ကွန်ဒုံးသုံးတော့မယ်ဆိုရင်  ကိုယ့်အရွယ်အစား ကိုယ်သိဖို့လိုမယ်

ကြန္ဒံုးသံုုးေတာ့မယ္ဆိုုရင္  ကိုုယ့္အရြယ္အစား ကိုုယ္သိဖိုု႔လိုုမယ္
ကြန္ဒံုး သံုးယံုနဲ႔ စိတ္ခ်ရျပီထင္ေနသလား ေဘာ္ဒါ။အမွားၾကီးမွားသြားပါလိမ့္မယ္။ကေလးမရဖို႔ နဲ႔ ေရာဂါေတြမကူးစက္ဖို႔ဆိုရင္ ခင္ဗ်ားဟာ အရြယ္အစားမွန္ကန္တဲ့ကြန္ဒံုးကိုေရြးခ်ယ္တတ္ဖို႔ လိုပါလိမ့္မယ္။အရမ္း ၾကီးေနတဲ့ ကြန္ဒံုးသံုးမိရင္ ကြ်တ္ထြက္တာမ်ိဳး ျဖစ္နိုင္ျပီး အရမ္းေသးရင္က်ျပန္ေတာ့ ကြန္ဒံုးေပါက္သြားတာမ်ိဳးေတြ ျဖစ္နိုင္တယ္။ဒါေၾကာင့္ ခင္ဗ်ားအေနနဲ႔ ကြန္ဒံုးဝယ္ဖို႔ အစီအစဥ္ရိွတယ္ဆိုရင္ ဒီစာကိုဖတ္။အခ်ိန္ယူေလ့လာျပီးမွ ကိုယ္နဲ႔ အံကိုက္ျဖစ္မဲ့ကြန္ဒံုးမ်ိဳးကို ေရြးဝယ္ဖို႔ လိုမယ္။
ကိုယ့္ဟာကိုယ္တိုင္းပါ
ပထမဆံုးလုပ္ရမွာက ကိုယ့္လက္နက္ကို ကိုယ္ကိုယ္တိုင္တိုင္းဖို႔ပဲ။ကြန္ဒံုးတခုရဲ႕ အရြယ္အစားကို လံုးပတ္ရယ္ အရွည္ရယ္နဲ႔ တိုင္းတာတယ္။ဒီေတာ့ ကိုယ့္လက္နက္ရဲ႕ လံုးပတ္ နဲ႔ အရွည္ကို တိုင္းဖို႔လိုမယ္။တိုင္းတဲ့အခါမွာ အေရးၾကီးတဲ့အခ်က္က ေတာင္မတ္ေနတဲ့အခ်ိန္ျဖစ္ဖို႔ပါပဲ။ပထမဆံုးအရွည္ကို စ တိုင္းမယ္ ။ဆီးခံုရိုးေပၚကေန လက္နက္ထိပ္ထိကို ေပတံ ဒါမွမဟုတ္ ေပၾကိဳးနဲ႔တိုင္းပါ။ဒါ ခင္ဗ်ား လက္နက္ရဲ႕ အရွည္ပဲ။ေနာက္ျပီး လံုးပတ္။သူက်ေတာ့ အတုတ္ဆံုးေနရာကို ေပၾကိဳးနဲ႔ပတ္ျပီး တိုင္းလိုက္ယံုပဲ။အတိုင္းအတာကေတာ့” လက္မ” (inch ) နဲ႔ပဲ ယူမယ္။ဒါဆို ခင္ဗ်ားရဲ႕ အတိုင္းအတာ ရသြားျပီ။
ကြန္ဒံုးအရြယ္အစားမ်ား
Levis ဂ်င္းေဘာင္းဘီရဲ႕ ခါးဆိုက္ ၃၂ နဲ႔ ျပည္တြင္းျဖစ္ Victor ဂ်င္းေဘာင္းဘီရဲ႕ ခါးဆိုက္ ၃၂ ဟာ တူခ်င္မွတူနိုင္ပါလိမ့္မယ္။ကြန္ဒံုးမွာလည္း ဒီသေဘာပဲ။ထုတ္တဲ့ကုမၸဏီေပၚမူတည္ျပီး အရြယ္အစားသတ္မွတ္ခ်က္ကြဲျပားမႈအနည္းငယ္ေတာ့ ရိွနိုင္ပါတယ္။တခ်ိဳ႕က large condom လို႔ ေခၚေပမဲ့ တခ်ိဳ႕က်ျပန္ေတာ့ ဒီဆိုက္ကိုပဲ Standard Condom လို႔ ေခၚျပန္ေရာ။
အၾကမ္းဖ်င္း အရြယ္အစားေတြ ဒီလိုခြဲေလ့ရိွပါတယ္။
လံုးပတ္
၁.၇၅  နဲ႔ ၂  လက္မၾကား          Standard  Condom
၁.၇၅ လက္မေအာက္              Snug  Condom
၂ လက္မအထက္                    Large  Condom
အရွည္
၇.၂၅ နဲ႔ ၇.၈ လက္မၾကား             Standard Condom
၇ လက္မ နဲ႔  ၇.၈ လက္မၾကား      Snug  Condom
၇.၂၅ နဲ႔ ၈.၁ လက္မၾကား             Large Condom
ကြန္ဒံုး မဝယ္ခင္ ဘာေတြစဥ္းစားမလဲ
ကိုယ့္size နဲ႔ အေနေတာ္ကြန္ဒံုးေတြ႔ျပီဆိုျပီး ဝမ္းသာအယ္လဲနဲ႔ အမ်ားၾကီး ဝယ္တာမ်ိဳးလည္း မလုပ္နဲ႔ဦ ။နဲနဲဝယ္ျပီး  အဆင္ေျပမေျပ စမ္းသံုးၾကည့္ဖို႔လိုပါမယ္။အရြယ္အစားအျပင္ ထည့္စဥ္းစားရမဲ့အခ်က္တခ်ိဳ႕လည္း ရိွေသးတယ္။
၁)ကုန္ၾကမ္း
 ကြန္ဒံုးကို latex,polyurethane,polyisoprene,သိုးသားေရစတာေတြနဲ႔ လုပ္ေလ့ရိွပါတယ္။အစံုစမ္းသံုးထားတာက ကိုယ္နဲ႔သက္ေတာင့္သက္သာအျဖစ္ဆံုးတခုကို ေရြးဖို႔ အေထာက္အကူေပးပါလိမ့္မယ္။
၂)ပံုသ႑ာန္
ေျပာင္ေခ်ာ ဒါမွမဟုတ္ အရစ္အရစ္ေတြပါတာ ဒါမွမဟုတ္ အဖုအဖုေတြပါတာစသျဖင့္ ပံုစံမ်ိဳးစံုရိွတတ္ပါတယ္။
၃)ေခ်ာဆီ
ကြန္ဒံုးအေတာ္မ်ားမ်ားမွာ သံုးစြဲသူကို အာရံုခံစားမႈပိုေကာင္းေစမဲ့ စိတ္ေက်နပ္မႈရေစမဲ့ ေခ်ာဆီေတြ ထည့္သြင္းေပးထားေလ့ရိွပါတယ္။
ေနာက္ဆံုးေျပာခ်င္တာက ကြန္ဒံုးဝယ္ရမွာ မရွက္ပါနဲ႔။မဟုတ္ရင္ ခင္ဗ်ားအတြက္ စိတ္လဲခ်ရ စိတ္ေက်နပ္မႈလည္းရမဲ့ ကြန္ဒံုးမ်ိဳးေတြ႔ဖို႔ လြယ္မွာမဟုတ္ဘူး။

 

Dr.KG

Unicode Version

ကွန်ဒုံးသုံးတော့မယ်ဆိုရင်  ကိုယ့်အရွယ်အစား ကိုယ်သိဖို့လိုမယ်

ကွန်ဒုံး သုံးယုံနဲ့ စိတ်ချရပြီထင်နေသလား ဘော်ဒါ။အမှားကြီးမှားသွားပါလိမ့်မယ်။ကလေးမရဖို့ နဲ့ ရောဂါတွေမကူးစက်ဖို့ဆိုရင် ခင်ဗျားဟာ အရွယ်အစားမှန်ကန်တဲ့ကွန်ဒုံးကိုရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။အရမ်း ကြီးနေတဲ့ ကွန်ဒုံးသုံးမိရင် ကျွတ်ထွက်တာမျိုး ဖြစ်နိုင်ပြီး အရမ်းသေးရင်ကျပြန်တော့ ကွန်ဒုံးပေါက်သွားတာမျိုးတွေ ဖြစ်နိုင်တယ်။ဒါကြောင့် ခင်ဗျားအနေနဲ့ ကွန်ဒုံးဝယ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီစာကိုဖတ်။အချိန်ယူလေ့လာပြီးမှ ကိုယ်နဲ့ အံကိုက်ဖြစ်မဲ့ကွန်ဒုံးမျိုးကို ရွေးဝယ်ဖို့ လိုမယ်။

ကိုယ့်ဟာကိုယ်တိုင်းပါ

ပထမဆုံးလုပ်ရမှာက ကိုယ့်လက်နက်ကို ကိုယ်ကိုယ်တိုင်တိုင်းဖို့ပဲ။ကွန်ဒုံးတခုရဲ့ အရွယ်အစားကို လုံးပတ်ရယ် အရှည်ရယ်နဲ့ တိုင်းတာတယ်။ဒီတော့ ကိုယ့်လက်နက်ရဲ့ လုံးပတ် နဲ့ အရှည်ကို တိုင်းဖို့လိုမယ်။တိုင်းတဲ့အခါမှာ အရေးကြီးတဲ့အချက်က တောင်မတ်နေတဲ့အချိန်ဖြစ်ဖို့ပါပဲ။ပထမဆုံးအရှည်ကို စ တိုင်းမယ် ။ဆီးခုံရိုးပေါ်ကနေ လက်နက်ထိပ်ထိကို ပေတံ ဒါမှမဟုတ် ပေကြိုးနဲ့တိုင်းပါ။ဒါ ခင်ဗျား လက်နက်ရဲ့ အရှည်ပဲ။နောက်ပြီး လုံးပတ်။သူကျတော့ အတုတ်ဆုံးနေရာကို ပေကြိုးနဲ့ပတ်ပြီး တိုင်းလိုက်ယုံပဲ။အတိုင်းအတာကတော့” လက်မ” (inch ) နဲ့ပဲ ယူမယ်။ဒါဆို ခင်ဗျားရဲ့ အတိုင်းအတာ ရသွားပြီ။

ကွန်ဒုံးအရွယ်အစားများ

Levis ဂျင်းဘောင်းဘီရဲ့ ခါးဆိုက် ၃၂ နဲ့ ပြည်တွင်းဖြစ် Victor ဂျင်းဘောင်းဘီရဲ့ ခါးဆိုက် ၃၂ ဟာ တူချင်မှတူနိုင်ပါလိမ့်မယ်။ကွန်ဒုံးမှာလည်း ဒီသဘောပဲ။ထုတ်တဲ့ကုမ္ပဏီပေါ်မူတည်ပြီး အရွယ်အစားသတ်မှတ်ချက်ကွဲပြားမှုအနည်းငယ်တော့ ရှိနိုင်ပါတယ်။တချို့က large condom လို့ ခေါ်ပေမဲ့ တချို့ကျပြန်တော့ ဒီဆိုက်ကိုပဲ Standard Condom လို့ ခေါ်ပြန်ရော။

အကြမ်းဖျင်း အရွယ်အစားတွေ ဒီလိုခွဲလေ့ရှိပါတယ်။

လုံးပတ်

၁.၇၅  နဲ့ ၂  လက်မကြား          Standard  Condom
၁.၇၅ လက်မအောက်              Snug  Condom
၂ လက်မအထက်                    Large  Condom

အရှည်

၇.၂၅ နဲ့ ၇.၈ လက်မကြား             Standard Condom
၇ လက်မ နဲ့  ၇.၈ လက်မကြား      Snug  Condom
၇.၂၅ နဲ့ ၈.၁ လက်မကြား             Large Condom

ကွန်ဒုံး မဝယ်ခင် ဘာတွေစဉ်းစားမလဲ

ကိုယ့်size နဲ့ အနေတော်ကွန်ဒုံးတွေ့ပြီဆိုပြီး ဝမ်းသာအယ်လဲနဲ့ အများကြီး ဝယ်တာမျိုးလည်း မလုပ်နဲ့ဦ ။နဲနဲဝယ်ပြီး  အဆင်ပြေမပြေ စမ်းသုံးကြည့်ဖို့လိုပါမယ်။အရွယ်အစားအပြင် ထည့်စဉ်းစားရမဲ့အချက်တချို့လည်း ရှိသေးတယ်။

၁)ကုန်ကြမ်း
ကွန်ဒုံးကို latex,polyurethane,polyisoprene,သိုးသားရေစတာတွေနဲ့ လုပ်လေ့ရှိပါတယ်။အစုံစမ်းသုံးထားတာက ကိုယ်နဲ့သက်တောင့်သက်သာအဖြစ်ဆုံးတခုကို ရွေးဖို့ အထောက်အကူပေးပါလိမ့်မယ်။
၂)ပုံသဏ္ဍာန်
ပြောင်ချော ဒါမှမဟုတ် အရစ်အရစ်တွေပါတာ ဒါမှမဟုတ် အဖုအဖုတွေပါတာစသဖြင့် ပုံစံမျိုးစုံရှိတတ်ပါတယ်။
၃)ချောဆီ
ကွန်ဒုံးအတော်များများမှာ သုံးစွဲသူကို အာရုံခံစားမှုပိုကောင်းစေမဲ့ စိတ်ကျေနပ်မှုရစေမဲ့ ချောဆီတွေ ထည့်သွင်းပေးထားလေ့ရှိပါတယ်။

နောက်ဆုံးပြောချင်တာက ကွန်ဒုံးဝယ်ရမှာ မရှက်ပါနဲ့။မဟုတ်ရင် ခင်ဗျားအတွက် စိတ်လဲချရ စိတ်ကျေနပ်မှုလည်းရမဲ့ ကွန်ဒုံးမျိုးတွေ့ဖို့ လွယ်မှာမဟုတ်ဘူး။
Dr.KG