ထိလွယ်ခိုက်လွယ်သောအရေပြား

သင်၏ အရေပြားသည် ထိလွယ်ခိုက်လွယ်သောအရေပြားအမျိုးအစားဖြစ်ပါသလားဟုမေးလျှင် အမျိုးသမီးများ၏ ၆၀ မှ ၈၀ ရာခိုင်နှုန်းသည် “ဟုတ်ပါသည်ဟု” ဖြေကြားကြပါလိမ့်မည်။ သူတို့၏ အရေပြားသည် လွယ်ကူစွာပျက်ယွင်းသည်၊ ထိခိုက်လွယ်သည်၊ Sensitive or Delicate ဖြစ်သည်ဟု ထင်မြင် နေတတ်ကြသည်။ အရေပြားအထူးကုဆရာဝန်များက ထိခိုက်လွယ်သော အရေပြားရှိသည်ဟု လက်ခံ ထားသူများ၏ အရေပြားမှာအမှန်တကယ် ထိခိုက်လွယ်ခြင်းမဟုတ်ဟုဆိုပါသည်။ သူတို့၏ အရေပြားကို ဂရုစိုက်လွန်းပြီးထိုသို့ ထင်မှတ်ယူ ဆ နေခဲ့ကြခြင်းသာ ဖြစ်သည်။

အမှန်စင်စစ် အမျိုးသမီးများ၏ ၂ မှ ၃ ရာခိုင်နှုန်းတို့တွင်သာထိခိုက်လွယ်သောအရေပြားရှိကြသည်။ အရေပြားသည် ထိခိုက်လွယ်သည်ဟုဆိုရန်မှာမှားယွင်းသောပစ္စည်းကို အသုံးပြုမိ၍နေလောင်ဒဏ်ခံစားရသ ကဲ့သို့သော လက္ခဏာများ(ဥပမာ – ယားယံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်း၊ ခြောက်သွေ့ခြင်း၊ တင်းကျပ်သကဲ့ သို့ခံစားရခြင်း) တွေ့ရမည်ဖြစ်သည်။ တချို့သောပြဿနာများမှာအရေပြား၏ ထိခိုက်လွယ်မှုကြောင့်မဟုတ်၊ ခန္ဓာကိုယ်၏ဓာတ်မတည့်မှုကြောင့် အရေပြားတွင် လက္ခဏာများဖြစ်ပေါ်ရခြင်းဖြစ်သည်။
ခန္ဓာကိုယ်၏ဓာတ်မတည့်မှု ပြဿနာကြောင့် အရေပြား၌ လက္ခဏာဝေဒနာ များဖြစ်ပေါ်ခံစား ရခြင်းမှာအရေပြား၏ ထိုခိုက်လွယ်မှုကြောင့် မဟုတ်ပေ။ ခန္ဓာကိုယ်၏ဓာတ်မတည့်မှု ပြဿနာ ကြောင့်အရေပြား၌ လက္ခဏာဖြစ်ပေါ်ခြင်းကို အမျိုးသမီးများ၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းတွင် ကြုံတွေ့ရတတ်သည်။

ဓာတ်မတည့်မှုမှာ အလှကုန်ပစ္စည်းများအပေါ် တုံ့ပြန်မှုလွန်ကဲခြင်းအဖြစ်များသည်။ အရေပြားနှင့် အံဝင်ခွင်ကျမှု မရှိသော လူသုံးကုန်ပစ္စည်းများကို အသုံးမပြုမိကြဖို့ လိုအပ်သည်။ ဓာတ်မတည့်မှု ပြသနာမှာ အများအားဖြင့် ယာယီသဘောသာ ဖြစ်တတ်ကြသည်။ သို့သော် ဝေဒနာလက္ခဏာများ ကာလကြာရှည်စွာ ဖြစ်လျှင်၊ သို့မဟုတ် ဆိုးဝါးလာလျှင် အရေပြား အထူးကုဆရာဝန်ထံ သွားရောက်ပြသရမည်ဖြစ်သည်။

 

-- Advertisement --

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

READ :   ခါးနာခါးကိုက်ရောဂါ (Low Back Pain)

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ