လူအများစုဟာ ခေါင်းကိုက်လာပြီဆိုရင် ငါတော့ သွေးတိုးနေပြီလို့ ကိုယ့်ဘာသာ ယူဆတတ်ကြပါတယ်။
တချို့သူတွေဆို ခေါင်းကိုက်နေရုံနဲ့တင် သွေးပေါင်ချိန်တောင်မတိုင်းတော့ပဲ သွေးကျဆေးသောက်ပြီးသား ဖြစ်နေပါတယ်။
ပြီးလို့မသက်သာမှ ဆေးရုံဆေးခန်းကိုလာကြတာပါ။
ခေါင်းကိုက်တာဟာ သွေးတိုးရောဂါမှာ ပုံမှန်ပြနေကျ ရောဂါလက္ခဏာ မဟုတ်ပါ။
သွေးတိုးရောဂါ ဝေဒနာရှင် အများစုမှာ ဘာလက္ခဏာမှ မပြပဲရှိနေတတ်ပါတယ်။
ထိုသူတွေမှာ သွေးတိုးရတဲ့အခြေခံအကြောင်းရင်းရဲ့ ရောဂါလက္ခဏာတွေနဲ့ သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာမျိုးတွေသာရှိတတ်ကြတာပါဒါဆို ခေါင်းကိုက်ရင် သွေးတိုးရောဂါဖြစ်နေတာ မေးစရာရှိပါတယ်။
သွေးတိုးရောဂါသည် တွေမှာ ခေါင်းကိုက်တတ်တဲ့ အချိန်တော့ ရှိပါတယ်။
Malignant Hypertension လို့ ခေါ်တဲ့အချိန်ပါ။ထိုအချိန်မှာ သွေးပေါင်ချိန်ကြည့်ရင်အပေါ်သွေး ၂၀၀ ကျော်၊ အောက်သွေး၁၃၀ ကျော်အထိရှိတတ်ပါတယ်။ ခေါင်းကိုက်တာအပြင်အမြင်အာရုံမကောင်းတာမျိုးနဲ့လဲ တွဲနိုင်ပါတယ်။
အရှေ့မှာပြောခဲ့တဲ့ Malignant Hypertension မျိုးမဟုတ်ပဲ ပုံမှန်သွေးတိုးတတ်သူတွေမှာတော့ ခေါင်းမကိုက်ပါ။
ဒါ့ကြောင့် သွေးတိုးတာကလည်းပုံမှန်ပဲဖြစ်နေပြီး ခေါင်းကိုက်တာပါတွဲနေပြီဆိုရင်တော့ ခေါင်းကိုက်ရတဲ့တခြားအကြောင်းရင်းကိုရှာဖွေဖို့လိုပါတယ်။
သွေးပေါင်ချိန်တွေ အရမ်းများလို့ ခေါင်းကိုက် လာတတ်တဲ့ သွေးတိုးဆိုရင်လည်း နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ကုသမှုတွေ ယူထားဖို့ လိုပါတယ်။
စာဖတ်သူတွေကို အဓိက သိစေချင်တာကတော့ “သွေးတိုးတိုင်း ခေါင်းမကိုက်ပါ၊ ခေါင်းကိုက်တိုင်း သွေးမတိုးပါ။” ဆိုတာလေးပါ။
AUTHOR – Dr. CST