နှာခေါင်းသွေးလျှံခြင်းက အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ ။အထူးသဖြင့်
ကလေးတွေမှာ အဖြစ်များတယ် ။တစ်ခါတစ်လေတော့ လူကြီးတွေမှာလည်းဖြစ်တတ်
သေးတယ် ။နှာခေါင်းကို ကလိသူတွေမှာ ပိုအဖြစ်များတယ် ။နှာခေါင်းနှိုက်သူတွေ ၊
အားသုံးကာ နှာမှုတ် နှပ်ညှစ်သူတွေမှာ ပိုဖြစ်တယ် ။တစ်ခါတစ်ရံ ပူပြင်းတဲ့ရာသီဥတု
တွေ နှာနုနံရံလေးတွေ ခြောက်သွေ့အက်ကွဲကာ နှာခေါင်းသွေးလျှံတတ်တယ် ။အအေး
မိခြင်း ၊ဓာတ်မတည့်နှာခေါင်းရောင်နာ ရှိသူတွေမှာလည်း ထိုနှာနုနံရံလေးများ ထိခိုက်
ကာ နှာခေါင်းသွေးယိုတတ်တယ် ။ဒါပေမယ့် နှာခေါင်းသွေးလျှံခြင်းသည် ယာယီအခိုက်
အတန့်မျှလောက်သာ ဖြစ်ပြီး သူ့အလိုလို ပြန်တိတ်သွားတာ များပါတယ် ။သူ့အလိုလို
ပြန်မတိတ်ဘဲ ရက်ရှည်ကြာနေက ၊နှာခေါင်းသွေးလျှံတာ ပမာဏများက မပေါ့ပါနဲ့ ။
သွေးမတိတ်ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်တဲ့ အတွက် မိမိရဲ့ မိသားစုဆရာဝန်နဲ့ တိုင်
ပင်ဖို့ မမေ့ပါနဲ့ ။
သွေးမြင်လျှင်တော့ လူတိုင်းက ထိတ်ထိတ်ပျာပျာ ဖြစ်တတ်ကြပါတယ်
။ဒါပေမယ့် စိတ်အေးအေးထားပြီး အောက်ပါအတိုင်း ပြုမူဆောင်ရွက်ပါ ။
-ကိုယ်ကိုအရှေ့ဘက်နည်းနည်းကိုင်းပါ ။ခေါင်းကို နည်းနည်း ငုံ့ပါ ။
-နှာနုရိုးနားရှိ နှာခေါင်း၏ ပျော့သောနေရာကို လက်မနဲ့ လက်ညှိုးဖြင့် ၅မိနစ် ၊၁၀မိနစ်
ကြာဖိထားပါ ။
-နှာခေါင်းကို ဖိညှစ်ထားစဉ် ပါးစပ်ဟပြီး အသက်ရှူပါ ။
-တစ်သျှူး ၊ဂွမ်းစ ၊စက္ကူစတို့ကို နှာခေါင်းထဲ ထိုးသိပ်မထည့်ရ ။ပိုဆိုးတတ်သည် ။
သွေးတိတ်သွားလျှင်
-သွေးတိတ်ပြီး ၂၄နာရီ အတွင်း နှာမမှုတ်ရ ။နှာခေါင်းထဲ မနှိုက်ရ ။
-နှာချေလိုက ပါးစပ်ပါ ဟပြီး နှာချေပါ ။
-အရည်ပူပူ ၊အရက် ၊ဆေးလိပ်မသောက်ရ ။
-အိပ်သည့်အခါ ခေါင်းအုံး ၂လုံး ၊၃လုံး ဆင့်အိပ်ပါ ။
-နှာခေါင်းသွေးလျှံပြီးနောက် ၂၄ နာရီအတွင်း လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ရ ။
Author : ခေတ်သစ်ဇီဝက