တစ်နေ့ မိုးလေးဖွဲဖွဲရွာနေခိုက် ဇီဝက ဆေးခန်းလေးရှိရာသို့ မိန်းမပျိုနှစ်ဦး သုတ်သီးသုတ်ပြာနှင့် သော့သော့ကလေး ဝင်လာ၏။ မိုးရေစက်လက်စိုနေသော ထီးများကို ဆေးခန်းအပြင်ထောင့်နား၌ထောင်ထားပြီး လူနာခန်းကို ဝင်လာ၏။
၀တ်ဆံ ။ ။ ဆေးခန်းအချိန် မီပါ့ မီပါ့မလားလို့ ၊ဆရာရေ ။
မိုးထဲလေထဲ အပြေးလာခဲ့တာ ။
ဇီဝက ။ ။ တော်သေးတာပေါ့ ၊ဝတ်ဆံရေ ။
ဆရာလည်း နားတော့မလို ၊မိုးကိုစောင့်နေတာ ။
မိုးထဲလေထဲ လာတယ်ဆိုတော့ ကိစ္စက အရေးကြီးတယ် ထင်တယ် ။
ဝတ်ဆံ ။ ။ ဟုတ်တယ် ၊ဆရာရေ။
ညီမတော့ မဟုတ်ပါဘူး ။ ဟော့ ဒီက ညီမ သူငယ်ချင်းကိစ္စပါ ။
သူငယ်ချင်းပြောပြလိုက်လေ ၊ဆရာ့ကို ။
လူနာ ။ ။ ဒီလို ဆရာရေ ။ညီမ ခုလို ဖြစ်နေတာ ၄-၅ လလောက်တော့ ကျော်ပြီ ။
ကန်တော့နော် ဆရာ ။ ညီမလေ ညီမ့ အမျိုးသားနဲ့ အတူနေရင်မိန်းမကိုယ်ထဲက
နာနေတာ ၊ဆရာ ။
အဲ့တာ ပြမယ် ၊ပြမယ်နဲ့ ။ဆရာ ရွေးနေတာ ကြာနေတာ ။
ခုလည်း ဝတ်ဆံက သူ့အသိ ဆရာ ရှိတယ် ဆိုလို့ လိုက်ပြတာ ။
ဇီဝက ။ ။ စိတ်တော့မရှိနဲ့နော် ။အတူနေမှ ဖြစ်တာလား ။
တခြား အချိန်ရော နာလား ။
လူနာ ။ ။ ရပါတယ် ၊ဆရာ ။
အတူနေမှ ဆရာ ။နေပြီး နည်းနည်းကြာတဲ့ အထိ နာတယ် ။
ကျန်တဲ့ အချိန်တော့ မနာပါဘူး ၊ရှင့် ။
ဇီဝက ။ ။ တခြားကော ဘာဖြစ်သေးလဲ ။
လူနာ ။ ။ မရှိပါဘူး ၊ရှင့် ။
ဇီဝက ။ ။ အဖြူဆင်း ၊သွေးဆင်း ၊မိန်းမကိုယ်ယား ၊ဆီးစပ်ကိုက် ၊ဆီးပူ ဆီးကျင် ၊
ခါးကိုက် ၊ဖျားတာ ရှိလား ။
လူနာ ။ ။ အတူနေတုန်း နာပြီး သွေးနည်းနည်း ထွက်တာကလွဲလို့တခြားဘာမှမဖြစ်ပါဘူး
ဆရာ ။
ဇီဝက ။ ။ ကလေးရောရှိလား ။
လူနာ ။ ။ မရှိသေးဘူး ဆရာ ။
ဇီဝက ။ ။ တားဆေး ထိုးဆေး ၊သောက်ဆေး သုံးသေးလား ။
လူနာ ။ ။ အရင်တုန်းက သောက်ဆေးသောက်တယ် ၊ဆရာ ။
ရပ်ထားတာ ၆ လလောက်ရှိုပြီ ။
ဇီဝက ။ ။ ဘာလို့ ရပ်တာလဲ ။
လူနာ ။ ။ အမျိုးသားက ကလေးယူချင်တယ်ပြောလို့ ၊ဆရာ ။
အမှန်က ညီမက မယူချင်သေးဘူး ။ပိုက်ဆံလေး အရင်စုချင်တာ ။
အဲ့တာ ပြောတိုင်း သူနဲ့ အမြဲ ကတောက်ကဆ ဖြစ်ရတယ် ။
ဇီဝက ။ ။ ရာသီရော မှန်လား ။
လူနာ ။ ။ ဟုတ်ကဲ့ မှန်ပါတယ် ရှင့်။
ဇီဝက ။ ။ ဆီး ၊ဝမ်း လည်းကောင်းတယ် ဟုတ် ။
တခြား ဘာရောဂါ ရှိသေးလဲ ။
လူနာ ။ ။ မှန်တယ် ၊ဆရာ ။တစ်ခါတစ်လေ သွေးပေါင်ကျတာကလွဲလို့ ကျန်တာ ဘာမှ
မဖြစ်ပါဘူး ။
ဇီဝက ။ ။ ဒါဆို စမ်းသပ်ကြည့် ရအောင်လေ ။
လူနာ ။ ။ ဟုတ် ၊ဆရာ ။
စမ်းသပ်ပြီးနောက်……..
လူနာ ။ ။ ဘာဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ ခပ်လွယ်လွယ် ပြောရရင်တော့ လိင်ဆက်ဆံစဉ် နာကျင်တဲ့ ဝေဒနာ ခံစားနေရတာ
ညီမရေ ။
လူနာ ။ ။ အဲ့လို ခံစားရတာက ဘာကြောင့်လဲ ၊ဆရာ ။
ဇီဝက ။ ။ ပြောပြရမယ်ဆိုရင်တော့ ကုန်နိုင်မယ် မထင်ဘူး ။
ဖြစ်ရတဲ့ အကြောင်းက အမျိုးမျိုး ရှိတယ် ။
တစ်ခါတစ်ရံ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်တတ်တယ် ။ဥပမာ- မီးဖွား
ပြီးစသူတွေမှာ ချုပ်ရိုးတွေ ကြောင့် လည်းကောင်း ၊မွေးလမ်းကြောင့် မီးဖွားစဉ်
ဒဏ်ဖြစ် ခြင်းကြောင့်လည်းကောင်း ဖြစ်တတ်တယ် ။သွေးဆုံးပြီးသူ တွေဆိုလည်း
မိန်းမကိုယ တွင်း ခြောက်သွေ့လို့ ဖြစ်တတ်တယ် ။ဒါ့ အပြင် မိန်းမကိုယ်ထဲ
ပိုးဝင်ခြင်း ၊ယားယံ ခြင်းနှင့် ဝမ်းချုပ်ခြင်း တို့ကြောင့်လည်း နာတတ်တယ် ။
တစ်ချို့တစ်လေကျတော့လိင်စိတ်နိုးကြွမှုမရှိလို့ဖြစ်တတ်တယ်။စိုးရိမ်စိတ်များလို့
စသဖြင့်ပေါ့ ။အဖြစ် အများဆုံးကတော့ မိန်းမကိုယ်ထဲ ခြောက်သွေ့လို့ ဖြစ်တာ
ပေါ့ ။
လူနာ ။ ။ ဒါဆို ညီမ ခံစားနေရတာကျတော့……..
ဇီဝက ။ ။ ညီမ မှာကျတော့ အဖြစ်နိုင်ဆုံးက ညီမက ကလေး လောလောဆယ် ကလေး
မလိုချင်သေး တော့ စိတ်ထဲ သိပ်မပါ ၊လိင်စိတ်ကမနိုးကြွ၊ကလေးရသွားမှာလည်း
စိုးရိမ်စိတ်များ တာ တွေကြောင့် ဖြစ်ဖို့များတယ် ။
လူနာ ။ ။ အဲ့တော့ ၊ဆရာ ။
ဘယ်လို လုပ်ရမလဲ ၊ဟင် ။
ဇီဝက ။ ။ အဓိက က ဖြစ်ရတဲ့ အကြောင်းအရင်းခံကို ရှာကုရတာပေါ့ ။
ညီမဆိုရင် ကလေးယူ၊မယူ ကိစ္စကို ညီမ့ အမျိုးသားနဲ့ အေးအေးဆေးဆေး
သေချာ ပြန်တိုင်ပင်သင့်တယ် ။
နောက်ပြီးတော့ အမျိုးသားနဲ့ အတူမနေမီ ရေတွင်ပျော်ဝင်နိုင်သော
နိုင်သော ဂျယ်လီ ၊ဒါမှမဟုတ် တာရှည်ခံ အစိုဓာတ်လိမ်းဆေး တွေလည်း
သုံးကြည့် ။
နာမှာကို စိုးရိမ်လွန်းနေက အတူမနေမီ ရေနွေးခန်းထဲ ခဏ စိမ်တာမျိုး
၊ကိုယ်လက် လေ့ကျင့်ခန်းနဲ့ အကြော လျှော့တာမျိုး ကြိုးစားကြည့်လို့ ရတယ် ။
လစဉ် ဓမ္မတာသုံးပစ္စည်းများကို သွေးပေါ်စဉ် တစ်နေ့တစ်ခု ပုံမှန် လဲလှယ်ပေးပါ ။
ဆပ်ပြာမွှေး၊ မွှေးရနံ့ပါသော မိန်းမကိုယ်သန့်စင်ဆေး ၊ရေအိမ်သုံး အလှကုန်တို့ကို
ရှောင် ၊ဘာလို့လဲဆိုတော့ သူတို့က မိန်းမကိုယ်ကို ယားယံစေပြီး ကသိကအောင့်
ပို ဖြစ်စေတတ်လို့ ၊ဟုတ်ပလား ။
လူနာ ။ ။ ဟုတ်ကဲ့ ၊ဆရာ ။
ညီမ ကောင်းကောင်း နားလည်သွားပါပြီ ။လိုအပ်တာလေး ပေးလိုက်ပါဦးနော် ။
ဇီဝက ။ ။ အေး ၊အေး ။ဆရာလိုအပ်တာ ထည့်ပေးလိုက်မယ် ။
တကယ်လို့ ဆရာပြောတဲ့ အတိုင်းလုပ်ရဲ့သားနဲ့ ဆက်နာမယ်၊ ၊သွေးဆင်းတာများ
လာမယ် ၊တခြား အဖြူဆင်း ၊ယားယံ ၊ဆီးပြဿနာပေး စတာတွေဖြစ်လာရင်
ဆရာ့ဆီ ပြန်လာပြမယ် ၊ဟုတ်ပလား ။
လူနာ။ ။ ဟုတ်ကဲ့ ပါ ၊ဆရာ ။
ဝတ်ဆံ။ ။ ကျေးဇူးပါပဲ ၊ဆရာ ။ဟီး ဝတ်ဆံလည်း ရှက်ရှက်နဲ့ နားထောင်နေတာ ။
ဒါပေမယ့် ကျန်းမာရေး အသိတော့ တိုးသွားပြန်ပြီ ဆရာရေ ။
ဇီဝက ။ ။ အေးပါ ၊ဝတ်ဆံရေ ။
ဒါမျိုး ကိစ္စတွေက ပုထုစဉ်လူသားတွေမှာ တစ်နေ့မဟုတ် တစ်နေ့မဟုတ် ကြုံရမှာ
ပဲ ဟ။ဘာပဲဖြစ်ဖြစ် သိထားတော့ ကောင်းတာပေါ့လေ ။
ဝတ်ဆံ ။ ။ ဟုတ်ကဲ့ဆရာ ။
ညီမတို့ကို ပြန်ခွင့် ပြုပါဦးနော် ။
AUTHOR – ခေတ်သစ်ဇီဝက