စောစောစီးစီး   ပြောင်ကြီးမဖြစ်ကြစေဖို့

ေစာေစာစီးစီး   ေျပာင္ၾကီးမျဖစ္ၾကေစဖိုု႔

အမ်ိဳးသားအေတာ္မ်ားမ်ားဟာ အသက္၅၀ေလာက္မွာ ဆံပင္ကြ်တ္တာမ်ားမ်ားလာျပီး ထိပ္ေျပာင္လာတတ္ၾကပါတယ္။

အမ်ိဳးသားတခ်ိဳ႔ေတြအေနနဲ႔ကေတာ႔ ဆံပင္ကြ်တ္ျပီးထိပ္ေျပာင္လာတာကိုစိတ္ထဲရွက္တာမျဖစ္ဘဲ ကတံုးေတာင္တံုးလိုက္ၾကတာမ်ိဳးရွိပါတယ္။

သို႔ေသာ္ အေတာ္မ်ားမ်ားကေတာ႔ ဆံပင္ကြ်တ္ျပီး ထိပ္ေျပာင္တာျဖစ္မွာကို စိုးရိမ္ရွက္ေၾကာက္ၾကေလ့ရွိပါတယ္။

ဒါေၾကာင္႔ ဒီတပတ္မွာ အမ်ိဳးသားေတြအေနနဲ႔ ဆံပင္ကြ်တ္ျခင္းကို ဘယ္လိုနည္းလမ္းေတြသံုးျပီး ေလွ်ာ႔ခ်နိုင္မလဲဆိုတာ သိသေလာက္ ေရးသားတင္ျပလိုက္ရပါတယ္။

၁။ေန႔စဥ္စားေသာက္တဲ႔ထဲမွာ ပရိုတင္းဓါတ္မ်ားမ်ားပါေအာင္စားပါ။

ပရိုတင္းဓါတ္ဟာ ခႏၶာကိုယ္ၾကီးထြားဖြံ႔ျဖိဳးမႈအတြက္အေရးၾကီးတဲ႔ဓါတ္ျဖစ္သလို ဆံပင္က်န္းမာေရးအတြက္လည္းအေရးပါတဲ႔ဓါတ္ျဖစ္ပါတယ္။ပရိုးတင္းဓါတ္မလံုေလာက္ပါက ဆံပင္က်န္းမာေရးမေကာင္းဘဲ ဆံပင္အကြ်တ္မ်ားတတ္ပါတယ္။

ဒါေၾကာင္႔ ဆံပင္က်န္းမာေရးေကာင္းျပီး အကြ်တ္နည္းေစရန္ ပရိုးတင္းဓါတ္မ်ားမ်ားပါတဲ႔ အသား၊ငါး၊ပဲ စတာေတြကိုမ်ားမ်ားစားေပးဖို႔လိုပါတယ္။

၂။ဗီတာမင္ဓါတ္ေတြလံုေလာက္မႈရွိပါေစ။

ဆံပင္က်န္မားေရးေကာင္းဖို႔အတြက္ ပရိုတင္းဓါတ္သာမက ဗီတာမင္ဓါတ္ေတြလည္းလံုေလာက္မႈရွိဖို႔လိုပါတယ္။ဗီတာမင္ေအက ဦးေရျပားမွာရွိတဲ႔အဆီထုတ္လုပ္မႈကိုေကာင္းေစျပီး ဗီတာမင္အီးကေတာ႔ ဦးေရျပားေသြးလည္ပတ္မႈကိုေကာင္းေစပါတယ္။ဗီတာမင္ဘီကေတာ႔ ဆံပင္အေရာင္အတြက္ေကာင္းေစပါတယ္။

ဒါေၾကာင္႔ဗီတာမင္ဓါတ္ေတြစံုလင္စြာနဲ႔လံုေလာက္မႈရွိေအာင္ ေန႔စဥ္စားတဲ႔အထဲမွာ အသား၊ငါး၊ပဲအမ်ိဳးမ်ိဳးအျပင္ လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္နဲ႔သစ္သီး၀လံေတြလည္း ပါ၀င္ဖို႔လိုပါတယ္။

၃။ေခါင္းကို ေခါင္းေလွ်ာ္ရည္အေပ်ာ႔စားေတြနဲ႔ပံုမွန္ေလွ်ာ္ပါ။

ေခါင္းကိုအၾကာၾကီးေနမွတခါေလွ်ာ္ျခင္းဟာ ဦးေရျပားေရာဂါေတြ၊ေဗာက္ထျခင္းေတြကိုျဖစ္ေစျပီးဦးေရျပားကိုထိခိုက္ကာ ဆံပင္ကြ်တ္တာ၊ဆံပင္ပ်က္စီးတာေတြကိုျဖစ္ေစနိုင္ပါတယ္။

ေခါင္းေလွ်ာ္ရည္အေပ်ာ႔စားေတြသံုးျပီး ေခါင္းကို နွစ္ရက္ျခား၊သံုးရက္ျခားတခါ ေလွ်ာ္ေပးပါက ဦးေရျပားက်န္းမာေရးေကာင္းေစျပီး ဦးေရျပားေရာဂါေတြျဖစ္ျခင္း၊ေဗာက္ထျခင္းတို႔ကို မျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

၄။ဦးေရျပားကို Essential oil တမ်ိဳးမ်ိဳးသံုးျပီးနွိပ္နယ္ေပးပါ။

Essential oils ဆိုတာကေတာ႔ သစ္ပင္ေတြကေနထုတ္ယူရရွိတဲ႔အဆီေတြကိုေျပာတာပါ။(ဥပမာနွမ္းဆီ၊ဗန္ဒါေစ႔ဆီ စသျဖင္႔)

၂ရက္ျခား သို႔မဟုတ္ သံုးရက္ျခား တခါ ဦးေရျပားကို Essential oils တမ်ိဳးမ်ိဳးသံုးျပီး မိနစ္အနည္းငယ္(ငါးမိနစ္မွဆယ္မိနစ္)ၾကာေအာင္နွိပ္နယ္ေပးျခင္းျဖင္႔ ဆံပင္ကြ်တ္ျခင္းကိုသက္သာေစတဲ႔အျပင္ က်န္းမာသန္စြမ္းတဲ႔ဆံပင္ေတြေပါက္ဖို႔အတြက္လည္း အေထာက္အကူျပဳပါတယ္။

၅။ေရမ်ားမ်ားေသာက္ပါ။

ေရေသာက္နည္းျပီး ေရဓါတ္မလံုေလာက္ပါက ဆံပင္အဖ်ားေတြေျခာက္ေသြ႔ပ်က္စီးျပီး ဆံပင္ကြ်တ္နို္င္ပါတယ္။တေန႔ကို အနည္းဆံုး ေရ၄ဖန္ခြက္မွ၈ဖန္ခြက္ ေသာက္ဖို႔လိုပါတယ္။ေရဓါတ္ျပည္႔၀မွသာ ဆံပင္က်န္းမာေရးေကာင္းမွာပါ။

၆။စိတ္ဖိစီးစရာနည္းေအာင္ေနပါ။

သုေတသနေတြအရ စိတ္ဖိစီးစရာမ်ားတာနဲ႔ဆံပင္ကြ်တ္တာနဲ႔ဟာတိုက္ရိုက္ဆက္စပ္ေနပါတယ္။ဒါေၾကာင္႔စိတ္ဖိစီးစရာနည္းေအာင္ တရားထိုင္တာ၊ေယာဂက်င္႔တာ၊ကိုယ္လက္လႈပ္ရွားမႈလုပ္တာေတြလုပ္သင္႔ပါတယ္။အဲ႔ဒါေတြလုပ္ျခင္းဟာ စိတ္ဖိစီးမႈကိုနည္းေစရံုသာမက ခႏၶာကိုယ္အတြက္ပါက်န္းမာေစပါတယ္။

၇။ေဆးလိပ္၊အရက္ေရွာင္ပါ။

ေဆးလိပ္၊အရက္ေတြဟာ ဦးေရျပားနဲ႔ဆံပင္က်န္းမာေရးကိုထိခိုက္ေစျပီး ဆံပင္ကြ်တ္ျခင္းကို မ်ားမ်ားျဖစ္ေစနိုင္ပါတယ္။ဒါ႔အျပင္ ခႏၶာကိုယ္ရွိ တျခားအဂၤါအစိတ္ပိုင္းေတြကိုလည္း ထိခိုက္ပ်က္စီးေစနိုင္ပါတယ္။ဒါ႔ေၾကာင္႔ ေဆးလိပ္၊အရက္ကိုေရွာင္ဖို႔လိုပါတယ္။

၈။ဆံပင္ကို Hair dryer နဲ႔အၾကာၾကီးမႈတ္တာ ခဏခဏမႈတ္တာ၊ဦးထုတ္၊ထီးမပါဘဲ ေနပူထဲအခ်ိန္အၾကာၾကီးထြက္တာေတြကိုေရွာင္ပါ။

အပူဓါတ္က ဆံပင္မွာရွိတဲ႔ပရိုတင္းဓါတ္ေတြကိုပ်က္စီးေစပါတယ္။အပူနဲ႔မၾကာခဏ သို႔မဟုတ္ အခ်ိန္ၾကာၾကာထိေတြ႕ျခင္းဟာ ဆံသားေတြကိုအားနည္းေၾကမြပ်က္စီးလြယ္ေစျပီး ဆံပင္ကြ်တ္ျခင္းကိုျဖစ္ေစနိုင္ပါတယ္။

၉။ေခါင္းေလွ်ာ္ျပီးေရသုတ္တဲ႔အခါ ခပ္ၾကမ္းၾကမ္းသုတ္ျခင္းကိုေရွာင္ပါ။

အမ်ိဳးသားအားလံုးနီးပါးဟာ ေခါင္းေလွ်ာ္ျပီးေခါင္းေရသုတ္တဲ႔အခါ တဘက္နဲ႔ခပ္ၾကမ္းၾကမ္းပြတ္သုတ္ေလ႔ရွိပါတယ္။ဒီလိုလုပ္ျခင္းဟာ ဆံသားကိုထိခိုက္ပ်က္စီးေစျပီး ဆံပင္ကြ်တ္ျခင္းကိုျဖစ္ေစနိုင္ပါတယ္။ေခါင္းေလွ်ာ္ျပီးတဲ႔အခါ ခပ္ၾကမ္းၾကမ္းမသုတ္ဘဲ အသာအယာဖြဖြသုတ္ျပီးေလသလပ္ခံျခင္းျဖင္႔ ေခါင္းကိုအေျခာက္ခံတာအေကာင္းဆံုးနည္းပါ။

၁၀။ဆံပင္စည္းျခင္းကိုေရွာင္ပါ။

အခုေနာက္ပိုင္းမွာ အမ်ိဳးသားေတြအေနနဲ႔ ဆံပင္ကို ေခါင္းထိပ္မွာ သားေရပင္ သို႔မဟုတ္ ေခါင္းစည္းၾကိဳးျဖင္႔ စုစည္းတာမ်ိဳးေတြ ေခတ္စားလုပ္လာၾကတာေတြ႔ရပါတယ္။ဒီလိုလုပ္တာဟာ ဆံပင္သားကိုပ်က္စီးေစျပီး ေရရွည္မွာဆံပင္ကြ်တ္ကာ ထိပ္ေျပာင္ျခင္းကိုျဖစ္ေစနိုင္ပါတယ္။

Dr 528

Unicode Version

စောစောစီးစီး   ပြောင်ကြီးမဖြစ်ကြစေဖို့

အမျိုးသားအတော်များများဟာ အသက်၅၀လောက်မှာ ဆံပင်ကျွတ်တာများများလာပြီး ထိပ်ပြောင်လာတတ်ကြပါတယ်။

အမျိုးသားတချို့တွေအနေနဲ့ကတော့ ဆံပင်ကျွတ်ပြီးထိပ်ပြောင်လာတာကိုစိတ်ထဲရှက်တာမဖြစ်ဘဲ ကတုံးတောင်တုံးလိုက်ကြတာမျိုးရှိပါတယ်။

သို့သော် အတော်များများကတော့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာဖြစ်မှာကို စိုးရိမ်ရှက်ကြောက်ကြလေ့ရှိပါတယ်။

ဒါကြောင့် ဒီတပတ်မှာ အမျိုးသားတွေအနေနဲ့ ဆံပင်ကျွတ်ခြင်းကို ဘယ်လိုနည်းလမ်းတွေသုံးပြီး လျှော့ချနိုင်မလဲဆိုတာ သိသလောက် ရေးသားတင်ပြလိုက်ရပါတယ်။

၁။နေ့စဉ်စားသောက်တဲ့ထဲမှာ ပရိုတင်းဓါတ်များများပါအောင်စားပါ။

ပရိုတင်းဓါတ်ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့ဓါတ်ဖြစ်သလို ဆံပင်ကျန်းမာရေးအတွက်လည်းအရေးပါတဲ့ဓါတ်ဖြစ်ပါတယ်။ပရိုးတင်းဓါတ်မလုံလောက်ပါက ဆံပင်ကျန်းမာရေးမကောင်းဘဲ ဆံပင်အကျွတ်များတတ်ပါတယ်။

ဒါကြောင့် ဆံပင်ကျန်းမာရေးကောင်းပြီး အကျွတ်နည်းစေရန် ပရိုးတင်းဓါတ်များများပါတဲ့ အသား၊ငါး၊ပဲ စတာတွေကိုများများစားပေးဖို့လိုပါတယ်။

၂။ဗီတာမင်ဓါတ်တွေလုံလောက်မှုရှိပါစေ။

ဆံပင်ကျန်မားရေးကောင်းဖို့အတွက် ပရိုတင်းဓါတ်သာမက ဗီတာမင်ဓါတ်တွေလည်းလုံလောက်မှုရှိဖို့လိုပါတယ်။ဗီတာမင်အေက ဦးရေပြားမှာရှိတဲ့အဆီထုတ်လုပ်မှုကိုကောင်းစေပြီး ဗီတာမင်အီးကတော့ ဦးရေပြားသွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ဗီတာမင်ဘီကတော့ ဆံပင်အရောင်အတွက်ကောင်းစေပါတယ်။

ဒါကြောင့်ဗီတာမင်ဓါတ်တွေစုံလင်စွာနဲ့လုံလောက်မှုရှိအောင် နေ့စဉ်စားတဲ့အထဲမှာ အသား၊ငါး၊ပဲအမျိုးမျိုးအပြင် လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေလည်း ပါဝင်ဖို့လိုပါတယ်။

၃။ခေါင်းကို ခေါင်းလျှော်ရည်အပျော့စားတွေနဲ့ပုံမှန်လျှော်ပါ။

ခေါင်းကိုအကြာကြီးနေမှတခါလျှော်ခြင်းဟာ ဦးရေပြားရောဂါတွေ၊ဗောက်ထခြင်းတွေကိုဖြစ်စေပြီးဦးရေပြားကိုထိခိုက်ကာ ဆံပင်ကျွတ်တာ၊ဆံပင်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။

ခေါင်းလျှော်ရည်အပျော့စားတွေသုံးပြီး ခေါင်းကို နှစ်ရက်ခြား၊သုံးရက်ခြားတခါ လျှော်ပေးပါက ဦးရေပြားကျန်းမာရေးကောင်းစေပြီး ဦးရေပြားရောဂါတွေဖြစ်ခြင်း၊ဗောက်ထခြင်းတို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၄။ဦးရေပြားကို Essential oil တမျိုးမျိုးသုံးပြီးနှိပ်နယ်ပေးပါ။

Essential oils ဆိုတာကတော့ သစ်ပင်တွေကနေထုတ်ယူရရှိတဲ့အဆီတွေကိုပြောတာပါ။(ဥပမာနှမ်းဆီ၊ဗန်ဒါစေ့ဆီ စသဖြင့်)

၂ရက်ခြား သို့မဟုတ် သုံးရက်ခြား တခါ ဦးရေပြားကို Essential oils တမျိုးမျိုးသုံးပြီး မိနစ်အနည်းငယ်(ငါးမိနစ်မှဆယ်မိနစ်)ကြာအောင်နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုသက်သာစေတဲ့အပြင် ကျန်းမာသန်စွမ်းတဲ့ဆံပင်တွေပေါက်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

၅။ရေများများသောက်ပါ။

ရေသောက်နည်းပြီး ရေဓါတ်မလုံလောက်ပါက ဆံပင်အဖျားတွေခြောက်သွေ့ပျက်စီးပြီး ဆံပင်ကျွတ်နိုင်ပါတယ်။တနေ့ကို အနည်းဆုံး ရေ၄ဖန်ခွက်မှ၈ဖန်ခွက် သောက်ဖို့လိုပါတယ်။ရေဓါတ်ပြည့်ဝမှသာ ဆံပင်ကျန်းမာရေးကောင်းမှာပါ။

၆။စိတ်ဖိစီးစရာနည်းအောင်နေပါ။

သုတေသနတွေအရ စိတ်ဖိစီးစရာများတာနဲ့ဆံပင်ကျွတ်တာနဲ့ဟာတိုက်ရိုက်ဆက်စပ်နေပါတယ်။ဒါကြောင့်စိတ်ဖိစီးစရာနည်းအောင် တရားထိုင်တာ၊ယောဂကျင့်တာ၊ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေလုပ်သင့်ပါတယ်။အဲ့ဒါတွေလုပ်ခြင်းဟာ စိတ်ဖိစီးမှုကိုနည်းစေရုံသာမက ခန္ဓာကိုယ်အတွက်ပါကျန်းမာစေပါတယ်။

၇။ဆေးလိပ်၊အရက်ရှောင်ပါ။

ဆေးလိပ်၊အရက်တွေဟာ ဦးရေပြားနဲ့ဆံပင်ကျန်းမာရေးကိုထိခိုက်စေပြီး ဆံပင်ကျွတ်ခြင်းကို များများဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ရှိ တခြားအင်္ဂါအစိတ်ပိုင်းတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ဒါ့ကြောင့် ဆေးလိပ်၊အရက်ကိုရှောင်ဖို့လိုပါတယ်။

၈။ဆံပင်ကို Hair dryer နဲ့အကြာကြီးမှုတ်တာ ခဏခဏမှုတ်တာ၊ဦးထုတ်၊ထီးမပါဘဲ နေပူထဲအချိန်အကြာကြီးထွက်တာတွေကိုရှောင်ပါ။

အပူဓါတ်က ဆံပင်မှာရှိတဲ့ပရိုတင်းဓါတ်တွေကိုပျက်စီးစေပါတယ်။အပူနဲ့မကြာခဏ သို့မဟုတ် အချိန်ကြာကြာထိတွေ့ခြင်းဟာ ဆံသားတွေကိုအားနည်းကြေမွပျက်စီးလွယ်စေပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

၉။ခေါင်းလျှော်ပြီးရေသုတ်တဲ့အခါ ခပ်ကြမ်းကြမ်းသုတ်ခြင်းကိုရှောင်ပါ။

အမျိုးသားအားလုံးနီးပါးဟာ ခေါင်းလျှော်ပြီးခေါင်းရေသုတ်တဲ့အခါ တဘက်နဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်လေ့ရှိပါတယ်။ဒီလိုလုပ်ခြင်းဟာ ဆံသားကိုထိခိုက်ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ခေါင်းလျှော်ပြီးတဲ့အခါ ခပ်ကြမ်းကြမ်းမသုတ်ဘဲ အသာအယာဖွဖွသုတ်ပြီးလေသလပ်ခံခြင်းဖြင့် ခေါင်းကိုအခြောက်ခံတာအကောင်းဆုံးနည်းပါ။

၁၀။ဆံပင်စည်းခြင်းကိုရှောင်ပါ။

အခုနောက်ပိုင်းမှာ အမျိုးသားတွေအနေနဲ့ ဆံပင်ကို ခေါင်းထိပ်မှာ သားရေပင် သို့မဟုတ် ခေါင်းစည်းကြိုးဖြင့် စုစည်းတာမျိုးတွေ ခေတ်စားလုပ်လာကြတာတွေ့ရပါတယ်။ဒီလိုလုပ်တာဟာ ဆံပင်သားကိုပျက်စီးစေပြီး ရေရှည်မှာဆံပင်ကျွတ်ကာ ထိပ်ပြောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

Dr 528