အထိုင်အထမူးခြင်း
ဆရာရေ ရုတ်တရက်မတ်တပ်ထရပ်လိုက်ရင် မူးခနဲ၊ မိုက်ခနဲဖြစ်သွားတာ ဘာလို့လဲဟု Ondr မှာမေးလေ့ရှိပါတယ်။ ဒါဘာကြောင့်ဖြစ်နိုင်သလဲဆိုတော့ ရုတ်တရက်သွေးပေါင်ထိုးကျခြင်းကြောင့် ဖြစ်ပါတယ်။
ဒီအခြေအနေသည် မတ်တပ်ရပ်ပြီး စက္ကန့်အနည်းငယ်သာ ကြာတတ်ပါတယ်။ လူတိုင်း ကြုံတွေ့ဖူးကြပါတယ်။ အကယ်၍ မိနစ်အနည်းငယ်ထက် ပိုကြာခဲ့လျှင် ဒါဘာကြောင့်ဖြစ်လဲ စဉ်းစားစရာဖြစ်လာပါတယ်။ ဘာကြောင့် မတ်တပ်ရပ်လျှင် မူးဝေရတာလဲ???
မူးဝေရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အချို့အကြောင်းရင်းများက လွယ်ကူစွာကုသနိုင်ပါတယ်။ ပိုမိုဆိုးရွားလာရင် ဆရာဝန်နဲ့ ပြသရပါမယ်။ ဘာတွေကြောင့်မူးရတာလဲ??
(၁) ရေဓာတ်ခမ်းခြောက်ခြင်း
ကိုယ်ခန္ဓာမှာ ရေဓာတ်အလုံအလောက်မရှိခဲ့လျှင် သွေးအား တဖြေးဖြေးလျှော့နည်းတတ်ပါတယ်။ အဲလိုအခြေအနေမျိုးမှာ မတ်တပ်ရပ်လိုက်လျှင် မူးဝေသွားတတ်ပါတယ်။ ရေအလုံအလောက် မသောက်ခြင်း၊ ဝမ်းလျောခြင်း၊ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်း၊ချွေးထွက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။
(၂) နှလုံးရောဂါများ
နှလုံးရောဂါများရှိခဲ့လျှင် မူးဝေနိုင်ပါတယ်။ နှလုံးခုန်နှေးခြင်း၊ ရုတ်တရက် နှလုံးထိခိုက်ခြင်းကြောင့် မူးဝေနိုင်ပါတယ်။ နှလုံးကြောင့်ဖြစ်ခဲ့ရင်တော့ သေချာဆရာဝန်နှင့် ကုသမႈခံယူသင့်ပါတယ်။
(၃) အာရုံကြောနှင့်ဆိုင်သော ရောဂါများရှိခဲ့လျှင်
အာရုံကြောနှင့်ဆိုင်သော ရောဂါများရှိခဲ့လျှင် သွေးပေါင်ထိန်းညှိရန် ခက်ခဲသောကြောင့် မူးဝေနိုင်ပါတယ်။
(၄) အစာစားပြီးနောက်
အစာစားပြီးနောက် အသက်ကြီးသော လူများတွင် သွေးပေါင်ချိန် ကျတတ်သည်။ ထို့ကြောင့် ထမင်းစားပွဲမှ ရပ်လိုက်လျှင် မူးနောက်နောက်ဖြစ်တတ်သည်။
(၅) အသက်အရွယ်ကြီးလွန်းသောကြောင့်လည်း သွေးပေါင်ကျပြီး မူးဝေနိုင်ပါတယ်။
(၆) ဆေးဝါးများ၊ သွေးကျဆေးများ၊ စိတ်ကျရောဂါကုဆေးဝါးများ၊ ပန်းသေပန်းညိုးပျောက်ဆေးများ၊ ကြွက်သားပြေလျော့စေသော ဆေးဝါးများသောက်သုံးထားလျှင် မူးဝေစေတတ်ပါတယ်။
(၇) ကိုယ်ဝန်ဆောက်များတွင် သွေးအားပမာဏများပြီး ရုတ်တရက်သွေးပေါင်ကျတတ်သောကြောင့် မူးနောက်နောက် ဖြစ်တတ်သည်။
(၈) အိပ်ရာထဲတွင် အချိန်အတော်ကြာလှဲလျောင်းနေရာမှ ရုတ်တရက်ထလျှင်လည်း မူးဝေတတ်ပါတယ်။
သင်သည် ရိုးရိုးမူးဝေခြင်းခံစားရပြီး အခြားသော ဝေဒနာများမခံစားရလျှင် ဆရာဝန်နှင့်ပြသရန်မလိုပါ။ မကြာခဏဆိုသလို မတ်တပ်ရပ်တိုင်းမူးဝေလျှင် ဆရာဝန်နှင့်ပြသအဖြေရှာကုသရပါမယ်။
အောက်ပါတို့မှာ မူးဝေခြင်းကို သက်သာစေသောနည်းလမ်းများဖြစ်ကြပါတယ်။
(၁) ဘဝနေထိုင်မႈပုံစံပြောင်းလဲခြင်း၊
သင်မတ်တပ်ရပ်လျှင် ဖြေးဖြေးချင်းရပ်ပါ။ အိပ်ရာထလျှင် ခြေထောက်လေ့ကျင့်ခန်း လုပ်ပြီးမှ ထပါ။ ခေါင်းဖြေးဖြေးချင်းထောင်ပါ။ လတ်ဆတ်သော အသီးအနှံနှင့် အငန်ဓာတ်အနည်းငယ် စားပေးပါ။ ရေအလုံအလောက်သောက်ပါ။
(၂) မူးဝေမႈသက်သာစေသော ဆေးဝါးများ ဆောင်ထားပါ။
(၃) အိပ်လျှင် ခြေစွပ်/ပေါင်စွပ် (Stoking) ဝတ်ခြင်းကြောင့် အိပ်နေစဉ် ဦးနှောက်ဆီသို့သွေးလည်ပတ်မႈ အားကောင်းစေပါတယ်။
Dr. ပြည့်ရှင်း