(Zawgyi)
ပုံမွန္လူတစ္ေယာက္ဟာ ဘာေရာဂါမွမျဖစ္တဲ့အတြက္ ဘာလကၡဏာမွ မခံစားရေပ။ ပုံမွန္ေရေသာက္တယ္။ ဆီးေပါက္တယ္။ ဆီးေပါက္တဲ့အခါလည္း အဆင္ေျပတယ္။ ဆီးအေရာင္ကေတာ့ ပုံမွန္ကေတာ့အျဖဴေရာင္ပါ။ ေရေသာက္နည္းရင္ ဆီးကေတာ့ ဝါလာတတ္ပါတယ္။ တျခားအေရာင္ေတာ့ မျဖစ္တတ္ေပ။ သို႔ေသာ္မိမိရဲ႕ ေက်ာက္ကပ္ႏွင့္ ဆီးလမ္းေၾကာင္းတစ္ခုခုတြင္ ေရာဂါတစ္ခုခုျဖစ္ခဲ့လွ်င္ လကၡဏာေတြ ခံစားလာရပါလိမ့္မယ္။ ဒါဆိုလကၡဏာေတြက ေက်ာက္ကပ္နဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါကို ၫႊန္ျပေနသလဲဆိုတာ ဒီတစ္ပတ္ေျပာျပလိုက္ပါတယ္။
ဆီးသြားလွ်ွင္ နာက်င္ျခင္း၊ ဆီးသြားတဲ့အခါ ပူျခင္းျဖစ္ေပၚေနၿပီး ဆီးခုံအေပၚေန နာက်င္တာနဲ႔ တြဲေနတတ္ပါတယ္။ ဆီးသြားလွ်ွင္ နာက်င္တာနဲ႔အတူ ဆီးခဏခဏသြားတတ္ျခင္း၊ ဆီးသြားၿပီးေပမဲ့လည္း ဆီးအိတ္ထဲ ဆီးမကုန္ဘူးလို႔ ခံစားေနရျခင္းနဲ႔ တြဲတတ္ပါေသးတယ္။ ဒါေဝဒနာေတြကို မ်ားေသာအားျဖင့္ ဆီးလမ္းေၾကာင္းပိုးဝင္ရင္ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ လိင္မွတဆင့္ ကူးစက္ေရာဂါျဖစ္ေနလွ်င္ အျပင္ဆီးအိမ္ထဲ ေက်ာက္တည္တာျဖစ္တတ္ပါေသးတယ္။
ေနာက္လကၡဏာတစ္ခုကေတာ့ ေက်ာဘက္နံ႐ိုးေအာက္ဘက္နားက နာက်င္တတ္တာပါ။ ဒါဟာအ႐ိုးနဲ႔ ႂကြက္သားေရာဂါျဖစ္တတ္ေပမဲ့ ဆီးလမ္းေၾကာင္းေရာဂါလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုနာက်င္မႈ ခံစားရလွ်င္ ေက်ာက္ကပ္တြင္ ေက်ာက္တည္ျခင္း၊ ဆီးလမ္းေၾကာင္းတြင္ ေက်ာက္တည္ျခင္း၊ ေက်ာက္ကပ္ကင္ဆာ၊ ႐ုတ္တရက္ ေက်ာက္ကပ္ေရာင္ျခင္း၊ ဆီးလမ္းေၾကာင္းက်ဥ္းျခင္းျဖစ္တတ္ပါတယ္။ ဒီနာက်င္မႈဟာ အဲကတစ္ေနရာထဲ မဟုတ္တဲ့ နာက်င္မႈကအေနာက္ကေနအေရွ႕ဘက္သို႔ ပတ္သြားၿပီး ေပါင္ၿခံထိ နာက်င္တတ္ပါတယ္။တကယ္လို႔ဆီးသြားလွ်င္ ေသြးပါတာနဲ႔ပါတြဲရင္ ဆီးလမ္းေၾကာင္းက်ဥ္းတာ ပိုျဖစ္ႏိုင္ပါတယ္။ ေရမ်ားမ်ားေသာက္လို႔ ပိုနာတတ္လွ်င္ ဒါဟာဆီးလမ္းေၾကာင္း အေပၚပိုင္းမွာ နာက်င္ေနလို႔ပါ။
ဆီးသြားနည္းျခင္း၊ ဆီးမသြားျခင္း၊ ဆီးသြားနည္းတယ္ဆိုတာ တသ္ေန႔လုံးကိုမွ ဆီး ၃၀၀ မီလီမီတာေအာက္ဘဲသြားရင္ သတ္မွတ္ပါတယ္။ ဆီးလုံးဝမသြားဘူးဆိုတာကေတာ့ တစ္ေန႔မွ ဆီး ၅၀ မီလီလီတာေအာက္ဘဲ သြားေတာ့တာပါ။ ဆီးထြက္တဲ့ပမာဏာဟာ ေက်ာက္ကပ္ကစစ္ထုတ္တဲ့ အရည္ပမာဏနဲ႔ ေက်ာက္ကပ္ႁပြန္ေလးေတြက ျပန္စုပ္တဲ့ပမာဏၾကား ထိန္းညႇိမႈကိုျပသပါတယ္။ ဆီးထြက္တဲ့ ပမာဏနည္းလာလွ်င္ လတ္တေလာေက်ာက္ကပ္ဒဏ္ရာ ရေနတာျဖစ္ႏိူင္ပါတယ္။ ဆီးတအားသြားေနတယ္။ ဆီး႐ႊင္ေနတယ္ဆိုရင္ေတာ့ ဒါဟာ ဆီးခ်ိဳျဖစ္ေနတာပါ။ ဆီးသြားတာ ႐ုတ္တရက္ထိုးက်သြားရင္ ေက်ာက္ကပ္ႏွစ္ဖက္စလုံး ပုပ္ျခင္း၊ ေက်ာက္ကပ္ေရာင္တာ ပိုဆိုးလာတာျဖစ္ႏိူင္ပါတယ္။
ဆီးလမ္းေၾကာင္းက က်ဥ္းတာနဲ႔ ဆီးသြားနည္းလာၿပီး ဆီးမသြားေတာ့ပါဘူး။ ဒါေပမယ့္ ဘယ္ေလာက္ က်ဥ္းေနလဲရယ္။ ဘယ္ႏွစ္ဖက္ က်ဥ္းတာလည္းေပၚေတာ့ မူတည္တာေပါ့။လူနာဟာဆီးသြားနည္းတယ္။ ဆီးမသြားဘူးဆို ေသြးေပါင္က်မက်၊ ေရဓာတ္ဆုံးရႈံးမႈ ရွိမရွိ၊ ဆီးအိမ္တင္းမတင္း၊ အမ်ိဳးသားေတြဆို အငုံျဖစ္မျဖစ္ စစ္ေဆးဖို႔ လိုအပ္ပါတယ္။
ဆီးအိမ္ေလာက္က က်ဥ္းေနရင္ေတာ့ ဝမ္းဗိုက္ေအာက္ပိုင္းအလယ္ေလာက္က နာက်င္တတ္ပါတယ္။ဆီးလမ္းေၾကာင္းက ပိတ္တာၾကာေနၿပီဆိုရင္ နာက်င္မႈသိပ္မခံစားရေတာ့ပါဘူး။ ဆီးလမ္းေၾကာင္းတစ္ဖက္ ပိတ္ေပမယ့္ ဆီးသြားတာက ပုံမွန္ဘဲ ျဖစ္ေနတတ္ပါတယ္။ ႏွစ္ဖက္လုံး က်ဥ္းေနမွသာ ဆီးသြားနည္းျခင္း၊ ဆီးမသြားျခင္းက သိသာတာပါ။ ဆီးလမ္းေၾကာင္း တစ္ေနရာက က်ဥ္းတာဟာ ေရာဂါေၾကာင္ က်ဥ္းႏိူင္ေပမယ့္ တစ္ခါတစ္ေလ ဆီးပိုက္ထည့္တာတို႔ ဆီးလမ္းေၾကာင္းထဲ ေရာဂါရွာေဖြေရး ကိရိယာထည့္တဲ့အခါမွာလည္း က်ဥ္းသြားႏိူင္ပါတယ္။
သက္လယ္နဲ႔ သက္ႀကီးပိုင္းအမ်ိဳးသားေတြ ဆီးအိမ္တင္းေနခဲ့ရင္ ဆီးႀကိတ္ႀကီးတာ ျဖစ္ႏိူင္ပါတယ္။ ေမ့ေဆးေပးထားၿပီးေနာက္ပိုင္းလူနာေတြရဲ႕ ၅၀ရာခိုင္ႏႈန္းေလာက္ကလတ္တေလာ ဆီးမသြားေသးတာ ခံစားရတတ္ပါတယ္။ ဆီးလမ္းေၾကာင္းက်ဥ္းမွသာ ၾကာလာတဲ့အခါ ဖိအားမ်ားလာမႈဟာ ေနာက္ဘက္ေက်ာက္ကပ္ကို သက္ေရာက္ကာ ေက်ာက္ကပ္ထိတတ္ပါတယ္။
ဆီးသြားနည္းတယ္။ဆီးမသြားတဲ့လူနာတိုင္းကို ေသြးစစ္ျခင္း၊ ေသြးတြင္း ဇီဝဓာတုပစၥည္းမ်ား စစ္ေဆးသင့္ပါတယ္။ဆီးပမာဏ ေသေသခ်ာခ်ာတိတိက်က်သိရဖို႔အတြက္ ဆီးပိုက္ထည့္ထားသင့္ပါတယ္။ ဆီးထဲပါေသာ ဓာတ္ပစၥည္းေတြလည္း စစ္သင့္ပါတယ္။ ဆီးထဲမွာ ေသြးထဲ သီးသန႔္ပါတာဆိုရင္ေတာ့ ေက်ာက္တည္၍ ဆီးလမ္းေၾကာင္းက်ဥ္းျခင္း၊ ကင္ဆာျဖစ္ေနတတ္ပါတယ္။
ေက်ာက္ကပ္နဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာ လကၡဏာေတြထဲမွာ ဆီးသြားနည္းတယ္။ ဆီးမသြားတာပါသလို ဆီးသြားမ်ားတာလည္း ပါဝင္ပါတယ္။ ဆီးသြားမ်ားတယ္ဆိုတာကေတာ့ တစ္ေန႔ကို ဆီးသုံးလီတာအထက္ သြားတာပါ။ ဘာေၾကာင့္ ဆီးသြားမ်ားလဲ၊ ဆီး႐ႊင္ရသလဲဆိုရင္ ေရမ်ားမ်ားေသာက္လို႔၊ ေသြးတြင္းအခ်ိဳဓာတ္မ်ားခဲ့ရင္ ဆီးေဆးေတြ ေသာက္တဲ့အခါ ပိုတက္စီယမ္နည္းတဲ့အခါ ကယ္လ္စီယမ္ဓာတ္မ်ားေနတဲ့အခါ ဆီးသြားမ်ားတတ္ပါတယ္။
ဆီးသြားျခင္းဟာ မ်ားေသာအားျဖင့္ လူေတြလႈပ္ရွားသြားလာႏိုးၾကားတဲ့ အခ်ိန္မွာမွ ဆီးသြားၾကေလသည္။ ညဘက္ အိပ္ခ်ိန္မွာေတာ့ ပုံမွန္အားျဖင့္ ဆီးသြားခ်င္စိတ္မရွိတတ္ၾကပါဘူး။ တခ်ိဳ႕လူေတြက် ညဘက္ႀကီး ဆီးထသြားတတ္တဲ့လူေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဳးဟာ မအိပ္ခင္မွာ ေရေသာက္မ်ားထားျခင္း၊ ညပိုင္းမွာ ဆီးေဆးေတြ ေသာက္ထားလို႔ ျဖစ္ႏိူင္ပါတယ္။ ညဘက္ဆီးသြားတာဟာ နာတာရွည္ေက်ာက္ကပ္ဒဏ္ရာ ေရာဂါမွာေတြ႕ရသလို ညဘက္ဆီးထသြားရတယ္။ သြားတဲ့အခါ ဆီးလုံးေသးတယ္။ ညႇစ္ေပါက္ရတယ္။ ဆီးက်န္တယ္ဆိုရင္ ဆီးႀကိတ္ႀကီးတာ ျဖစ္ႏိူင္ပါတယ္။ ညဘက္ ဆီးထသြားျခင္းဟာ ညဘက္အိပ္စက္ျခင္းကို ေနာက္ယွက္တာကလြဲရင္ ဆီးလမ္းေၾကာင္းရဲ႕ အလုပ္တာဝန္ပုံမွန္မဟုတ္တာ မရွိပါဘူး။
Author: ေဒါက္တာဇြဲေကာင္းခ်စ္
(Unicode)
(Zawgyi)
ပုံမှန်လူတစ်ယောက်ဟာ ဘာရောဂါမှမဖြစ်တဲ့အတွက် ဘာလက္ခဏာမှ မခံစားရပေ။ ပုံမှန်ရေသောက်တယ်။ ဆီးပေါက်တယ်။ ဆီးပေါက်တဲ့အခါလည်း အဆင်ပြေတယ်။ ဆီးအရောင်ကတော့ ပုံမှန်ကတော့အဖြူရောင်ပါ။ ရေသောက်နည်းရင် ဆီးကတော့ ဝါလာတတ်ပါတယ်။ တခြားအရောင်တော့ မဖြစ်တတ်ပေ။ သို့သော်မိမိရဲ့ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတစ်ခုခုတွင် ရောဂါတစ်ခုခုဖြစ်ခဲ့လျှင် လက္ခဏာတွေ ခံစားလာရပါလိမ့်မယ်။ ဒါဆိုလက္ခဏာတွေက ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါကို ညွှန်ပြနေသလဲဆိုတာ ဒီတစ်ပတ်ပြောပြလိုက်ပါတယ်။
ဆီးသွားလျှှင် နာကျင်ခြင်း၊ ဆီးသွားတဲ့အခါ ပူခြင်းဖြစ်ပေါ်နေပြီး ဆီးခုံအပေါ်နေ နာကျင်တာနဲ့ တွဲနေတတ်ပါတယ်။ ဆီးသွားလျှှင် နာကျင်တာနဲ့အတူ ဆီးခဏခဏသွားတတ်ခြင်း၊ ဆီးသွားပြီးပေမဲ့လည်း ဆီးအိတ်ထဲ ဆီးမကုန်ဘူးလို့ ခံစားနေရခြင်းနဲ့ တွဲတတ်ပါသေးတယ်။ ဒါဝေဒနာတွေကို များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ရင် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လိင်မှတဆင့် ကူးစက်ရောဂါဖြစ်နေလျှင် အပြင်ဆီးအိမ်ထဲ ကျောက်တည်တာဖြစ်တတ်ပါသေးတယ်။
နောက်လက္ခဏာတစ်ခုကတော့ ကျောဘက်နံရိုးအောက်ဘက်နားက နာကျင်တတ်တာပါ။ ဒါဟာအရိုးနဲ့ ကြွက်သားရောဂါဖြစ်တတ်ပေမဲ့ ဆီးလမ်းကြောင်းရောဂါလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနာကျင်မှု ခံစားရလျှင် ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းကျဉ်းခြင်းဖြစ်တတ်ပါတယ်။ ဒီနာကျင်မှုဟာ အဲကတစ်နေရာထဲ မဟုတ်တဲ့ နာကျင်မှုကအနောက်ကနေအရှေ့ဘက်သို့ ပတ်သွားပြီး ပေါင်ခြံထိ နာကျင်တတ်ပါတယ်။တကယ်လို့ဆီးသွားလျှင် သွေးပါတာနဲ့ပါတွဲရင် ဆီးလမ်းကြောင်းကျဉ်းတာ ပိုဖြစ်နိုင်ပါတယ်။ ရေများများသောက်လို့ ပိုနာတတ်လျှင် ဒါဟာဆီးလမ်းကြောင်း အပေါ်ပိုင်းမှာ နာကျင်နေလို့ပါ။
ဆီးသွားနည်းခြင်း၊ ဆီးမသွားခြင်း၊ ဆီးသွားနည်းတယ်ဆိုတာ တသ်နေ့လုံးကိုမှ ဆီး ၃၀၀ မီလီမီတာအောက်ဘဲသွားရင် သတ်မှတ်ပါတယ်။ ဆီးလုံးဝမသွားဘူးဆိုတာကတော့ တစ်နေ့မှ ဆီး ၅၀ မီလီလီတာအောက်ဘဲ သွားတော့တာပါ။ ဆီးထွက်တဲ့ပမာဏာဟာ ကျောက်ကပ်ကစစ်ထုတ်တဲ့ အရည်ပမာဏနဲ့ ကျောက်ကပ်ပြွန်လေးတွေက ပြန်စုပ်တဲ့ပမာဏကြား ထိန်းညှိမှုကိုပြသပါတယ်။ ဆီးထွက်တဲ့ ပမာဏနည်းလာလျှင် လတ်တလောကျောက်ကပ်ဒဏ်ရာ ရနေတာဖြစ်နိူင်ပါတယ်။ ဆီးတအားသွားနေတယ်။ ဆီးရွှင်နေတယ်ဆိုရင်တော့ ဒါဟာ ဆီးချိုဖြစ်နေတာပါ။ ဆီးသွားတာ ရုတ်တရက်ထိုးကျသွားရင် ကျောက်ကပ်နှစ်ဖက်စလုံး ပုပ်ခြင်း၊ ကျောက်ကပ်ရောင်တာ ပိုဆိုးလာတာဖြစ်နိူင်ပါတယ်။
ဆီးလမ်းကြောင်းက ကျဉ်းတာနဲ့ ဆီးသွားနည်းလာပြီး ဆီးမသွားတော့ပါဘူး။ ဒါပေမယ့် ဘယ်လောက် ကျဉ်းနေလဲရယ်။ ဘယ်နှစ်ဖက် ကျဉ်းတာလည်းပေါ်တော့ မူတည်တာပေါ့။လူနာဟာဆီးသွားနည်းတယ်။ ဆီးမသွားဘူးဆို သွေးပေါင်ကျမကျ၊ ရေဓာတ်ဆုံးရှုံးမှု ရှိမရှိ၊ ဆီးအိမ်တင်းမတင်း၊ အမျိုးသားတွေဆို အငုံဖြစ်မဖြစ် စစ်ဆေးဖို့ လိုအပ်ပါတယ်။
ဆီးအိမ်လောက်က ကျဉ်းနေရင်တော့ ဝမ်းဗိုက်အောက်ပိုင်းအလယ်လောက်က နာကျင်တတ်ပါတယ်။ဆီးလမ်းကြောင်းက ပိတ်တာကြာနေပြီဆိုရင် နာကျင်မှုသိပ်မခံစားရတော့ပါဘူး။ ဆီးလမ်းကြောင်းတစ်ဖက် ပိတ်ပေမယ့် ဆီးသွားတာက ပုံမှန်ဘဲ ဖြစ်နေတတ်ပါတယ်။ နှစ်ဖက်လုံး ကျဉ်းနေမှသာ ဆီးသွားနည်းခြင်း၊ ဆီးမသွားခြင်းက သိသာတာပါ။ ဆီးလမ်းကြောင်း တစ်နေရာက ကျဉ်းတာဟာ ရောဂါကြောင် ကျဉ်းနိူင်ပေမယ့် တစ်ခါတစ်လေ ဆီးပိုက်ထည့်တာတို့ ဆီးလမ်းကြောင်းထဲ ရောဂါရှာဖွေရေး ကိရိယာထည့်တဲ့အခါမှာလည်း ကျဉ်းသွားနိူင်ပါတယ်။
သက်လယ်နဲ့ သက်ကြီးပိုင်းအမျိုးသားတွေ ဆီးအိမ်တင်းနေခဲ့ရင် ဆီးကြိတ်ကြီးတာ ဖြစ်နိူင်ပါတယ်။ မေ့ဆေးပေးထားပြီးနောက်ပိုင်းလူနာတွေရဲ့ ၅၀ရာခိုင်နှုန်းလောက်ကလတ်တလော ဆီးမသွားသေးတာ ခံစားရတတ်ပါတယ်။ ဆီးလမ်းကြောင်းကျဉ်းမှသာ ကြာလာတဲ့အခါ ဖိအားများလာမှုဟာ နောက်ဘက်ကျောက်ကပ်ကို သက်ရောက်ကာ ကျောက်ကပ်ထိတတ်ပါတယ်။
ဆီးသွားနည်းတယ်။ဆီးမသွားတဲ့လူနာတိုင်းကို သွေးစစ်ခြင်း၊ သွေးတွင်း ဇီဝဓာတုပစ္စည်းများ စစ်ဆေးသင့်ပါတယ်။ဆီးပမာဏ သေသေချာချာတိတိကျကျသိရဖို့အတွက် ဆီးပိုက်ထည့်ထားသင့်ပါတယ်။ ဆီးထဲပါသော ဓာတ်ပစ္စည်းတွေလည်း စစ်သင့်ပါတယ်။ ဆီးထဲမှာ သွေးထဲ သီးသန့်ပါတာဆိုရင်တော့ ကျောက်တည်၍ ဆီးလမ်းကြောင်းကျဉ်းခြင်း၊ ကင်ဆာဖြစ်နေတတ်ပါတယ်။
ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေထဲမှာ ဆီးသွားနည်းတယ်။ ဆီးမသွားတာပါသလို ဆီးသွားများတာလည်း ပါဝင်ပါတယ်။ ဆီးသွားများတယ်ဆိုတာကတော့ တစ်နေ့ကို ဆီးသုံးလီတာအထက် သွားတာပါ။ ဘာကြောင့် ဆီးသွားများလဲ၊ ဆီးရွှင်ရသလဲဆိုရင် ရေများများသောက်လို့၊ သွေးတွင်းအချိုဓာတ်များခဲ့ရင် ဆီးဆေးတွေ သောက်တဲ့အခါ ပိုတက်စီယမ်နည်းတဲ့အခါ ကယ်လ်စီယမ်ဓာတ်များနေတဲ့အခါ ဆီးသွားများတတ်ပါတယ်။
ဆီးသွားခြင်းဟာ များသောအားဖြင့် လူတွေလှုပ်ရှားသွားလာနိုးကြားတဲ့ အချိန်မှာမှ ဆီးသွားကြလေသည်။ ညဘက် အိပ်ချိန်မှာတော့ ပုံမှန်အားဖြင့် ဆီးသွားချင်စိတ်မရှိတတ်ကြပါဘူး။ တချို့လူတွေကျ ညဘက်ကြီး ဆီးထသွားတတ်တဲ့လူတွေလည်း ရှိပါတယ်။ ဒီလိုမျိုးဟာ မအိပ်ခင်မှာ ရေသောက်များထားခြင်း၊ ညပိုင်းမှာ ဆီးဆေးတွေ သောက်ထားလို့ ဖြစ်နိူင်ပါတယ်။ ညဘက်ဆီးသွားတာဟာ နာတာရှည်ကျောက်ကပ်ဒဏ်ရာ ရောဂါမှာတွေ့ရသလို ညဘက်ဆီးထသွားရတယ်။ သွားတဲ့အခါ ဆီးလုံးသေးတယ်။ ညှစ်ပေါက်ရတယ်။ ဆီးကျန်တယ်ဆိုရင် ဆီးကြိတ်ကြီးတာ ဖြစ်နိူင်ပါတယ်။ ညဘက် ဆီးထသွားခြင်းဟာ ညဘက်အိပ်စက်ခြင်းကို နောက်ယှက်တာကလွဲရင် ဆီးလမ်းကြောင်းရဲ့ အလုပ်တာဝန်ပုံမှန်မဟုတ်တာ မရှိပါဘူး။
Author: ဒေါက်တာဇွဲကောင်းချစ်