ပန်းနာရင်ကြပ်ရောဂါဆိုတာဟာ နာတာရှည်အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိူးပါ။ ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၃၀၀လောက်ဟာ ပန်းနာရင်ကြပ်ရောဂါကို ခံစားနေရပါတယ်။
ပန်းနာရင်ကြပ်ရောဂါဟာ ကူးစက်ရောဂါ မဟုတ်ပါဘူး။ ပန်းနာရင်ကြပ်ရောဂါဆိုတာက သာမန်လူတွေထက် အမှုန်အမွှား စတာတွေကို မိမိကိုယ်ခံအားစနစ်က တုံပြန်မှုလွန်ကဲနေတာတွေကြောင့် လေပြွန်နဲ့ အသက်ရှူလမ်းကြောင်းတွေ ရောင်ရမ်းတဲ့ (Allergy)အခြေအနေ တစ်ခုပါ။
ပန်းနာရင်ကြပ်ရောဂါကို ဖြစ်ပွားအောင် အားပေးတဲ့အခြေအနေတွေကတော့ အိမ်တွင်းမှာ လေကောင်းလေသန့် အရနည်းပါးတာ၊ ကလေးဘဝတုန်းက ကူးစက်ရောဂါတွေ ဖြစ်ခဲ့တာ၊ ဓါတ်မတည့်တဲ့အရာတွေနဲ့ ထိတွေ့မိတာ (ဥပမာ မွှား၊ ပန်းဝတ်မှုန်၊ အိမ်မွေးတိရစ္ဆာန်ရဲ့ အမွှေးများ)၊ နောက်အစားအစာ စားသုံးမှုမှာ ဗီတာမင်ဓါတ် ပါဝင်မှုနည်းတာ၊ ငယ်ရွယ်စဉ်မှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ထိတွေ့တာ စတာတွေပဲဖြစ်ပါတယ်။ နောက်အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ အက်စပရင်တို့ သွေးတိုးကျဆေးတွေဖြစ်တဲ့ ဘီတာဘလော့ခါတို့ သုံးစွဲတာ ကြာရင်လည်း ဖြစ်တတ်ပါတယ်။
အထက်ပါ လက္ခဏာတွေရှိခဲ့ရင်တော့ ပိုသေချာအောင် ဆရာဝန်နဲ့ ပြသစမ်းသပ်မှုတွေ လုပ်သင့်ပါတယ်။ ဘာတွေလုပ်ရမလဲဆိုတော့ ရင်ဘတ်ဓါတ်မှန်ရိုက်တာ (Chest X ray) သွေးစစ်တာ၊ အဆုတ်လေမှုတ်အားတိုင်း ကိရိယာနဲ့စမ်းသပ်တာ၊ မိမိနဲ့ဓါတ်မတည့်တဲ့ အရာတွေကို စမ်းသပ်စစ်ဆေးတာတွေ လုပ်ရပါမယ်။
ပန်းနာရင်ကြပ်ရောဂါကို ကုသဖို့အတွက်ကတော့ အနေအထိုင် အစားအသောက် ဆင်ခြင်တာရယ် ဆေးဝါးနဲ့ ကုသတာတွေရယ် လုပ်ရပါတယ်။ အနေအထိုင် အစားအသောက် ဆင်ခြင်တာဆိုတာက မိမိနဲ့ဓါတ်မတည့်တာတွေရှိခဲ့ရင် အဲ့အရာတွေ(ဥပမာ ဖုန် အမှုန် ပန်းဝတ်မှုန် အိမ်မွေးတိရိစ္ဆာန်စတာတွေ)ကို မထိမိ မရှူမိ မစားမိအောင် တတ်နိုင်သလောက် ရှောင်ရတာမျိူးပါ။ နောက်ပြီး ဗီတာမင် ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတာ လေကောင်းလေသန့်ရတဲ့ နေရာမှာ နေထိုင်တာတွေပါ။
ဆေးဝါးအနေနဲ့ကတော့ ဆရာဝန်က လိုအပ်ရင် လိုအပ်သလို စမ်းသပ်စစ်ဆေးပြီး ရှူဆေး(ဥပမာ Ventolin၊ အာဖြန်းဆေးလို့လည်းခေါ်ကြပါတယ်) စားဆေး ထိုးဆေးညွန်ပေးပါလိမ့်မယ်။
Author: Dr. 528