ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး

ဆယ္ေက်ာ္သက္ႏွင့္ စိတ္ ၂ မ်ိဳး

ဆယ္ေက်ာ္သက္အ႐ြယ္တြင္ စိတ္ဓာတ္အတက္အက်မမွန္မႈသည္ စိတ္ပိုင္းဆိုင္ရာ ျပႆနာတစ္ခုျဖစ္ပါတယ္။ စိတ္ ၂ ခြျဖစ္ေနသူသည္ စိတ္ဓာတ္က်လိုက္၊ မိမိကိုယ္မိမိအထင္ႀကီးျခင္း အစရွိသည့္အေျခအေနကိုဆိုလိုပါတယ္။

ဆယ္ေက်ာ္သက္အ႐ြယ္တြင္ ေဟာ္မုန္းေျပာင္းလဲမူေၾကာင့္ စိတ္အေျခအေနေျပာင္းလဲမႈ အလြယ္တကူျဖစ္ေစတတ္သည္ကိုလည္း သတိထားသင့္ပါတယ္။ စိတ္ ၂ ခြျဖစ္သူသည္ စိတ္ဓာတ္အေျခအေနေျပာင္းလဲမႈျမန္ဆန္ တည္ၿငိမ္မူမရွိျခင္းေၾကာင့္ ေန႔စဥ္ေနထိုင္မူကို အေႏွာက္အယွက္ျဖစ္ေစႏိုင္ေသာေၾကာင့္ ကုသမူခံယူရန္လိုအပ္ပါတယ္။

ကုသမူေပးသူမ်ားအေနျဖင့္ ……..

စိတ္အတက္အက်မမွန္ျခင္းႏွင့္ ဆယ္ေက်ာ္သက္အ႐ြယ္ဆက္စပ္မူကို ေသခ်ာေလ့လာၿပီး အျခားေသာဆယ္ေက်ာ္သက္အ႐ြယ္ စိတ္ေျပာင္းလဲမူႏွင့္ ကြာျခားကို သိရွိရန္လိုအပ္ပါတယ္။

စိတ္ ၂ ခြျဖစ္ေနသူသည္ နာတာရွည္အေျခအေနျဖစ္ၿပီး လူတစ္ေယာက္စိတ္အေျခအေနႏွင့္ ခြန္အားေပၚမူတည္၍ ေျပာင္းလဲမူျဖစ္ႏိုင္ပါတယ္။ ပုံမွန္အားျဖင့္ စိတ္ဓာတ္တက္ႂကြျခင္းႏွင့္ စိတ္ဓာတ္က်ျခင္း၊ ႏွစ္ခြျဖစ္ႏိုင္သည္။ သို႔ေသာ္ အခ်ိဳ႕လူမ်ားတြင္ စိတ္ဓာတ္တက္ႂကြျခင္း၊ မိမိကိုယ္မိမိအထင္ႀကီးလြန္ျခင္းသည္သာျဖစ္ၿပီး စိတ္ဓာတ္က်ျခင္းမရွိပါ။

စိတ္ဓာတ္တက္ႂကြေသာအခ်ိန္တြင္ လူတစ္ေယာက္သည္ ပုံမွန္ထက္အားအင္ျပည့္သလိုခံစားရျခင္း၊ ပိုမိုစိတ္လူပ္ရွားျခင္းမ်ား ျဖစ္ေနပါတယ္။ ပုံမွန္ထက္ တက္ႂကြေနတတ္ပါတယ္။

အဆိုပါလူမ်ားသည္ ၎တို႔ကိုယ္တိုင္ အလြန္အမင္းေပ်ာ္႐ႊင္ၿပီး ဘဝရဲ႕ စိတ္ေက်နပ္မူအျမင့္ဆုံး အေျခအေနကို ေဖာ္ျပပါတယ္။

စိတ္ဓာတ္က်ေသာအခ်ိန္တြင္ အရာအားလုံးကို စိတ္ဝင္စားမူမရွိဘဲ ေမ်ာ္လင့္ခ်က္မဲ့ကာ ဝမ္းနည္းလြယ္ ခံစားလြယ္ေသာအေျခအေနကိုျဖစ္ေစပါတယ္။

အဆိုပါ အေျခအေန ၂ ခုၾကားတြင္ ပုံမွန္စိတ္အေျခအေန အျပဳအမူသို႔ ျပန္ေျပာင္းႏိုင္ပါတယ္။ စိတ္ ၂ ခြျဖစ္ေနျခင္းအတြက္ ေပ်ာက္ကင္းေအာင္ကုသမူမရွိေသာ္လည္း ေဆးဝါးကုသမႈႏွင့္ လူေနထိုင္မူေျပာင္းလဲျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။

စိတ္ဓာတ္ေျပာင္းလဲမူသည္ မည္သည့္အတြက္ေၾကာင့္ျဖစ္ႏိုင္သည္ဟု ဆရာဝန္မ်ား ေသခ်ာအေၾကာင္းရင္းမသိပါ။ မ်ိဳး႐ိုးဗီဇ၊ ပတ္ဝန္းက်င္အေျခအေနမ်ား၊ ဦးေႏွာက္ဓာတ္မ်ားစသည္တို႔ အားလုံးေၾကာင့္ျဖစ္ႏိုင္ပါတယ္။

ဆယ္ေက်ာ္သက္အ႐ြယ္တြင္ျဖစ္ျခင္းသည္ အသက္အ႐ြယ္ႀကီးသူမ်ားတြင္ျဖစ္ျခင္းထက္ ေရာဂါရွာေဖြရန္ ခက္ခဲပါတယ္။ ေသြးေဖာက္စစ္ေဆးျခင္း၊ ကြန္ျပဴတာဓာတ္မွန္႐ိုက္ျခင္း စသည့္နည္းလမ္းမ်ားျဖင့္ ရွာေဖြျခင္းျပဳလုပ္၍ မရပါ။ လူနာႏွင့္ဆရာဝန္အျပန္အလွန္ ေမးခြန္းမ်ားေမးျခင္းျဖင့္ ေရာဂါရာဇဝင္ကို ရွာေဖြရပါတယ္။ စိတ္ေရာဂါအထူးကုဆရာဝန္ႏွင့္ျပသကာ လိုအပ္ပါကေဆး႐ုံတက္ကုသမူခံယူရသည္အထိျပင္းထန္ႏိုင္ပါတယ္။

ကုသမူအေနျဖင့္ ေဆးဝါး၊ လူေနမႈပုံစံေျပာင္းလဲျခင္းျဖင့္ ကုသရပါတယ္။ ေဆးဝါးျဖင့္ကုသျခင္းအျပင္ စိတ္ကုသမႈ၊ မိသားစုေစာင့္ေရွာက္မႈ၊ တစ္ဦးနဲ႔ တစ္ဦးအျပန္အလွန္ဂ႐ုစိုက္ျခင္း စသည့္နည္းလမ္းမ်ားပါဝင္ပါတယ္။ ဆယ္ေက်ာ္သက္လူငယ္ရဲ႕ လိုအပ္ေသာစိတ္အေျခအေနကို ျဖည့္ဆည္းကုသမူသည္ အေရးႀကီးပါတယ္။ ခံစားခ်က္မ်ားကို နားေထာင္ျခင္း၊ အားေပးျခင္း စသည္တို႔ကိုျပဳလုပ္ပါ။

စိတ္ ၂ ခြျဖစ္ေနေသာ ဆယ္ေက်ာ္သက္လူငယ္မ်ားကို က်န္းမာေပ်ာ္႐ႊင္ေသာ လူေနထိုင္မူစနစ္ရရွိေအာင္ အားေပးကူညီပါ။ မိသားစု၊ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္မ်ားမွ ေဖးမကူညီေစာင့္ေရွာက္မူျဖင့္ စိတ္ေပ်ာ္႐ႊင္ဘဝကိုပိုင္ဆိုင္ႏိုင္ရန္ကူညီေပးၾကပါ ………..

Dr. Pyae Shin

(Unicode Version)

ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး

ဆယ်ကျော်သက်အရွယ်တွင် စိတ်ဓာတ်အတက်အကျမမှန်မှုသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ် ၂ ခွဖြစ်နေသူသည် စိတ်ဓာတ်ကျလိုက်၊ မိမိကိုယ်မိမိအထင်ကြီးခြင်း အစရှိသည့်အခြေအနေကိုဆိုလိုပါတယ်။

ဆယ်ကျော်သက်အရွယ်တွင် ဟော်မုန်းပြောင်းလဲမူကြောင့် စိတ်အခြေအနေပြောင်းလဲမှု အလွယ်တကူဖြစ်စေတတ်သည်ကိုလည်း သတိထားသင့်ပါတယ်။ စိတ် ၂ ခွဖြစ်သူသည် စိတ်ဓာတ်အခြေအနေပြောင်းလဲမှုမြန်ဆန် တည်ငြိမ်မူမရှိခြင်းကြောင့် နေ့စဉ်နေထိုင်မူကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် ကုသမူခံယူရန်လိုအပ်ပါတယ်။

ကုသမူပေးသူများအနေဖြင့် ……..

စိတ်အတက်အကျမမှန်ခြင်းနှင့် ဆယ်ကျော်သက်အရွယ်ဆက်စပ်မူကို သေချာလေ့လာပြီး အခြားသောဆယ်ကျော်သက်အရွယ် စိတ်ပြောင်းလဲမူနှင့် ကွာခြားကို သိရှိရန်လိုအပ်ပါတယ်။

စိတ် ၂ ခွဖြစ်နေသူသည် နာတာရှည်အခြေအနေဖြစ်ပြီး လူတစ်ယောက်စိတ်အခြေအနေနှင့် ခွန်အားပေါ်မူတည်၍ ပြောင်းလဲမူဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ဓာတ်တက်ကြွခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ နှစ်ခွဖြစ်နိုင်သည်။ သို့သော် အချို့လူများတွင် စိတ်ဓာတ်တက်ကြွခြင်း၊ မိမိကိုယ်မိမိအထင်ကြီးလွန်ခြင်းသည်သာဖြစ်ပြီး စိတ်ဓာတ်ကျခြင်းမရှိပါ။

စိတ်ဓာတ်တက်ကြွသောအချိန်တွင် လူတစ်ယောက်သည် ပုံမှန်ထက်အားအင်ပြည့်သလိုခံစားရခြင်း၊ ပိုမိုစိတ်လူပ်ရှားခြင်းများ ဖြစ်နေပါတယ်။ ပုံမှန်ထက် တက်ကြွနေတတ်ပါတယ်။
အဆိုပါလူများသည် ၎င်းတို့ကိုယ်တိုင် အလွန်အမင်းပျော်ရွှင်ပြီး ဘဝရဲ့ စိတ်ကျေနပ်မူအမြင့်ဆုံး အခြေအနေကို ဖော်ပြပါတယ်။

စိတ်ဓာတ်ကျသောအချိန်တွင် အရာအားလုံးကို စိတ်ဝင်စားမူမရှိဘဲ မျော်လင့်ချက်မဲ့ကာ ဝမ်းနည်းလွယ် ခံစားလွယ်သောအခြေအနေကိုဖြစ်စေပါတယ်။

အဆိုပါ အခြေအနေ ၂ ခုကြားတွင် ပုံမှန်စိတ်အခြေအနေ အပြုအမူသို့ ပြန်ပြောင်းနိုင်ပါတယ်။ စိတ် ၂ ခွဖြစ်နေခြင်းအတွက် ပျောက်ကင်းအောင်ကုသမူမရှိသော်လည်း ဆေးဝါးကုသမှုနှင့် လူနေထိုင်မူပြောင်းလဲခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

စိတ်ဓာတ်ပြောင်းလဲမူသည် မည်သည့်အတွက်ကြောင့်ဖြစ်နိုင်သည်ဟု ဆရာဝန်များ သေချာအကြောင်းရင်းမသိပါ။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေများ၊ ဦးနှောက်ဓာတ်များစသည်တို့ အားလုံးကြောင့်ဖြစ်နိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်တွင်ဖြစ်ခြင်းသည် အသက်အရွယ်ကြီးသူများတွင်ဖြစ်ခြင်းထက် ရောဂါရှာဖွေရန် ခက်ခဲပါတယ်။ သွေးဖောက်စစ်ဆေးခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း စသည့်နည်းလမ်းများဖြင့် ရှာဖွေခြင်းပြုလုပ်၍ မရပါ။ လူနာနှင့်ဆရာဝန်အပြန်အလှန် မေးခွန်းများမေးခြင်းဖြင့် ရောဂါရာဇဝင်ကို ရှာဖွေရပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန်နှင့်ပြသကာ လိုအပ်ပါကဆေးရုံတက်ကုသမူခံယူရသည်အထိပြင်းထန်နိုင်ပါတယ်။

ကုသမူအနေဖြင့် ဆေးဝါး၊ လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ကုသရပါတယ်။ ဆေးဝါးဖြင့်ကုသခြင်းအပြင် စိတ်ကုသမှု၊ မိသားစုစောင့်ရှောက်မှု၊ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန်ဂရုစိုက်ခြင်း စသည့်နည်းလမ်းများပါဝင်ပါတယ်။ ဆယ်ကျော်သက်လူငယ်ရဲ့ လိုအပ်သောစိတ်အခြေအနေကို ဖြည့်ဆည်းကုသမူသည် အရေးကြီးပါတယ်။ ခံစားချက်များကို နားထောင်ခြင်း၊ အားပေးခြင်း စသည်တို့ကိုပြုလုပ်ပါ။

စိတ် ၂ ခွဖြစ်နေသော ဆယ်ကျော်သက်လူငယ်များကို ကျန်းမာပျော်ရွှင်သော လူနေထိုင်မူစနစ်ရရှိအောင် အားပေးကူညီပါ။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များမှ ဖေးမကူညီစောင့်ရှောက်မူဖြင့် စိတ်ပျော်ရွှင်ဘဝကိုပိုင်ဆိုင်နိုင်ရန်ကူညီပေးကြပါ …………

Dr. Pyae Shin