အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာကျန်းမာရေး

အမျိုးသမီးများသည် လိင်ဆက်ဆံမှုပြုသောအခါ စိတ်ဆန္ဒပြည့်ဝမှု ရရှိခဲ့ကြသည်။ လေ့လာမှုအရတချို့ အမျိုးသမီး များသည် စိတ်ဆန္ဒပြည့်ဝမှု တစ်ကြိမ်တစ်ခါမျှ မရရှိဖူးကြဟုသိထားရသည်။ အမျိုးသမီးများအတွက်လည်း စိတ်ဆန္ဒ ပြည့်ဝပြီးမြောက်မှုရှိရန် လိုအပ်သည်ကိုအထူးသဖြင့် ဆက်ဆံဖော်များသတိပြုမိဖို့ လိုအပ်ပါသည်။
လိင်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်းမှာလွယ်ကူလှသည်တော့ မဟုတ်ပေ။ လိင်ပိုင်းဆိုင်ရာအတွေ့အကြုံများ နှင့် စိတ်ဆန္ဒများ အကြောင်းပြောဆိုရာမှာပင် အခက်အခဲများစွာရှိနိုင်သည်။ အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာကျန်းမာရေးသည် ရုပ်ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ချမ်းသာပျော်ရွှင်မှုတို့၏ လွှမ်းမိုးမှုအောက်တွင်ရှိသည်။ အမျိုးသမီးများနှင့် အမျိုးသားတို့၏ အပေးအယူမျှတသောအပြုသဘောဆောင်သည့် ဆက်ဆံရေးသည် လည်းအမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အဓိကကဏ္ဍမှ ပါဝင်သည်။
အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာအခက်အခဲပြဿနာများကိုဖြေရှင်းဖယ်ရှားပြီးကျေနပ်ပျော်ရွှင်မှု အပြည့်အဝရရှိစေရန် လမ်းညွှန်ချက်များကို ကျွမ်းကျင်ပညာရှင်များကထုတ်ဖော်ပြောကြားခဲ့ကြသည်။ အမျိုးသမီးများအနေဖြင့် အောက်ဖော်ပြပါ အချက်များကိုလိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
(က) မိမိအတွက် အဆင်မပြေမှုများကို ဝန်ခံပါ။
မိမိစိုးရိမ်ကြောက်လန့်မှုရှိနေလျှင် ထိုအကြောင်းကိုဆက်ဆံဖော်အားပြောရန် ဝန်မလေးသင့်ပါ။ နာကျင်မှုခံစားရ လျှင်လည်း ဝန်ခံပြောကြားပါ။ အဆင်မပြေမှုမှန်သမျှကို အုံ့ပုန်းမထားသင့်ပါ။ ပွင့်ပွင့်လင်းလင်းပြောကြားပါ။
(ခ) စကားပြောပေးပါ။
မိမိဆက်ဆံဖော်နှင့် စကားပြောရန် လိုအပ်သည်။ မိမိကိုယ်မိမိယုံကြည်မှု အပြည့်ထားပါ။ မိမိအတွက် အဆင်မပြေမှုများ ချောမွေ့သွားနိုင်ပါသည်။
(ဂ) အချိန်သတ်မှတ်ထားပါ။
အကြောင်းအရာတစ်ခုကို ၁၅ မိနစ်မျှ ပြောဆိုဆွေးနွေးပါ။ အချိန်ကြာမြင့်စွာပြောဆိုခြင်းသည်ငြီးငွေ့ ဖွယ်ဖြစ်စေသဖြင့် ရှောင်ကြဉ်ရပါသည်။
(ဃ) ပုံမှန်အချိန်ပေးပါ။
ဆက်ဆံဖော်နှင့် လိင်ကိစ္စဆွေးနွေးပြောဆိုရာတွင် ပုံမှန်အချိန်ပေးထားပါ။ မှန်မှန်ပြောဆိုဆွေးနွေးဖို့ လိုသည်။
(င) စာအုပ်၊ ဗီဒီယို၊ ရုပ်ရှင်တို့အသုံးပြုပါ။
မိမိတို့အတွက် လိုအပ်သောအတွေ့အကြုံ ဗဟုသုတတို့ကိုစာအုပ်၊ ဗီဒီယို၊ ရုပ်ရှင်များမှ ရယူနိုင်သည်။ အကယ်၍သင် ကိုယ်တိုင် သင်၏ ဆက်ဆံဖော်နှင့် ဆွေးနွေးပြေဆိုရန် အခက်အခဲရှိလျှင် ကျွမ်းကျင်သူ (သို့) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။
မိမိ၏ ဆက်ဆံဖော်နှင့် ပြောဆိုဆွေးနွေးတိုင်ပင်ရာတွင် အကြောင်းအရာများခိုင်မာစွာရှိဖို့ လိုသည်။ လိုအပ်သောအ ကြောင်းအရာများမှာ …
အချိန်ကိစ္စ
မည်သည့်အချိန်သည်အဆင်ပြေမည်။ အချိန်ကြာမြင့်မှု မည်မျှလိုအပ်မည်။ ပြောင်းလဲဖို့ လိုအပ်ခြင်းရှိ၊ မရှိစသည်တို့ ဆွေးနွေးမည်။
ချစ်မေတ္တာသံယောဇဉ်
လိင်ဆက်ဆံမှုတွင် ချစ်ခြင်းမေတ္တာသံယောဇဉ်တို့ သည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သဖြင့် ဆွေးနွေးရန် လိုအပ်သည်။
ပျော်ရွှင်မှု
တစ်ဦးချင်းစီ၏ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ နှစ်ဦးနှစ်ဖက် ပျော်ရွှင်ကျေနပ်မှု စသည်တို့အကြောင်း ဆွေးနွေးရမည်။ မတူညီမှု၊ ကွဲပြားမှုများရှိပါက ညှိနှိုင်းဖြေရှင်းရမည်။
လိင်ဆက်ဆံမှု
လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ အချိန်၊ နေရာ၊ အနေအထားပုံစံနှင့် အခြားလိုအပ်ချက်များကိုလည်း ဆွေးနွေးရန် လိုအပ်သည်။ မိမိစိတ်ဝင်စားသော အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးနိုင်သည်။ (ဥပမာ- Masturbalion, Oral Sex, Use of Vibrator)
ဗဟုသုတအသစ်များ
မိမိရရှိသော ဗဟုသုတအသစ်များကို မျှဝေရန် လိုအပ်သည်။ ဗဟုသုတများအောင်လည်း ကြိုးပမ်းစွမ်းဆောင်သွားရ မည်။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအကြောင်းလည်း ဆွေးနွေးပြောဆိုရန် လိုအပ်သည်။ ဥပမာ-နေထိုင်မကောင်းမှု၊ အဝလွန် လာမှု၊ ခွဲစိတ်ကုသရမှုတို့နှင့် ပတ်သက်၍ ပြောဆိုမှုများ လိုအပ်နိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုလည်း ပြောဆိုဆွေးနွေးရပါမည်။ စိတ်အနှောင့်အယှက်ဖြစ်စရာများကို ဖယ်ရှားပစ်ဖို့ အရေးကြီးပါသည်။ စိတ်ပူပင်သောက၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသနှင့် ဖိစီးမှုတို့ခံစားရလျှင် ဆွေးနွေးအဖြေရှာကာ ဖယ်ရှားနိုင်ရ မည်။
သမားရိုးကျကိစ္စရပ်များ
သမားရိုးကျ ယုံကြည်မှုများ၊ မျှော်လင့်ချက်များနှင့် အတွေးအခေါ်အယူအဆများကိုလည်း ဆွေးနွေးကြရန် ဖြစ်သည်။ မှားယွင်းသော ယုံကြည်ထားမှုများကို ဖယ်ရှားရမည်။ အမှန်ကို ဖော်ထုတ်နိုင်ရမည်။ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း၊ မီးယပ်ပေါ်စဉ် လိင်ဆက်ဆံခြင်းတို့နှင့် ပတ်သက်၍ ယုံကြည်မှုနှင့် အယူအဆများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသွားရပါ မည်။
လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ တစ်ဦး၏ လိုအပ်ချက်နှင့် အခြားသူတစ်ဦး၏ လိုအပ်ချက်များ မတူညီနိုင်ပေ။ မိမိ၏ လို အပ်ချက်၊ ဆက်ဆံဖော်၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး၊ မတူညီမှုများကို ဖယ်ရှားကာ ပျော်ရွှင်ကျေနပ်မှု အပြည့်အ၀ ရရှိ နိုင်သော လိင်ဆက်ဆံမှုဘဝကို ရယူနိုင်မည် ဖြစ်ပေသည်။

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

READ :   နှလုံးသွေးကြောရောဂါ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ