အကြောဆေး အားဆေးတို့ကြောင့်

တစ်နေ့ မောင်လူချောရဲ့ အပြင်ဆေးခန်းလေးကို အသက်၄၀ လောက် အန်တီတစ်ယောက် လာပြတယ်။ ဆရာရယ် ကျမ ဆေးခန်းတွေပြလာတာ မနည်းတော့ဘူး ရပ်ကွက်ထဲမှာလဲ ဆေးလိုက်ထိုးတဲ့ ဆရာနဲ့ ခဏခဏ အားဆေးထိုးတယ်။ မသက်သာဘူး။သူများတွေပြောတာများလို့ ဆရာ့ဆေးခန်းလာပြတာတဲ့..ဘာတွေများပြောလိုက်လို့လဲ မသိ…..???
ခဏလေး နေပါအုံး အန်တီ… အန်တီဘာဖြစ်တာလဲ ကျနော့်အရင်ပြောပါအုံး။ အဲ့ကျမှ.. အော်ဟုတ်သားပဲ!!!
ဒီလိုဆရာရဲ့…”ကျမ နေမကောင်းတာ သုံးလ လေးလ လောက်ရှိတော့မယ် “…အန်..စပြီ..လူချော သေချာမေးရပါတော့မယ်။
အန်တီ နေမကောင်းဘူးဆိုတာ ဘာတွေခံစားရလို့လဲ။

“သေချာတော့ မပြောတတ်ပါဘူး ဆရာရယ်…နေလို့မကောင်းဘူး၊၊ မလန်းဘူး။ နှုံးချိချိနဲ့။ မစားချင် မသောက်ချင် အိပ်ရေးမဝသလိုလိုနဲ့…”

လူချော _ဒါဆို အန်တီဘာတွေ ထပ်ဖြစ်သေးလဲ?
လူနာ _ဘာမှမဖြစ်တော့ဘူး…
လူချော _အန်တီ ဖျားခဲ့သေးလား။
လူနာ _မဖျားဘူး။
လူချော _ချောင်းဆိုး သလိပ်ထွက်ရှိသေးလား။
လူနာ _ မရှိပါဘူး။ ဒါ့ကြောင့်ပြောတာ ဆရာရယ် ကျမဘာဖြစ်လဲ မသိဘူး။ အားမရှိဘူးထင်ပြီး ဆေးခန်းတကာလှည့်ပြီး အကြောဆေး၊ အားဆေး ပတ်ထိုးနေတာ မနည်းတော့ဘူး။

-- Advertisement --

လူချော _ အန်တီအိပ်ရေးဝဝအိပ်ပျော်လား။ ညဘက် ခဏခဏ ထပြီး အပေါ့ သွားရသေးလား။ ပိန်သွားလား။
လူနာ _ သွားတယ် ဆီးကောင်းတယ် ဆရာ၊ ဆီးကအရောင် ဖြူနေတာပဲ၊ ည ဘက် ၄၊၅ ခါလောက်သွားတယ်လေ။ နေ့လည်ဘက်လဲ ကောင်းကောင်းသွားတယ်။ ပိန်လဲ ပိန်သွားတယ် ဆရာ အိပ်ရေးမှမဝတာ။
လူချော_ ဒါဆို အန်တီ အာချောက်သေးလား။

လူနာ _ ရေငတ်တယ်လေ၊ သောက်လို့ကို မဝနိုင်ဘူး။ ရေများများသောက်လိုက် ဆီးတွေသွားလိုက်နဲ့။
လူချော_ အန်တီတို့ မိဘဆွေမျိုးတွေမှာ ဆီးချိုသွေးချို ဖြစ်တဲ့သူရှိလား။
လူနာ_ မရှိဘူး။

လူချော????
ဒါနဲ့ပဲ လူချော သွေးပေါင်ချိန်တယ် စမ်းသပ်မှု့တချို့လုပ်တယ်။ ဘာမှသိပ်ထူးတာမတွေ့မိဘူး။
လူချောထင်နေတာက …

ဟုတ်မှာပါလေ ဆိုပြီး အန်တီကို သွေးနည်းနည်းဖောက်ကြည့်ချင်တယ် ဆိုတော့… အန်တီက လုပ်ပါတဲ့။
လူချော သွေးဖောက်စစ်လိုက်တော့ အချိုဓာတ်က ၄၀၀ ကျော်နေတယ်။ (>400mg/dl)

သေချာပြီ အန်တီ …. အန်တီအချိုဓာတ်တွေ များနေတာ ရပ်ကွက် အခေါ်အရ ဆီးချိုရောဂါ ပါ၊ ဒါကြောင့် အန်တီအကြောဆေးတွေ သွင်းနေတာ မသက်သာပဲ ဖြစ်နေတာကိုး။ ဆီးချို သွေးချို နဲ့ သက်ဆိုင်တဲ့ ဆေးတွေ သောက်ရမယ်၊ အစားအသောက် အနေအထိုင် ဆင်ခြင်ရမယ်၊ ဆေးပုံမှန်သောက် ပုံမှန် စစ်ဆေးမှုတွေလုပ်ရမယ် စသဖြင့် ရှင်းပြရတာပေါ့။
အကြောဆေးသွင်းတိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ အန်တီ သိသွားပါပြီတဲ့ …..
ကြိုးစားလျက်။

Author – မောင်လူချော ( အရေးပေါ်ကုသမှု ဆေးပညာ)

READ :   ဗိုက်ထဲက မိုင်းဗုံးကြီး

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ