အမြင်အာရုံအားနည်းခြင်းအတွက် အချို့မျက်မှန်တပ်သလို အချို့မျက်ကပ်မှန်တပ်သည်။ ဖက်ရှင် တစ်ခုအနေနဲ့ မျက်ကပ်မှန်ရောင်စုံအမျိုးမျိုး တပ်သူများလည်းရှိကြသည်။ ပြင်ပက အရာဝတ္ထုတစ်ခုကို မျက်လုံး နဲ့ အနီးကပ်ထည့်ထားရလို့ အထူးဂရုပြုရပါမယ်။
မျက်ကပ်မှန် အတပ်မတော်ရင် မျက်လုံးကို ရောဂါပိုးကူးစက် ခြင်းကနေအမြင်ဆုံးရှုံးတဲ့အထိအန္တရာယ်ရှိတတ်လို့ဖြစ်ရာ ဆောင်ရန်၊ ရှောင်ရန်များသိသားသင့်ပါတယ်။
ဆောင်ရန်
(၁) ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မျက်ကပ်မှန်တပ်ရမယ့်ကြာချိန်ကို လိုက်နာရမယ်။
(၂) မျက်ကပ်မှန် မကိုင်တွယ်မီ မျက်ကပ်မှန်ရောလက်ပါ ဆပ်ပြာ၊ ရေတို့နဲ့ စင်အောင် ဆေးပါ။
(၃) ဖယ်ရှားရခက်တဲ့ အဆီနဲ့ ပရိုုတိန်းများ ကပ်ညှိမှု ကာကွယ်ဖို့ မျက်ကပ်မှန်များချွတ်ပြီး မသိမ်းဆည်းမီ သေသေချာချာ သန့်ရှင်းရေးလုပ်သင့်ပါတယ်။
(၄) မျက်ကပ်မှန်ဆေးရာမှာ မပြဲ၊ မပွန်းအောင် ခပ်ရွရွ ကိုင်တွယ်ဆေးကြောရမယ်။
(၅) ညစဉ် မျက်ကပ်မှန်ဘူးထဲက အရည်အသစ်လဲရမယ်။ မျက်ကပ်မှန်သည် အရည်ထဲမြုပ်ရမည်။
(၆) မျက်ကပ်မှန်တပ်တဲ့အခါ ရေဆေးစင် သို့ စားပွဲအနားမှာနေပြီး လုပ်ရမယ်။ မျက်ကပ်မှန် ကြမ်းပေါ်မကျရန် ဂရုစိုက်ရမယ်။
(၇) ဘေစင်နားမှာ မျက်ကပ်မှန်တပ်တဲ့အခါ ရေဆင်းပေါက်ကို အဝတ်နဲ့ ဆို့ထားသင့်တယ်။
(၈) မျက်ကပ်မှန်တပ်ထားစဉ် တတ်နိုင်သလောက် မျက်လုံးကာကွယ်ယူရမယ်။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ဆောင်ရာမှာ မျက်ကပ်မှန်တပ်ထားရင် မျက်လုံးအကာအကွယ် တစ်ခုခု တပ်ဆင်ထားရမယ်။
(၉) မျက်ကပ်မှန်တပ်ထားစဉ် စပရေး မဖြန်းသင့်၊ ရေမွှေး၊ ဆံပင်ဖျန်းဆေး မှုတ်ဆေး မဖျန်းသင့်ပါ။
(၁၀) ရေနွေးငွေ့ မီးတောက်၊ ဖုန်ထူတဲ့နေရာ၊ မီးလင်း မီးဖိုနှင့် အပူချိန် သုညဒီဂရီအရောက် နေရာများရှောင်။
(၁၁) လိုးရှင်း၊ မိတ်ကပ်၊ မျက်တောင်ကော့ဆေး၊ အိုင်းရှဲဒိုးစတဲ့ အလှပြင်မှုမှန်သမျှ မျက်ကပ်မှန်တပ်ပြီးမှ လုပ်ပါ။
ရှောင်ရန်
(၁) မျက်ကပ်မှန်တပ်တဲ့အခါ သက်တောင့်သက်သာမရှိရင် လုံးဝမတပ်ဆင်ရပါ။
(၂) မျက်ကပ်မှန်မှာ အစင်းကြောင်း (သို့) အနားသားပဲ့နေရင် လုံးဝမတပ်ဆင်ရပါ။
(၃) မျက်ကပ်မှန်ကို သတ်မှတ်ထားတဲ့ အချိန်ထက်ပိုပြီး မတပ်သင့်ပါ။ ကြာချိန် ၁၈ နာရီထက် မပိုသင့်။
(၄) ပြုတ်ကျသွားတဲ့ မျက်ကပ်မှန်ကို လက်သည်းညှပ်နဲ့ ညှပ်ယူခြင်း၊ မျက်နှာပြင်နဲ့ ပွတ်ဆွဲခြင်း မလုပ်သင့်ပါ။ လက်ချောင်းများစိုစွတ်စေပြီး မျက်ကပ်မှန် အလိုက်သင့် ကပ်ပါလာမှ တပ်ဆင်သင့်ပါတယ်။
(၅) မတူညီတဲ့ မျက်ကပ်မှန်ဆေးရည်များ မရောသင့်ပါဘူူး။
(၆) မျက်ကပ်မှန်ကို တံတွေးနဲ့ မဆွတ်လိမ်းသင့်ပါဘူး။
(၇)ဘုံဘိုင်ခေါင်းက ရေနဲ့မျက်ကပ်မှန်မဆေးသင့်ပါ။သတ်မှတ်ထားတဲ့မျက်ကပ်မှန်ဆေးရည်နဲ့သာ ဆေးပါ။
(၈)မျက်ကပ်မှန်များကိုအဝတ်၊တစ်ရှူများနဲ့မသုတ်သင့်ပါ။
(၉) မျက်ကပ်မှန်တပ်ထားစဉ် ရေကူးခြင်း၊ ရေချိုးခြင်း မလုပ်သင့်ပါ။
(၁၀) အအေးမိ၊ ဖျားနာနေစဉ် မျက်ကပ်မှန်မတပ်သင့်ပါ။ အိပ်လျှင် မျက်ကပ်မှန် ဖယ်ပြီးမှ အိပ်ရပါမယ်။
(၁၁) မျက်ကပ်မှန်ကို ပူတဲ့နေရာ (တီဗွီ၊ ပြတင်းပေါက်နား၊ သဲပူနား) မထားသင့်ပါ။
(၁၂) ကားမှန်များကို ဖွင့်ပြီးစီးတဲ့အခါ လေက မျက်ကပ်မှန်နဲ့ မျက်လုံးကို ခြောက်စေတဲ့အတွက် မျက်လုံးကို အကာအကွယ်တပ်ပြီး စီးရမယ်။
AUTHOR – ဒေါက်တာလွင်သန့် (ဆေး ၂)
Health care journal vol 7 no 16