သိုင်းလောကသားတွေအတွက်မျှော့

သိုင္းေလာကသားေတြအတြက္ေမွ်ာ့

သာမန္လူေတြအေနနဲ႔ဆိုရင္ ေမွ်ာ႔ဆိုတာဟာ လူကိုတြယ္ကပ္ျပီး ေသြးစုပ္တတ္တဲ႔သတၱ၀ါ၊ ေၾကာက္စရာ ရြံ႕စရာေကာင္းတဲ႔သတၱ၀ါလို႔ပဲ သိၾကျပီး သိုင္းေလာကသားေတြက ဘာလို႔ ဒီသတၱ၀ါကို သေဘာက်ရတာလဲဆိုျပီး နားမလည္ျဖစ္နိုင္ပါတယ္။

အမွန္တကယ္ေတာ႔ သိုင္းေလာကသားေတြသဘာက်တဲ႔ ေမွ်ာ႔ဆိုတာဟာ မိန္းမကိုယ္ထဲမွာရွိတဲ႔ေမွ်ာ႔ပါ။

သာမန္လူေတြသိၾကတဲ႔ လူကိုတြယ္ကပ္ေသြးစုပ္တဲ႔ ေမွ်ာ႔သတၱ၀ါမဟုတ္ပါဘူး။

ေခတ္အဆက္ဆက္ သိုင္းေလာကသားေတြ ၀ိုင္းဖြဲ႕စကားေျပာတဲ႔အခါ သက္ရြယ္ၾကီးအေတြ႔အၾကံဳမ်ားတဲ႔ သိုင္းအဖြဲ႕မွဴးမ်ားက သက္ငယ္သိုင္းသမားအသစ္မ်ားကို ကိတ္တဲ႔အမ်ိဳးသမီး၊ လန္းတဲ႔အမ်ိဳးသမီးေတြထက္ မိန္းမကိုယ္ေမွ်ာ႔ပါတဲ႔အမ်ိဳးသမီးေတြကပိုျပီး အမ်ိဳးသားေတြကို တန္းတန္းစြဲျဖစ္ေစတတ္ေၾကာင္းကို ေျပာျပေလ႔ရွိပါတယ္။

အဲ႔အခါ သက္ငယ္သိုင္းသမားေတြကလည္း မိန္းမကိုယ္မွာရွိတဲ႔ေမွ်ာ႔ဆိုေတာ႔ မိန္းမကိုယ္ဘယ္နားမွာရွိတာလဲ။ ဘယ္လိုအရာေလးလဲ။ အသက္ရွိလား။ အမ်ားသိၾကတဲ႔ေမွ်ာ႔သတၱ၀ါလိုပံုစံေလးလား စသျဖင္႔ သက္ရြယ္ၾကီးအေတြ႔အၾကံဳမ်ားတဲ႔ သိုင္းအဖြဲ႕မွဴးမ်ားကို ေမးၾက၊စပ္စုၾကျပီး အခြင္႔သာတုန္း သိုင္းဗဟုသုတတိုးပြားေအာင္လုပ္ေလ႔ရွိပါတယ္။

ဒါေၾကာင္႔ဒီတပတ္မွာ သိုင္းေလာကသားေတြအေျပာမ်ားတဲ႔ မိန္းမကိုယ္ေမွ်ာ႔အေၾကာင္းကို သက္ငယ္သိုင္းသမားအသစ္မ်ားသာမက သိုင္းသမားမဟုတ္တဲ႔ တျခားသူမ်ားပါသိေအာင္ ေရးသားတင္ျပလိုက္ရပါတယ္။

အမွန္တကယ္ေတာ႔ မိန္းမကိုယ္မွာရွိတဲ႔ေမွ်ာ႔ဆိုတာဟာ ဘယ္နားမွာရွိတယ္၊ ဘယ္လိုအရာေလးျဖစ္တယ္ဆိုျပီး လက္ဆုပ္လက္ကိုင္ျပလို႔ရတဲ႔အရာ၊ အသက္ရွိေနတဲ႔အရာ/အေကာင္ မဟုတ္ပါ။

မိန္းမကိုယ္အတြင္းနံရံၾကြက္သား၊ တင္ပဆံုကြင္းၾကြက္သား(Pelvic floor muscles)ေတြရဲ႕ ညွစ္နိုင္အား(Contraction power) ေကာင္းျခင္းကို တင္စားေခၚတာျဖစ္ပါတယ္။

အမ်ိဳးသမီးတိုင္းမွာ မိန္းမကိုယ္အတြင္းနံရံၾကြက္သား၊ တင္ပဆံုကြင္းၾကြက္သားေတြကိုယ္စီရွိၾကေပမယ္႔ တေယာက္ခ်င္းစီရဲ႕က်ံဳ႕ညွစ္နိုင္တဲ႔စြမ္းအားကေတာ႔ မတူပါဘူး။

ၾကြက္သားေတြရဲ႕ က်ံဳညွစ္နိုင္တဲ႔စြမ္းအားအနည္းအမ်ားေပၚမူတည္ျပီး အတူေနလင္ဆက္ဆံတဲ႔အခါ ဆက္ဆံေဖာ္ကို ေပးနိုင္တဲ႔ခံစားမႈ၊ သာယာမႈကကြဲျပားနိုင္ပါတယ္။

တင္ပဆံုကြင္းၾကြက္သားေတြ(Pelvic floor muscles) က်ံဳညွစ္နိုင္စြမ္းက်ေနပါက အတူေနဆက္ဆံတဲ႔အခါ ဆက္ဆံေဖာ္အား မိန္းမကိုယ္ဟာက်ယ္သလို ခံစားရေစျပီး ဆက္ဆံေဖာ္ရဲ႕ စိတ္ေက်နပ္မႈ၊ သာယာမႈခံစားရတာကို ေလ်ာ႔နည္းေစနိုင္ပါတယ္။

တခ်ိဳ႕အမ်ိဳးသမီးေတြမွာက် တင္ပဆံုကြင္းၾကြက္သားေတြဟာ က်ံဳညွစ္နိုင္စြမ္းေကာင္းလြန္းျပီး အတူေနလိင္ဆက္ဆံတဲ႔အခါ ဆက္ဆံေဖာ္အမ်ိဳးသားရဲ႕လိင္တံကို လက္နဲ႔တင္းၾကပ္စြာ ဆုပ္ညွစ္ထားသလိုျဖစ္တဲ႔အတြက္ ဆက္ဆံေဖာ္အမ်ိဳးသားဟာအထြဋ္အထိပ္ စိတ္ေက်နပ္မႈ၊ သာယာမႈကိုခံစားရပါတယ္။

ဒီအခါမွာ ဆက္ဆံေဖာ္အမ်ိဳးသားဟာ ထိုအမ်ိဳးသမီးကို တန္းတန္းစြဲျဖစ္ရေလ႔ရွိတတ္ပါတယ္။

ထိုကဲ႔သို႔ တင္ပဆံုကြင္းၾကြက္သားေတြက်ံဳ႕ညွစ္နိုင္စြမ္းေကာင္းလြန္းတဲ႔ အမ်ိဳးသမီးေတြကိုေတာ႔ ေမွ်ာ႔ပါတဲ႔အမ်ိဳးသမီးေတြလို႔တင္စားေခၚေ၀ၚၾကပါတယ္။

အရပ္ထဲမွာေတာ႔ မိန္းမကိုယ္ေမွ်ာ႔ပါတဲ႔အမ်ိဳးသမီးေတြဟာ ဆက္ဆံေဖာ္အမ်ိဳးသားအတြက္ေကာင္းေပမယ္႔ ကေလးေမြးတဲ႔အခါက် ေမွ်ာ႔ကကေလးကိုျပန္ဆြဲတဲ႔အတြက္ ကေလးေမြးရခက္နိုင္တယ္။ အဲ႔လိုမျဖစ္ေအာင္ ေမွ်ာ႔ပါတဲ႔အမ်ိဳးသမီးကေလးေမြးခါနီးက် ဆားနဲ႔ပက္ရတယ္ဆိုတဲ႔ အယူအဆေတြ၊ ေရွးထံုးေတြရွိပါတယ္။

ဒါဟာ မွားပါတယ္။ မိန္းမကိုယ္ေမွ်ာ႔ပါျခင္းဟာ ကေလးေမြးရခက္ျခင္းကိုမျဖစ္ေစနိုင္ပါဘူး။

မိန္းမကိုယ္ေမွ်ာ႔ပါျခင္း သို႔မဟုတ္ တင္ပဆံုကြင္းၾကြက္သားေတြက်ံဳညွစ္နိုင္စြမ္းေကာင္းျခင္း ဟာ အပ်ိဳျဖစ္ျခင္း၊ အအိုျဖစ္ျခင္း၊ အသက္အရြယ္ၾကီးျခင္း၊ ငယ္ျခင္းနဲ႔ ဆိုင္နိုင္ေျခရွိေပမယ္႔ အပ်ိဳစစ္တိုင္း၊ အသက္ငယ္တိုင္း တင္ပဆံုကြင္းၾကြက္သားေတြ က်ံဳညွစ္နိုင္စြမ္းေကာင္းမယ္လို႔ယတိျပတ္ေျပာမရသလို အအိုျဖစ္တိုင္း၊ ကေလးေမြးဖူးတိုင္း၊ အသက္ၾကီးတိုင္းလည္း တင္ပဆံုကြင္းၾကြက္သားေတြက်ံဳညွစ္နိုင္စြမ္းမေကာင္းေတာ႔ဘူးလို႔ ယတိျပတ္ေျပာမရပါ။

အသက္ငယ္၊အပ်ိဳစစ္ျဖစ္ေပမယ္႔ ေကာ္နက္တစ္ တစ္သွ်ဴးေခၚ တြယ္ဆက္တစ္သွ်ဴးေတြအားနည္းတဲ႔ေမြးရာပါေရာဂါရွိတာ(Congenital weakness of connective tissue)၊ ေခ်ာင္းေရရွည္ မၾကာခဏဆိုးတာ၊ ၀မ္းခဏခဏခ်ဳပ္တတ္တာ၊ အေၾကာင္းတခုခုေၾကာင္႔ တင္ပဆံုကြင္းေနရာတ၀ိုက္ခြဲစိတ္ရတာ၊ အ၀လြန္တာ၊ စတဲ႔အေၾကာင္းရင္းေတြရွိရင္ တင္ပဆံုကြင္းၾကြက္သားေတြက်ံဳညွစ္နိုင္စြမ္းမေကာင္းတာ ျဖစ္နိုင္ပါတယ္။

အဆံုးသတ္အေနနဲ႔ ေျပာၾကားခ်င္တာကေတာ႔ တင္ပဆံုကြင္းၾကြက္သားေတြက်ံဳညွစ္နိုင္စြမ္းက်ျပီး ေမွ်ာ႔မပါျဖစ္ေနတဲ႔အမ်ိဳးသမီးေတြအေနနဲ႔ စိတ္ဓါတ္က်စရာမလိုပါဘူး။

Kegel’s exercise ဆိုတဲ႔ တင္ပဆံုကြင္းၾကြက္သားေလ႔က်င္႔ခန္းေတြ ေသခ်ာလုပ္ရင္ တင္ပဆံုကြင္းၾကြက္သားက်ံဳညွစ္နိုင္စြမ္းေကာင္းလာျပီး မိန္းမကိုယ္ေမွ်ာ႔ကိုရရွိပိုင္ဆိုင္လာနိုင္ပါတယ္။

ကီဂ်ယ္ေလ႔က်င္႔ခန္းဆိုတာဟာ ဆီးသြားေနစဥ္ ဆီးခဏရပ္ေအာင္ညွစ္ရတဲ႔ၾကြက္သားကို ဆီးသြားခ်ိန္မဟုတ္တဲ႔ တျခားအခ်ိန္ေတြမွာ ညွစ္လိုက္ေလွ်ာ႔လိုက္လုပ္ျခင္းျဖင္႔ ၾကြက္သားသန္မာေအာင္ေလ႔က်င္႔ေပးတဲ႔ ေလ႔က်င္႔ခန္းျဖစ္ပါတယ္။

စစလုပ္ျခင္းမွာ

လွဲေနရင္းနဲ႔လုပ္ပါ။

ၾကြက္သားကိုတၾကိမ္ညွစ္ရင္ ၂စကၠန္႔ေလာက္ပဲညွစ္ထိန္းပါ။

ျပန္ေလွ်ာ႔ပါ။ ၿပီးရင္၅စကၠန္႔ေလာက္နားျပီး ေနာက္တၾကိမ္ ျပန္ညွစ္ထိန္းပါ။

ညွစ္တဲ႔အခ်ိန္မွာ အသက္ေအာင္႔မထားပါနဲ႔။ အသက္ကိုပံုမွန္ရႈဖို႔လိုပါတယ္။ ၀မ္းဗိုက္ၾကြက္သားကိုပါ ထည္႔မညွစ္မိေအာင္ဂရုစိုက္ပါ။

ဒီလိုညွစ္ထိန္းလိုက္ေလွ်ာ႔လိုက္နဲ႔ ၈ ၾကိမ္ မွ ၁၀ ၾကိမ္ ျပည္႔ေအာင္လုပ္ပါ။

တေန႔ကို မနက္တခါ ေန႔လယ္တခါ ညတခါ စုစုေပါင္း ၃ခါ လုပ္ပါ။ တခါတခါလုပ္တိုင္း ညွစ္တာေလွ်ာ႔တာကို ၈ၾကိမ္ မွ ၁၀ၾကိမ္ျပည္႔ေအာင္လုပ္ဖုိ႔လိုပါတယ္။

တျဖည္းျဖည္းနဲ႔ ၾကြက္သားညွစ္ထိန္းတဲ႔အခ်ိန္ကို ၂စကၠန္႔ကေန ၁၀စကၠန္႔ေလာက္ထိညွစ္နိုင္ေအာင္ၾကိဳးစားပါ။

ေလ႔က်င္႔ခန္းလုပ္တာၾကာလာတာနဲ႔အမွ် ကြ်မ္းက်င္လာျပီး ေနာက္ပိုင္းမွာ သပ္သပ္အခ်ိန္ေပးစရာမလိုဘဲ ထိုင္ေနရင္း၊ ဖုန္းသံုး၊ တီဗီၾကည္႔ေနရင္း၊ အလုပ္လုပ္ေနရင္းနဲ႔လည္း လုပ္နိုင္လာပါလိမ္႔မယ္။

ကီဂ်ယ္ေလ႔က်င္႔ခန္းလုပ္ျခင္းျဖင္႔ မိန္းမကိုယ္ေမွ်ာ႔ကိုပိုင္ဆိုင္နိုင္ရံုသာမက ဆီးမထိန္းနိုင္တာ၊ သားအိမ္က်တာ၊ အစာေဟာင္းအိမ္က်တာ ေတြကိုလည္း မျဖစ္ေအာင္ကာကြယ္ေပးနိုင္ပါတယ္။

Dr 528

(Unicode Version)

သိုင်းလောကသားတွေအတွက်မျှော့

သာမန်လူတွေအနေနဲ့ဆိုရင် မျှော့ဆိုတာဟာ လူကိုတွယ်ကပ်ပြီး သွေးစုပ်တတ်တဲ့သတ္တဝါ၊ ကြောက်စရာ ရွံ့စရာကောင်းတဲ့သတ္တဝါလို့ပဲ သိကြပြီး သိုင်းလောကသားတွေက ဘာလို့ ဒီသတ္တဝါကို သဘောကျရတာလဲဆိုပြီး နားမလည်ဖြစ်နိုင်ပါတယ်။

အမှန်တကယ်တော့ သိုင်းလောကသားတွေသဘာကျတဲ့ မျှော့ဆိုတာဟာ မိန်းမကိုယ်ထဲမှာရှိတဲ့မျှော့ပါ။

သာမန်လူတွေသိကြတဲ့ လူကိုတွယ်ကပ်သွေးစုပ်တဲ့ မျှော့သတ္တဝါမဟုတ်ပါဘူး။

ခေတ်အဆက်ဆက် သိုင်းလောကသားတွေ ဝိုင်းဖွဲ့စကားပြောတဲ့အခါ သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများက သက်ငယ်သိုင်းသမားအသစ်များကို ကိတ်တဲ့အမျိုးသမီး၊ လန်းတဲ့အမျိုးသမီးတွေထက် မိန်းမကိုယ်မျှော့ပါတဲ့အမျိုးသမီးတွေကပိုပြီး အမျိုးသားတွေကို တန်းတန်းစွဲဖြစ်စေတတ်ကြောင်းကို ပြောပြလေ့ရှိပါတယ်။

အဲ့အခါ သက်ငယ်သိုင်းသမားတွေကလည်း မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတော့ မိန်းမကိုယ်ဘယ်နားမှာရှိတာလဲ။ ဘယ်လိုအရာလေးလဲ။ အသက်ရှိလား။ အများသိကြတဲ့မျှော့သတ္တဝါလိုပုံစံလေးလား စသဖြင့် သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများကို မေးကြ၊စပ်စုကြပြီး အခွင့်သာတုန်း သိုင်းဗဟုသုတတိုးပွားအောင်လုပ်လေ့ရှိပါတယ်။

ဒါကြောင့်ဒီတပတ်မှာ သိုင်းလောကသားတွေအပြောများတဲ့ မိန်းမကိုယ်မျှော့အကြောင်းကို သက်ငယ်သိုင်းသမားအသစ်များသာမက သိုင်းသမားမဟုတ်တဲ့ တခြားသူများပါသိအောင် ရေးသားတင်ပြလိုက်ရပါတယ်။

အမှန်တကယ်တော့ မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတာဟာ ဘယ်နားမှာရှိတယ်၊ ဘယ်လိုအရာလေးဖြစ်တယ်ဆိုပြီး လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့အရာ၊ အသက်ရှိနေတဲ့အရာ/အကောင် မဟုတ်ပါ။

မိန်းမကိုယ်အတွင်းနံရံကြွက်သား၊ တင်ပဆုံကွင်းကြွက်သား(Pelvic floor muscles)တွေရဲ့ ညှစ်နိုင်အား(Contraction power) ကောင်းခြင်းကို တင်စားခေါ်တာဖြစ်ပါတယ်။

အမျိုးသမီးတိုင်းမှာ မိန်းမကိုယ်အတွင်းနံရံကြွက်သား၊ တင်ပဆုံကွင်းကြွက်သားတွေကိုယ်စီရှိကြပေမယ့် တယောက်ချင်းစီရဲ့ကျုံ့ညှစ်နိုင်တဲ့စွမ်းအားကတော့ မတူပါဘူး။

ကြွက်သားတွေရဲ့ ကျုံညှစ်နိုင်တဲ့စွမ်းအားအနည်းအများပေါ်မူတည်ပြီး အတူနေလင်ဆက်ဆံတဲ့အခါ ဆက်ဆံဖော်ကို ပေးနိုင်တဲ့ခံစားမှု၊ သာယာမှုကကွဲပြားနိုင်ပါတယ်။

တင်ပဆုံကွင်းကြွက်သားတွေ(Pelvic floor muscles) ကျုံညှစ်နိုင်စွမ်းကျနေပါက အတူနေဆက်ဆံတဲ့အခါ ဆက်ဆံဖော်အား မိန်းမကိုယ်ဟာကျယ်သလို ခံစားရစေပြီး ဆက်ဆံဖော်ရဲ့ စိတ်ကျေနပ်မှု၊ သာယာမှုခံစားရတာကို လျော့နည်းစေနိုင်ပါတယ်။

တချို့အမျိုးသမီးတွေမှာကျ တင်ပဆုံကွင်းကြွက်သားတွေဟာ ကျုံညှစ်နိုင်စွမ်းကောင်းလွန်းပြီး အတူနေလိင်ဆက်ဆံတဲ့အခါ ဆက်ဆံဖော်အမျိုးသားရဲ့လိင်တံကို လက်နဲ့တင်းကြပ်စွာ ဆုပ်ညှစ်ထားသလိုဖြစ်တဲ့အတွက် ဆက်ဆံဖော်အမျိုးသားဟာအထွဋ်အထိပ် စိတ်ကျေနပ်မှု၊ သာယာမှုကိုခံစားရပါတယ်။

ဒီအခါမှာ ဆက်ဆံဖော်အမျိုးသားဟာ ထိုအမျိုးသမီးကို တန်းတန်းစွဲဖြစ်ရလေ့ရှိတတ်ပါတယ်။

ထိုကဲ့သို့ တင်ပဆုံကွင်းကြွက်သားတွေကျုံ့ညှစ်နိုင်စွမ်းကောင်းလွန်းတဲ့ အမျိုးသမီးတွေကိုတော့ မျှော့ပါတဲ့အမျိုးသမီးတွေလို့တင်စားခေါ်ဝေါ်ကြပါတယ်။

အရပ်ထဲမှာတော့ မိန်းမကိုယ်မျှော့ပါတဲ့အမျိုးသမီးတွေဟာ ဆက်ဆံဖော်အမျိုးသားအတွက်ကောင်းပေမယ့် ကလေးမွေးတဲ့အခါကျ မျှော့ကကလေးကိုပြန်ဆွဲတဲ့အတွက် ကလေးမွေးရခက်နိုင်တယ်။ အဲ့လိုမဖြစ်အောင် မျှော့ပါတဲ့အမျိုးသမီးကလေးမွေးခါနီးကျ ဆားနဲ့ပက်ရတယ်ဆိုတဲ့ အယူအဆတွေ၊ ရှေးထုံးတွေရှိပါတယ်။

ဒါဟာ မှားပါတယ်။ မိန်းမကိုယ်မျှော့ပါခြင်းဟာ ကလေးမွေးရခက်ခြင်းကိုမဖြစ်စေနိုင်ပါဘူး။

မိန်းမကိုယ်မျှော့ပါခြင်း သို့မဟုတ် တင်ပဆုံကွင်းကြွက်သားတွေကျုံညှစ်နိုင်စွမ်းကောင်းခြင်း ဟာ အပျိုဖြစ်ခြင်း၊ အအိုဖြစ်ခြင်း၊ အသက်အရွယ်ကြီးခြင်း၊ ငယ်ခြင်းနဲ့ ဆိုင်နိုင်ခြေရှိပေမယ့် အပျိုစစ်တိုင်း၊ အသက်ငယ်တိုင်း တင်ပဆုံကွင်းကြွက်သားတွေ ကျုံညှစ်နိုင်စွမ်းကောင်းမယ်လို့ယတိပြတ်ပြောမရသလို အအိုဖြစ်တိုင်း၊ ကလေးမွေးဖူးတိုင်း၊ အသက်ကြီးတိုင်းလည်း တင်ပဆုံကွင်းကြွက်သားတွေကျုံညှစ်နိုင်စွမ်းမကောင်းတော့ဘူးလို့ ယတိပြတ်ပြောမရပါ။

အသက်ငယ်၊အပျိုစစ်ဖြစ်ပေမယ့် ကော်နက်တစ် တစ်သျှူးခေါ် တွယ်ဆက်တစ်သျှူးတွေအားနည်းတဲ့မွေးရာပါရောဂါရှိတာ(Congenital weakness of connective tissue)၊ ချောင်းရေရှည် မကြာခဏဆိုးတာ၊ ဝမ်းခဏခဏချုပ်တတ်တာ၊ အကြောင်းတခုခုကြောင့် တင်ပဆုံကွင်းနေရာတဝိုက်ခွဲစိတ်ရတာ၊ အဝလွန်တာ၊ စတဲ့အကြောင်းရင်းတွေရှိရင် တင်ပဆုံကွင်းကြွက်သားတွေကျုံညှစ်နိုင်စွမ်းမကောင်းတာ ဖြစ်နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောကြားချင်တာကတော့ တင်ပဆုံကွင်းကြွက်သားတွေကျုံညှစ်နိုင်စွမ်းကျပြီး မျှော့မပါဖြစ်နေတဲ့အမျိုးသမီးတွေအနေနဲ့ စိတ်ဓါတ်ကျစရာမလိုပါဘူး။

Kegel’s exercise ဆိုတဲ့ တင်ပဆုံကွင်းကြွက်သားလေ့ကျင့်ခန်းတွေ သေချာလုပ်ရင် တင်ပဆုံကွင်းကြွက်သားကျုံညှစ်နိုင်စွမ်းကောင်းလာပြီး မိန်းမကိုယ်မျှော့ကိုရရှိပိုင်ဆိုင်လာနိုင်ပါတယ်။

ကီဂျယ်လေ့ကျင့်ခန်းဆိုတာဟာ ဆီးသွားနေစဉ် ဆီးခဏရပ်အောင်ညှစ်ရတဲ့ကြွက်သားကို ဆီးသွားချိန်မဟုတ်တဲ့ တခြားအချိန်တွေမှာ ညှစ်လိုက်လျှော့လိုက်လုပ်ခြင်းဖြင့် ကြွက်သားသန်မာအောင်လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

စစလုပ်ခြင်းမှာ

လှဲနေရင်းနဲ့လုပ်ပါ။

ကြွက်သားကိုတကြိမ်ညှစ်ရင် ၂စက္ကန့်လောက်ပဲညှစ်ထိန်းပါ။

ပြန်လျှော့ပါ။ ပြီးရင်၅စက္ကန့်လောက်နားပြီး နောက်တကြိမ် ပြန်ညှစ်ထိန်းပါ။

ညှစ်တဲ့အချိန်မှာ အသက်အောင့်မထားပါနဲ့။ အသက်ကိုပုံမှန်ရှုဖို့လိုပါတယ်။ ဝမ်းဗိုက်ကြွက်သားကိုပါ ထည့်မညှစ်မိအောင်ဂရုစိုက်ပါ။

ဒီလိုညှစ်ထိန်းလိုက်လျှော့လိုက်နဲ့ ၈ ကြိမ် မှ ၁၀ ကြိမ် ပြည့်အောင်လုပ်ပါ။

တနေ့ကို မနက်တခါ နေ့လယ်တခါ ညတခါ စုစုပေါင်း ၃ခါ လုပ်ပါ။ တခါတခါလုပ်တိုင်း ညှစ်တာလျှော့တာကို ၈ကြိမ် မှ ၁၀ကြိမ်ပြည့်အောင်လုပ်ဖို့လိုပါတယ်။

တဖြည်းဖြည်းနဲ့ ကြွက်သားညှစ်ထိန်းတဲ့အချိန်ကို ၂စက္ကန့်ကနေ ၁၀စက္ကန့်လောက်ထိညှစ်နိုင်အောင်ကြိုးစားပါ။

လေ့ကျင့်ခန်းလုပ်တာကြာလာတာနဲ့အမျှ ကျွမ်းကျင်လာပြီး နောက်ပိုင်းမှာ သပ်သပ်အချိန်ပေးစရာမလိုဘဲ ထိုင်နေရင်း၊ ဖုန်းသုံး၊ တီဗီကြည့်နေရင်း၊ အလုပ်လုပ်နေရင်းနဲ့လည်း လုပ်နိုင်လာပါလိမ့်မယ်။

ကီဂျယ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မိန်းမကိုယ်မျှော့ကိုပိုင်ဆိုင်နိုင်ရုံသာမက ဆီးမထိန်းနိုင်တာ၊ သားအိမ်ကျတာ၊ အစာဟောင်းအိမ်ကျတာ တွေကိုလည်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Dr 528