ကြီးချင်တဲ့ ဒုက္ခ

ၾကီးခ်င္တဲ့ ဒုုကၡ

အခုေခတ္မွာ လူငယ္လူရြယ္တခ်ိဳ႕ဟာ အင္တာနက္က အျပာရုပ္ရွင္ေတြ၊ေဖ႔ဘုတ္က လိင္ပိုင္းဆိုင္ရာေဆးနဲ႔ပစၥည္းေတြေရာင္းတဲ႔တရားမ၀င္ေပ႔(Page)ေတြမွ ေၾကာ္ျငာ အားေကာင္းေကာင္း အေရးအသားေကာင္းေကာင္းနဲ႔ ေရးထားတာေတြကိုၾကည္႔ျပီး မိမိဟာမိမိ အားမလိုအားမရျဖစ္ကာ သူတို႔ေၾကျငာတာေတြကို စမ္းၾကည္႔တတ္ၾကပါတယ္။အဲ႔လိုစမ္းၾကည္႔တဲ႔ထဲမွာ ေသာက္ေဆး၊လိမ္းေဆးေတြအျပင္ ၾကီးေဆးထိုးေဆးဆိုတာကို လက္တည္႔စမ္း ထိုးျပီး ေဆးရံုေရာက္ေရာက္လာတဲ႔ လူငယ္လူရြယ္ေတြကို ခုေနာက္ပိုင္း မၾကာခဏေတြ႔ေနရပါတယ္။

ဒါေၾကာင္႔ ဒီတပတ္မွာ ၾကီးေဆးထိုးျခင္းရဲ႕ဆိုးက်ိဳးေတြကို ေရးသားတင္ျပခ်င္ပါတယ္။

 

၁။လိင္အဂၤါပံုစံမက်၊ပံုစံပ်က္သြားျခင္း

ၾကီးေဆးထိုးတာကို အရပ္အေခၚအရ သရီးစီစီထိုးတယ္ သို႔မဟုတ္ ဆီလီကြန္ထိုးတယ္လို႔ေခၚၾကပါတယ္။

ကြ်န္ေတာ္တို႔ရဲ႕ လိင္အဂၤါကို ၾကြက္သားေတြ၊ေသြးေၾကာေတြ၊အာရံုေၾကာေတြနဲ႔ဖြဲ႔စည္းထားပါတယ္။

ၾကီးေဆးထိုးတဲ႔အခါမွာ ေဆးက လိင္တံထဲမွာခဲသြားတဲ႔အတြက္ လိင္အဂၤါအရြယ္အစားကၾကီးလာပါတယ္။သို႔ေသာ္ စမတ္က်က် အရြယ္အစားေသးကို ပံုၾကီးခ်ဲ႕လိုက္တဲ႔အတိုင္းအခ်ိဳးအစားမွန္မွန္ၾကီးလာတာမဟုတ္ပါ။

ဘာလို႔အဲ႔လိိုျဖစ္ရလဲဆိုေတာ႔ ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာ ဒီလိုေဆးမ်ိဳးေတြကိုတရား၀င္ခြင္႔ျပဳထားျခင္းမရွိတဲ႔အတြက္ ေမွာင္ခိုေစ်းကြက္ကေန၀င္လာတဲ႔အခါ ေဆးေတြကအရည္အေသြးလံုး၀မျပည္႔မွီတဲ႔အျပင္ ထိုးေပးတဲ႔သူေတြကလည္း ဆရာ၀န္ေတြ ကြ်မ္းက်င္ပညာရွင္ေတြမဟုတ္လို႔ပါ။

ဒါေၾကာင္႔ၾကီးေဆးထိုးတဲ႔အခါမွာၾကီးေတာ႔ၾကီးလာေပမယ္႔ ပံုစံပ်က္ျပီး ပံုမက် ပန္းမက်ျဖစ္ျပီးၾကီးလာတာပါ။

 

၂။လိင္အဂၤါမွာအာရံုခံစားမႈမရွိေတာ႔ျခင္း

စီလီကြန္ထိုးျခင္းဟာ လိင္တံမွာရွိတဲ႔ ေသြးေၾကာေတြ၊အာရံုေၾကာေတြကိုလည္း ထိခိုက္ပ်က္စီးေစနိုင္ပါတယ္။

ေဆးထိုးလို႔လိင္အဂၤါကၾကီးလာေပမယ္႔လည္း အာရံုေၾကာ၊ေသြးေၾကာေတြပ်က္စီးသြားတဲ႔အခါ ေသြးအေရာက္နည္းျပီး အာရံုခံစားမႈမရွိေတာ႔တဲ႔အတြက္ လိင္တံေထာင္မတ္ျခင္းမျပဳနိုင္ေတာ႔ပါ။

ဒီအခါမွာေသးေပါက္ဖို႔ကလြဲရင္ ဘာမွအသံုးမ၀င္တဲ႔ လိင္တံျဖစ္သြားမွာပါ။

 

၃။လိင္အဂၤါတ၀ိုက္အနာျဖစ္ျခင္း

စီလီကြန္ထိုးေဆးနဲ႔မတည္႔တဲ႔အခါ သို႔မဟုတ္ အပ္မသန္႔လို႔၊ေဆးထိုးေပးတဲ႔သူကတကိုယ္ရည္သန္႔ရွင္းမႈမရွိလို႔ ဆီးပိုး၀င္တဲ႔အခါမွာ ေဆးထိုးျပီးေနာက္ ယားတာ၊အနာျဖစ္တာေတြျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္ ေဆးကမေတာ္တဆ ေ၀ွးေစ႔နဲ႔ဆီးခံုထဲေရာက္သြားရင္ အဲ႔ေနရာေတြမွာအလံုးအၾကိတ္ေတြျဖစ္နိုင္ပါတယ္။

 

၄။ကင္ဆာျဖစ္တာ

စီလီကြန္ထိုးျခင္းရဲ႕အဆိုးဆံုးေဘးထြက္ဆိုးက်ိဳးတခုကေတာ႔ ကင္ဆာျဖစ္နိုင္တာပါ။စီလီကြန္နဲ႔ဆဲလ္ေတြတစ္သွ်ဴးေတြနဲ႔တိုက္ရိုက္ထိတာၾကာလာရင္ေရရွည္မွာကင္ဆာျဖစ္နုိင္ပါတယ္။ဒါေၾကာင္႔ အမ်ိဳးသမီးေတြရင္သားထဲစီလီကြန္ထည္႔တဲ႔အခါမွာ ကြ်မ္းက်င္ခြဲစိတ္ဆရာ၀န္က အသားနဲ႔တိုက္ရိုက္မထိေတြ႔ေအာင္ အကာအိတ္ေလးေတြနဲ႔ စနစ္တက်ထည္႔ေပးတာပါ။

ဒါေတြကေတာ႔ ၾကီးေဆးထိုးျခင္းရဲ႕ဆိုးက်ိဳးအႏၱရာယ္ေတြပါ။တခ်ိဳ႕ေတြက ထိုးခါစမွာ ျဖစ္တာရွိသလို တခ်ိဳ႕က်လည္း ထိုးျပီးတနွစ္ နွစ္နွစ္ေလာက္ၾကာမွျဖစ္ပါတယ္။အခ်ိန္ေစာတာနဲ႔ေနာက္က်တာပဲကြာေပမယ္႔ထိုးသမွ်လူတိုင္းအားလံုးနီးပါး ဒီဆိုးက်ိဳးေတြျဖစ္ေလ႔ရွိပါတယ္။ဘာလို႔လဲဆိုေတာ႔ အေပၚမွာတခါေျပာခဲ႔သလို ေဆးေတြကအရည္အေသြးမျပည္႔မွီတဲ႔အျပင္ ထိုးေပးတဲ႔သူေတြကလည္း ကြ်မ္းက်င္ပညာရွင္ေတြမဟုတ္လို႔ပါ။

ၾကီးေဆးထိုးတာဟာေဘးထြက္ဆိုးက်ိဳးတအားမ်ားျပီး ျပန္လည္ကုသတဲ႔အခါမွာလည္း ကုန္က်စရိတ္တအားမ်ားကာ နဂိုအတိုင္းျပန္ျဖစ္ ျပန္ေကာင္းဖို႔ကလည္းမလြယ္ပါဘူး။

ဒါေၾကာင္႔ အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာက လူငယ္လူရြယ္မ်ားအေနနဲ႔ အင္တာနက္ၾကည္႔ျပီး ေဖ႔ဘုတ္က အေရးအသားေကာင္းေကာင္းနဲ႔ေၾကာ္ျငာထားတာေတြၾကည္႔ျပီး သူမ်ားေျမွာက္ေပးတိုင္းၾကီးေဆးထိုးတာမ်ိဳးလံုး၀မလုပ္ဖို႔အၾကံေပးခ်င္ပါတယ္။

Dr 528

Unicode Version

ကြီးချင်တဲ့ ဒုက္ခ

အခုခေတ်မှာ လူငယ်လူရွယ်တချို့ဟာ အင်တာနက်က အပြာရုပ်ရှင်တွေ၊ဖေ့ဘုတ်က လိင်ပိုင်းဆိုင်ရာဆေးနဲ့ပစ္စည်းတွေရောင်းတဲ့တရားမဝင်ပေ့(Page)တွေမှ ကြော်ငြာ အားကောင်းကောင်း အရေးအသားကောင်းကောင်းနဲ့ ရေးထားတာတွေကိုကြည့်ပြီး မိမိဟာမိမိ အားမလိုအားမရဖြစ်ကာ သူတို့ကြေငြာတာတွေကို စမ်းကြည့်တတ်ကြပါတယ်။အဲ့လိုစမ်းကြည့်တဲ့ထဲမှာ သောက်ဆေး၊လိမ်းဆေးတွေအပြင် ကြီးဆေးထိုးဆေးဆိုတာကို လက်တည့်စမ်း ထိုးပြီး ဆေးရုံရောက်ရောက်လာတဲ့ လူငယ်လူရွယ်တွေကို ခုနောက်ပိုင်း မကြာခဏတွေ့နေရပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ကြီးဆေးထိုးခြင်းရဲ့ဆိုးကျိုးတွေကို ရေးသားတင်ပြချင်ပါတယ်။

၁။လိင်အင်္ဂါပုံစံမကျ၊ပုံစံပျက်သွားခြင်း

ကြီးဆေးထိုးတာကို အရပ်အခေါ်အရ သရီးစီစီထိုးတယ် သို့မဟုတ် ဆီလီကွန်ထိုးတယ်လို့ခေါ်ကြပါတယ်။

ကျွန်တော်တို့ရဲ့ လိင်အင်္ဂါကို ကြွက်သားတွေ၊သွေးကြောတွေ၊အာရုံကြောတွေနဲ့ဖွဲ့စည်းထားပါတယ်။

ကြီးဆေးထိုးတဲ့အခါမှာ ဆေးက လိင်တံထဲမှာခဲသွားတဲ့အတွက် လိင်အင်္ဂါအရွယ်အစားကကြီးလာပါတယ်။သို့သော် စမတ်ကျကျ အရွယ်အစားသေးကို ပုံကြီးချဲ့လိုက်တဲ့အတိုင်းအချိုးအစားမှန်မှန်ကြီးလာတာမဟုတ်ပါ။

ဘာလို့အဲ့လိုဖြစ်ရလဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုဆေးမျိုးတွေကိုတရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့အတွက် မှောင်ခိုဈေးကွက်ကနေဝင်လာတဲ့အခါ ဆေးတွေကအရည်အသွေးလုံးဝမပြည့်မှီတဲ့အပြင် ထိုးပေးတဲ့သူတွေကလည်း ဆရာဝန်တွေ ကျွမ်းကျင်ပညာရှင်တွေမဟုတ်လို့ပါ။

ဒါကြောင့်ကြီးဆေးထိုးတဲ့အခါမှာကြီးတော့ကြီးလာပေမယ့် ပုံစံပျက်ပြီး ပုံမကျ ပန်းမကျဖြစ်ပြီးကြီးလာတာပါ။

၂။လိင်အင်္ဂါမှာအာရုံခံစားမှုမရှိတော့ခြင်း

စီလီကွန်ထိုးခြင်းဟာ လိင်တံမှာရှိတဲ့ သွေးကြောတွေ၊အာရုံကြောတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဆေးထိုးလို့လိင်အင်္ဂါကကြီးလာပေမယ့်လည်း အာရုံကြော၊သွေးကြောတွေပျက်စီးသွားတဲ့အခါ သွေးအရောက်နည်းပြီး အာရုံခံစားမှုမရှိတော့တဲ့အတွက် လိင်တံထောင်မတ်ခြင်းမပြုနိုင်တော့ပါ။

ဒီအခါမှာသေးပေါက်ဖို့ကလွဲရင် ဘာမှအသုံးမဝင်တဲ့ လိင်တံဖြစ်သွားမှာပါ။

၃။လိင်အင်္ဂါတဝိုက်အနာဖြစ်ခြင်း

စီလီကွန်ထိုးဆေးနဲ့မတည့်တဲ့အခါ သို့မဟုတ် အပ်မသန့်လို့၊ဆေးထိုးပေးတဲ့သူကတကိုယ်ရည်သန့်ရှင်းမှုမရှိလို့ ဆီးပိုးဝင်တဲ့အခါမှာ ဆေးထိုးပြီးနောက် ယားတာ၊အနာဖြစ်တာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဆေးကမတော်တဆ ဝှေးစေ့နဲ့ဆီးခုံထဲရောက်သွားရင် အဲ့နေရာတွေမှာအလုံးအကြိတ်တွေဖြစ်နိုင်ပါတယ်။

၄။ကင်ဆာဖြစ်တာ

စီလီကွန်ထိုးခြင်းရဲ့အဆိုးဆုံးဘေးထွက်ဆိုးကျိုးတခုကတော့ ကင်ဆာဖြစ်နိုင်တာပါ။စီလီကွန်နဲ့ဆဲလ်တွေတစ်သျှူးတွေနဲ့တိုက်ရိုက်ထိတာကြာလာရင်ရေရှည်မှာကင်ဆာဖြစ်နိုင်ပါတယ်။ဒါကြောင့် အမျိုးသမီးတွေရင်သားထဲစီလီကွန်ထည့်တဲ့အခါမှာ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်က အသားနဲ့တိုက်ရိုက်မထိတွေ့အောင် အကာအိတ်လေးတွေနဲ့ စနစ်တကျထည့်ပေးတာပါ။

ဒါတွေကတော့ ကြီးဆေးထိုးခြင်းရဲ့ဆိုးကျိုးအန္တရာယ်တွေပါ။တချို့တွေက ထိုးခါစမှာ ဖြစ်တာရှိသလို တချို့ကျလည်း ထိုးပြီးတနှစ် နှစ်နှစ်လောက်ကြာမှဖြစ်ပါတယ်။အချိန်စောတာနဲ့နောက်ကျတာပဲကွာပေမယ့်ထိုးသမျှလူတိုင်းအားလုံးနီးပါး ဒီဆိုးကျိုးတွေဖြစ်လေ့ရှိပါတယ်။ဘာလို့လဲဆိုတော့ အပေါ်မှာတခါပြောခဲ့သလို ဆေးတွေကအရည်အသွေးမပြည့်မှီတဲ့အပြင် ထိုးပေးတဲ့သူတွေကလည်း ကျွမ်းကျင်ပညာရှင်တွေမဟုတ်လို့ပါ။

ကြီးဆေးထိုးတာဟာဘေးထွက်ဆိုးကျိုးတအားများပြီး ပြန်လည်ကုသတဲ့အခါမှာလည်း ကုန်ကျစရိတ်တအားများကာ နဂိုအတိုင်းပြန်ဖြစ် ပြန်ကောင်းဖို့ကလည်းမလွယ်ပါဘူး။

ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးချင်တာက လူငယ်လူရွယ်များအနေနဲ့ အင်တာနက်ကြည့်ပြီး ဖေ့ဘုတ်က အရေးအသားကောင်းကောင်းနဲ့ကြော်ငြာထားတာတွေကြည့်ပြီး သူများမြှောက်ပေးတိုင်းကြီးဆေးထိုးတာမျိုးလုံးဝမလုပ်ဖို့အကြံပေးချင်ပါတယ်။

Dr 528

 

 

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image