ကြွက်တက်ခြင်း ဆိုသည်မှာ ကြွက်သားများ ရုတ်တရက် တောင့်တင်းခြင်း ကျုံ့သွားခြင်းဖြစ်သည်။
အဓိကအားဖြင့် ခြေထောက်ရှိ ကြွက်သားများတွင်အဖြစ်များလေ့ရှိသည်။ ကြွက်တက်ခြင်း ဖြစ်ပေါ်ပါက ပြင်းထန်စွာ နာကျင်ခြင်း ခံစားရပြီး ပုံမှန်အားဖြင့် အန္တရာယ် မရှိသော်လည်း ဖြစ်နေသည့် အချိန်တွင် ကြွက်သားကို ခဏတာ အလုပ်လုပ်၍ မရနိုင်တော့ပါ။ အထူးသဖြင့် ပူပြင်းသောရာသီတွင် ကြာမြင့်စွာ အလုပ်လုပ်ခြင်း ၊ အားကစားလုပ်ခြင်းတို့သည် ကြွက်တက်ခြင်းကို ဖြစ်စေနိုင်သည်။ အထူးသဖြင့်အချို့ဆေးဝါးများနှင့်ကျန်းမာရေးအခြေအနေတစ်ခုတစ်ခုတွင်လည်းကြွက်တက်ခြင်းကို ဖြစ်စေနိုင်သည်။ ကြွက်တက်ခြင်းကို အိမ်မှာကိုယ်တိုင်ကုသ၍လည်း သက်သာစေနိုင်ပါသည်။
• လက္ခဏာများ
၁ ပြင်းပြင်းထန်ထန် ကြွက်သားများနာကျင် ဆိုးရွားစွာ ကိုယ်လက်မအီမသာဖြစ်ခြင်း
၂ ခြေထောက်တွင် ကြွက်သားအလုံးြူကီးအချိန်ကြာမြင့်စွာ ကျန်ရှိနေခြင်း
၃ နီရဲနေခြင်း နှင့် အရေပြားပြောင်းလဲနေခြင်း
အကြိမ်အရေအတွက်ခဏခဏဖြစ်ခြင်း ကိုယ်တိုင်ကုသ၍ မသက်သာခြင်း ပြင်းထန်သောလေ့ကျင့်ခန်းများ မပြုလုပ်သော်လည်းကြွက်တက်ခြင်းဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်ကြသည်။ထိုအခြေအနေများကြုံတွေ့ရပါကဆရာဝန်တစ်ဦးဦးနှင့် ပြသရန်လိုအပ်နေပြီဖြစ်ကြောင်းသတိထားသင့်ပါသည်။ကြွက်တက်ခြင်းဖြစ်ပေါ်စေသည့်အကြောင်းရင်းများကြွက်သားများအလွန်အကျွံအသုံးပြုခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်း၊ ကြွက်သားများ အားစိုက်ရခြင်းနှင့် အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိဘဲ ထိုင်နေခြင်းတို့ကြောင့်ဖြစ်သည်။ ကြွက်တက်ခြင်းဖြစ်ပေါ်စေသော အခြေအနေများတွင် အများစုမှာ အကြောင်းရင်းကို ရှာ၍မရပေ။ အခြားဖြစ်စေတတ်သော အကြောင်းရင်းများမှာ အိပ်ပျော်နေစဉ်အတွင်း ပုံမှန်မဟုတ်သောအာရုံကြောနာဗ့်လှုပ်ရှားမှုများ လေ့ကျင့်ခန်းပြုလုပ်ချိန်တွင် ခြေသလုံးကြွက်သားတစ်ခုတည်းကို အပြင်းအထန် အားစိုက်ခြင်း အသုံးပြုနေသော ကြွက်သားဆီသို့ သွေးစီးဆင်းမှု ရုတ်တရက် ပြတ်တောက်ခြင်း ကျောရိုးမကြီးရှိ နာဗ့်များဖိနှိပ်ခြင်း (Lumbar stenosis) တွင် ကြွက်တက်ခြင်းကဲ့သို့ ခြေထောက်ဋ္ဌ် နာကျင်လေ့ရှိသည်။ လမ်းလျှောက်လျှင် ပိုမိုနာကျင်တတ်သည်။ သတ္တုဓါတ်များ လျော့နည်းခြင်း အထူးသဖြင့် ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်ဓါတ် နည်းပါးခြင်းကြောင့် ကြွက်တက်ခြင်းစသည်တို့ဖြစ်သည်။ ကြွက်တက်ခြင်း ဖြစ်နိုင်ချေများသည့် အခြေအနေများ အသက်အရွယ်ကြီးရင့်သူများတွင် ကြွက်သားထုထည်နည်းပါးသောကြောင့် ကျန်ရှိနေသည့်ကြွက်သားများကိုသာအားစိုက်နေရ၍ကြွက်တက်ခြင်းပိုမိုဖြစ်စေနိုင်သည်။ ရေဓါတ်ဆုံးရှုံးခြင်း အားကစားသမားများသည် နွေရာသီတွင် အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်း အပြင်းအထန် ယှဉ်ပြိုင်သောကြောင့်ပိုမို မောပန်းအားကုန်ကာ ရေဓါတ်ဆုံးရှုံး၍ကြွက်တက်ခြင်းမကြာခဏ ဖြစ်ပေါ်တတ်သည်။
AUTHOR – ဟိန်းဇာနည် (ဆေး -၂ )
Credit to Healthcare Journal (Vol-7, No-11)