ငှက်ဖျားရောဂါကာကွယ်နှိမ်နှင်းခြင်း
ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်ကိုက်လို့ကူးစက်ဖြစ်ပွားရပါတယ်။ ငှက်ဖျားပိုးသယ်ဆောင် တဲ့ ခြင်ဟာ ခြင်မဖြစ်ပြီး၊ ညဘက်မှာကိုက်လို့ အကိုက်မခံရအောင် ခြင်ဆေးရည်လိမ်းခြင်း၊ ခြင်ဆေးရည်စိမ်ခြင်ထောင်နဲ့ အိပ်ရပါမယ်။ ငှက်ဖျားရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ်။ ငှက်ဖျားရောဂါကင်းစင်တဲ့ဒေသများဆီ ငှက်ဖျားဒေသများက လူနာများရေဘေးသင့် ကယ်ဆယ်ရေးစခန်းများဆီ ရောက်ရှိလာတယ်လို့ ယင်းမှခြင်ကိုက်ခြင်း ဖြင့် လူကောင်းများ ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ ရောဂါဖြစ်ပွားရင် ကလေးသေဆုံးခြင်း၊ ကိုယ်ဝန် ပျက်ကျခြင်းများဖြစ်ပြီး၊ ကလေးများမှာဖြစ်ရင် ရောဂါပြင်းထန်တတ်တယ်။
ငှက်ဖျားရောဂါလက္ခဏာများ
ချမ်းတုန်ပြီးဖျားခြင်း၊ငှက်ဖျားဒေသမှလူနှင့် ဆက်စပ်မှုရှိခြင်း၊ ရောဂါပြင်းထန်ပါက အကူအညီလိုခြင်း၊ လမ်းမ လျှောက်နိုင်၊ ဆေးမသောက်နိုင်ဖြစ်အောင် မှိန်းနေခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားတယ်လို့ သံသယရှိရင် သက်ဆိုင်ရာကျန်းမာရေးဌာန၊ ဆရာဝန်ထံသို့ သတင်းပို့ရမယ်။
ငှက်ဖျားရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ဖို့
ခြင်မကိုက်အောင် နေထိုင်ရမယ်။ ဥပမာ ခြင်ထောင်နဲ့အိပ်ခြင်း၊ ခြင်ဆေးရည်စိမ်ခြင်ထောင် သုံးရမယ်။ ညအခါခြင်မကိုက်အောင် အဝတ်အစားလုံလုံခြုံခြုံဝတ်ရမယ်။ အဝတ်အစားနဲ့လွတ်နေတဲ့ ခြေ၊ လက်၊ မျက်နှာတို့ ခြင်မလာဆေးလိမ်းထားသင့်တယ်။ ခြင်နှိမ်နှင်းခြင်းအပိုင်းမှာ ခြင်၊ ပိုးလောက်လန်းခိုအောင်းနိုင်တဲ့ ချုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းထားရမယ်။ ရပ်ကွက်ကျေးရွာအနီးရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရမယ်။ မီးရှို့ရလျှင် မီးရှို့ရမယ်။ ရပ်ကွက်ကျေးရွာအနီး စိမ့်စမ်းများ၊ ချောင်းများမှာ ရေစီးရေလာကောင်းဖို့ ဆောင်ရွက်ထားရမယ်။ ပိုးလောက်လန်းစား ငါး(ဒေါင်းငါး) များရေကန်များမှှာ မွေးထားသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါဟာ အသက်သုံးနှစ်မှ အသက်(၁၂)နှစ်ထိ မှာပိုမိုဖြစ်ပွားတတ်တယ်။သွေးလွန်တုပ်ကွေးရောဂါဟာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်လို့ ကြိုတင်ကာကွယ်ယူထားဖို့ လိုအပ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များဖြစ်ပေါ်ခြင်းဖြစ်ပြီး နှစ်ရက်မှသုံးရက်အတွင်း အဖျားကြီးပြီး အလွန်အမင်းအန်ခြင်း၊ အန်ရင် အညိုရောင်ရှိခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်းစတဲ့ လက္ခဏာများ ဖြစ်လာပါက အနီးစပ်ဆုံး ဆေးရုံ၊ ဆေးခန်းများသွားရောက်ပြသသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးပိုး (ီနညါကန ဠငမကျ) ပါတဲ့ခြင်ပုန်းခေါ်ခြင်ကျားကိုက်ခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်တယ်။ ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်ပြီး နေ့အခါမှာ ကိုက်တတ်တယ်။
လိုက်နာရမည့်အချက်များ
ရေသိုလှောင်တဲ့ရေကြည်၊ ရေအိုးများ၊ ရေလှောင်ကန်များကိုသုံးပြီး ပြန်ပိတ်ရမယ်။ ဘုရားစင်၊ နတ်စင်များမှ ပန်းအိုးများနဲ့ အလှပန်းအိုးများကို ရေနေ့စဉ်တိုက်ချွတ်လဲပေးရမယ်။ မိုးရေဝင်နိုင်တဲ့ဘူးခွံ၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ ပလတ်စတစ်အိတ်၊ အုန်းမှုတ်ခွက်များ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းများ စသည်တို့ပြုလုပ်ကာ ရှင်းလင်းထားရမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးအပြင် အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေးကောင်းစွာ ထားရှိရမယ်။ လေကောင်းလေသန့်နဲ့ အလင်းရောင်ရရှိဖို့ ပြတင်းပေါက်အားလုံးဖွင့်ထားရမယ်။ ကလေးများအိပ်တဲ့အခါတိုင်း နေ့ညမရွေး ခြင်ထောင်နဲ့အိပ်ရမယ်။ ခြင်လုံဇကာတပ်ထားရမယ်။ ကလေးများကို ခြင်မကိုက်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေး ရမယ်။
ကြိုတင်ကာကွယ်ခြင်း
ခြင်လောက်လန်းနှိမ်နင်းခြင်း၊ လိုအပ်ပါက ဆေးမှုတ်ခြင်း၊ (ီွီှ)-၁ ဆေးဖြန်းခြင်း (ဏမေအေ)၊ ရေဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်စားငါးမွေးခြင်းတို့အပြင် ပိုးလောက်လန်းစားငါး (ဒေါင်းငါး) မွေးခြင်း စတဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးစနစ် သုံးရမယ်။ ကာကွယ်တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြရတယ်။ သံသယဝင်ပါက ဆေးရုံ၊ ဆေးခန်းများဆီ အချိန်မီပို့ဆောင်ကာ ဆရာဝန်ရဲ့ညွှန်ကြားချက် ကုသချက်ခံယူရပါမယ်။
ကာကွယ်ဆေး။ ကာကွယ်ဆေး မပေါ်သေးပါ။
ကုသဆေး
ကုသဆေးမပေါ်သေးပါ။သွေးလွန်တုပ်ကွေးသက်သာစေဖို့ဓာတ်ဆားရည်သောက်ခြင်း၊ပဋိဇီဝဆေး တိုက်ကျွေး ခြင်း၊ဒရစ်ချိတ်ခြင်း၊ ဆေးထိုးခြင်းလိုအပ်ပါက သွေး(သို့) သွေးရည်ကြည် (ဏူေျာေ) သွင်းပေးခြင်း စတဲ့ လူနာရဲ့ လိုအပ်တဲ့ ကုသမှုများ ကုသမှုခံယူနိုင်ပါတယ်။
အထူးသဖြင့် ရေကြီး၊ ရေလျှံဒေသများမှာ ရေပြန်ကျသွားရင် ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေးရောဂါ၊ ကူးစက်မှုရှိလာနိုင်တာကြောင့် ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင် ဆင်ခြင်ပါ။
Author: Dr.လွင်သန့်