာတဲ႔အခါ သူတို႔ေတြထဲက အေကာင္းဆံုးေတြကိုေရြးခ်ယ္ျပီး အမ်ိဳးသမီးရဲ႕ဆႏၵနဲ႔ခံနိုင္ရည္ေပၚမူတည္ကာ ကေလးတေယာက္လိုခ်င္ရင္ သေႏၶသားေလာင္းတခု၊နွစ္ေယာက္(အျမႊာပူး)လိုခ်င္ရင္ သေႏၶသားေလာင္းနွစ္ခု ကို အမ်ိဳသမီးရဲ႕ေမြးလမ္းေၾကာင္းမွတဆင္႔ သားအိမ္ေခါင္းကိုျဖတ္ကာ သားအိမ္အတြင္းကိုထည္႔သြင္းေပးပါတယ္။

ေယာက်္ားေလး၊မိန္းကေလးေရြးခ်ယ္လို႔လည္းရပါတယ္။

တခ်ိဳ႕မ်ိဳးဆက္ပြားစင္တာေတြမွာေတာ႔ ဖန္ျပြန္ထဲက သေႏၶသားေလာင္းကို မိခင္သားအိမ္ထဲထည္႔သြင္းျခင္းမျပဳမွီ သေႏၶသားေလာင္းမွာ မ်ိဳးရိုးဗီဇနဲ႔ဆိုင္တဲ႔ေရာဂါပါမပါ စစ္ေဆးျခင္း(Pre-implantation Genetic Diagnosis-PGD)စစ္ေဆးျခင္းကို ျပဳလုပ္ပါတယ္။

ဒီလိုစစ္ေဆးျခင္းျဖင္႔ သေႏၶသားေလာင္းမွာ မ်ိဳးရိုးဗီဇနဲ႔ဆိုင္တဲ႔ေရာဂါပါလာနိုင္ေျခကိုေလ်ာ႔က်ေစတယ္လို႔ သုေတသနပညာရွင္အခ်ိဳ႕ကဆိုထားပါတယ္။

ဒါေပမယ္႔ တခ်ိဳ႕သုေတသနပညာရွင္ေတြကေတာ႔ ဒီလိုစစ္ေပမယ္႔လည္း မ်ိဳးရိုးဗီဇနဲ႔ဆိုင္တဲ႔ေရာဂါပါလာနိုင္ေျခဟာ သိသာစြာေလ်ာ႔က်မသြားေစတတ္ဘူး။

PGD လုပ္ျပီးထည္႔တဲ႔သေႏၶသားေလာင္းကိုလည္း ေမြးလာတဲ႔အခါ မ်ိဳးရိုးဗီဇနဲ႔ဆိုင္တဲ႔ေရာဂါေတြ လံုး၀မပါလာနိုင္ပါလို႔ အာမခံမရပါလို႔ ေျပာထားတာမ်ိဳးလည္းရွိပါတယ္။

ဒါေၾကာင္႔ တခ်ိဳ႕မ်ိဳးဆက္ပြားစင္တာေတြအေနနဲ႔ PGD မလုပ္ဘဲ သေႏၶသားေလာင္းကို မိခင္သားအိမ္ထဲထည္႔တာမ်ိဳးလည္းရွိပါတယ္။

IVF လုပ္တဲ႔အခါျဖစ္နိုင္တဲ႔ ေဘးထြက္ဆိုးက်ိဳးေတြလည္းရွိပါတယ္။

အဲ႔ဒါေတြကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။မ်ိဳးဥေၾကြေစရန္လႈံ႕ေဆာ္တဲ႔ ေဟာ္မုန္းေဆးေတြေသာက္ရတာေၾကာင္႔ ေခါင္းကိုက္တာ၊ပ်ိဳ႕အန္တာ၊ေမာတာ၊ကိုယ္အေလးခ်ိန္တိုးလာတာ၊

မမ်ိဳးဥအိမ္ကိုေဆးေတြက အခန္႔မသင္႔လို႔ အလြန္အကြ်ံ႕လႈံ႕ေဆာ္မိတဲ႔အခါ Ovarian Hyperstimulation Syndrome (OHSS)ေရာဂါျဖစ္ျပီး ၀မ္းဗိုက္မွာေရဖ်ဥ္းစြဲသလိုျဖစ္တာ၊ခႏၶာကိုယ္ေဖာေရာင္တာ၊ဆီးနည္းတာ ေတြျဖစ္နိုင္ေျခရွိပါတယ္။

၂။သားဥအိမ္အတြင္းမွာသားဥေတြကိုယူတဲ႔အခါမွာ ပိုး၀င္တာ၊ေသြးထြက္တာ၊သားဥအိမ္အနီးတ၀ိုက္က ကိုယ္အဂၤါအစိတ္အပိုင္းေတြ(ဥပမာ ဆီးအိမ္၊အူ)ကိုထိခိုက္မိတာေတြျဖစ္နိုင္ေျခရွိပါတယ္။

၃။ကုိယ္၀န္ေဆာင္တဲ႔အခါမွာလည္း ေနရာလြဲမွားသေႏၶတည္တာ၊လမေစ႔ဘဲေမြးတာ၊ေပါင္မျပည္႔ဘဲေမြးတာေတြျဖစ္နိုင္ပါတယ္။

ရိုးရိုးသာမန္ကိုယ္၀န္သည္ေတြနည္းတူ ကိုယ္၀န္ပ်က္က်နိုင္ေျခဟာလည္းရွိပါေသးတယ္။

ဒီဆိုးက်ိဳးေတြအျပင္ ဖန္ျပြန္သေႏၶနည္းဟာ လုပ္တိုင္းေအာင္ျမင္မယ္လို႔ ယတိျပတ္အာမမခံထားပါ။တခ်ိဳ႕ေတြဆို နွစ္ၾကိမ္၊သံုးၾကိမ္ေလာက္ ေလာက္မွေအာင္ျမင္ျပီးကိုယ္၀န္ရတာမ်ိဳးလည္းရွိပါတယ္။

IVF နည္းဟာ ဒီလိုေဘးထြက္ဆိုးက်ိဳးေတြမ်ားတဲ႔အျပင္ ေအာင္ျမင္မယ္မေအာင္ျမင္ဘူးေသခ်ာမေျပာနိုင္တာေၾကာင္႔၊အကုန္အက်လည္းအရမ္းမ်ားတာေၾကာင္႔ ကိုယ္၀န္ရဖို႔ခက္ခဲတဲ႔အိမ္ေထာင္ရွင္စံုတြဲတိုင္းကို ဒီနည္းစလုပ္ေပးေလ႔မရွိဘဲ မမ်ိဳးဥေၾကြေအာင္ေဟာ္မုန္းေဆးေတြေပးတာ၊IUS(Intrauterine insemination)ေခၚ မမ်ိဳးဥေၾကြရက္နဲ႔ကိုက္ျပီး အမ်ိဳးသမီးသားအိမ္ထဲသုတ္ေကာင္ထည္႔ေပးတာ စတဲ႔ အကုန္အက်အရမ္းမမ်ား ေဘးထြက္ဆိုးက်ိဳးသိပ္မရွိတဲ႔ နည္းေတြကိုအရင္လုပ္ေလ႔ရွိပါတယ္။

သို႔ေသာ္ IVF နည္းသံုးမွ ျဖစ္မယ္႔ အေျခအေနေတြလည္းရွိပါတယ္။

အဲ႔ဒါေတြကေတာ႔

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ မမ်ိဳးဥျပြန္ဆိုးဆိုး၀ါး၀ါးပိတ္တာ၊ပ်က္စီးေနတာေတြျဖစ္ျပီးသားဥျပြန္ပြင္႔ေအာင္၊ျပန္ေကာင္းေအာင္လုပ္တာလည္းမေအာင္ျမင္တာ

သားဥျပြန္ျဖတ္လိုက္ျပီးမွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ ကေလးျပန္လိုခ်င္တာ

သားဥအိမ္ေကာင္းေကာင္းအလုပ္မလုပ္တာ

သားအိမ္မွာအလံုးအက်ိတ္ေတြရွိတာ

သားအိမ္တသွ်ဴးေတြေနရာလြဲမွားေရာက္ေနတဲ႔(Endometriosis)ေရာဂါရွိတာ

အမ်ိဳးသားရဲ႕သုတ္ပိုးပမာဏာနည္းျပီးသုတ္ပိုးပံုစံေတြကလည္းမမွန္ျဖစ္ေနတာ

တျခားနည္းေတြသံုးျပီးေသာ္လည္း ကိုယ္၀န္ရဖို႔ခက္ေနတာ

စတဲ႔အေျခအေနေတြျဖစ္ပါတယ္။

အဆံုုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ ဖန္ျပြန္သေႏၶနည္း(IVF)ဟာ ေယာက္်ားေလး၊မိန္းကေလးေရြးခ်ယ္လို႔ရျခင္း၊အျမႊာလိုခ်င္ရင္လည္းရနိုင္ျခင္း၊အမ်ိဳးသားဘက္ကသုတ္ပိုးလံုး၀မေကာင္းတာ၊အမ်ိဳးသမီးဘက္က မမ်ိဳးဥလံုး၀မေၾကြတာစတဲ႔အေျခအေနေတြရွိရင္လည္း သုတ္ပိုးအလွဴရွင္၊မ်ိဳးဥအလွဴရွင္ေတြရဲ႕အကူအညီနဲ႔ကိုယ္၀န္ေဆာင္နိုင္ျခင္းစတဲ႔ အက်ိဳးေက်းဇူးေတြရွိေပမယ္႔

ေငြေၾကးကုန္က်မႈအရမ္းမ်ားတဲ႔အျပင္ စိတ္ပန္း၊လူပန္းလည္းျဖစ္နိုင္တာေၾကာင္႔ မလုပ္ခင္မွာ မ်ိဳးဆက္ပြားစင္တာေတြကိုသြားျပီး ဆရာ၀န္နဲ႔ေဆြးေႏြးကာ IVF လုပ္ပံုလုပ္နည္းကို ေသခ်ာေလ႔လာဖို႔လိုပါတယ္။

IVF နည္းနဲ႔သေႏၶသားယူမယ္ဆိုပါက အလုပ္အကိုင္အဆင္ေျပျပီး စိတ္ဖိစီးစရာနည္းေနတဲ႔အခ်ိန္မွာပဲ ယူသင္႔ေၾကာင္းအဆံုးသတ္အေနနဲ႔အၾကံေပးခ်င္ပါတယ္။

Dr 528

Unicode Version

ဖန်ပြွန်သန္ဓေသား  လူတိုင်းယူလို့ရသလား

ဖန်ပြွန်သန္ဓေယူခြင်းဆိုတာဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးရဖို့ခက်နေတဲ့အိမ်ထောင်စုံတွဲတွေမှာ

အမျိုးသားရဲ့သုတ်ကောင်တွေ နှင့် အမျိုးသမီးရဲ့သားဥတွေကိုထုတ်ယူကာ ခန္ဓာကိုယ်ပြင်ပ ဓါတ်ခွဲခန်းထဲကအထူးပြုလုပ်ထားတဲ့ဖန်ပြွန်ထဲမှာပေါင်းစပ်စေပြီး ရလာတဲ့သန္ဓေအောင်ဥ ကို သားအိမ်ထဲတိုက်ရိုက်ထည့်ခြင်းဖြင့် ကိုယ်ဝန်ရအောင်လုပ်ခြင်းဖြစ်ပါတယ်။

ဆေးပညာအရတော့ဒီလိုလုပ်တာကို In vitro fertilization(IVF) လို့ခေါ်ပါတယ်။

ကလေးရဖို့ ခက်ခဲတိုင်း IVF တန်းမလုပ်ပေးပါဘူး။လုပ်ဖို့လည်းမလိုသေးနိုင်ပါ။

ဘာလို့လဲဆိုတော့ IVF လုပ်ခြင်းဟာ ကုန်ကျစရိတ်လည်းအရမ်းများတဲ့အပြင် လုပ်ရတဲ့အဆင့်တွေကလည်းများလို့ပါ။

IVF လုပ်တဲ့အခါ အဆင့် ၄ ဆင့်ရှိပါတယ်။

အဲ့ဒါတွေကတော့

အဆင့်၁-မမျိုးဥကြွေအောင်လှုံ့ဆော်ခြင်း

ပုံမှန်အတိုင်းဆိုရင် အမျိုးသမီးတွေဟာ တလကို မမျိုးဥတလုံးပဲကြွေပါတယ်။

IVF နည်းဖြင့် ကိုယ်ဝန်ဆောင်မယ်ဆိုရင်ပုံမှန်ကြွေတဲ့ မမျိုးဥတလုံးတည်းနဲ့မလုံလောက်ပါဘူး။ပျက်စီးဆုံးရှုံးနိုင်ခြေကိုပါတွက်ပြီး မမျိုးဥကိုများနိုင်သလောက်များများယူထားဖို့လိုပါတယ်။

ဒါကြောင့် မျိုးဥအိမ်မှ မျိုးဥများများကြွေအောင် လှုံဆော်ပေးတဲ့ ဟော်မုန်းဆေးတွေ သို့မဟုတ် သန္ဓေအောင်အားဆေးတွေသောက်တာ ထိုးတာတွေလုပ်ရနိုင်ပါတယ်။

ဒီလိုမလုပ်ခင်နဲ့လုပ်နေစဉ်အတွင်းမှာ သားဥကြွေမကြွေ၊ဟော်မုန်းပမာဏကောင်းမကောင်းသိဖို့အတွက် အာထရာဆောင်းရိုက်တာ၊သွေးတွင်းဟော်မုန်းစစ်တာတွေလည်းမကြာခဏလုပ်ဖို့လိုနိုင်ပါတယ်။

အဆင့်၂-မမျိုးဥ ထုတ်ယူသိမ်းဆည်းခြင်း

ဟော်မုန်းဆေးတွေပေးပြီးနောက် မမျိုးဥအိမ်တွေက မျိုးဥတွေကြွေလာပြီဆိုရင် ကြွေလာတဲ့မျိုးဥတွေကို မျိုးဥအိမ်တွေဆီကနေ ထုတ်ယူပါတယ်။

ထုတ်ယူတဲ့နည်းကတော့ မိန်းမကိုယ်မှတဆင့် သားဥပြွန်ကိုဖြတ်ကာ မျိုးဥအိမ်ဆီရောက်အောင် သေးသွယ်တဲ့မျိုးဥစုပ်ယူပိုက်လေးကိုသွင်းပြီး စုပ်ယူတာဖြစ်ပါတယ်။မျိုးဥအိမ်နှစ်ဖက်လုံးကမျိုးဥတွေကို သည်နည်းနဲ့ တလှည့်စီစုပ်ယူပါတယ်။

သည်လိုလုပ်တဲ့အခါမှာနာကျင်မှုအနည်းငယ်ခံစားရနိုင်ပါတယ်။ဒါပေမယ့် အရမ်းစိုးရိမ်ဖို့မလိုပါ။ပြုလုပ်နေစဉ်နာကျင်မှုသက်သာအောင် ဆေးဝါးများပေးထားမှာဖြစ်ပါတယ်။

စုပ်ယူလို့ရတဲ့မမျိုးဥတွေကိုတော့ စုပ်ယူပြီးပြီးချင်းမှာ မမျိုးဥတွေအတွက်လိုအပ်သောအာဟာရဓါတ်တွေပါတဲ့ Culture dish ထဲထည့်ပါတယ်။

ထို့နောက်မှာတော့ Incubator ထဲကို ပြောင်းထည့်ပါတယ်။

အဆင့်၃-သုတ်ကောင်နဲ့ပေါင်းစပ်ကာသန္ဓေအောင်ဥဖြစ်စေခြင်း

ဒီအဆင့်မှာတော့ စုပ်ယူရရှိထားတဲ့မမျိုးဥတွေထဲက အရည်သွေးကောင်းတာတွေကိုပြန်စီစစ်ရွေးချယ်ပြီး အမျိုးသားဆီကနေ ယူထားတဲ့သုတ်ပိုးတွေထဲက အကောင်းဆုံးသုတ်ပိုးတွေနဲ့ရောနှောကာ ဖန်ပြွန်ထဲကို ထည့်သွင်းပါတယ်။

ထို့နောက်မှာတော့ မိခင်သားအိမ်အခြေအနေနဲ့တူအောင်ဖန်တီးထားတဲ့ ပတ်ဝန်းကျင်နေရာမှာ ဖန်ပြွန်ကိုထားရှိကာ သုတ်ကောင်တွေနဲ့မမျိုးဥတွေပေါင်းစပ်ပြီး သန္ဓေအောင်ဥတွေဖြစ်မဖြစ်စောင့်ကြည့်ပါတယ်။

ဒီလိုစောင့်ကြည့်ရင်းနဲ့သုတ်ကောင်ကမမျိုးဥထဲကို ဝင်ဖို့ခက်နေတယ်ဆိုရင် Intracytoplasmic Sperm Injection ICSI နည်းကိုသုံးပြီး သုတ်ကောင်အားမမျိုးဥထဲရောက်အောင် ထည့်သွင်းပါတယ်။

အဆင့်၄-မိခင်သားအိမ်ထဲကိုသန္ဓေသားလွှဲပြောင်းထည့်ပေးခြင်း

ဖန်ပြွန်ထဲမှာ သန္ဓေအောင်ဥတွေကနေ သန္ဓေသားလောင်းတွေအဖြစ်ကြီးထွားလာတဲ့အခါ သူတို့တွေထဲက အကောင်းဆုံးတွေကိုရွေးချယ်ပြီး အမျိုးသမီးရဲ့ဆန္ဒနဲ့ခံနိုင်ရည်ပေါ်မူတည်ကာ ကလေးတယောက်လိုချင်ရင် သန္ဓေသားလောင်းတခု၊နှစ်ယောက်(အမြွှာပူး)လိုချင်ရင် သန္ဓေသားလောင်းနှစ်ခု ကို အမျိုသမီးရဲ့မွေးလမ်းကြောင်းမှတဆင့် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းကိုထည့်သွင်းပေးပါတယ်။

ယောကျ်ားလေး၊မိန်းကလေးရွေးချယ်လို့လည်းရပါတယ်။

တချို့မျိုးဆက်ပွားစင်တာတွေမှာတော့ ဖန်ပြွန်ထဲက သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်သွင်းခြင်းမပြုမှီ သန္ဓေသားလောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါပါမပါ စစ်ဆေးခြင်း(Pre-implantation Genetic Diagnosis-PGD)စစ်ဆေးခြင်းကို ပြုလုပ်ပါတယ်။

ဒီလိုစစ်ဆေးခြင်းဖြင့် သန္ဓေသားလောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါပါလာနိုင်ခြေကိုလျော့ကျစေတယ်လို့ သုတေသနပညာရှင်အချို့ကဆိုထားပါတယ်။

ဒါပေမယ့် တချို့သုတေသနပညာရှင်တွေကတော့ ဒီလိုစစ်ပေမယ့်လည်း မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါပါလာနိုင်ခြေဟာ သိသာစွာလျော့ကျမသွားစေတတ်ဘူး။

PGD လုပ်ပြီးထည့်တဲ့သန္ဓေသားလောင်းကိုလည်း မွေးလာတဲ့အခါ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါတွေ လုံးဝမပါလာနိုင်ပါလို့ အာမခံမရပါလို့ ပြောထားတာမျိုးလည်းရှိပါတယ်။

ဒါကြောင့် တချို့မျိုးဆက်ပွားစင်တာတွေအနေနဲ့ PGD မလုပ်ဘဲ သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်တာမျိုးလည်းရှိပါတယ်။

IVF လုပ်တဲ့အခါဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။မျိုးဥကြွေစေရန်လှုံ့ဆော်တဲ့ ဟော်မုန်းဆေးတွေသောက်ရတာကြောင့် ခေါင်းကိုက်တာ၊ပျို့အန်တာ၊မောတာ၊ကိုယ်အလေးချိန်တိုးလာတာ၊

မမျိုးဥအိမ်ကိုဆေးတွေက အခန့်မသင့်လို့ အလွန်အကျွံ့လှုံ့ဆော်မိတဲ့အခါ Ovarian Hyperstimulation Syndrome (OHSS)ရောဂါဖြစ်ပြီး ဝမ်းဗိုက်မှာရေဖျဉ်းစွဲသလိုဖြစ်တာ၊ခန္ဓာကိုယ်ဖောရောင်တာ၊ဆီးနည်းတာ တွေဖြစ်နိုင်ခြေရှိပါတယ်။

၂။သားဥအိမ်အတွင်းမှာသားဥတွေကိုယူတဲ့အခါမှာ ပိုးဝင်တာ၊သွေးထွက်တာ၊သားဥအိမ်အနီးတဝိုက်က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ(ဥပမာ ဆီးအိမ်၊အူ)ကိုထိခိုက်မိတာတွေဖြစ်နိုင်ခြေရှိပါတယ်။

၃။ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း နေရာလွဲမှားသန္ဓေတည်တာ၊လမစေ့ဘဲမွေးတာ၊ပေါင်မပြည့်ဘဲမွေးတာတွေဖြစ်နိုင်ပါတယ်။

ရိုးရိုးသာမန်ကိုယ်ဝန်သည်တွေနည်းတူ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာလည်းရှိပါသေးတယ်။

ဒီဆိုးကျိုးတွေအပြင် ဖန်ပြွန်သန္ဓေနည်းဟာ လုပ်တိုင်းအောင်မြင်မယ်လို့ ယတိပြတ်အာမမခံထားပါ။တချို့တွေဆို နှစ်ကြိမ်၊သုံးကြိမ်လောက် လောက်မှအောင်မြင်ပြီးကိုယ်ဝန်ရတာမျိုးလည်းရှိပါတယ်။

IVF နည်းဟာ ဒီလိုဘေးထွက်ဆိုးကျိုးတွေများတဲ့အပြင် အောင်မြင်မယ်မအောင်မြင်ဘူးသေချာမပြောနိုင်တာကြောင့်၊အကုန်အကျလည်းအရမ်းများတာကြောင့် ကိုယ်ဝန်ရဖို့ခက်ခဲတဲ့အိမ်ထောင်ရှင်စုံတွဲတိုင်းကို ဒီနည်းစလုပ်ပေးလေ့မရှိဘဲ မမျိုးဥကြွေအောင်ဟော်မုန်းဆေးတွေပေးတာ၊IUS(Intrauterine insemination)ခေါ် မမျိုးဥကြွေရက်နဲ့ကိုက်ပြီး အမျိုးသမီးသားအိမ်ထဲသုတ်ကောင်ထည့်ပေးတာ စတဲ့ အကုန်အကျအရမ်းမများ ဘေးထွက်ဆိုးကျိုးသိပ်မရှိတဲ့ နည်းတွေကိုအရင်လုပ်လေ့ရှိပါတယ်။

သို့သော် IVF နည်းသုံးမှ ဖြစ်မယ့် အခြေအနေတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့

အကြောင်းအမျိုးမျိုးကြောင့် မမျိုးဥပြွန်ဆိုးဆိုးဝါးဝါးပိတ်တာ၊ပျက်စီးနေတာတွေဖြစ်ပြီးသားဥပြွန်ပွင့်အောင်၊ပြန်ကောင်းအောင်လုပ်တာလည်းမအောင်မြင်တာ

သားဥပြွန်ဖြတ်လိုက်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ကလေးပြန်လိုချင်တာ

သားဥအိမ်ကောင်းကောင်းအလုပ်မလုပ်တာ

သားအိမ်မှာအလုံးအကျိတ်တွေရှိတာ

သားအိမ်တသျှူးတွေနေရာလွဲမှားရောက်နေတဲ့(Endometriosis)ရောဂါရှိတာ

အမျိုးသားရဲ့သုတ်ပိုးပမာဏာနည်းပြီးသုတ်ပိုးပုံစံတွေကလည်းမမှန်ဖြစ်နေတာ

တခြားနည်းတွေသုံးပြီးသော်လည်း ကိုယ်ဝန်ရဖို့ခက်နေတာ

စတဲ့အခြေအနေတွေဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ဖန်ပြွန်သန္ဓေနည်း(IVF)ဟာ ယောက်ျားလေး၊မိန်းကလေးရွေးချယ်လို့ရခြင်း၊အမြွှာလိုချင်ရင်လည်းရနိုင်ခြင်း၊အမျိုးသားဘက်ကသုတ်ပိုးလုံးဝမကောင်းတာ၊အမျိုးသမီးဘက်က မမျိုးဥလုံးဝမကြွေတာစတဲ့အခြေအနေတွေရှိရင်လည်း သုတ်ပိုးအလှူရှင်၊မျိုးဥအလှူရှင်တွေရဲ့အကူအညီနဲ့ကိုယ်ဝန်ဆောင်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရှိပေမယ့်

ငွေကြေးကုန်ကျမှုအရမ်းများတဲ့အပြင် စိတ်ပန်း၊လူပန်းလည်းဖြစ်နိုင်တာကြောင့် မလုပ်ခင်မှာ မျိုးဆက်ပွားစင်တာတွေကိုသွားပြီး ဆရာဝန်နဲ့ဆွေးနွေးကာ IVF လုပ်ပုံလုပ်နည်းကို သေချာလေ့လာဖို့လိုပါတယ်။

IVF နည်းနဲ့သန္ဓေသားယူမယ်ဆိုပါက အလုပ်အကိုင်အဆင်ပြေပြီး စိတ်ဖိစီးစရာနည်းနေတဲ့အချိန်မှာပဲ ယူသင့်ကြောင်းအဆုံးသတ်အနေနဲ့အကြံပေးချင်ပါတယ်။

Dr 528