ပါးစပ်ကသောက်ရတဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

ပါးစပ္ကေသာက္ရတဲ့ ကိုယ္ဝန္တားေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား

        ပါးစပ္ကေနေသာက္ရတဲ့ ကိုယ္ဝန္တားေဆး ျမန္မာျပည္မွာ(၃)မ်ိဳး႐ွိပါတယ္။ ဘာေတြလည္းဆိုေတာ့
၁။ ေဟာ္မုန္း၂မ်ိဳးလံုးပါတဲ့ေဆး (သို႔) ၂၁ရက္ေသာက္ရတဲ့ေဆး
၂။ ေဟာ္မုန္း ၁မ်ိဳးတည္းပါတဲ့ေဆး (သို႔) ေန႔တိုင္းေသာက္ရတဲ့ေဆး
၃။ အေရးေပၚသေႏၶသားေဆး (တစ္ႀကိမ္သာေသာက္ရန္လို) တို႔ပဲျဖစ္ပါတယ္။
အခုေျပာျပမဲ့ဆိုးက််ိဳးေတြကေတာ့ အေပၚက(၂)ခုေၾကာင့္ အဓိကရႏိုင္သလို ေအာက္ဆံုးက (၁)ခုေၾကာင့္လည္း ရတက္ပါတယ္။ ဆိုးက်ိဳးတစ္ခုုခ်င္းစီကို ေျပာျပေပးသြားပါမယ္။
(၁) ရာသီလာရမဲ့ရက္မတိုင္ခင္ ေသြးအနည္းအက်ဥ္းဆင္းတက္ျခင္း။
ဒါကေတာ့ဒီေဆးေတြကို စေသာက္တဲ့ အခ်ိန္ကစၿပီး သံုးလေလာက္ထိ ျဖစ္တက္ပါတယ္။ ဒီလို နဲနဲပါးပါးဆင္းလို႔ ေဆးရဲ႕အာနိသင္က မျပယ္သြားပါဘူး။ မွန္မွန္ကန္ကန္ ေသာက္ဖို႔ေတာ့ လိုပါလိမ့္မယ္။ (၅)ရက္နဲ႔အထက္ဆင္းေနတာမ်ိဳး၊ ဒါမွမဟုတ္ (၃)ရက္နဲ႔အထက္ ေသြးအမ်ားႀကီး ဆင္းေနတာမ်ိဳး ေတြဆိုရင္ေတာ့ ေဆးရံု ေဆးခန္း သြားျပသင့္ပါတယ္။

(၂) ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္ျခင္း
ပထမဆံုးအႀကိမ္ စေသာက္တဲ့သူတိုင္းလိုလို ျဖစ္တက္ၾကပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမ်ွ တေျဖးေျဖး ေပ်ာက္သြားတက္ပါတယ္။ အစားစားၿပီးမွ ေသာက္တာ ဒါမွမဟုတ္ အိပ္ခါနီးေသာက္တာမ်ိဳးဆိုရင္ ဒါမ်ိဳးျဖစ္ႏိုင္ေခ်နည္းပါတယ္။ သံုးလေက်ာ္ေလာက္ထိ ဆက္ၿပီး ခံစားေနရမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္တာ ေကာင္းပါတယ္။

(၃) ရင္သားနာက်င္ျခင္း။
တခ်ိဳ႕က ဒီေဆးေတြေသာက္ၿပီး ရင္သားေတြႀကီးလာတာ နာက်င္လာတာေတြ   ပါ႐ွိပါတယ္။ ပံုမွန္ဆိုရင္ေတာ့ တစ္ပတ္ေက်ာ္ေလာက္ အၾကာမွာ ေပ်ာက္တက္ပါတယ္။ မခံမရပ္ႏိုင္ေလာက္ေအာင္ နာက်င္တာ၊ အခ်ိန္အေတာ္ၾကာေအာင္ နာက်င္တာ၊ ရင္သားမွာအလံုးအက်ိတ္ စမ္းမိတာမ်ိဳးေတြဆိုရင္ေတာ့့ ဆရာဝန္အျမန္ျပေပးရပါမယ္။ သက္ေတာင့္သက္သာ ျဖစ္ေစမဲ့ ဘရာစီယာ/ ေဘာ္လီ ဝတ္တာနဲ႔ ကဖိန္းဓာတ္ အငံဓာတ္ေတြကို ေ႐ွာင္ၾကဥ္တာေတြ လုပ္လိုက္ရင္ ျမန္ျမန္သက္သာႏိုင္ပါတယ္။

(၄) ေခါင္းကိုက္ျခင္း။
ဒီေဆးေတြထဲမွာပါတဲ့ ေဟာ္မုန္းေတြေၾကာင့္ ေခါင္းကိုက္ေစႏိုင္ပါတယ္။ အၾကာႀကီးမသက္သာဘူး ဒါမွမဟုတ္ အရမ္းကို ကိုက္တယ္ဆိုရင္ေတာ့ ေဆးခန္းသြားပါ။

(၅) “ဝ”လာျခင္း။
တကယ္တမ္း ေဆးဘက္ဆိုင္ရာ ေလ့လာခ်က္ေတြ အရေတာ့ ဝလာတာနဲ႔ ဒီတားေဆးေတြ ၾကားမွာ ခိုင္မာတဲ့ဆက္စပ္မႈမ်ိဳး မ႐ွိဘူးလို႔ဆိုပါတယ္။ ရင္သားေတြႀကီး၊ ေပါင္ေတြတုတ္လာတာမ်ိဳးေတာ့ ၾကံဳရႏိုင္ပါတယ္။ ေဟာ္မုန္းတမ်ိဳးထဲပါတဲ့ တားေဆးသံုးရင္ တစ္ႏွစ္အတြင္းမွာ ေလးေပါင္ထက ္ပိုမဝလာပါဘူးလို႔ စစ္တမ္းတစ္ခုက ဆိုပါတယ္။

(၆) စိတ္အေျပာင္းအလဲလြယ္ျခင္း။ 
ေဟာ္မုန္းေဆးေတြ ျဖစ္တာေၾကာင့္ စိတ္အတက္အက် လြယ္တာမ်ိဳးေတာ့ ခဏၾကံဳရႏိုင္ပါတယ္။ “စိတ္က်ေရာဂါ” အခန္႔မသင့္ရင္ ရတက္ပါတယ္။ အရမ္းဆိုးဆိုး ဝါးဝါးျဖစ္ရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ရပါမယ္။

(၇) ရာသီထိန္ျခင္း။
တစ္ခါတစ္ေလက် မွန္မွန္ကန္ကန္ ေသာက္ေနရင္းနဲ႔ကို ရာသီထိန္သြားတာမ်ိဳး ၾကံဳရႏိုင္ပါတယ္။ ဒါမ်ိဳးၾကံဳရင္ေတာ့ ေနာက္တစ္ကဒ္ မေသာက္ခင္ ကိုယ္ဝန္႐ွိမ႐ွိ ဆီးစစ္ေပးသင့္ပါတယ္။ ခဏခဏ ရာသီထိန္ေနတာမ်ိဳး ျဖစ္ႏိုင္ေခ်နည္းပါတယ္။ ျဖစ္ခဲ့ရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ လိုပါတယ္။

(၈)လိင္စိတ္ဆႏၵနည္းပါးလာျခင္း။
ေဆးမွာပါဝင္တဲ့ဟုန္မုန္းေတြေၾကာင့္ တခ်ိဳ႕လူေတြမွာ လိင္စိတ္ဆႏၵနည္းပါး သြားတာမ်ိဳး ျဖစ္တက္ပါတယ္။ ဒီလိုအၾကာႀကီး ျဖစ္ေနရင္ေတာ့ ေဆးကုသမႈခံယူႏိုင္ပါတယ္။

(၉) မိန္းမကိုယ္မွ အရည္ဆင္းျခင္း
တစ္ခါတစ္ေလ ျဖစ္ႏိုင္ပါတယ္။  အနံ႔ဆိုးဆိုး အေရာင္ပံုမွန္မဟုတ္ တာမ်ိဳးဆိုရင္ေတာ့ ေဆးခန္းျပပါ။

(၁၀) မ်က္သားထူလာျခင္း။
မ်က္ကပ္မွန္တပ္တဲ့ အမ်ိဳးသမီးေတြမွာ ၾကံဳရတက္တဲ့ျပသနာပါ။ တားေဆးေသာက္ေနရင္းနဲ႔ မ်က္ကပ္မွန္က တေျဖးေျဖး အံဝင္ခြင္က် မ႐ွိေတာ့ပါဘူး။ ဒါမ်ိဳးၾကံဳခဲ့ရင္ေတာ့ မ်က္စိဆရာဝန္နဲ႔ တိုင္ပင္ပါ။
အခုေျပာျပခဲ့တာေတြကေတာ့ ပါးစပ္ကေနေသာက္ရတဲ့ ကိုယ္ဝန္တားေဆး ေတြရဲ႕ ေဘးထြက္ဆိုးက်ိဳး အခ်ိဳ႕ပါ။ အမ်ားစုက အခ်ိန္ၾကာလာတာနဲ႔အမ်ွ သူ႔အလိုလို သက္သာသြားတက္တာ ေတြ႔ရမွာပါ။ မသက္သာခဲ့ရင္ေတာ့ ေဆးဝါးကုသမႈ ေဆးပညာအၾကံေပးမႈ ခံယူဖို႔ မေႏွာင့္ေႏွးၾကပါနဲ႔လို႔ အသိေပးလိုက္ပါရေစ။

Dr.KG

Unicode Version

ပါးစပ်ကသောက်ရတဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

ပါးစပ်ကနေသောက်ရတဲ့ ကိုယ်ဝန်တားဆေး မြန်မာပြည်မှာ(၃)မျိုးရှိပါတယ်။ ဘာတွေလည်းဆိုတော့
၁။ ဟော်မုန်း၂မျိုးလုံးပါတဲ့ဆေး (သို့) ၂၁ရက်သောက်ရတဲ့ဆေး
၂။ ဟော်မုန်း ၁မျိုးတည်းပါတဲ့ဆေး (သို့) နေ့တိုင်းသောက်ရတဲ့ဆေး
၃။ အရေးပေါ်သန္ဓေသားဆေး (တစ်ကြိမ်သာသောက်ရန်လို) တို့ပဲဖြစ်ပါတယ်။
အခုပြောပြမဲ့ဆိုးကျျိုးတွေကတော့ အပေါ်က(၂)ခုကြောင့် အဓိကရနိုင်သလို အောက်ဆုံးက (၁)ခုကြောင့်လည်း ရတက်ပါတယ်။ ဆိုးကျိုးတစ်ခုချင်းစီကို ပြောပြပေးသွားပါမယ်။
(၁) ရာသီလာရမဲ့ရက်မတိုင်ခင် သွေးအနည်းအကျဉ်းဆင်းတက်ခြင်း။
ဒါကတော့ဒီဆေးတွေကို စသောက်တဲ့ အချိန်ကစပြီး သုံးလလောက်ထိ ဖြစ်တက်ပါတယ်။ ဒီလို နဲနဲပါးပါးဆင်းလို့ ဆေးရဲ့အာနိသင်က မပြယ်သွားပါဘူး။ မှန်မှန်ကန်ကန် သောက်ဖို့တော့ လိုပါလိမ့်မယ်။ (၅)ရက်နဲ့အထက်ဆင်းနေတာမျိုး၊ ဒါမှမဟုတ် (၃)ရက်နဲ့အထက် သွေးအများကြီး ဆင်းနေတာမျိုး တွေဆိုရင်တော့ ဆေးရုံ ဆေးခန်း သွားပြသင့်ပါတယ်။

(၂) ပျို့အန်ချင်စိတ်ဖြစ်ခြင်း
ပထမဆုံးအကြိမ် စသောက်တဲ့သူတိုင်းလိုလို ဖြစ်တက်ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး ပျောက်သွားတက်ပါတယ်။ အစားစားပြီးမှ သောက်တာ ဒါမှမဟုတ် အိပ်ခါနီးသောက်တာမျိုးဆိုရင် ဒါမျိုးဖြစ်နိုင်ချေနည်းပါတယ်။ သုံးလကျော်လောက်ထိ ဆက်ပြီး ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာ ကောင်းပါတယ်။

(၃) ရင်သားနာကျင်ခြင်း။
တချို့က ဒီဆေးတွေသောက်ပြီး ရင်သားတွေကြီးလာတာ နာကျင်လာတာတွေ   ပါရှိပါတယ်။ ပုံမှန်ဆိုရင်တော့ တစ်ပတ်ကျော်လောက် အကြာမှာ ပျောက်တက်ပါတယ်။ မခံမရပ်နိုင်လောက်အောင် နာကျင်တာ၊ အချိန်အတော်ကြာအောင် နာကျင်တာ၊ ရင်သားမှာအလုံးအကျိတ် စမ်းမိတာမျိုးတွေဆိုရင်တော့ ဆရာဝန်အမြန်ပြပေးရပါမယ်။ သက်တောင့်သက်သာ ဖြစ်စေမဲ့ ဘရာစီယာ/ ဘော်လီ ဝတ်တာနဲ့ ကဖိန်းဓာတ် အငံဓာတ်တွေကို ရှောင်ကြဉ်တာတွေ လုပ်လိုက်ရင် မြန်မြန်သက်သာနိုင်ပါတယ်။

(၄) ခေါင်းကိုက်ခြင်း။
ဒီဆေးတွေထဲမှာပါတဲ့ ဟော်မုန်းတွေကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ အကြာကြီးမသက်သာဘူး ဒါမှမဟုတ် အရမ်းကို ကိုက်တယ်ဆိုရင်တော့ ဆေးခန်းသွားပါ။

(၅) “ဝ”လာခြင်း။
တကယ်တမ်း ဆေးဘက်ဆိုင်ရာ လေ့လာချက်တွေ အရတော့ ဝလာတာနဲ့ ဒီတားဆေးတွေ ကြားမှာ ခိုင်မာတဲ့ဆက်စပ်မှုမျိုး မရှိဘူးလို့ဆိုပါတယ်။ ရင်သားတွေကြီး၊ ပေါင်တွေတုတ်လာတာမျိုးတော့ ကြုံရနိုင်ပါတယ်။ ဟော်မုန်းတမျိုးထဲပါတဲ့ တားဆေးသုံးရင် တစ်နှစ်အတွင်းမှာ လေးပေါင်ထက ်ပိုမဝလာပါဘူးလို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။

(၆) စိတ်အပြောင်းအလဲလွယ်ခြင်း။
ဟော်မုန်းဆေးတွေ ဖြစ်တာကြောင့် စိတ်အတက်အကျ လွယ်တာမျိုးတော့ ခဏကြုံရနိုင်ပါတယ်။ “စိတ်ကျရောဂါ” အခန့်မသင့်ရင် ရတက်ပါတယ်။ အရမ်းဆိုးဆိုး ဝါးဝါးဖြစ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

(၇) ရာသီထိန်ခြင်း။
တစ်ခါတစ်လေကျ မှန်မှန်ကန်ကန် သောက်နေရင်းနဲ့ကို ရာသီထိန်သွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒါမျိုးကြုံရင်တော့ နောက်တစ်ကဒ် မသောက်ခင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်ပေးသင့်ပါတယ်။ ခဏခဏ ရာသီထိန်နေတာမျိုး ဖြစ်နိုင်ချေနည်းပါတယ်။ ဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

(၈)လိင်စိတ်ဆန္ဒနည်းပါးလာခြင်း။
ဆေးမှာပါဝင်တဲ့ဟုန်မုန်းတွေကြောင့် တချို့လူတွေမှာ လိင်စိတ်ဆန္ဒနည်းပါး သွားတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုအကြာကြီး ဖြစ်နေရင်တော့ ဆေးကုသမှုခံယူနိုင်ပါတယ်။

(၉) မိန်းမကိုယ်မှ အရည်ဆင်းခြင်း
တစ်ခါတစ်လေ ဖြစ်နိုင်ပါတယ်။  အနံ့ဆိုးဆိုး အရောင်ပုံမှန်မဟုတ် တာမျိုးဆိုရင်တော့ ဆေးခန်းပြပါ။

(၁၀) မျက်သားထူလာခြင်း။
မျက်ကပ်မှန်တပ်တဲ့ အမျိုးသမီးတွေမှာ ကြုံရတက်တဲ့ပြသနာပါ။ တာဆေးသောက်နေရင်းနဲ့ မျက်ကပ်မှန်က တဖြေးဖြေး အံဝင်ခွင်ကျ မရှိတော့ပါဘူး။ ဒါမျိုးကြုံခဲ့ရင်တော့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပါ။
အခုပြောပြခဲ့တာတွေကတော့ ပါးစပ်ကနေသောက်ရတဲ့ ကိုယ်ဝန်တားဆေး တွေရဲ့ ဘေးထွက်ဆိုးကျိုး အချို့ပါ။ အများစုက အချိန်ကြာလာတာနဲ့အမျှ သူ့အလိုလို သက်သာသွားတက်တာ တွေ့ရမှာပါ။ မသက်သာခဲ့ရင်တော့ ဆေးဝါးကုသမှု ဆေးပညာအကြံပေးမှု ခံယူဖို့ မနှောင့်နှေးကြပါနဲ့လို့ အသိပေးလိုက်ပါရစေ။

Dr.KG