အပြာကားနေ့စဉ်ကြည့်တဲ့သူတွေ ရင်ဆိုင်ရမဲ့ လူမှုကျန်းမာရေးဆိုးကျိုး ၉  ခု

အျပာကားေန႔စဥ္ၾကည့္တဲ့သူေတြ ရင္ဆိုုင္ရမဲ့ လူမႈက်န္းမာေရးဆိုုးက်ိဳး ၉  ခုု
ခ်စ္ခန္းၾကိဳက္ခန္းလင္မယားခန္းေတြကို တစ္တစ္ခြခြ ဘြင္းဘြင္းရွင္းရွင္း ရိုက္ကူးေဖာ္ျပထားတဲ့ကားေတြကို ဗမာျပည္မယ္ အျပာကားလို႔ေခၚၾကပါတယ္။ဘာလို႔ အျပာကားလို႔ေခၚသလဲဆိုတာကို ရွင္းျပဖို႔ေတာ့ ပညာရွင္ေတြကို ေမးရမယ္ထင္တာပဲ။ဘာကားပဲေခၚေခၚပါ။ဗမာျပည္မွာသာမက ကမာၻအနွံ႔မွာပါ ဒီလိုရုပ္ရွင္ကားေတြဟာ ေခတ္စားသထက္ေခတ္စားလာေနျပီး ဟိုးတုန္းက ေယာက်ာ္းေလးေတြသာ ခိုးေၾကာင္ခိုးဝွက္ ၾကည့္ခဲ့ၾကရာက အခုေနာက္ပိုင္းဆို မိန္းကေလးေတြပါ ၾကည့္လာၾကပါျပီ။ဟာ မဟုတ္ပါဘူးလို႔ေတာ့ မျငင္းနဲ႔ေနာ္။ကိမုခ်ိတို႔ ဂ်ပန္ကတံုးတို႔လို႔သာ ေမးၾကည့္ၾကည့္။ဆယ္ေယာက္မွာတစ္ေယာက္ မသိရင္ မာစတာခ်က္ဖ္က ျမစ္ၾကီးနားသူေျပာသလို လည္သာျဖတ္သြားလိုက္။ခင္ဗ်ား အျပာကားၾကည့္သလားလို႔ ဒဲ့သြားေမးရင္ေတာ့ ဘယ္သူကၾကည့္တယ္ ေျပာပါ့မလဲဗ်ာ။ကိုယ့္ရည္းစားက ကိုယ့္ကိုေမးရင္ေတာင္ မၾကည့္ပါဘူးလို႔ ျငင္းၾကတာမ်ားနိုင္ပါတယ္။ဒါေပမဲ့ အနည္းနဲ႔အမ်ားေတာ့ ၾကည့္ေနၾကတာပါပဲ။တခ်ိဳ႕က စိတ္ညစ္စရာေတြေျဖေဖ်ာက္ရေအာင္ ၾကည့္တယ္။တခ်ိဳ႕ကေတာ့ ေဖ်ာ္ေျဖမႈသေဘာမ်ိဳး ခံစားျပီးၾကည့္တယ္။တခ်ိဳ႕က်ေတာ့လည္း စပ္စပ္စုစုနဲ႔ ၾကည့္ၾကသလို တခ်ိဳ႕ကေတာ့ ရည္မွန္းခ်က္ၾကီးတယ္ဗ်ား။နည္းစနစ္ပိိုင္းေတြ တိုးတက္လာမလားဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ၾကည့္ၾကတာပါတဲ့ဗ်ာ။ခင္ဗ်ားဟာခင္ဗ်ား ဘာေၾကာင့္ၾကည့္ၾကည့္  ဒါေတြၾကည့္တာေကာင္းသလားလို႔လာေမးရင္ေတာ့ နိုး လို႔ပဲ ေျဖပါရေစ။မေကာင္းတာေတြက မ်ားပါတယ္။ဘာေတြ မေကာင္းဘူးလဲ ၾကည့္ရေအာင္။
၁။ကိုယ့္ခ်စ္ခ်စ္(ဒါမွမဟုတ္)ကိုယ့္အေဖာ္နဲ႔ ဆက္ဆံတဲ့အခါ အဆင္မေျပေတာ့တာ
အျပာကားေတြအမ်ားၾကီး ၾကည့္မိထားတဲ့လူေတြမွာ ကိုယ့္ဘာသာကိုပဲ ေက်နပ္ျပီးေျမာက္တတ္တဲ့စိတ္ၾကီးက အက်င့္ပါေနတတ္ပါတယ္။ဒီကားေတြကေန သင့္ကို စိတ္ပါလာေအာင္ လႈံ႕ေဆာ္ေပးတဲ့ပံုစံေတြနဲ႔ ကိုယ့္အေဖာ္နဲ႔အတူရိွေနတဲ့အခ်ိန္မွာ ျဖစ္လာနိုင္တဲ့လႈံ႕ေဆာ္မႈေတြဟာ အေတာ္ေလးကြာျခားမႈရိွနိုင္ပါတယ္။ဒီကားေတြမွာက သာသာကဲကဲကို တြန္႔ၾကလိမ္ၾက ၾကမ္းၾကရမ္းၾကဆိုေတာ့ကာ ကိုယ့္အေဖာ္နဲ႔အျပင္မွာ တကယ္အတူတူေနတဲ့အခါၾကေတာ့မွ စိတ္ေတာ္ေတာ္နဲ႔ မလာတာမ်ိဳးေတြ ျဖစ္နိုင္ပါတယ္။တခ်ိဳ႕ဆို အျပာကားေတြအေပၚ အစြဲလမ္းၾကီးစြဲလမ္းေနျပီး ရည္းစားရအိမ္ေထာင္က်တဲ့အခ်ိန္ထိေတာင္ မၾကည့္ရမေနနိုင္ျဖစ္တတ္ၾကပါသတဲ့။ဒါေပမဲ့ ရုပ္ရွင္ေတြက တကယ့္ျပည့္ဝတဲ့ ယစ္မူးဖို႔ေကာင္းတဲ့ဆက္ဆံေရးမ်ိဳးမေပးနိုင္ဘူးဆိုတာေတာ့ မေမ့သင့္ဘူးေပါ့ဗ်ာ။
၂။ကိုယ့္အေဖာ္ကို ေက်နပ္မႈမေပးနိုင္ေတာ့တာ
အျပာကားေတြအၾကည့္မ်ားတဲ့သူေတြဟာ စိတ္အထျမန္ျပီး သုတ္လႊတ္တာလည္း ျမန္ျမန္ဆန္ဆန္ျဖစ္တတ္ၾကပါတယ္။ဒီေတာ့ ကိုယ့္အေဖာ္နဲ႔ ခ်စ္ျခင္းသမႈေတြျပဳၾကတဲ့အခါ ကိုယ္ကသူ႔ထက္ျမန္ျမန္ျပီီးေျမာက္ လိုရာေရာက္သြားတတ္ျပီး သူ႔ခမ်ာ ေက်နပ္မႈအျပည့္အဝ မရနိုင္ေတာ့ပါဘူး။အစမွာ ဘာမွမဟုတ္ေပမဲ့ ၾကာလာရင္ေတာ့ ဒီျပႆနာကလည္း စကားေျပာလာနိုင္ပါတယ္။
၃။ဒါဟာ လံုးဝ အခ်ိန္ျဖဳန္းတာပါပဲ။
ခင္ဗ်ားအေနနဲ႔ ရိုးရိုးဇာတ္လမ္းတိုေလးတစ္ခုပဲၾကည့္တယ္ထားဦး။လူေတြနဲ႔ပတ္သက္တဲ့ဗဟုသုတေတြရမယ္။Money Drop တို႔ ေငြေတြဝင္တို႔ Master Chef တို႔ပဲၾကည့္မလား။မသိေသးတာေတြသိမယ္။တခုခုေတာ့အက်ိဳးရိွမယ္။ေနာက္ဆံုး ဟာသကား သရဲကားၾကည့္ဦးမလား။ေျပာစရာမရိွရင္ စကီေလးကို ျပန္ေျပာျပလို႔ရေသးတယ္။ အျပာကားေတြၾကည္႔တာကေတာ့ က်ိန္းေသတယ္။ခင္ဗ်ား အခ်ိန္ေတြကို ပိုးစိုးပက္စပ္ ျဖဳန္းပစ္ေနတာပဲ။ဒီ ကိုယ္တံုးလံုးကြ်တ္ၾကီးေတြနဲ႔ လူမွန္းသူမွန္းမသိေအာင္ ထန္တလန္ေနတဲ့လူေတြကို ၾကည့္ျပီး ခင္ဗ်ားဘာေတြ အက်ိဳးျမတ္ရမွာတဲ့လဲ။မေတာ္လို႔ လူမိရင္ အရွက္ကကြဲဦးမယ္။
၄။အျပာကားေတြဟာ မိန္းမေတြနဲ႔ပတ္သက္ျပီး လက္ေတြ႔မဆန္တဲ့အျမင္ေတြကို ျမင္ေစတယ္။
မရႈပ္သြားပါနဲ႔။ဒီလိုပါ။အျပာကားၾကည့္တဲ့ဘဲအေတာ္မ်ားမ်ားက မိန္းမေတြဟာ ခ်စ္ျခင္းသမႈျပဳဖို႔ဆို အျမဲတမ္းအဆင္သင့္ျဖစ္ေနတတ္သူေတြ ကိုယ္ကမစရင္ သူတို႔က စခ်င္ေနသူေတြလို႔ ထင္ေနတတ္ၾကပါတယ္။ဒါ့အျပင္ အျပာကားထဲက သရုပ္ေဆာင္ေတြကိုၾကည့္ျပီးေတာ့ မိန္းမဆို ဖင္ၾကီးၾကီး ရင္ၾကီးၾကီးျဖစ္သင့္တယ္လို႔လည္း အထင္ရိွတတ္ၾကပါတယ္။ဒါမ်ိဳးၾကီး စိတ္ထဲမွာမွတ္ထားျပီးေတာ့ တကယ္တမ္းအျပင္မွာ ၾကံဳေတြ႔ရတဲ့ကိုယ့္အေဖာ္က ဒါမ်ိဳးမဟုတ္တာလည္း ၾကံဳေရာတိုင္ေတြပတ္ကုန္ေရာေပါ့။ျပင္ပေလာကက မိန္းမေတြက အျပာကားသရုပ္ေဆာင္ေတြမွ မဟုတ္ပဲ။ဖင္ၾကီးဖို႔ ရင္ၾကီးဖို႔ မလိုသလို သူတို႔အေနနဲ႔ သံဝါမသခ်င္ရင္ မသခ်င္ဘူးလို႔ေတာင္ ျငင္းၾကဦးမွာျဖစ္ပါတယ္။
၅။အျပာကားေတြၾကည့္ျခင္းအားျဖင့္ မိန္းမေတြအေပၚ တစ္ဖက္သတ္ ရိုင္းစိုင္းၾကမ္းတမ္းစြာ ဆက္ဆံတာကို အားေပးတဲ့လူစားမ်ိဳးလည္း ျဖစ္သြားနိုင္ပါေသးတယ္။
ခင္ဗ်ား အျပာကားထဲက မင္းသမီးေတြအေၾကာင္း ေသခ်ာသိသလား။တခ်ိဳ႕က ပိုက္ဆံေၾကာင့္ ဒါမွမဟုတ္ ဝါသနာပါလို႔ပဲထားပါေတာ့ သူ႕စိတ္နဲ႔သူ လုပ္ၾကတာရိွေပမဲ့  အတင္းဖိအားေပးနိွပ္စက္ခံရလို႔ သရုပ္ေဆာင္ရတာမ်ိဳး ျပန္ေပးဆြဲျပီး ရုပ္ရွင္ရိုက္ခံလိုက္ရတာမ်ိဳးေတြလည္း ဒုနဲ႔ေဒးပါပဲတဲ့။တခ်ိဳ႕အျပာကားေတြမွာလို ၾကိဳးေတြနဲ႔တုပ္တာ ဓမၼတာနဲ႔ဆန္႔က်င္တာေတြလုပ္တာ အုပ္စုလိုက္လုပ္တာ အဲ့ဒါမ်ိဳးေတြ ကိုယ့္ညီမ ကိုယ့္အမ်ိဳးသမီးကို လုပ္မယ္ဆို ခင္ဗ်ား ဘယ္လိုေနမလဲ။
၆။အျပာကားၾကည့္တဲ့သူေတြဟာ ေဒါသၾကီးျပီး ရိုင္းစိုင္းၾကမ္းတမ္းလာတတ္ၾကပါတယ္။
အေတာ္မ်ားမ်ား အျပာကားေတြက ေယာက်္ားေတြဟာ မိန္းမေတြကို လက္ခုပ္ထဲကေရလို ေမွာက္လိုေမွာက္လွန္လိုလွန္ ၾကိဳက္သလို ရိုင္းရိုင္းစိုင္းစိုင္း ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံလို႔ရတယ္ဆိုတဲ့ မွားယြင္းတဲ့အသိကို ေပးပါတယ္။ေလ့လာခ်က္ေတြအရ အျပာကားၾကည့္တဲ့သူေတြဟာ နဂိုထက္ ၆ ဆေလာက္ ပိုျပီး ရိုင္းစိုင္းၾကမ္းတမ္းစြာ ျပဳမူတတ္လာၾကတယ္လို႔ ဆိုပါတယ္။
၇။အျပာကားၾကည့္တဲ့သူေတြဟာ လူမႈဆက္ဆံေရးနယ္ပယ္မွာ ျပႆနာေတြနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။
ေန႔တိုင္းအျပာကားၾကည့္ေနတဲ့သူတစ္ေယာက္ရဲ႕ အျခားလူေတြအေပၚဆက္ဆံတဲ့ပံုစံဟာ ပံုမွန္လူေတြနဲ႔ယွဥ္ရင္ အေတာ္ေလးကြဲျပားျခားနားေနတတ္ပါတယ္။ေလ့လာမႈေတြအရလည္း အားတာနဲ႔ အျပာကားၾကည့္တဲ့အေကာင္ေတာ္ေတာ္မ်ားမ်ားဟာ လူဝင္မဆန္႔ဘူးလို႔ ဆိုပါတယ္။
၈။အျပာကားၾကည့္သူအမ်ားစုဟာ အကာကြယ္မပါပဲ လိင္ဆက္ဆံခ်င္စိတ္ေတြ ပိုမ်ားလာတတ္ပါတယ္။
USA မွာ လုပ္တဲ့စစ္တမ္းေတြအရ အေမးခံရသူ ၅၀% ေလာက္က အျပာကားေတြၾကည့္ျပီးတဲ့အခါ အကာကြယ္မယူပဲ တနည္းေျပာရရင္ ကြန္ဒံုးမသံုးဘဲ လိင္ဆက္ဆံခ်င္စိတ္ေတြမ်ားလာပါတယ္လို႔ ေျဖပါတယ္။ဒါဟာ သိပ္အႏၲရာယ္မ်ားပါတယ္။ဒီလိုလုပ္လိုက္လို႔ ရလာႏိုင္မဲ့ဆိုးက်ိဳးေတြက မနည္းမေနပါပဲ။ကိုယ္ဝန္ရတာကအစ ေအအိုင္ဒီအက္စ္ အဆံုးေပါ့။
၉။အျပာကားၾကည့္တဲ့သူေတြဟာ မေကာင္းတဲ့အက်င့္ေတြကို ပိုလုပ္ျဖစ္လာပါတယ္။
အျပာကားၾကည့္သူအမ်ားစုမွာ ရည္းစားေတြအမ်ားၾကီးရိွတတ္ၾကျပီး ထည္လဲတြဲတတ္သူမ်ားလည္း ျဖစ္ၾကပါတယ္။ဒီလိုလူေတြဟာ မူးယစ္ေဆး အရက္ေသစာစတာေတြနဲ႔လည္း တခုမဟုတ္တခု ျငိစြန္းတတ္ၾကပါေသးသတဲ့။ဘာကိုမွ ဂရုမစိုက္ ဘာကိုမွ ေ႐ရွည္တန္ဖိုးမထားခ်င္ၾကပဲ ျဖစ္သလိုၾကံဳသလိုေနထိုင္သြားတတ္ၾကပါတယ္။
ကဲ ဒီေတာ့ ဒီေလာက္ဘာတခုမွ ေကာင္းက်ိဳးမေပးတဲ့အျပာကားေတြကို ခင္ဗ်ားစြဲလန္းေနခဲ့တယ္ဆိုရင္ ဒီေန႔က စျပီး ျဖတ္ဖို႔ ၾကိဳးစားလိုက္ပါ။တိခနဲ မရရင္ သတိထားျပီး ေျဖးေျဖးခ်င္း ျဖတ္ပါ။မဟုတ္လို႔ကေတာ့ ငယ္ငယ္က က်က္ခဲ့ရတဲ့ကဗ်ာထဲကလို ”နင္သာလူမိုက္ ဒုစရိုက္” ေတြ ျဖစ္ခ်င္ျဖစ္သြားပါလိမ့္မယ္။
Dr.KG
Unicode Version

 

အပြာကားနေ့စဉ်ကြည့်တဲ့သူတွေ ရင်ဆိုင်ရမဲ့ လူမှုကျန်းမာရေးဆိုးကျိုး ၉  ခု

ချစ်ခန်းကြိုက်ခန်းလင်မယားခန်းတွေကို တစ်တစ်ခွခွ ဘွင်းဘွင်းရှင်းရှင်း ရိုက်ကူးဖော်ပြထားတဲ့ကားတွေကို ဗမာပြည်မယ် အပြာကားလို့ခေါ်ကြပါတယ်။ဘာလို့ အပြာကားလို့ခေါ်သလဲဆိုတာကို ရှင်းပြဖို့တော့ ပညာရှင်တွေကို မေးရမယ်ထင်တာပဲ။ဘာကားပဲခေါ်ခေါ်ပါ။ဗမာပြည်မှာသာမက ကမ္ဘာအနှံ့မှာပါ ဒီလိုရုပ်ရှင်ကားတွေဟာ ခေတ်စားသထက်ခေတ်စားလာနေပြီး ဟိုးတုန်းက ယောကျာ်းလေးတွေသာ ခိုးကြောင်ခိုးဝှက် ကြည့်ခဲ့ကြရာက အခုနောက်ပိုင်းဆို မိန်းကလေးတွေပါ ကြည့်လာကြပါပြီ။ဟာ မဟုတ်ပါဘူးလို့တော့ မငြင်းနဲ့နော်။ကိမုချိတို့ ဂျပန်ကတုံးတို့လို့သာ မေးကြည့်ကြည့်။ဆယ်ယောက်မှာတစ်ယောက် မသိရင် မာစတာချက်ဖ်က မြစ်ကြီးနားသူပြောသလို လည်သာဖြတ်သွားလိုက်။ခင်ဗျား အပြာကားကြည့်သလားလို့ ဒဲ့သွားမေးရင်တော့ ဘယ်သူကကြည့်တယ် ပြောပါ့မလဲဗျာ။ကိုယ့်ရည်းစားက ကိုယ့်ကိုမေးရင်တောင် မကြည့်ပါဘူးလို့ ငြင်းကြတာများနိုင်ပါတယ်။ဒါပေမဲ့ အနည်းနဲ့အများတော့ ကြည့်နေကြတာပါပဲ။တချို့က စိတ်ညစ်စရာတွေဖြေဖျောက်ရအောင် ကြည့်တယ်။တချို့ကတော့ ဖျော်ဖြေမှုသဘောမျိုး ခံစားပြီးကြည့်တယ်။တချို့ကျတော့လည်း စပ်စပ်စုစုနဲ့ ကြည့်ကြသလို တချို့ကတော့ ရည်မှန်းချက်ကြီးတယ်ဗျား။နည်းစနစ်ပိုင်းတွေ တိုးတက်လာမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်ကြတာပါတဲ့ဗျာ။ခင်ဗျားဟာခင်ဗျား ဘာကြောင့်ကြည့်ကြည့်  ဒါတွေကြည့်တာကောင်းသလားလို့လာမေးရင်တော့ နိုး လို့ပဲ ဖြေပါရစေ။မကောင်းတာတွေက များပါတယ်။ဘာတွေ မကောင်းဘူးလဲ ကြည့်ရအောင်။

၁။ကိုယ့်ချစ်ချစ်(ဒါမှမဟုတ်)ကိုယ့်အဖော်နဲ့ ဆက်ဆံတဲ့အခါ အဆင်မပြေတော့တာ

အပြာကားတွေအများကြီး ကြည့်မိထားတဲ့လူတွေမှာ ကိုယ့်ဘာသာကိုပဲ ကျေနပ်ပြီးမြောက်တတ်တဲ့စိတ်ကြီးက အကျင့်ပါနေတတ်ပါတယ်။ဒီကားတွေကနေ သင့်ကို စိတ်ပါလာအောင် လှုံ့ဆော်ပေးတဲ့ပုံစံတွေနဲ့ ကိုယ့်အဖော်နဲ့အတူရှိနေတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့လှုံ့ဆော်မှုတွေဟာ အတော်လေးကွာခြားမှုရှိနိုင်ပါတယ်။ဒီကားတွေမှာက သာသာကဲကဲကို တွန့်ကြလိမ်ကြ ကြမ်းကြရမ်းကြဆိုတော့ကာ ကိုယ့်အဖော်နဲ့အပြင်မှာ တကယ်အတူတူနေတဲ့အခါကြတော့မှ စိတ်တော်တော်နဲ့ မလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။တချို့ဆို အပြာကားတွေအပေါ် အစွဲလမ်းကြီးစွဲလမ်းနေပြီး ရည်းစားရအိမ်ထောင်ကျတဲ့အချိန်ထိတောင် မကြည့်ရမနေနိုင်ဖြစ်တတ်ကြပါသတဲ့။ဒါပေမဲ့ ရုပ်ရှင်တွေက တကယ့်ပြည့်ဝတဲ့ ယစ်မူးဖို့ကောင်းတဲ့ဆက်ဆံရေးမျိုးမပေးနိုင်ဘူးဆိုတာတော့ မမေ့သင့်ဘူးပေါ့ဗျာ။

၂။ကိုယ့်အဖော်ကို ကျေနပ်မှုမပေးနိုင်တော့တာ

အပြာကားတွေအကြည့်များတဲ့သူတွေဟာ စိတ်အထမြန်ပြီး သုတ်လွှတ်တာလည်း မြန်မြန်ဆန်ဆန်ဖြစ်တတ်ကြပါတယ်။ဒီတော့ ကိုယ့်အဖော်နဲ့ ချစ်ခြင်းသမှုတွေပြုကြတဲ့အခါ ကိုယ်ကသူ့ထက်မြန်မြန်ပြီးမြောက် လိုရာရောက်သွားတတ်ပြီး သူ့ခမျာ ကျေနပ်မှုအပြည့်အဝ မရနိုင်တော့ပါဘူး။အစမှာ ဘာမှမဟုတ်ပေမဲ့ ကြာလာရင်တော့ ဒီပြဿနာကလည်း စကားပြောလာနိုင်ပါတယ်။

၃။ဒါဟာ လုံးဝ အချိန်ဖြုန်းတာပါပဲ။

ခင်ဗျားအနေနဲ့ ရိုးရိုးဇာတ်လမ်းတိုလေးတစ်ခုပဲကြည့်တယ်ထားဦး။လူတွေနဲ့ပတ်သက်တဲ့ဗဟုသုတတွေရမယ်။Money Drop တို့ ငွေတွေဝင်တို့ Master Chef တို့ပဲကြည့်မလား။မသိသေးတာတွေသိမယ်။တခုခုတော့အကျိုးရှိမယ်။နောက်ဆုံး ဟာသကား သရဲကားကြည့်ဦးမလား။ပြောစရာမရှိရင် စကီလေးကို ပြန်ပြောပြလို့ရသေးတယ်။ အပြာကားတွေကြည့်တာကတော့ ကျိန်းသေတယ်။ခင်ဗျား အချိန်တွေကို ပိုးစိုးပက်စပ် ဖြုန်းပစ်နေတာပဲ။ဒီ ကိုယ်တုံးလုံးကျွတ်ကြီးတွေနဲ့ လူမှန်းသူမှန်းမသိအောင် ထန်တလန်နေတဲ့လူတွေကို ကြည့်ပြီး ခင်ဗျားဘာတွေ အကျိုးမြတ်ရမှာတဲ့လဲ။မတော်လို့ လူမိရင် အရှက်ကကွဲဦးမယ်။

၄။အပြာကားတွေဟာ မိန်းမတွေနဲ့ပတ်သက်ပြီး လက်တွေ့မဆန်တဲ့အမြင်တွေကို မြင်စေတယ်။

မရှုပ်သွားပါနဲ့။ဒီလိုပါ။အပြာကားကြည့်တဲ့ဘဲအတော်များများက မိန်းမတွေဟာ ချစ်ခြင်းသမှုပြုဖို့ဆို အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်သူတွေ ကိုယ်ကမစရင် သူတို့က စချင်နေသူတွေလို့ ထင်နေတတ်ကြပါတယ်။ဒါ့အပြင် အပြာကားထဲက သရုပ်ဆောင်တွေကိုကြည့်ပြီးတော့ မိန်းမဆို ဖင်ကြီးကြီး ရင်ကြီးကြီးဖြစ်သင့်တယ်လို့လည်း အထင်ရှိတတ်ကြပါတယ်။ဒါမျိုးကြီး စိတ်ထဲမှာမှတ်ထားပြီးတော့ တကယ်တမ်းအပြင်မှာ ကြုံတွေ့ရတဲ့ကိုယ့်အဖော်က ဒါမျိုးမဟုတ်တာလည်း ကြုံရောတိုင်တွေပတ်ကုန်ရောပေါ့။ပြင်ပလောကက မိန်းမတွေက အပြာကားသရုပ်ဆောင်တွေမှ မဟုတ်ပဲ။ဖင်ကြီးဖို့ ရင်ကြီးဖို့ မလိုသလို သူတို့အနေနဲ့ သံဝါမသချင်ရင် မသချင်ဘူးလို့တောင် ငြင်းကြဦးမှာဖြစ်ပါတယ်။

၅။အပြာကားတွေကြည့်ခြင်းအားဖြင့် မိန်းမတွေအပေါ် တစ်ဖက်သတ် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံတာကို အားပေးတဲ့လူစားမျိုးလည်း ဖြစ်သွားနိုင်ပါသေးတယ်။

ခင်ဗျား အပြာကားထဲက မင်းသမီးတွေအကြောင်း သေချာသိသလား။တချို့က ပိုက်ဆံကြောင့် ဒါမှမဟုတ် ဝါသနာပါလို့ပဲထားပါတော့ သူ့စိတ်နဲ့သူ လုပ်ကြတာရှိပေမဲ့  အတင်းဖိအားပေးနှိပ်စက်ခံရလို့ သရုပ်ဆောင်ရတာမျိုး ပြန်ပေးဆွဲပြီး ရုပ်ရှင်ရိုက်ခံလိုက်ရတာမျိုးတွေလည်း ဒုနဲ့ဒေးပါပဲတဲ့။တချို့အပြာကားတွေမှာလို ကြိုးတွေနဲ့တုပ်တာ ဓမ္မတာနဲ့ဆန့်ကျင်တာတွေလုပ်တာ အုပ်စုလိုက်လုပ်တာ အဲ့ဒါမျိုးတွေ ကိုယ့်ညီမ ကိုယ့်အမျိုးသမီးကို လုပ်မယ်ဆို ခင်ဗျား ဘယ်လိုနေမလဲ။

၆။အပြာကားကြည့်တဲ့သူတွေဟာ ဒေါသကြီးပြီး ရိုင်းစိုင်းကြမ်းတမ်းလာတတ်ကြပါတယ်။

အတော်များများ အပြာကားတွေက ယောကျ်ားတွေဟာ မိန်းမတွေကို လက်ခုပ်ထဲကရေလို မှောက်လိုမှောက်လှန်လိုလှန် ကြိုက်သလို ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းဆက်ဆံလို့ရတယ်ဆိုတဲ့ မှားယွင်းတဲ့အသိကို ပေးပါတယ်။လေ့လာချက်တွေအရ အပြာကားကြည့်တဲ့သူတွေဟာ နဂိုထက် ၆ ဆလောက် ပိုပြီး ရိုင်းစိုင်းကြမ်းတမ်းစွာ ပြုမူတတ်လာကြတယ်လို့ ဆိုပါတယ်။

၇။အပြာကားကြည့်တဲ့သူတွေဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

နေ့တိုင်းအပြာကားကြည့်နေတဲ့သူတစ်ယောက်ရဲ့ အခြားလူတွေအပေါ်ဆက်ဆံတဲ့ပုံစံဟာ ပုံမှန်လူတွေနဲ့ယှဉ်ရင် အတော်လေးကွဲပြားခြားနားနေတတ်ပါတယ်။လေ့လာမှုတွေအရလည်း အားတာနဲ့ အပြာကားကြည့်တဲ့အကောင်တော်တော်များများဟာ လူဝင်မဆန့်ဘူးလို့ ဆိုပါတယ်။

၈။အပြာကားကြည့်သူအများစုဟာ အကာကွယ်မပါပဲ လိင်ဆက်ဆံချင်စိတ်တွေ ပိုများလာတတ်ပါတယ်။

USA မှာ လုပ်တဲ့စစ်တမ်းတွေအရ အမေးခံရသူ ၅၀% လောက်က အပြာကားတွေကြည့်ပြီးတဲ့အခါ အကာကွယ်မယူပဲ တနည်းပြောရရင် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံချင်စိတ်တွေများလာပါတယ်လို့ ဖြေပါတယ်။ဒါဟာ သိပ်အန္တရာယ်များပါတယ်။ဒီလိုလုပ်လိုက်လို့ ရလာနိုင်မဲ့ဆိုးကျိုးတွေက မနည်းမနေပါပဲ။ကိုယ်ဝန်ရတာကအစ အေအိုင်ဒီအက်စ် အဆုံးပေါ့။

၉။အပြာကားကြည့်တဲ့သူတွေဟာ မကောင်းတဲ့အကျင့်တွေကို ပိုလုပ်ဖြစ်လာပါတယ်။

အပြာကားကြည့်သူအများစုမှာ ရည်းစားတွေအများကြီးရှိတတ်ကြပြီး ထည်လဲတွဲတတ်သူများလည်း ဖြစ်ကြပါတယ်။ဒီလိုလူတွေဟာ မူးယစ်ဆေး အရက်သေစာစတာတွေနဲ့လည်း တခုမဟုတ်တခု ငြိစွန်းတတ်ကြပါသေးသတဲ့။ဘာကိုမှ ဂရုမစိုက် ဘာကိုမှ ရေရှည်တန်ဖိုးမထားချင်ကြပဲ ဖြစ်သလိုကြုံသလိုနေထိုင်သွားတတ်ကြပါတယ်။

ကဲ ဒီတော့ ဒီလောက်ဘာတခုမှ ကောင်းကျိုးမပေးတဲ့အပြာကားတွေကို ခင်ဗျားစွဲလန်းနေခဲ့တယ်ဆိုရင် ဒီနေ့က စပြီး ဖြတ်ဖို့ ကြိုးစားလိုက်ပါ။တိခနဲ မရရင် သတိထားပြီး ဖြေးဖြေးချင်း ဖြတ်ပါ။မဟုတ်လို့ကတော့ ငယ်ငယ်က ကျက်ခဲ့ရတဲ့ကဗျာထဲကလို ”နင်သာလူမိုက် ဒုစရိုက်” တွေ ဖြစ်ချင်ဖြစ်သွားပါလိမ့်မယ်။

Dr.KG