“တိုနာ”လို့ခေါ်တဲ့ လိင်တံတိုဝင်သွားတဲ့ရောဂါ တကယ်ရှိသလား

“တိုုနာ”လိုု႕ေခၚတဲ့ လိင္တံတိုုဝင္သြားတဲ့ေရာဂါ တကယ္ရိွသလား

တိုနာေရာဂါကို ေဆးပညာအရ Koro(ကိုရို) လို႔ေခၚပါတယ္။Koro ေခၚ တိုနာ ဟာ Culture Bound Syndrome ဆိုတဲ႔အမ်ိဳးအစားထဲမွာပါပါတယ္။Culture Bound Syndrome ဆိုတာကေတာ႔ ရိုးရာအစဥ္အလာယံုၾကည္မႈေတြနဲ႔ ပတ္သက္ျပီး ျဖစ္လာတဲ႔ စိတ္ပိုင္းဆိုင္ရာေရာဂါေတြကိုေခၚတာပါ။အၾကမ္းအားျဖင္႔နားလည္ေအာင္ေျပာရရင္ေတာ႔ စိ္တ္အစြဲလန္းလြန္မႈေၾကာင္႔ စိတ္ကစြဲလန္းတဲ႔အတိုင္း ခႏၶာကို္ယ္မွာ ေ၀ဒနာေတြ၊လကၡဏာေတြေပၚလာတာကိုေျပာတာပါ။ဥပါဒန္ေၾကာင္႔ ဥပါဒ္ေရာက္တယ္လို႔လည္းဆိုနိုင္ပါတယ္။

ကြ်န္ေတာ္တို႔ အေတာ္မ်ားမ်ားအေနနဲ႔ ေယာက္်ားေလးေတြ တိုနာျဖစ္ရင္ လိင္တံတို၀င္သြားျပီး အဆံုးထိတို၀င္သြားရင္ေသတယ္။ဒါေၾကာင္႔ အဆံုးထိတို၀င္မသြားေအာင္ လက္နဲ႔ကိုင္ထားဖုိ႔လိုတယ္။ဒါ႔အျပင္ အမ်ိဳးသမီးတေယာက္ရဲ႕ဆီးခံုအေမႊးကို ယူျပီး မီးရႈိ႕ကာရႈမွ သက္သာမယ္လို႔ အရပ္ေျပာတာေတြကိုၾကားဖူးၾကမွာပါ။ဖုန္းေတြအင္တာနက္ေတြတိုးတက္ျပီး က်န္းမာေရးအသိပညာေတြအရင္ကထက္စာရင္ တိုးတက္ေနတဲ႔ ခုေခတ္မွာ အဲ႔လိုအရပ္ေျပာေတြဟာ ျမိဳ႕ၾကီးေတြမွာေတာင္ ရွိေနဆဲပါ။ရြာေတြမွာဆိုရင္ ထိုအရပ္ေျပာေတြကို ယံုၾကည္တဲ႔သူေတြအရမ္းမ်ားပါတယ္။ထိုသို႔မ်ားတဲ႔အထဲမွာမွ လြန္လြန္ကဲကဲ ယံုၾကည္ျပီး စြဲလန္းတဲ႔သူေတြလည္းရွိပါတယ္။

တိုနာဟာ အဲ႔လိုအရပ္ေျပာေတြကို လြန္လြန္ကဲကဲယံုၾကည္ျပီး စိတ္စြဲလန္းေနတဲ႔သူေတြမွာ ျဖစ္ေလ႔ရွိပါတယ္။ကြ်န္ေတာ္တို႔ရဲ႕လိင္တံဟာ ရာသီဥတုေအးတဲ႔အခါ ေဘးပတ္၀န္းက်င္ကေအးတဲ႔အခါ မိုးေရထဲမွာမိုးမိတာၾကာတဲ႔အခါ ေၾကာက္စိတ္စိုးရိမ္စိတ္၀င္တဲ႔အခါ စတဲ႔အေျခအေနအခ်ိန္ခါေတြမွာ လိင္တံဆီေသြးစီးဆင္းမႈေလ်ာ႔နည္းသြားတဲ႔အတြက္ အရြယ္အစားေလးကေသးသြားတတ္ပါတယ္။ဒါဟာပံုမွန္ပါပဲ။သို႔ေသာ္ ခုနကလို စိတ္အစြဲလန္းလြန္ေနတဲ႔သူေတြအေနနဲ႔က် မိုးေရထဲမွာမိုးမိတာၾကာျပီးေနာက္ ေရခ်ိဳးလို႔ ကိုယ္႔အဂၤါကိုယ္ၾကည္႔မိတဲ႔အခါ သို႔မဟုတ္ ရုပ္ရွင္ၾကည္႔ျပီး ရႈးေပါက္လို႔ ကိုယ္႔အဂၤါကိုယ္ၾကည္႔မိတဲ႔အခါမ်ိဳးေတြမွာ လိင္တံကတို၀င္ေနတာကိုေတြ႔ျပီး မိမိကိုယ္မိမိ တိုနာျဖစ္ျပီလို႔ ထင္ၾကပါတယ္။အဲ႔အခါမွာ အရပ္ေျပာတာေတြကိုစိတ္ကစြဲလန္းလြန္ေနတဲ႔အတိုင္း အဆံုးထိဆက္တို၀င္သြားရင္ ငါေတာ႔ေသေတာ႔မွာပဲ ဆိုျပီး ေၾကာက္စိတ္ စိုးရိမ္စိတ္၀င္လာပါတယ္။

ဒီလိုေၾကာက္စိတ္ စိုးရိမ္စိတ္၀င္တဲ႔အခါ လိင္တံဆီေသြးစီးဆင္းမႈက ပိုနည္းသြားတဲ႔အတြက္ လိင္တံအရြယ္အစားက ပိုေသးသြားတတ္ပါတယ္။ဒီလိုနဲ႔ ပိုေၾကာက္ေလ ပိုေသးေလ၊ပိုေသးေလ ပိုေၾကာက္ေလ ျဖစ္ျပီး ေနာက္ဆံုးမွာေၾကာက္စိတ္ေၾကာင္႔ Panic attack (အေမာေဖာက္ျခင္း)ေခၚ အသက္ရႈမမွန္တာ ျမန္လာတာေတြ ျဖစ္ျပီး သတိလစ္တာ တက္တာေတြျဖစ္နိုင္ပါတယ္။တခ်ိဳ႕နွလံုးေရာဂါအခံရွိတဲ႔သူေတြဆိုရင္ သတိလစ္ရာကေန အသက္ပါပါသြားတတ္ပါတယ္။ဒါေၾကာင္႔ျခံဳေျပာရရင္ တိုနာဆိုတာဟာ စိတ္အစြဲလန္းလြန္မႈေၾကာင္႔ျဖစ္တဲ႔ေရာဂါ သို႔မဟုတ္ ဥပါဒန္ေၾကာင္႔ ဥပါဒ္ေရာက္တာ ျဖစ္ပါတယ္။

ဒီေနရာမွာတခ်ိဳ႕သူေတြအေနနဲ႔ ဆရာေျပာတဲ႔အတိုင္းဆိုရင္ တိုနာျဖစ္တဲ႔အခါ အမ်ိဳးသမီးတေယာက္ေယာက္ရဲ႕ဆီးခံုေမႊးကို မီးရိႈ႕ရႈလိုက္ရင္ ဘာလို႔သက္သာေပ်ာက္ကင္းသြားတာလဲလို႔ေမးစရာရွိမွာပါ။ဒီအေျဖအေနနဲ႔လည္းေသခ်ာစဥ္းစားၾကည္႔ရင္ မဆန္းပါဘူး။ဘာလို႔လဲဆိုေတာ႔ အရပ္ေျပာမွာကိုက တိုနာျဖစ္ရင္ အမ်ိဳးသမီးတေယာက္ရဲ႕ဆီးခံုအေမႊးကိုမီးရႈိ႕ရႈရင္သက္သာမယ္ဆိုတာပါျပီး အဲ႔ဒါကိုယံုၾကည္ေနတဲ႔စိတ္ေၾကာင္႔ျဖစ္နိုင္သလို မီးရႈိ႕တ႔ဲအခါ အပူဓါတ္ရတာေၾကာင္႔လည္းျဖစ္နိုင္သလို အမ်ိဳးသမီးတေယာက္ရဲ႕ဆီးခံုအေမႊြးကို ရႈေနရပါလား ဆိုတဲ႔အေတြးကို မသိစိတ္ကေတြးမိျပီး လိင္စိတ္ၾကြလာကာ လိင္တံဆီေသြးစီးဆင္းမႈမ်ားလာတာေၾကာင္႔လည္းျဖစ္နိုင္ပါတယ္။

တိုနာျဖစ္ေနတဲ႔အခ်ိန္မွာ အမ်ိဳးသမီးတေယာက္ရဲ႕ဆီးခံုအေမႊးမဟုတ္ဘဲ အမ်ိဳးသားတေယာက္ရဲ႕ဆီးခံုေမႊး သို႔မဟုတ္ ခ်ိဳင္းေမႊးကို ယူကာ အမ်ိဳးသမီးဆီးခံုေမႊြးပါလို႔လိမ္ေျပာျပီး မီးရိႈ႕ ရႈခိုင္းရင္လည္း သက္သာတယ္လို႔ ေလ႔လာခ်က္တခ်ိဳ႕က ဆိုထားပါတယ္။ဒါ႔အျပင္ တိုနာျဖစ္ေနခ်ိန္မွာ အမ်ိဳးသမီးဆီးခံုေမြးမီးရိႈ႔ရႈတာ မဟုတ္ဘဲ လိင္စိတ္နိုးၾကားေစတဲ႔ဇာတ္ကား(အျပာကား)ေတြကို ၾကည္႔ခိုင္းပါကလည္း လိင္စိတ္ၾကြလာကာ လိင္တံဆီေသြးစီးဆင္းမႈမ်ားလာေစတဲ႔အတြက္ တိုနာျဖစ္ေနတာကို သက္သာနိုင္တယ္လို႔ ေဆးပညာရွင္အခ်ိဳ႕က သံုးသပ္ေျပာၾကားထားတာေတြလည္းရွိပါတယ္။

ေဆးပညာအရ ရွင္းျပရရင္ လိင္တံဟာ ဆီးခံုရိုး(pubis)ကေန Suspensory ligament အရြတ္နဲ႔ဆက္ထားတာျဖစ္လို႔ ခႏၶာကိုယ္တြင္းထဲကို တဆံုးတို၀င္သြားတာမ်ိဳးလံုး၀မျဖစ္နိုင္ပါ။တို၀င္သြားဖို႔ေနရာလြတ္လည္း တင္ပဆံုရိုးကြင္းထဲမွာမရွိပါ။တိုနာ(Koro)ကို ကုသရာမွာ လူနာကို ဒါဟာစိတ္နဲ႔ဆိုင္တဲ႔ေရာဂါျဖစ္ေၾကာင္း၊လိင္တံဟာအထဲထိ တဆံုးမတို၀င္သြားဖို႔မျဖစ္နိုင္ေၾကာင္း၊လိင္တံအရြယ္အစားဟာေသြးစီးဆင္းမႈအလိုက္ေျပာင္းလဲတတ္ေၾကာင္း စသျဖင္႔ နားလည္ေအာင္ ရွင္းျပကာ အားေပးနွစ္သိမ္႔ျပီး စိတ္ေဆးေတြေပးရပါတယ္။

အဆံုးသတ္အေနနဲ႔ေျပာခ်င္တာကေတာ႔ လိင္တံဟာ ပတ္၀န္းက်င္ကေအးတာ၊ကိုယ္အပူခ်ိန္က်တာ စတဲ႔အေျခအေနေတြမွာေသးသြားတတ္လို႔ လိင္တံေသးတိုင္းလည္း စိုးရိမ္စိတ္၊ေၾကာက္စိတ္တအားမလြန္ဖို႔ ေျပာခ်င္ပါတယ္။ဒါ႔အျပင္ တိုနာဟာ စိတ္ေၾကာင္႔ျဖစ္တဲ႔ေရာဂါျဖစ္ျပီး အရပ္ေျပာေတြကို စိတ္ထဲတအားစြဲလန္းယံုၾကည္ေနတာမ်ိဳး မလုပ္ဖို႔ နဲ႔ ဆရာ၀န္နဲ႔ျပသဖို႔ ေျပာခ်င္ပါတယ္။ျမန္မာျပည္သူျပည္သားမ်ား ဥပါဒန္ေၾကာင္႔ ဥပါဒ္ေရာက္ျခင္း ကင္းၾကပါေစလို႔ ဆုေတာင္းရင္း

Dr 528

Unicode Version

“တိုနာ”လို့ခေါ်တဲ့ လိင်တံတိုဝင်သွားတဲ့ရောဂါ တကယ်ရှိသလား

တိုနာရောဂါကို ဆေးပညာအရ Koro(ကိုရို) လို့ခေါ်ပါတယ်။

Koro ခေါ် တိုနာ ဟာ Culture Bound Syndrome ဆိုတဲ့အမျိုးအစားထဲမှာပါပါတယ်။

Culture Bound Syndrome ဆိုတာကတော့ ရိုးရာအစဉ်အလာယုံကြည်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကိုခေါ်တာပါ။

အကြမ်းအားဖြင့်နားလည်အောင်ပြောရရင်တော့ စိတ်အစွဲလန်းလွန်မှုကြောင့် စိတ်ကစွဲလန်းတဲ့အတိုင်း ခန္ဓာကိုယ်မှာ ဝေဒနာတွေ၊လက္ခဏာတွေပေါ်လာတာကိုပြောတာပါ။

ဥပါဒန်ကြောင့် ဥပါဒ်ရောက်တယ်လို့လည်းဆိုနိုင်ပါတယ်။

ကျွန်တော်တို့ အတော်များများအနေနဲ့ ယောက်ျားလေးတွေ တိုနာဖြစ်ရင် လိင်တံတိုဝင်သွားပြီး အဆုံးထိတိုဝင်သွားရင်သေတယ်။ဒါကြောင့် အဆုံးထိတိုဝင်မသွားအောင် လက်နဲ့ကိုင်ထားဖို့လိုတယ်။ဒါ့အပြင် အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှေးကို ယူပြီး မီးရှို့ကာရှုမှ သက်သာမယ်

လို့အရပ်ပြောတာတွေကိုကြားဖူးကြမှာပါ။

ဖုန်းတွေအင်တာနက်တွေတိုးတက်ပြီး ကျန်းမာရေးအသိပညာတွေအရင်ကထက်စာရင် တိုးတက်နေတဲ့ ခုခေတ်မှာ အဲ့လိုအရပ်ပြောတွေဟာ မြို့ကြီးတွေမှာတောင် ရှိနေဆဲပါ။

ရွာတွေမှာဆိုရင် ထိုအရပ်ပြောတွေကို ယုံကြည်တဲ့သူတွေအရမ်းများပါတယ်။ထိုသို့များတဲ့အထဲမှာမှ လွန်လွန်ကဲကဲ ယုံကြည်ပြီး စွဲလန်းတဲ့သူတွေလည်းရှိပါတယ်။

တိုနာဟာ အဲ့လိုအရပ်ပြောတွေကို လွန်လွန်ကဲကဲယုံကြည်ပြီး စိတ်စွဲလန်းနေတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။

ကျွန်တော်တို့ရဲ့လိင်တံဟာ ရာသီဥတုအေးတဲ့အခါ ဘေးပတ်ဝန်းကျင်ကအေးတဲ့အခါ မိုးရေထဲမှာမိုးမိတာကြာတဲ့အခါ ကြောက်စိတ်စိုးရိမ်စိတ်ဝင်တဲ့အခါ စတဲ့အခြေအနေအချိန်ခါတွေမှာ လိင်တံဆီသွေးစီးဆင်းမှုလျော့နည်းသွားတဲ့အတွက် အရွယ်အစားလေးကသေးသွားတတ်ပါတယ်။

ဒါဟာပုံမှန်ပါပဲ။

သို့သော်

ခုနကလို စိတ်အစွဲလန်းလွန်နေတဲ့သူတွေအနေနဲ့ကျ မိုးရေထဲမှာမိုးမိတာကြာပြီးနောက် ရေချိုးလို့ ကိုယ့်အင်္ဂါကိုယ်ကြည့်မိတဲ့အခါ သို့မဟုတ် ရုပ်ရှင်ကြည့်ပြီး ရှုးပေါက်လို့ ကိုယ့်အင်္ဂါကိုယ်ကြည့်မိတဲ့အခါမျိုးတွေမှာ လိင်တံကတိုဝင်နေတာကိုတွေ့ပြီး မိမိကိုယ်မိမိ တိုနာဖြစ်ပြီလို့ ထင်ကြပါတယ်။

အဲ့အခါမှာ အရပ်ပြောတာတွေကိုစိတ်ကစွဲလန်းလွန်နေတဲ့အတိုင်း အဆုံးထိဆက်တိုဝင်သွားရင် ငါတော့သေတော့မှာပဲ ဆိုပြီး ကြောက်စိတ် စိုးရိမ်စိတ်ဝင်လာပါတယ်။

ဒီလိုကြောက်စိတ် စိုးရိမ်စိတ်ဝင်တဲ့အခါ လိင်တံဆီသွေးစီးဆင်းမှုက ပိုနည်းသွားတဲ့အတွက် လိင်တံအရွယ်အစားက ပိုသေးသွားတတ်ပါတယ်။

ဒီလိုနဲ့ ပိုကြောက်လေ ပိုသေးလေ၊ပိုသေးလေ ပိုကြောက်လေ ဖြစ်ပြီး နောက်ဆုံးမှာကြောက်စိတ်ကြောင့် Panic attack (အမောဖောက်ခြင်း)ခေါ် အသက်ရှုမမှန်တာ မြန်လာတာတွေ ဖြစ်ပြီး သတိလစ်တာ တက်တာတွေဖြစ်နိုင်ပါတယ်။

တချို့နှလုံးရောဂါအခံရှိတဲ့သူတွေဆိုရင် သတိလစ်ရာကနေ အသက်ပါပါသွားတတ်ပါတယ်။

ဒါကြောင့်ခြုံပြောရရင် တိုနာဆိုတာဟာ စိတ်အစွဲလန်းလွန်မှုကြောင့်ဖြစ်တဲ့ရောဂါ သို့မဟုတ် ဥပါဒန်ကြောင့် ဥပါဒ်ရောက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာတချို့သူတွေအနေနဲ့ ဆရာပြောတဲ့အတိုင်းဆိုရင် တိုနာဖြစ်တဲ့အခါ အမျိုးသမီးတယောက်ယောက်ရဲ့ဆီးခုံမွှေးကို မီးရှို့ရှုလိုက်ရင် ဘာလို့သက်သာပျောက်ကင်းသွားတာလဲလို့မေးစရာရှိမှာပါ။

ဒီအဖြေအနေနဲ့လည်းသေချာစဉ်းစားကြည့်ရင် မဆန်းပါဘူး။

ဘာလို့လဲဆိုတော့ အရပ်ပြောမှာကိုက တိုနာဖြစ်ရင် အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှေးကိုမီးရှို့ရှုရင်သက်သာမယ်ဆိုတာပါပြီး အဲ့ဒါကိုယုံကြည်နေတဲ့စိတ်ကြောင့်ဖြစ်နိုင်သလို

မီးရှို့တဲ့အခါ အပူဓါတ်ရတာကြောင့်လည်းဖြစ်နိုင်သလို

အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှွေးကို ရှုနေရပါလား ဆိုတဲ့အတွေးကို မသိစိတ်ကတွေးမိပြီး လိင်စိတ်ကြွလာကာ လိင်တံဆီသွေးစီးဆင်းမှုများလာတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

တိုနာဖြစ်နေတဲ့အချိန်မှာ အမျိုးသမီးတယောက်ရဲ့ဆီးခုံအမွှေးမဟုတ်ဘဲ အမျိုးသားတယောက်ရဲ့ဆီးခုံမွှေး သို့မဟုတ် ချိုင်းမွှေးကို ယူကာ အမျိုးသမီးဆီးခုံမွှွေးပါလို့လိမ်ပြောပြီး မီးရှို့ ရှုခိုင်းရင်လည်း သက်သာတယ်လို့ လေ့လာချက်တချို့က ဆိုထားပါတယ်။

ဒါ့အပြင် တိုနာဖြစ်နေချိန်မှာ အမျိုးသမီးဆီးခုံမွေးမီးရှို့ရှုတာ မဟုတ်ဘဲ လိင်စိတ်နိုးကြားစေတဲ့ဇာတ်ကား(အပြာကား)တွေကို ကြည့်ခိုင်းပါကလည်း လိင်စိတ်ကြွလာကာ လိင်တံဆီသွေးစီးဆင်းမှုများလာစေတဲ့အတွက် တိုနာဖြစ်နေတာကို သက်သာနိုင်တယ်လို့ ဆေးပညာရှင်အချို့က သုံးသပ်ပြောကြားထားတာတွေလည်းရှိပါတယ်။

ဆေးပညာအရ ရှင်းပြရရင် လိင်တံဟာ ဆီးခုံရိုး(pubis)ကနေ Suspensory ligament အရွတ်နဲ့ဆက်ထားတာဖြစ်လို့ ခန္ဓာကိုယ်တွင်းထဲကို တဆုံးတိုဝင်သွားတာမျိုးလုံးဝမဖြစ်နိုင်ပါ။တိုဝင်သွားဖို့နေရာလွတ်လည်း တင်ပဆုံရိုးကွင်းထဲမှာမရှိပါ။

တိုနာ(Koro)ကို ကုသရာမှာ လူနာကို ဒါဟာစိတ်နဲ့ဆိုင်တဲ့ရောဂါဖြစ်ကြောင်း၊လိင်တံဟာအထဲထိ တဆုံးမတိုဝင်သွားဖို့မဖြစ်နိုင်ကြောင်း၊လိင်တံအရွယ်အစားဟာသွေးစီးဆင်းမှုအလိုက်ပြောင်းလဲတတ်ကြောင်း စသဖြင့် နားလည်အောင် ရှင်းပြကာ အားပေးနှစ်သိမ့်ပြီး စိတ်ဆေးတွေပေးရပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့

လိင်တံဟာ ပတ်ဝန်းကျင်ကအေးတာ၊ကိုယ်အပူချိန်ကျတာ စတဲ့အခြေအနေတွေမှာသေးသွားတတ်လို့ လိင်တံသေးတိုင်းလည်း စိုးရိမ်စိတ်၊ကြောက်စိတ်တအားမလွန်ဖို့ ပြောချင်ပါတယ်။

ဒါ့အပြင် တိုနာဟာ စိတ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အရပ်ပြောတွေကို စိတ်ထဲတအားစွဲလန်းယုံကြည်နေတာမျိုး မလုပ်ဖို့ နဲ့ ဆရာဝန်နဲ့ပြသဖို့ ပြောချင်ပါတယ်။

မြန်မာပြည်သူပြည်သားများ ဥပါဒန်ကြောင့် ဥပါဒ်ရောက်ခြင်း ကင်းကြပါစေလို့ ဆုတောင်းရင်း

Dr 528