ဒီရောဂါသည် လှုပ်ရှားမှု နှေးကွေးခြင်း၊ လက်တုန်ခြင်း၊ တောင့်တင်းခြင်းတွေ ပေါင်းဖြစ်တာပါ။ ဒီရောဂါဟာ အသက် ၈၀ ကျော်မှာ ဖြစ်လေ့ရှိပါတယ်။ အသက် ၆၀ လောက်နဲ့လည်း ဖြစ်နိုင်သလို အသက် ၄၀ အောက် ဖြစ်နိုင်ခြေကတော့ ၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ မျိုးရိုးဗီဇကြောင့်ပါ။ ဒီရောဂါရှိသူရဲ့ ပထမမျိုးဆက်မှာလည်း ဒီရောဂါဖြစ်နိုင်ခြေ နှစ်ဆ၊ သုံးဆ ရှိပါတယ်။ ရောဂါဟာ အခြေအနေပိုဆိုးလာပြီး ကုသလို့မရတဲ့ အခြေအနေပါ။ လှုပ်ရှားမှုလက္ခဏာတွေ အဓိကပြပြီး ရောဂါပိုဆိုးလာရင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းပါ ထပ်ဖြစ်လာပါတယ်။ ထိုအခါ ဘဝ အရည်သွေး ကျဆင်းစေပါတယ်။
တချို့ရောဂါရှိသူတွေမှာကျ မျိုးရိုးဗီဇ တော်တော်များများ သန္ဓေပြောင်းခဲ့ရသော်လည်း တော်တော်များများ လူနာတွေရဲ့ ဖြစ်ရတဲ့အကြောင်းကို မသိပါ။ လေ့လာတွေ့ရှိချက်အရ ငယ်ရွယ်ပြီး ဆေးဝါးသုံးစွဲသူတွေဟာ ပတ်ဝန်းကျင်အဆိပ်အတောက်ကြောင့် ရောဂါဖြစ်တယ်လို့ တွေ့ပေမယ့် သက်သေမပြနိုင်သေးပါ။
ဒီရောဂါဖြစ်ရတဲ့ အကြောင်းတွေက အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများက ဘာကြောင့်မှန်းမသိတာက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဦးနှောက်ထဲရှိ သွေးကြောနှင့်ဆိုင်သော ရောဂါနှင့် ဆေးနှင့် အဆိပ်အတောက်တေ၊ွ ဦးနှောက်တွင်းရှိ ဆဲလ်တွေ ပျက်စီးလာသောရောဂါ၊ မျိုးရိုးဗီဇချို့တဲ့သော ရောဂါ၊ ဦးနှောက်ဒဏ်ရာရရှိမှု တွေက ဒီရောဂါကို ဖြစ်စေနိုင်ပါသေးတယ်။
ဒီရောဂါရှိသူဟာ ဘယ်လို လက္ခဏာမပြသလဲဆို လှုပ်ရှားမှု ထိခိုက်သော လက္ခဏာမဟုတ်ဘဲ တခြားလက္ခဏာအနေနဲ့ အနံ့ခံအာရုံချို့ယွင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ညညမအိပ်ခြင်းတွေ ပြသပါတယ်။ နောက်ပိုင်း နှစ်အနည်းငယ်ကြာမှသာ လှုပ်ရှားမှု ထိခိုက်သော လက္ခဏာတွေ ပြသလာပါတယ်။ အစပိုင်းမှာ လက္ခဏာတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတူတူ ပြိုင်မဖြစ်ပါဘူး။ အဓိက သိသာတဲ့ လက္ခဏာကတော့ လှုပ်ရှားမှု နှေးကွေးခြင်းပါ။ ပြီးမှ တခြားလက္ခဏာတွေ ဖြစ်တဲ့ လက်ချောင်းဂနာမငြိမ်ဖြစ်ခြင်း၊ ဖိနပ်ကြိုးချည်ရခက်ခြင်း၊ ကြယ်သီးတပ်ရခက်ခဲခြင်း၊ အိပ်ရာထဲလှိမ့်ရ ခက်ခဲခြင်းတွေ ဆက်ဖြစ်လာပါတယ်။ လက်တုန်ခြင်းဟာ အစောပိုင်းပြသတတ်တဲ့ လက္ခဏာဖြစ်ပေမယ့် ရောဂါခံစားရသူ ၂၀ ရာခိုင်နှုန်းလောက်မှာတော့ မပြသတတ်ပါ။ လက်တုန်တာကလည်း တစ်ဖက်တည်းဖြစ်ပြီး တုန်တာကလည်း လက်ကို ငြိမ်ငြိမ်နေမှ ဖြစ်တာပါ။ တုန်ခါခြင်းဟာ လက်၊ မေးရိုး၊ မေးစေ့တွေကို ထိခိုက်တတ်ပေမယ့် ခေါင်းတစ်ခုလုံးတော့ မဖြစ်ပါ။
တချို့လူတွေကျ လက်တုန်ခြင်းဟာ နှစ်ပေါင်းများစွာလောက် သိသာပါတယ်။ ကြွက်သားတောင့်တင်းခြင်းက ခြေလက်တောင့်နေပြီး ကွေးနေစေပါတယ်။ ရောဂါရင့်လာတဲ့အခါ စကားပြောတယ်။ နောက်ပိုင်းကျ နှစ်ဖက်လုံးဖြစ်လာပါတယ်။ ရောဂါအစောပိုင်းတွင် အရာအားလုံး သိရှိမှုပိုင်းကို မထိခိုုက်ပါ။
ဒီရောဂါလို့ သတ်မှတ်ဖို့ရာ လက္ခဏာက အဓိကပါ။ လက္ခဏာကြည့်၍ဘဲ သတ်မှတ်ပါတယ်။ ဦးနှောက်ရဲ့ဖွဲ့စည်းပုံကို သိရှိဖို့အတွက် ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် ရိုက်နိုင်ပါတယ်။ သိပ်တော့ အကူအညီမရပေမယ့် သွေးကြောကြောင့် ဖြစ်နိုင်လားဆိုတာတော့ အကူအညီပေးပါတယ်။ မိသားစု ရာဇဝင်ရှိခဲ့ဖူးရင် မျိုးရိုးဗီဇ ယူစစ်သင့်ပါတယ်။
ကုသပေးတဲ့အခါကျ ဆေးဝါးများသည် ပျောက်ကင်းတာထက် လက္ခဏာသက်သာအောင် သုံးကြပေမယ့် လက္ခဏာတွေက ပြနေတုန်းပါပဲ။ ခုလက်ရှိ ရရှိနိုင်တဲ့ ဆေးဝါးတွေကလည်း ဦးနှောက်ကို ကာကွယ်ပေးနိုင်မှုရှိကြောင်း အထောက်အထား မပြနိုင်ပါ။ ထိရောက်မှုရှိတဲ့ဆေးကတော့ Levodopa ဆေးလို့ သတ်မှတ်ထားတုန်းပါပဲ။ ခုထိ ဘယ်ချိန်မှာ ဆေးစပေးပြီး ဘယ်ဆေးစတိုုက်မယ်ဆိုတာ ငြင်းခုန်နေကြတုန်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အထူးကု တော်တော်များများကတော့ Levodopa ဆေးကိုပဲ စသုံးကြပါတယ်။ ဆေးက ဈေးလဲသက်သာပါတယ်။ တခြားဆေးထက် စာရင်ပေါ့။ လှုပ်ရှားမှု လက္ခဏာတွေဟာ ကုသမှုကို သိပ် မတုန့်ပြန်ပါ။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်မှုတွေကတော့ ကောင်းကောင်းတုန့်ပြန်သက်သာပါတယ်။
Levodopa ဆေးဟာ ကြွက်သားပျော့ခြင်း၊ တောင့်တင်းခြင်းအတွက် ထိရောက်ပါတယ်။ လက်တုန်နေတာတော့ သိပ်မထိရောက်ပါ။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ကတော့ မတ်တပ်ထရင် မူးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အာခေါင်ခြောက်ခြင်းပါ ဖြစ်တတ်ပါတယ်။
တချို့ကျ ခွဲစိတ်မှုတွေ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုကို Levodopa မပေးခင် ပြုလုပ်ကြပါတယ်။ လွန်ခဲ့သော နှစ် ၂၀ လောက်က ဒီလိုမျိုး ပျက်စီးနေတဲ့ ဦးနှောက်ပိုင်းကို ခွဲစိတ်တာထက် ဦးနှောက်ထဲ လှုံ့ဆော်ခြင်း နည်းပညာကို သုံးကြပါတယ်။
တခြားပြုလုပ်ပေးသင့်တာတွေကတော့ လူနာကို ကိုယ်လက်လှုပ်ရှားမှု ကုသခြင်းဟာ ကိုယ်အနေအထားမမှန်ခြင်း၊ တောင့်တင်းခြင်းတွေ လျော့ကျစေပါတယ်။ စကားပြောရန် ကူသပေးခြင်းများ ပြုလုပ်ပေးရပါမယ်။
Author :သားဇွဲ (ဆေး-၂) ,Healthcare Journal vol 7,no 49