ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ်(၂) ရက်ရှောင်နည်း

ဇီဝကတို့တတွေ မိမိတို့ ချစ်သူခင်သူဇနီးသားမယားတို့နှင့် ပျော်ပျော်ရွှင်ရွှင် ဘဝခရီးဆက်ချင်ကြပါတယ် ။ဒါပေမယ့် တစ်ခါတစ်ရံမိမိတို့မမျှော်
လင့်ထားတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ် ။အဲ့သည်အချိန်တွေမှာမကြံသင့်
မကြံအပ်တာတွေ လုပ်မိတတ်ကြပါတယ် ။အဲ့သည်လိုမဖြစ်အောင် မိမိတို့ ဘယ်လို
ကြိုတင် ကာကွယ်လို့ ရမလဲဆိုတာ ဇီဝက ပြောပြပါ့မယ် ။
ရက်ရှောင်နည်းဆိုတာဘာလဲဆိုရင်ဖြင့် ပဋိသန္ဓေတည်နိုင်သော
ရက်တွေကိုရှောင်တာပေါ့ ။ဒါဆိုရင် ပဋိသန္ဓေက အမျိုးသမီးတွေမှာဘယ်အချိန်
တွေတည်နိုင်လဲလို့ မေးချင်ကြမှာပေါ့ ။အဓိကကတော့ မမျိုးဥကြွေနိုင်တဲ့ အချိန်
တွေမှာပါ ။ဥပမာ-ရက် ၃၀ တစ်ခါ ရာသီလာတဲ့ အမျိုးသမီးတွေဆိုရာသီမလာမီ
၁၂ရက်မှ ၁၄ရက် အတွင်းမမျိုးဥကြွေတတ်တယ် ။ပြီးတော့ မမျိုးဥကြွေပြီးအသက်
ရှင်နေနိုင်သော ၁ ရက်ပါ ထည့်တွက်ရမယ် ။နောက်တစ်ချက်ကအမျိုးသား၏
သုက်ကောင်သည် ယောကျာၤးလေး၏ ခန္ဓာကိုယ်ပြင်ပတွင် ၃ ရက်မျှ အသက်ရှင်နေ
နိုင်တာကိုပါ ထည့်စဉ်းစားရပါတယ် ။
ထို့ကြောင့် ရက် ၃၀ ရာသီတစ်ခါလာသောအမျိုးသမီးများအဖို့
ရာသီစလာပြီး၁၂ရက်နေ့နှင့် ၂၁ရက်နေ့ကြားအတူနေက ကိုယ်ဝန်ရနိုင်တယ် ။
ဒီရက်တွေကိုရှောင်ရပါ့မယ် ။၁၂ရက်နေ့မတိုင်မီ နှင့် ၂၁ရက်နေ့နှင့်နောက်ပိုင်းဆို
စိတ်ချရပါတယ် ။
ပဋိသန္ဓေရနိုင်သောရက်များနှင့် စိတ်ချရသောရက်များကိုအလွယ်
တွက်နည်းပြောပြပါ့မယ် ။၂၈ ရက်တစ်ခါရာသီလာသောအမျိုးသမီးတွေ ဆိုရင်
ရာသီလာပြီးပထမပိုင်းစိတ်ချရသောရက်တွေကိုတွက်ချင်က ၂၈ရက်ထဲက
၁၉ရက်ကို နှုတ်ပါ။ (၂၈-၁၉ = ၉) ၉ရက် ရပါ့မယ်။ ဒါသည် ရာသီလာပြီး ၉ရက်ထိ စိတ်ချရပါတယ်။ကိုယ်ဝန်မရနိုင်ဘူးပေါ့ ။ရာသီလာပြီးဒုတိယပိုင်းစိတ်ချရသောရက်
တွေကိုတွက်ချင်က၂၈ ရက်ထဲက ၁၁ ကိုနှုတ် ၊ပြီးတော့ ၃ပေါင်းပါ ။((၂၈-၁၁)+၃ =၂၀ ) ၂၀ရက် ရပါတယ် ။ရာသီလာပြီး ၂၀ရက်မှစပြီးနောက်ပိုင်းရက်တွေမှာ အတူ
နေက ကိုယ်ဝန်မရနိုင်ပါ ။အောက်မှာစာဖတ်သူတို့အလွယ်ကြည့်လို့ရအောင် ဇယားနဲ့ ဖော်ပြပေးထားပါတယ် ။

sex-knowledge-19-12-2016-arti

 

 

 

 

 

 

သတိပေးချင်တာကတော့ ကတော့ ရက်ရှောင်နည်းဟာ
ခန့်မှန်းခြေတွက်နည်းဖြစ်ပါတယ် ။အမျိုးသမီးတွေ ရာသီမှန် ရက်မှန်လာဖို့ လိုပါ
တယ် ။ဒီနည်းသည် ရာသီမမှန်တဲ့သူတွေ ၊ကလေးမွေးပြီးစအမျိုးသမီးတွေမှာမမှန်
နိုင်ပါ ။ကလေးမွေးပြီးစအမျိုးသမီးတွေသည် မိခင်နို့ချိုကိုကလေးကိုတိုက်ကျွေးက
၄-၆လထိ သားဥမကြွေဘဲရှိတတ်တယ် ။ဒါပေမယ့် သားဥကြွေ မကြွေကိုရာသီပေါ်
မှ သိတတ်တာမို့ ကြားထဲတွင် ကိုယ်ဝန်ဆက်ရှိက ဒီနည်းသည် မမှန်တော့ပေ ။
ထပ်မံသတိပေးချင်တာကတော့ ဒီနည်းသည် လုံး၀ စိတ်ချရသောနည်းမဟုတ်ပါ ။
အထက်ပါ အချက်များအပေါ်မူတည်နေပါတယ် ။အကောင်းဆုံးကတခြားပိုစိတ်ချ
ရတဲ့ နည်းလမ်းတွေကိုသုံးပါ ။

-- Advertisement --

ဆက်ပါဦးမည်……………………

 

ခေတ်သစ် ဇီဝက

READ :   ပန်းသေပန်းညှိုး ရောဂါကင်းစေမည့် အစားအစာ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ