ကေလးမီးဖြားၿပီးႏို႔တိုက္ေကြၽးေနစဥ္အတြင္း ဘာေတြဘယ္လိုစားသင့္လဲ။
ကေလးမီးဖြားၿပီးေသာ မိခင္တဦးဟာ ကေလးႏို႔တိုက္ေနစဥ္မွာ ကိုယ္ဝန္ေဆာင္ကာလမွာထက္ စြမ္းအင္ပိုမိုလိုအပ္ၿပီး ကယ္လိုရီစားသုံးမႈ ပိုမ်ားရန္လည္းလိုပါတယ္။
ကေလးကိုဂ႐ုစိုက္ရေသာေၾကာင့္ ႏို႔တိုက္မိခင္ေတြဟာ အိပ္ေရးပ်က္တာမ်ားပါတယ္။ ထိုအေျခအေနမ်ားမွာ မိခင္မ်ားဟာ သူတို႔ကိုယ္တိုင္ရဲ႕ စားေသာက္ပုံကို ဂ႐ုမစိုက္ႏိုင္ဘဲ ျဖစ္တတ္ပါတယ္။
တခ်ိဳ႕က်ေတာ့ ကေလးေမြးၿပီး အပ်ိဳတုန္းကလို ကိုယ္ခႏၶာျပန္ရခ်င္တဲ့အခါမွာ ကိုယ္အေလးခ်ိန္ျမန္ျမန္က်ေအာင္ အလြန္တင္းက်ပ္ေသာ ပုံစံျဖင့္ စားေသာက္တာ(ဆိုလိုတာက အသား ငါး ဟင္း႐ြက္ မွ်တေအာင္မစားတာဘဲ ကိုယ္အေလးခ်ိန္က်ခ်င္ေဇာျဖင့္ ဟိုဟာေရွာင္ ဒီဟာေရွာင္လုပ္တာ) ေတြ ရွိၾကပါတယ္။ ဒါဟာ မေကာင္းပါဘူး။ ဒီလိုလုပ္ျခင္းျဖင့္ မိခင္က်န္းမာေရးကို ထိခိုက္ေစ႐ုံသာမက ႏို႔ရည္ထြက္ႏႈန္းကိုလည္း က်ဆင္းေစႏိုင္ပါတယ္။
ကေလးကိုႏို႔တိုက္ေနခ်ိန္မွာ မိခင္ဟာ မိမိနဲ႔ မိမိရင္ေသြးအတြက္ မွ်တေသာ စားေသာက္ပုံစံရရွိေအာင္ ဂ႐ုစိုက္ဖို႔လိုပါတယ္။ ဒါေၾကာင့္ ႏို႔တိုက္ေနခ်ိန္မွာ မိခင္ေတြ ဘာေတြကိုစားၿပီး ဘာေတြကိုေရွာင္ရမလဲဆိုတာကို တင္ျပလိုက္ရပါတယ္။
အသား ငါး ဟင္း႐ြက္ မွ်တေအာင္စားပါ။ အပူအစပ္နည္းၿပီး အဆီနဲ႔သၾကားဓါတ္ပါဝင္မႈနည္းေသာအစာမ်ားကိုစားပါ။ ေကာင္းစြာအိပ္စက္ၿပီး အနားယူခ်ိန္လုံလုံေလာက္ေလာက္ထားပါ။ အရည္မ်ားမ်ားေသာက္ပါ။ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ားေတြ ပဲအမ်ိဳးမ်ိဳး စတာေတြကိုလည္း စားေပးပါ။
ကဖင္းဓါတ္ပါေသာ လက္ဖက္စိမ္း၊ ေကာ္ဖီ စသည့္အရည္မ်ားကို ေရွာင္ႏိုင္သေလာက္ ေရွာင္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ကဖင္းဓါတ္ပါေသာအရာမ်ားကို အလြန္အကြၽံေသာက္သုံးပါက ကဖင္းဓါတ္သည္ ႏို႔ရည္တြင္ပါသြားၿပီး ကေလးငယ္ဆီသို႔ ေရာက္ရွိသြားကာ ကေလးငယ္မ်ား အိပ္စက္မႈ ပုံမမွန္ျခင္းျဖစ္ႏိုင္ပါတယ္။
အရက္နဲ႔ ေဆးလိပ္ေငြ႕ေတြကို ေရွာင္ပါ။
မိခင္ရဲ႕ ကိုယ္တြင္းမွာ အရက္ ၂ရာခိုင္ႏႈန္းပါရွိလွ်င္ပင္ ကေလးငယ္ဆီသို႔ ႏို႔ရည္မွတဆင့္ ေရာက္ရွိသြားႏိုင္ပါတယ္။ ေမြးစကေလးငယ္တဦးရဲ႕ အသည္းဟာ လူႀကီးလို ေကာင္းစြာအလုပ္မလုပ္ႏိုင္ေသးတာေၾကာင့္ အရက္ရဲ႕အဆိပ္ဓါတ္ကို ခႏၶာကိုယ္တြင္းမွ ဖယ္ရွားရန္ သိပ္မစြမ္းေဆာင္ႏိုင္ေသးပါ။ အဲ့အခါမွာ အရက္ရဲ႕အဆိပ္ဓါတ္က ကေလးငယ္ရဲ႕ ႀကီးထြားဖြံၿဖိဳးမႈနဲ႔ က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။
ေနာက္ၿပီး ေဆးလိပ္ေငြ႕မွာပါတဲ့ နီးကိုတင္းဓါတ္ဟာလည္း ကေလးငယ္အေပၚ တိုက္႐ိုက္သက္ေရာက္မႈရွိကာ အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ ေသြးခုန္ႏႈန္းျမန္ျခင္း၊ အနားမရျခင္း စတာေတြကို ျဖစ္ေစႏိုင္ပါတယ္။
ဒါေၾကာင့္ ႏို႔တိုက္မိခင္ေတြဟာ ေဆးလိပ္ကို ကိုယ္တိုင္ေသာက္သုံးတာကိုလည္း ေရွာင္သင့္သလို ေဆးလိပ္ေသာက္သူနားမွာလည္း မေနသင့္ပါဘူး။
Author : Dr. 528
ကလေးမီးဖွားပြီးနို့တိုက်ကျွေးနေစဉ်အတွင်း ဘာတွေဘယ်လိုစားသင့်လဲ။
ကလေးမီးဖွားပြီးသော မိခင်တဦးဟာ ကလေးနို့တိုက်နေစဉ်မှာ ကိုယ်ဝန်ဆောင်ကာလမှာထက် စွမ်းအင်ပိုမိုလိုအပ်ပြီး ကယ်လိုရီစားသုံးမှု ပိုများရန်လည်းလိုပါတယ်။
ကလေးကိုဂရုစိုက်ရသောကြောင့် နို့တိုက်မိခင်တွေဟာ အိပ်ရေးပျက်တာများပါတယ်။ ထိုအခြေအနေများမှာ မိခင်များဟာ သူတို့ကိုယ်တိုင်ရဲ့ စားသောက်ပုံကို ဂရုမစိုက်နိုင်ဘဲ ဖြစ်တတ်ပါတယ်။
တချို့ကျတော့ ကလေးမွေးပြီး အပျိုတုန်းကလို ကိုယ်ခန္ဓာပြန်ရချင်တဲ့အခါမှာ ကိုယ်အလေးချိန်မြန်မြန်ကျအောင် အလွန်တင်းကျပ်သော ပုံစံဖြင့် စားသောက်တာ(ဆိုလိုတာက အသား ငါး ဟင်းရွက် မျှတအောင်မစားတာဘဲ ကိုယ်အလေးချိန်ကျချင်ဇောဖြင့် ဟိုဟာရှောင် ဒီဟာရှောင်လုပ်တာ) တွေ ရှိကြပါတယ်။ ဒါဟာ မကောင်းပါဘူး။ ဒီလိုလုပ်ခြင်းဖြင့် မိခင်ကျန်းမာရေးကို ထိခိုက်စေရုံသာမက နို့ရည်ထွက်နှုန်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။
ကလေးကိုနို့တိုက်နေချိန်မှာ မိခင်ဟာ မိမိနဲ့ မိမိရင်သွေးအတွက် မျှတသော စားသောက်ပုံစံရရှိအောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် နို့တိုက်နေချိန်မှာ မိခင်တွေ ဘာတွေကိုစားပြီး ဘာတွေကိုရှောင်ရမလဲဆိုတာကို တင်ပြလိုက်ရပါတယ်။
အသား ငါး ဟင်းရွက် မျှတအောင်စားပါ။ အပူအစပ်နည်းပြီး အဆီနဲ့သကြားဓါတ်ပါဝင်မှုနည်းသောအစာများကိုစားပါ။ ကောင်းစွာအိပ်စက်ပြီး အနားယူချိန်လုံလုံလောက်လောက်ထားပါ။ အရည်များများသောက်ပါ။ နို့နဲ့နို့ထွက်ပစ္စည်းများတွေ ပဲအမျိုးမျိုး စတာတွေကိုလည်း စားပေးပါ။
ကဖင်းဓါတ်ပါသော လက်ဖက်စိမ်း၊ ကော်ဖီ စသည့်အရည်များကို ရှောင်နိုင်သလောက် ရှောင်ပါ။ အဘယ်ကြောင့်ဆိုသော် ကဖင်းဓါတ်ပါသောအရာများကို အလွန်အကျွံသောက်သုံးပါက ကဖင်းဓါတ်သည် နို့ရည်တွင်ပါသွားပြီး ကလေးငယ်ဆီသို့ ရောက်ရှိသွားကာ ကလေးငယ်များ အိပ်စက်မှု ပုံမမှန်ခြင်းဖြစ်နိုင်ပါတယ်။
အရက်နဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ပါ။
မိခင်ရဲ့ ကိုယ်တွင်းမှာ အရက် ၂ရာခိုင်နှုန်းပါရှိလျှင်ပင် ကလေးငယ်ဆီသို့ နို့ရည်မှတဆင့် ရောက်ရှိသွားနိုင်ပါတယ်။ မွေးစကလေးငယ်တဦးရဲ့ အသည်းဟာ လူကြီးလို ကောင်းစွာအလုပ်မလုပ်နိုင်သေးတာကြောင့် အရက်ရဲ့အဆိပ်ဓါတ်ကို ခန္ဓာကိုယ်တွင်းမှ ဖယ်ရှားရန် သိပ်မစွမ်းဆောင်နိုင်သေးပါ။ အဲ့အခါမှာ အရက်ရဲ့အဆိပ်ဓါတ်က ကလေးငယ်ရဲ့ ကြီးထွားဖွံဖြိုးမှုနဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
နောက်ပြီး ဆေးလိပ်ငွေ့မှာပါတဲ့ နီးကိုတင်းဓါတ်ဟာလည်း ကလေးငယ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိကာ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ အနားမရခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် နို့တိုက်မိခင်တွေဟာ ဆေးလိပ်ကို ကိုယ်တိုင်သောက်သုံးတာကိုလည်း ရှောင်သင့်သလို ဆေးလိပ်သောက်သူနားမှာလည်း မနေသင့်ပါဘူး။
Author : Dr. 528